Ways To Relax And Fall Asleep Peacefully

ကောင်းမွန်စွာအိပ်စက်ခြင်းက စိတ်ကျန်းမာရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့အိပ်စက်ခြင်းဟာဆိုရင် စိတ်ဖိစီးမှုလျော့နည်းစေပြီး စိတ်ကြောင့်ဖြစ်စေတဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးနိုင်ပါတယ်။

Share your love : ❤️

စိတ်အပန်းပြေပြီး ငြိမ်းချမ်းစွာအိပ်စက်နိုင်စေမဲ့ နည်းလမ်းကောင်းများ

ကိုယ်ဟာအိပ်ယာဝင်ဖို့ ခက်ခဲနေတဲ့ သူတစ်ယောက်လား?

နေ့စဉ်ဘဝမှာ တစ်နေ့တာအလုပ်တွေနဲ့အတူ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေ အများကြီးကြုံတွေ့နေရတဲ့ လူငယ်အများစုအတွက် ညဘက်အိပ်ချိန်မှာတောင် အိပ်ယာဝင်ဖို့ ခက်ခဲတဲ့အခြေအနေမျိုး အဖြစ်များလာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စိတ်ကို အေးအေးချမ်းချမ်းဖြစ်အောင်လုပ်ပေးနိုင်တာကတော့ ကိုယ့်ရဲ့ အိပ်စက်တဲ့ပုံစံကို ပြုပြင်ပြောင်းလဲဖို့ပါပဲ။ ကောင်းမွန်စွာအိပ်စက်ခြင်းက စိတ်ကျန်းမာရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့အိပ်စက်ခြင်းဟာဆိုရင် စိတ်ဖိစီးမှုလျော့နည်းစေပြီး စိတ်ကြောင့်ဖြစ်စေတဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးနိုင်ပါတယ်။

အကယ်၍ ကိုယ့်အနေနဲ့ အိပ်ယာဝင်ဖို့ ခက်ခဲတာ၊ အိပ်မပျော်တာတွေနဲ့ ကြုံတွေ့နေရတယ်ဆိုရင်တော့ ဒီ Hype Think Education က မျှဝေပေးမဲ့ အချက်တွေအတိုင်းလိုက်လုပ်ပြီး ကိုယ့်ရဲ့ အိပ်စက်ခြင်းကို စိတ်အပန်းပြေတဲ့ အိပ်စက်ခြင်းမျိုးဖြစ်အောင် ပြုပြင်ပြောင်းလဲကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

ဒီလိုမျိုး ဗဟုသုတရရှိစေမဲ့ အကြောင်းအရာတွေကို ဆက်လက်မျှဝေပေးသွားမှာမို့ Hype Think Education ကို Like & Follow လုပ်ဖို့ မမေ့နဲ့နော်။

[1] Sleep Hygiene ဖြစ်အောင် လေ့ကျင့်ပါ

နေ့စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေထိပါ အိပ်ယာဝင်ချိန် နဲ့ အိပ်ယာထချိန်ကို သတ်မှတ်ထားဖို့လိုပါတယ်။ ပြီးတော့ အိပ်ယာမဝင်ခင်မှာ စိတ်အပန်းပြေစေမဲ့ စာဖတ်တာ၊ သီချင်းနားထောင်တာ တွေကိုပြုလုပ်ပေးခြင်းက ကျန်းမာသောအိပ်စက်ခြင်းကိုဖြစ်စေပါတယ်။

[2] စိတ်ပြေလျော့အောင်ပြုလုပ်ပြီး ငြိမ်းချမ်းစွာအိပ်စက်ပါ

အိပ်ယာမဝင်ခင် [1] နာရီအတွင်း Social App တွေကို မသုံးပဲ Sleep Meditation လုပ်တာ၊ Podcast နဲ့ အခြား Soft Music နားထောင်တာ၊ Beditation Video ဖွင့်ပြီးနားထောင်တာတွေက စိတ်အေးချမ်းစွာအိပ်စက်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

[3] စိတ်ကိုစိုးရိမ်ကြောင့်ကြမှုမရှိစေပဲ အိပ်စက်ပါ

တစ်ခါတရံမှာ စိုးရိမ်ကြောင့်ကြမှုတွေကြောင့် အိပ်မပျော်တာဖြစ်တတ်ပါတယ်။ အဲ့လိုအခြေအနေမျိုးမှာ တစ်စုံတစ်ယောက်နဲ့ စကားပြောတာ၊ စာအုပ်မှာ ကိုယ့်ကိုစိတ်ပူပန်စေတဲ့အကြောင်းအရာမျိုးကိုချရေးတာ၊ တစ်နေ့တာလုပ်ရမဲ့ အရာတွေကို ကြိုပြီး To-Do List လုပ်ထားတာက ကိုယ့်ရဲ့စိတ်ကိုအေးချမ်းစေပါတယ်။

[4] အိပ်စက်ဖို့အတွက်သင့်တော်တဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပါ

လေဝင်လေထွက်ကောင်းပြီး တိတ်ဆိတ်မွှေးပျံ့တဲ့ အိပ်ခန်းနဲ့ အိပ်ရာဝင်ဖို့လိုအပ်ပါတယ်။ ဖုန်းကို Silent Mode ထားတာ၊ တိတ်ဆိတ်မဲမှောင်တဲ့အခန်းဖြစ်အောင် အခန်းလိုက်ကာချပြီးအိပ်တာ၊ Sleep Mask တပ်အိပ်တာ၊ Ear Plug တပ်အိပ်တာမျိုးတွေပြုလုပ်ပြီး အိပ်စက်သင့်ပါတယ်။

[5] မအိပ်ချင်သေးရင် အတင်းမအိပ်ခိုင်းသင့်ပါ

တစ်ခါတရံမှာ မိမိအနေနဲ့ မအိပ်ချင်ဖူးဆိုတာ တစ်နေ့တာအသုံးပြုရမဲ့ စွမ်းအင်မကုန်သေးတာကြောင့်လည်း ဖြစ်နိုင်တာမို့ တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ အနားယူပြီး စာဖတ်တာ၊ သီချင်းနားထောင်တာတွေ ပြုလုပ်ပြီး အိပ်ချင်လာမှသာ မိမိအိပ်ရာကိုပြန်ဝင်အိပ်သင့်ပါတယ်။

[6] အစားအသောက်ထိန်းသိမ်းခြင်းနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကောင်းမွန်သော အိပ်စက်ခြင်းဖြစ်အောင်ဖန်တီးပါ

အိပ်ယာမဝင်ခင် [2] နာရီအတွင်း ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအသောက်တွေစားသုံးတာ၊ အရက်၊ ဆေးလိပ်၊ ကော်ဖီ သောက်သုံးတာတွေကို ရှောင်ကြဉ်ဖို့ အရေးကြီးပါတယ်။ တစ်နေ့တာမှာ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်တာက စိတ်အေးချမ်းပြီး ညအိပ်ယာဝင်တဲ့အခါ ပိုမိုကောင်းမွန်စွာအိပ်စက်စေနိုင်ပေမဲ့ ညအိပ်ချိန်မတိုင်မီ [2] နာရီအတွင်း ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမပြုလုပ်ဖို့ လိုအပ်ပါတယ်။

Content Writer Hazel K

Graphic

Share your love : ❤️