What is Search Engine Optimization [SEO]?

Search Engine ဆိုတာကတော့ Internetပေါ်မှာရှိတဲ့ Website သန်းပေါင်းများစွာထဲမှ အချက်အလက်တွေကို ရှာဖွေဖို့ တည်ထွင်ထားတဲ့ Website တစ်ခုပဲဖြစ်တယ်။
Share your love : ❤️
What is Search Engine Optimization [SEO]?

Search Engine Optimization ဆိုတာကို ကျွန်တော်တို့ အသေးစိတ်မသွားခင် ပထမဦးဆုံး Search Engine ဆိုတဲ့ အရာကို အရင်ဆုံးနားလည်ဖို့လိုပါတယ်။

Search Engine ဆိုတာကတော့ အင်တာနက် ပေါ်မှာရှိတဲ့ Website သန်းပေါင်းများစွာထဲမှ အချက်အလက်တွေကို မိမိကြိုက်တဲ့ အချိန်မှာ လိုအပ်သလို ရှာဖွေဖို့ တည်ထွင် ဖန်တီးထားတဲ့ Website သို့ ရှာဖွေရေး Website တစ်ခုပဲဖြစ်ပါတယ်။ ရှာဖွေတဲ့ နေရာမှ ဘာသာစကားအလိုက် မိမိရှာဖွေလိုသည့် စကားလုံး (keywords) တွေနဲ့ ရိုက်ထည့်ပြီး ရှာဖွေရပါတယ်။

ဥပမာ – ရှာဖွေသူက ကြောင်နှင့် ပတ်သက်သည့် ဟာသ Video များကို ရှာဖွေလိုပါက Search Engine မှာ “Funny Cats Videos” ဆိုပြီးရိုက်ထည့်ပြီးရှာဖွေရပါတယ်။ ဒီနေရာမှာ Funny Cats ဆိုတာက မိမိရှာဖွေလိုသည့် စကားစု (Keywords) ဖြစ်ပြီး Video ဆိုသည့်အရာက ရှာဖွေလိုသည့် အမျိုးအစားပဲဖြစ်ပါတယ်။

Search Engine မှာ ဘာတွေကို ရှာဖွေလို့ရသလဲဆိုရင်တော့ အဓိကအားဖြင့် News and Posts, Images, Videos, Documents and Business Listings အစရှိတာတွေကို အများအားဖြင့် ရှာဖွေနိုင်ပါတယ်။ ရှာဖွေလို့ရတဲ့ အမျိုးစားကို တော့ ကန့်သတ်မထားပါဘူး။ မိမိရှာချင်တဲ့ အမျိုးအစားအလိုက်ကို ကြိုက်သလိုရှာဖွေနိုင်ပါတယ်။ ကမ္ဘာပေါ်မှ နာမည်ကြီးပြီး လူသုံးများတဲ့ Search Engine တွေကတော့ Google, Bing, Yahoo, Baidu (China) , Yandax (Russia) အစရှိတဲ့ Search Engine တွေပဲဖြစ်ပါတယ်။

ဒါဆို Search Engine Optimization ဆိုတာကဘာလဲ?

Search Engine Optimization ဆိုတာကတော့ အင်တာနက်ပေါ်မှ သန်းရာထောင်ချီ ရှိတဲ့ Website နဲ့ အချက်အလက်တွေကြားထဲနေ မိမိ၏ လုပ်ငန်း (သို့) Website ကို SE (Search Engine) မှာရှာဖွေလိုက်တဲ့ အခါမှ ထိပ်ဆုံး (သို့) ပထမဆုံးစာမျက်နှာသို့ ရောက်အောင် ပြုလုပ်ပေးခြင်းကိုဆိုလိုတာပါ။

Search Engine Optimization လုပ်ဖို့ဘာတွေလိုမလဲ?

Search Engine Optimization လုပ်ရတာဟာ အချိန်တိုတိုနဲ့ ချက်ချင်းထိပ်ဆုံးကို ရောက်ဖို့မလွယ်ကူလှပါဘူး။ ဒါပေမယ့် အောက်တွင် ရေးသားပြမှ အချက်အလက်လေးတွေကို သေချာစိစစ်ပြီး အချိန်ပေးပြီးတည်ဆောက်မယ်ဆိုရင်တော့ မိမိရဲ့ Website ဟာ တဖြည်းဖြည်းနဲ့ Search Engine ပေါ်မှ Visibility တက်လာမှာပါ။

