“ ပြောင်းလဲလို့ မရတဲ့သူတွေထဲမှာ အသစ်တွေကို သင်ယူမှု မလုပ်ချင်တဲ့သူတွေ ထိပ်ဆုံးကပါတယ်”
ဘဝတိုးတက်ချင်တာက လူတိုင်းရဲ့ဆန္ဒပါ။ ဒါပေမယ့် တကယ်တိုးတက်ဖို့ဆိုတာက သင်ယူမှုနဲ့အတူသာဖြစ်နိုင်ပါတယ်။ ဒါပေမယ့်တချို့ကတော့ “ဒီလိုပဲ ရပါတယ်”, “ငါ့နည်းနဲ့ပဲ အဆင်ပြေပါတယ်” ဆိုပြီး အသစ်သင်ယူဖို့ မစဉ်းစားချင်ကြပါဘူး။ ဒီလိုသဘောထားရှိတဲ့လူတွေဟာ ကိုယ့်ကိုယ်ကိုယ် တဖြည်းဖြည်းနောက်ကျစေတတ်ပါတယ်။
အချို့သောလူတွေဟာ ပြောင်းလဲမှုကိုကြောက်တတ်ကြပါတယ်။ သူတို့အတွက် အသစ်တစ်ခုဆိုတာ မသိတာ၊ မကျွမ်းတာဖြစ်တဲ့အတွက် ရှောင်ကြဉ်ချင်ကြတယ်။
ဥပမာ : “အစစအရာရာ လျင်မြန်တိုးတက်ပြီး လွယ်ကူနေတဲ့ အင်တာနက်ခေတ်ကြီးမှာ ပညာရပ်တစ်ခုက်ို လွယ်လွယ်ကူကူ လေ့လာနိုင်တယ်”လို့ပြောပေမယ့်၊ တချို့ကတော့ “ အဲဒါက လူငယ်တွေလုပ်တာ၊ ငါ့အတွက် မဟုတ်ဘူး” ဆိုပြီး လုံးဝ စိတ်မပါဘဲနဲ့ ရှောင်ကြဉ်ကြတယ်။
အသစ်သင်ယူခြင်းမရှိတဲ့အခါ ~
- နောက်ဆုံး နည်းပညာတွေကို နားမလည်ဖြစ်တတ်ပါတယ်
- အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကနေ ဝေးကွာသွားတတ်ပါတယ်။
- ကိုယ်ပိုင်လုပ်ငန်းတိုးချဲ့ဖို့လည်း အခက်အခဲများဖြစ်စေတတ်ပါတယ်။
- မိသားစု၊ သူငယ်ချင်းတွေနဲ့ အဆင်ပြေတာ နည်းသွားတတ်တယ် [communication gap] ဖြစ်တတ်တယ်။
ဘယ်လို စိတ်ထားမှသာ တိုးတက်မှုဖြစ်နိုင်သလဲ?
- အသစ်သင်ယူဖို့အတွက် လိုအပ်တာက စိတ်ဖွင့်မှုပါ။
- မတော်တဆလုပ်မိလည်း “အိုကေ…ရတယ်၊ ငါအဆင်ပြေပါတယ်” ဆိုတဲ့စိတ်
- မသိတာကို မေးဖို့ မရှက်တဲ့စိတ်
- “အခုလက်ရှိကနေ ပိုကောင်းတဲ့အနာဂတ်” အတွက် ကြိုးစားချင်တဲ့ စိတ်တွေရှိနေဖို့လည်းလိုပါတယ်။
တချို့လူတွေက ပြောင်းလဲလို့မရဘူးလို့ထင်ကြတယ်။ တကယ်တော့ သူတို့အတွင်းစိတ်မှာ ပြောင်းလဲဖို့စိတ်ကူးမရှိတဲ့လူတချို့က အကြောင်းပြချက်ရှိတတ်တယ်။ ဥပမာ: ကြောက်ရွံ့တဲ့စိတ်၊ သံသယ စတာတွေကအသစ်အသစ်တွေသင်ယူဖို့က်ို အဟန့်အတားဖြစ်စေပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပြီး အသိစိတ်နဲ့ အသစ်အသစ်သင်ယူသွားတာက မိမိဘဝအတွက် အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တယ်။
အသစ်သစ်သောအရာတွေကို သင်ယူလေ့လာမှုရှိမှ အတွေးဆိုတာပေါ်ပေါက်လာနိုင်ပဲ ဖြစ်ပါတယ်။ အတွေးတစ်ခုက ဘဝတစ်ခုလုံးပြောင်းလဲစေနိုင်ပါတယ်။ ဒါပေမယ့်တချို့ကတော့ သင်ယူမှုမရှိသလို၊ ဘာမှလည်းမတွေးကြပါဘူး။ မသင်ယူချင်တော့တာနဲ့အတူ၊ မပြောင်းလဲနိုင်တော့တဲ့ဘဝကို တိုးတက်မှုမဲ့စွာနဲ့ ပိတ်ပင်နေကြတာပါ။
သင်ယူမှုမရှိတဲ့ဘဝ… တကယ်တန်ဖိုးရှိလား?
