What is GED?

GED ဆိုတာ General Educational Diploma လို့ခေါ်တဲ့ အထက်တန်းအဆင့်ပညာရပ်ဆိုင်ရာ အသိအမှတ်ပြုတဲ့ စာမေးပွဲတစ်ခုဖြစ်ပါတယ်။
Share your love : ❤️

သင်ဟာ အနာဂတ်မှာ အလုပ်အကိုင်ကောင်းကောင်း၊ degree ကောင်းကောင်းတစ်ခု ရချင်သူလား? အခုအချိန်မှာပညာရေးလမ်းကြောင်းရပ်တန့်နေပြီး အထက်တန်းမပြီးဆုံးသေးတဲ့ကျောင်းသားတစ်ဦးလား? နိုင်ငံရပ်ခြားမှာ ပညာသင်ယူလိုသူလား? ဒါဆိုရင်တော့ သင့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ့် GED အကြောင်းမျှဝေပေးပါရစေ။

★ GED ဆိုတာဘာလဲ?

GED ဆိုတာ General Educational Diploma လို့ခေါ်တဲ့ အထက်တန်း (ခေါ်) ၁၀တန်းအောင်လက်မှတ် မရဖူးသေးတဲ့ ကျောင်းသားတွေအတွက်ရည်ရွယ်ပြီး အထက်တန်းအဆင့်ပညာရပ်ဆိုင်ရာ အရည်အချင်းတွေနဲ့ ကိုက်ညီကြောင်း အသိအမှတ်ပြုတဲ့ စာမေးပွဲတစ်ခုဖြစ်ပါတယ်။

★ ဘယ်သူတွေ ဝင်ရောက်ဖြေဆိုနိုင်သလဲ?

အထက်တန်းမပြီးဆုံးသေးတဲ့သူ၊ အနည်းဆုံး အသက်၁၆ နှစ်ပြည့်ပြီးသည့် လူငယ်တိုင်းဝင်ရောက်ဖြေဆိုနိုင်ပါတယ်။

★ GEDမှာ ဘာသာရပ်ဘယ်နှခုရှိသလဲ?

  • Mathematical reasoning
  • Reasoning through language arts
  • Science
  • Social studiesဆိုတဲ့ ဘာသာရပ်လေးခုကို ဖြေဆိုရမှာဖြစ်ပါတယ်။

★ GEDဖြေဖို့အတွက်ဘယ်လောက်ကုန်ကျမလဲ?

ဘာသာရပ်တစ်ခုစီကို exam fee အနေနဲ့ 80$ ဖြစ်ပြီး ဘာသာရပ်လေးခုအတွက် စုစုပေါင်း ‌320$ ကျသင့်မှာဖြစ်ပါတယ်။

★ ဘယ်မှာဖြေရမှာလဲ?

GED ဟာ computer test ဖြစ်ပြီး test center မှာသွားရောက်ဖြေဆိုရမှာဖြစ်ပါတယ်။ GED ရဲ့ official website ဖြစ်တဲ့ ged.com မှာ ကြိုတင် bookingတင်ပြီး online testအနေနှင့်လည်း ဖြေဆိုနိုင်ပါတယ်။

ဖြေဆိုချိန် ဘယ်လောက်ကြာမလဲ?

ဖြေဆိုချိန်အနေနဲ့ကတော့ 

  • Mathematical reasoning ➢ 115 mins(no break)
  • Reasoning through language arts ➢ 150 mins(10 mins break)
  • Science ➢ 90 mins(no break)
  • Social studies ➢ 70 mins(no break) ဆိုပြီး ဘာသာရပ်အားလုံးပေါင်းဖြေဆိုချိန် 7.5 hours ကြာမြင့်မှာဖြစ်ပါတယ်။

★ Passing scoreက ဘယ်လောက်လဲ?

ဘာသာရပ်တစ်ခုစီမှာ အမှတ်ပြည့် 200 points ရှိပြီး အနည်းဆုံး 145 pointsရမှာသာ အောင်မြင်မှာ ဖြစ်ပါတယ်။ passing score levelကတော့ သုံးမျိုးရှိပါတယ်။

🥉 145-164 points ⇒ GED passing score

  • ဒီ level မှာဆိုရင် GED credential ကို ရရှိမှာဖြစ်ပါတယ်။

🥈 165-174 points ⇒ College ready score

  • ဒီ level ရောက်တယ်ဆိုရင် ကောလိပ်ပညာသင်ယူဖို့ အရည်အချင်းရှိကြောင်း ဖော်ပြတာပဲဖြစ်ပါတယ်။ ACT (ဒါမှမဟုတ်) SATရမှတ် တင်သွင်းရခြင်း၊ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုရခြင်းစတဲ့ အခြား requirement တွေ ကင်းလွတ်ခွင့်တွေကိုတောင် ရရှိနိုင်ပါတယ်။

🥇 175-200 points ⇒ College ready+credit score

  • College ready score level နဲ့ ဆင်တူပြီး မိမိလျှောက်တဲ့ကောလိပ်ပေါ်မူတည်ပြီးတော့ college credit တွေရမှာ ဖြစ်ပါတယ်။

GED လက်ခံတဲ့ တက္ကသိုလ်တွေကိုသိလိုရင် အောက်ပါ link ထဲမှာ မိမိတက်ရောက်ချင်သော တက္ကသိုလ်အမည်ကို ရိုက်ရှာ ကြည့်နိုင်ပါတယ်။ ged.com/en/university-acceptance

အခုအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အနာဂတ်မရေရာဘဲ လမ်းပျောက်နေတဲ့ လူငယ်တစ်ဦးဦး လမ်းစရှာတွေ့သွားဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

Content Writer by Zun Pwint San

Graphic Hype Think

Share your love : ❤️