အမြဲပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ကိုယ့်ရဲ့အတွေးခေါ်တွေကို ပြောင်းလဲဖို့စဉ်းစားဖူးလား?
[21] ရာစုလိုခေတ်ကြီးမှာ နည်းပညာ တိုးတက်မှု၊ စီးပွားရေးအခြေအနေတွေ ပြောင်းလဲလာမှု၊ သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ မြန်ဆန်စွာ ပြောင်းလဲနေခြင်းတို့ကြောင့် လူတိုင်းဟာ နေ့စဉ်စိန်ခေါ်မှုအသစ်အသစ်များစွာကို ရင်ဆိုင်နေရပါတယ်။
ဒီလို ပြောင်းလဲနေတဲ့ကာလထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေက ကိုယ့်အတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲ၊ မှန်ကန်တဲ့သတင်းအချက်အလက်တွေလားဆိုတာကို ဝေဖန်ပိုင်းခြားနိုင်ဖို့ တော်တော်ခက်ခဲပါတယ်။ အထူးသဖြင့် ဒီနေ့ခေတ်မှာ လူတစ်ယောက်ထဲမှာတောင် အချက်အလက်တစ်ခုကို ကြည့်တဲ့အမြင်က မတူကြပါဘူး။
သတင်းတစ်ခုကို လူအများစုက အမျိုးမျိုးတုံ့ပြန်သွားတာမျိုးကိုလည်း တွေ့ဖူးကြမှာပါ။ ဒီလိုအခြေအနေမှာဆိုရင် လူတစ်ယောက်က အဲ့သတင်းနဲ့ပတ်သက်ပြီး တုံ့ပြန်မှုမလုပ်ခင် မှန်ကန်တဲ့အကျိုးအကြောင်းသဘောတရားကို သေချာဝေဖန်ပိုင်းခြားဆုံးဖြတ်တတ်ဖို့ လိုပါတယ်။
Critical Thinking ဆိုတာဘာလဲ?
သက်သေအထောက်အထား၊ အတွေ့အကြုံ၊ အတွေးအခေါ်နဲ့ ဆက်သွယ်ရေးများမှ ရရှိသော သတင်းအချက်အလက်များကို သုံးသပ်ဖော်ထုတ်တဲ့ သက်ဆိုင်ရာ ယုံကြည်ချက်များနှင့် လုပ်ဆောင်မှုများအတွက် အကြောင်းအရာနှင့်အညီ စဉ်းစားဆင်ခြင်နိုင်တဲ့ စွမ်းရည်ပဲဖြစ်ပါတယ်။
ဒီလိုအတွေးအခေါ်တွေအပေါ် ဝေဖန်ပိုင်းခြားနိုင်တာကို Critical Thinking လို့ခေါ် ပြီး လူငယ်တွေအတွက်တော့ မဖြစ်မနေတောင်လေ့လာရမယ့် “Soft Skill” တစ်ခုလည်း ဖြစ်ပါတယ်။
ဒါဆိုရင် Hype Think Education ကနေ Critical Thinking က ဘယ်ကနေစတင်ပေါ်ပေါက်လာတာလဲ၊ ဘာလို့ဒီနေ့ခေတ်မှာ မရှိမဖြစ်လိုအပ်တဲ့ Skill တစ်ခုဖြစ်နေတာလဲဆိုတာကို ဆက်လက်ပြောပြပေးသွားမှာမို့လို့ အဆုံးထိဖတ်ရှုပေးဖို့ ပြောကြားချင်ပါတယ်။
Critical Thinking ဆိုတာ ဘယ်လိုစတင်လာတာလဲ?