- သင်ယူမှုက မဟာဗျူဟာကြီးတွေ လုပ်ဖို့အတွက်တင် မဟုတ်ပါဘူး။ အသေးဖွဲ့လေးတွေ လုပ်တာတောင် တကယ်အသုံးဝင်ပါတယ်။
- အသံသွင်းပညာတစ်ခုခု သင်ယူလေ့လာပြီး ကိုယ်သိသလောက် Podcast အဖြစ် အသံသွင်းပြီး နောက်ထပ်လူငယ်တွေကို မျှဝေဖို့အတွက် ပြန်တင်လို့ရတယ်။
- Canva တစ်ခုသုံးတတ်လောက်အောင်သင်ပြီး အနည်းဆုံးတော့ ကိုယ်ပိုင် Page အတွက် Design ဆွဲလို့ရတယ်။
- ငွေကြေး စီမံခန့်ခွဲမှုနည်းလမ်းလေးတစ်ခုသင်ပြီး အကြွေးကင်းတဲ့ဘဝတစ်ခုဖန်တီးလို့ရတယ်။
ဒါပေမယ့် စတင်ဖို့ပဲ မလုပ်ကြတာ။ အဲဒီတွက်စစ်မှန်တဲ့ပြဿနာက “ စတင်ဖို့၊ စမ်းလုပ်ဖို့ ကြောက်နေတာ” ဆိုတာပါပဲ။ သင်ယူမှုတွေသာ မလုပ်ရင် က်ိုယ်ကအရာရာမှာနောက်ကျနေမယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။
သင်ယူမှုမရှိဘဲ မိမိကမ္ဘာထဲမှာပဲ ပိတ်ပြီးနေမယ်ဆိုတာက ဘယ်လောက်ထိခိုက်နိုင်လဲ?
သင်ယူခြင်းက အပြင်ကမ္ဘာနဲ့ ချိတ်ဆက်နေဖို့အတွက် တံခါးတစ်ခုပဲဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တာနဲ့ တန်ဖိုးထားတယ်ဆိုတာဟာ အဲဒီ စိတ်တံခါးကို ဖွင့်ရဲတဲ့ သတိနဲ့မှသာ ရပါတယ်။
သင်ယူခြင်း စတင်နိုင်မယ့် နည်းလမ်း [ ၃ ] ခု
- တစ်နေ့တစ်ခုသိဖို့ ခံယူချက်ထားပါ : အနည်းဆုံး တန်ဖိုးရှိစေမယ့် YouTube ဗီဒီယိုတစ်ခုပဲ ကြည့်လိုက်ပါ။
- မသိတာတစ်ခုကို မေးမြန်းဖို့ စိတ်ကူးချထားပါ : “ မသိတာက ရှက်စရာမဟုတ်ပါဘူး၊ သိသလိုလိုလုပ်ပြီး မေးဖို့ မရဲတာကပဲ ရှက်စရာပါ”
- တစ်ပတ်တစ်ကြိမ် အတန်းတက်ပါ။ : Online Course, Skill Class, အတွေ့အကြုံရှိတဲ့ လူတွေပြောထားတဲ့ Podcast တွေကနေတဆင့် မိမိရဲ့ လေ့လာမှုကို စတင်ပါ။
ပြောင်းလဲလို့ မရတဲ့သူတွေအကြားမှာ ရှိနေတဲ့ “အသစ်သင်ယူဖို့ မစဉ်းစားတဲ့သူတွေ”ဟာ တကယ်တမ်းကတော့ တိုးတက်ဖို့ ကြောက်နေတဲ့သူတွေပါ။ ကိုယ့်ဘဝကို စမ်းသပ်ဖို့ စိတ်ကူးမရှိတာ၊ မိမိကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတာတွေကြောင့်ဖြစ်ပါတယ်။
သင်ယူမှုကို စတင်ဖို့က တခြားသူ ဘယ်သူမှ မဖြစ်နိုင်ပါဘူး။ ကိုယ့်ဘဝကို တန်ဖိုးထားပြီး “ငါအတွက်ပိုကောင်းတဲ့အနာဂတ်တစ်ခုရှိတယ်” လို့ ယုံတဲ့သူကပဲ စတင်နိုင်ပါတယ်။ ဒါကြောင့် အသစ်အသစ်သောအရာတွေကို သင်ယူဖို့ ဒီနေ့ကပဲစလိုက်ပါ။
“ ငါ့ဘဝကို မည်သူ့အတွက်မှမဟုတ်ဘဲ ငါ့အတွက်ပဲ တိုးတက်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါ”
Hype Think Education ကနေ နောက်ထပ်လည်း အသစ်သစ်သောအကြောင်းရာတွေကို ဆက်လက်ပြီးတော့ တင်ဆက်ပေးသွားမှာမို့ Follow လုပ်ထားပေးခဲ့အုံးနော်။
Content Writer Khin Myo Lae Yee
Graphic