What is TOEFL? Who answered?

IELTSလိုပဲ အဖြေများကြတဲ့နောက် testတစ်ခုက Test of English as a Foreign Language (TOEFL)ဖြစ်ပါတယ်။ Universitiesပေါင်း 11,000ကျော် နဲ့ institutesပေါင်းမြောက်များစွာက လက်ခံထားတဲ့ English testတစ်ခု ဖြစ်ပါတယ်။
Share your love : ❤️

What is TOEFL?

IELTSလိုပဲ အဖြေများကြတဲ့နောက် testတစ်ခုက Test of English as a Foreign Language (TOEFL)ဖြစ်ပါတယ်။ Universitiesပေါင်း 11,000ကျော် နဲ့ institutesပေါင်းမြောက်များစွာက လက်ခံထားတဲ့ English testတစ်ခု ဖြစ်ပါတယ်။

Who answered?

US နဲ့ ဥရောပဖက်က universityလျှောက်မဲ့သူတွေ၊ medical fieldနဲ့ ပတ်သက်တာသွားတက်မဲ့သူတွေဆိုရင် TOEFL ကိုပိုပြီးဖြေကြပါတယ်။ 

TOEFLမှာ | internet-based test (iBT) | computer-based test (CBT) | paper-based test (PBT)ဆိုပြီး ရှိပေမဲ့ PBTကို April 2021မှာပယ်ဖျက်ခဲ့တာမို့လို့ iBTကိုပဲဖြေတာများပါတယ်။ TOEFL iBTကို test centerမှာ သွားဖြေလို့ရသလို အိမ်မှာပဲ TOEFL iBT Home Editionနဲ့လည်း ဖြေလို့ရပါတယ်။ 

TOEFL iBTမှာ ထုံးစံတိုင်း 4 skills (Reading, Listening, Writing, and Speaking)ပါပါတယ်။ အမှတ်ပေးတဲ့ပုံက Skill တစ်ခုချင်းစီကို 0-30 scoreရပါတယ်။ အဲ့တာကြောင့် လေးခုလုံးပေါင်းရင် total score က 0-120အတွင်း ရမှာပါ။ 

Reading နဲ့ Listeningကို အရင်ဖြေရပြီးတော့ 10 mins breakပေးပါတယ်။ ပြီးရင် Speaking နဲ့ Writingကို ဆက်ဖြေရပါတယ်။ စုစုပေါင်းစာမေးပွဲဖြေရန်ကြာချိန်ကတော့ 2 hours 47 minutes (167 minutes)ကနေ 3 hours 23 minutes (203 minutes)ထိ ကြာပါတယ်။ 

Registration feesကတော့ နိုင်ငံပေါ်မူတည်ပြီး 185$ကနေ စပြီးသွင်းရပါတယ်။ Score validityလည်း IELTSတို့လို 2 yearsခံပါတယ်။

Conclusion

TOEFL နဲ့ IELTSဘယ်ဟာပိုလွယ်တယ် ခက်တယ်ဆိုတာကတော့ ပြောရခက်ပါတယ်။ ကိုယ့်အတွက်ဘယ်ဟာပိုသင့်တော်မလဲဆိုတာသိဖို့ mock testတွေ အစမ်းဖြေကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ လိုချင်တဲ့ပညာရေးပန်းတိုင်ကိုအရောက်လှမ်းနိုင်ဖို့ Hype Think Educationမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်

Content Writer by Minn Htet Hein

Share your love : ❤️