ရှေးဟောင်းဂရိခေတ် [Ancient Greece] : Socrates, Plato, Aristotle
Critical thinking ရဲ့ အစောဆုံးလေ့လာတွေ့ရှိချက်တွေကို ရှေးဟောင်းဂရိသိပ္ပံပညာရှင်တွေထဲမှာ တွေ့နိုင်ပါတယ်။ Socrates ကတော့ သူတီထွင်တဲ့ Socratic Method နည်းလမ်းနဲ့ လူတွေကို မေးခွန်းထုတ်ပြီး စဉ်းစားခိုင်းတဲ့နည်းကို အသုံးပြုပါတယ်။ Plato နဲ့ Aristotle တို့ကလည်း ယဉ်ကျေးမှု၊ တရားမျှတမှု၊ သိပ္ပံနဲ့ တန်ဖိုးသဘောတရားတွေကို အခြေခံပြီး ထင်မြင်ချက်ပေါင်းများစွာကို တောက်လျှောက်စဉ်းစားခဲ့ကြပါတယ်။
ဒီပညာရှင်တွေက လူသားအတွေးအခေါ်ကို စနစ်တကျ သုံးသပ်စဉ်းစားတာတွေအတွက် အခြေခံထားပေးခဲ့ပါတယ်။
အလယ်ခေတ် [Middle Ages] : Religious & Scholarly Thinking
ဒီခေတ်မှာတော့ ယုံကြည်ခြင်း [Faith] နဲ့ သိပ္ပံဆန်တဲ့ စဉ်းစားမှု [Reason] တို့ကြားမှာ တင်းမာမှုတွေရှိလာပါတယ်။ Thomas Aquinas လို သက္ကရာဇ် [13] ရာစုမှာနေတဲ့ သိပ္ပံပညာရှင်တွေကတော့ ဘာသာရေးနဲ့ ဒဿနပညာကို ပေါင်းစပ်ပြီး စဉ်းစားနိုင်ခဲ့ပါတယ်။
ဒီခေတ်မှာ Critical Thinking ကို ဘာသာရေးအရမှာ အဓိကအားဖြင့် အသုံးချခဲ့ပါတယ်။
အတွေးအခေါ်ထွန်းကားလာသောခေတ် [ Enlightenment Era] : Logic, Reason & Science
[16] ရာစုမှ [18] ရာစုအထိ Enlightenment ခေတ်ဟာ Critical Thinking ပိုမိုဖွံ့ဖြိုးလာတဲ့အချိန် ဖြစ်ပါတယ်။Descartes, Locke, Hume, Kant စတဲ့ ပညာရှင်တွေဟာ သက်သေရှိမှု၊ မေးခွန်းထုတ်နိုင်မှု၊ စိတ်ပညာနဲ့ သိပ္ပံသဘောတရားတွေအပေါ် အလေးပေးလာကြပါတယ်။
ဒီခေတ်ကနေတစ်ဆင့် အနာဂတ် Modern Science နဲ့ Education System တွေအတွက် အခြေတည်လာခဲ့ပါတယ်။
[20] ရာစုနှောင်းပိုင်း [ Education & Psychology]
၁၉ရာစုနှောင်းပိုင်းကစပြီး Critical Thinking ကို ပညာရေးနဲ့ စိတ်ပညာမှာ တိုးတက်လာအောင် ပုံသဏ္ဍာန်ဖန်တီးလာကြပါတယ်။ [1910] ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ How We Think စာအုပ်ထဲမှာ Dewey က Critical Thinking ကို “Reflective Thinking” လို့လည်းဖော်ပြထားပါတယ်။ သူ့အဆိုအရ လူတစ်ဦးက သိမြင်မှု [Observation], အတွေ့အကြုံ [Experience], သုံးသပ်ခြင်း [Analysis], တွေးခေါ်ခြင်း [Reflection] တို့ကို အသုံးချပြီး အယူအဆနဲ့ လုပ်ဆောင်ချက်ကို တိတိကျကျ ဆုံးဖြတ်ဖို့ လိုတယ်။
အခုခေတ်မှာတော့ Critical Thinking ဟာ Education, Media Literacy, Scientific Research, Cognitive Psychology စတာတွေနဲ့ ချိတ်ဆက်နေတာ တွေ့နိုင်ပါတယ်။
ခေတ်သစ်တွင် Council For Excellence In Critical Thinking
ယနေ့ခေတ်မှာတော့ Social Media, Fake News, AI-generated Content တို့ကြောင့် အမှားအမှန်ကို သေချာဝေဖန်ပိုင်းခြားနိုင်ဖို့ ပိုအရေးကြီးလာပါတယ်။ ကျောင်း၊ တက္ကသိုလ်နဲ့ အလုပ်အကောင်အထည်ဖော်ရာမှာလည်း Critical Thinking ဟာ Core Skill တစ်ခုအဖြစ်သတ်မှတ်ခံနေရတာဖြစ်ပါတယ်။
[1987] ခုနှစ်မှာ အမေရိကန်နိုင်ငံအတွင်းရှိ Council For Excellence In Critical Thinking က Critical Thinking ကို အောက်ပါအတိုင်း အဓိပ္ပါယ်ဖော်ပြထားပါတယ်။ “Critical thinking is the intellectually disciplined process of actively and skillfully conceptualizing, applying, analyzing, synthesizing, and evaluating information as a guide to belief and action.” [ အကြံဉာဏ်အရ အတွေးအခေါ်ကို စနစ်တကျ သုံးသပ်နိုင်တဲ့အပြင် ယုံကြည်ချက်နဲ့ လုပ်ဆောင်ချက်ကို လမ်းညွှန်နိုင်ရန် တက်ကြွပြီး ကျွမ်းကျင်စွာ သုံးသပ်တတ်မှု ] လို့ အဓိပ္ပာယ်ရပါတယ်။
ယနေ့ခေတ်မှာ Critical Thinking ဘာလို့ အရေးကြီးလာတာလဲ?
Critical Thinking ဆိုတာက မသိတဲ့အရာကို အားထုတ်သုံးသပ်တတ်မှု၊ မေးခွန်းထုတ်တတ်မှု၊ ဆင်ခြင်တတ်မှုနဲ့ အကြောင်းအရာတစ်ခုနဲ့တစ်ခု ကြားက ဆက်စပ်မှုတွေကို ရှာဖွေနိုင်တဲ့ စဉ်းစားတတ်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီ Skill ဟာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဘဝမှာသာမက အလုပ်အကိုင်ဘဝမှာပါ အရေးပါလာပါတာကို ဒီအချက် [7] ချက်ကိုကြည့်ပြီး သိနိုင်ပါတယ်။
[1] သတင်းအချက်အလက်များကြားမှ မှန်ကန်မှု ရှာဖွေရန်
Digital Age ထဲမှာ လူတစ်ယောက်က နေ့စဉ်ထဲမှာ များပြားလှတဲ့ သတင်းအချက်အလက်နဲ့ ရင်ဆိုင်နေရပါတယ်။ တစ်ချို့က မှန်သမျှ မဟုတ်တဲ့အခါမှာတော့ တစ်ယောက်ချင်းစီက သတင်းရင်းမြစ်ကိုစစ်တမ်းဆန့်သုံးပြီး ခွဲခြားနိုင်ဖို့ လိုလာပါတယ်။
[2] ပြဿနာဖြေရှင်းမှုတွင် ထိရောက်စေခြင်း
တကယ်တမ်းအသုံးဝင်တဲ့ Critical Thinking ဟာ ပြဿနာရဲ့ အကြောင်းအရင်းကို စူးစမ်းပြီး ဖြေရှင်းနိုင်ဖို့ကူညီပေးပါတယ်။ အလေးအနက်စဥ်းစားပြီး ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း လွဲချော်မှုတွေကို လျှော့ချနိုင်ပါတယ်။
[3] ပြောင်းလဲနေတဲ့ကမ္ဘာနဲ့ ကိုက်ညီနိုင်ရန်
ဖန်တီးဆန်းသစ်မှု [Innovation] ရှိဖို့ဆိုရင်၊ ယခင်အမြင်နဲ့ပဲ ရပ်နေနိုင်တော့မှာမဟုတ်ပါဘူး။ Critical Thinking ရှိသူကတော့ အခြေအနေအသစ်တွေနဲ့ ကိုက်ညီတတ်ပြီး Idea အသစ်တွေလည်း ပေါ်ထွန်းနိုင်ပါတယ်။
[4] ဆက်သွယ်ရေး တိုးတက်မှု
စဉ်းစားတတ်သူတစ်ယောက်ဟာ သူ့အတွေးကို ပြတ်သားစွာဖော်ပြတတ်ပါတယ်။ မတူညီတဲ့အမြင်တွေနဲ့ ပူးပေါင်းဆွေးနွေးတတ်ပြီး နားလည်မှုတွေတိုးတက်စေနိုင်ပါတယ်။
[5] ကိုယ်တိုင်တိုးတက်မှု [Personal Growth]
Critical Thinking ဟာ မိမိကိုယ်ကို ပြန်လည်သုံးသပ်တတ်စေပြီး ကိုယ့်စိတ်ခံစားမှုတွေနဲ့ မိမိအတွေးတွေကို သိမြင်နိုင်စေပါတယ်။ ဒါဟာ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုနဲ့ စိတ်ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်ပါတယ်။
[6] လူ့အဖွဲ့အစည်းအတွက် တာဝန်ယူမှု
တကယ်တမ်းပြောရရင် လူမှုရေးပြဿနာတွေနဲ့ပတ်သက်တဲ့ ဆွေးနွေးပေးမှု၊ မတူညီတဲ့အမြင်တွေကို နားထောင်ပြီး သင့်တင့်လျောက်ပတ်စွာ ဖြေကြားနိုင်မှုစတဲ့ လူမှုအဖွဲ့အစည်းတွေအတွက် Critical Thinking က မဖြစ်မနေလိုအပ်ပါတယ်။ မိမိနယ်ပယ်မှာတင်မကဘဲ လူမှုအကျိုးကိုတန်ဖိုးထားပြီး ဆက်လက်စဉ်းစားတတ်တဲ့သူတွေက လူ့အဖွဲ့အစည်းတစ်ခုအတွက် တာဝန်ယူမှုနဲ့ လုပ်ဆောင်နိုင်စွမ်းရှိသူတွေဖြစ်လာနိုင်ပါတယ်။
[7] အလုပ်အကိုင်အတွက် မရှိမဖြစ် လိုအပ်တဲ့ Skill
ယနေ့ခေတ်မှာ အလုပ်ရှင်တွေဟာ လုပ်ငန်းအောင်မြင်ရေးအတွက် တဖြည်းဖြည်းပြီး ပြဿနာဖြေရှင်းတတ်တဲ့၊ စဉ်းစားတတ်တဲ့ ဝန်ထမ်းတွေကို စိတ်ဝင်စားလာကြပါတယ်။ ဒါကြောင့်ပဲ Critical Thinking ဟာ Job Market ထဲမှာ ပိုပြီး အရေးကြီးလာတာဖြစ်ပါတယ်။
[ Conclusion ]
သတင်းအချက်အလက်တွေထဲမှာ မှန်မှန်ကန်ကန်ရှာဖွေတတ်ဖို့၊ ပြဿနာတွေကို ပိုမိုအောင်မြင်စွာဖြေရှင်းဖို့၊ မိမိကိုယ်တိုင်လူမှုရေးရာဘဝမှာပါ တိုးတက်ချင်တယ်ဆိုရင် Critical Thinking က မဖြစ်မနေ သင်ယူဖို့လိုတဲ့ အခြေခံ Skill တစ်ခုပဲဖြစ်ပါတယ်။
ယနေ့လိုခေတ်မှာ သင့်ရဲ့အတွေးအခေါ်နဲ့ ဆုံးဖြတ်ချက်တွေကို ပိုမိုတိကျစေဖို့ Critical Thinking ကို စတင်လေ့လာကြပါစို့။ Hype Think Education က နောက်ထပ်အကြောင်းအရာတွေနဲ့ ဆက်လက်မျှဝေပေးသွားမှာဖြစ်တာမို့လို့ မလွတ်တမ်းဖတ်ရှုဖို့ Follow လုပ်ဖို့မမေ့နဲ့နော်။
Content Writer Saw Yu Nwe
Graphic