၁။ Blog ဒါမှမဟုတ် Posts များကို တစ်လလျင် အနည်းဆုံး ၄ ခုလောက်ရေးပါ

Search Engine တွေဟာ Information အသစ်တွေကို အမြဲ Update လုပ်နေတဲ့ Website တွေကို ပိုမိုပြီး ကြိုက်နှစ်သက်ပါတယ်။ Search Engine မှာ Crawler လို့ခေါ်တဲ့ Bot လေးတွေရှိပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်ကတော့ Website တစ်ခုချင်းစီကို ၀င်မယ်ပြီးရင် Website ထဲမှာရှိတဲ့ Public Information တွေကို လိုက်ရှာပြီးဖတ်မယ် အဲ့ဒါပြီးရင်တော့ Search Engine ကို Website မှာရှိတဲ့ အချက်အလက်တွေကို ရှာဖွေလို့ရအောင် သတင်းပြန်ပို့ပါတယ်။ မိမိ Website ကို Crawl နောက်တစ်ကြိမ်ထပ်မံလုပ်တဲ့ အခါမှာ Information အသစ်တွေ မတွေ့ဘူးဆိုရင် Crawl လုပ်တဲ့ အရေအတွက်ကို လျှော့ချပစ်ပါတယ်။ နောက်တစ်ခါထပ်ပြီး Crawl လုပ်မယ် Information အသစ်မရှိဘူးဆိုရင် ထပ်မံပြီး Crawl အကြိမ်အရေအတွက် ကို လျှော့ချပစ်ပါတယ်။ ဒါကြောင့် Crawl လုပ်တဲ့ အချိန်မှာ မိမိရဲ့ Website မှာ Information အသစ်တွေရှိနေဖို့လိုအပ်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး Content တစ်ခုလုပ် အသစ်ရေးသားခြင်းဟာ Search Engine Crawler တွေကို ပိုမိုပြီး မိမိ Website ကို Crawl လုပ်အောင် တိုက်တွန်းပေးပါတယ်။ Crawl လုပ်ဖို့အတွက် ပိုမိုလွယ်ကူစေရန် မိမိ Website မှာ Sitemap တစ်ခုရှိထားဖို့လိုအပ်ပါတယ်။ Sitemap ကတော့ ဒုတိယအရေးကြီးတဲ့ အချက်ထဲမှာပါ၀င်ပါတယ်။

၂။ ရှင်းလင်းတဲ့ Sitemap တစ်ခုပြုလုပ်ထားပါ

Sitemap ဆိုတာကတော့ မိမိ Website ရဲ့ မြေပုံပါပဲ။ ဘယ်နေရာမှာ ဘာတွေရှိသလဲဆိုတာကို လွယ်ကူအောင် Map တစ်ခုပြုလုပ်ထားခြင်းပါ။ Sitemap တစ်ခုကိုပြုလုပ်ထားရှိဖြင့် Search Crawl လုပ်တဲ့အခါမှာ သွားရမယ့်နေရာကို အတိကျညွန်းထားသလိုဖြစ်တဲ့အတွက် မိမိရဲ့ Website ဟာ Search Engine ပေါ်မှာ ပိုမိုမြင်သာစေမှာပါ။

၃။ Google Search Console အကောင့်တည်ဆောက်ပြီး Website နှင့်ချိတ်ဆက်ထားပါ

Google Search Console ဆိုတာ Web Master or Website Owner တွေအတွက် Search Engine ပေါ်မှာ မြင်သာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ Guideline တွေ၊ Error တွေကို စစ်စေးလို့ရတဲ့နေရာတစ်ခုပါ။ Sitemap တစ်ခုတည်ဆောက်ပြီးပါက ထို Sitemap အား Search Console ပေါ်မှာ Upload လုပ်လို့ရပါတယ်။ Upload လုပ်ထားခြင်းဖြင့် Search Engine အား မိမိ Website ကို Crawl လုပ်ရန် ပိုမိုအားပေးရာရောက်ပါတယ်။ အချိန်တိုတိုနဲ့ မြန်မြန် Search Engine ပေါ်မှာ မြင်သာစေမှာပါ။ Google Search Console အား မိမိ Website နှင့် ချိတ်ဆက်မည်ဆိုပါက Website အား Google Search Console မှာ Verify လုပ်ပေးရန်လိုအပ်ပါတယ်။ Verify ပြလုပ်ပုံအဆင့်ဆင့်ကို Google Search Console Website မှ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

၄။ ရှာဖွေတဲ့ Keywords တွေကို သိရှိနိုင်ရန် Google Trends ကိုအသုံးပြုပါ

Google Trends ဆိုတာကတော့ Google Search Engine ပေါ်မှာ နေ့စဥ်နဲ့အမျှ ရှာဖွေနေတဲ့ Keywords တွေကို Research and Analysis ပြုလုပ်နိုင်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ မိမိရဲ့ Website ဟာ ရှာဖွေမှု ရာခိုင်နှုန်းနဲတဲ့ (သို့) မရှိတဲ့ Keywords တွေမှာ ထိပ်ဆုံးရောက်နေတယ်ဆိုရင် SEO လုပ်ထားတာဟာ အကျိုးရှိတယ်လို့ မဆိုလိုနိုင်ပါဘူး။ ဒါကြောင့် Google Trends ကိုအသုံးပြုပြီး ဘယ် Keywords တွေက မိမိလုပ်ငန်းအမျိုးစားနဲ့ ကိုက်ညီပြီး ရှာဖွေနေသလဲဆိုတာကို Research ပြုလုပ်ရပါမယ်။ ပြီးရင် Research လုပ်ပြီး ရရှိလာတဲ့ Keywords တွေအလိုက် မိမိရဲ့ Website မှာ Content တွေဖန်တီးရပါမယ်။ လိုအပ်တဲ့ Optimization တွေကို ပြုလုပ်ရပါမယ်။ ဒါမှသာ မိမိရဲ့ လုပ်ငန်း Website ကို Google Search Engine မှာ ရှာဖွေနေတဲ့သူတွေအလွယ်တကူ မြင်တွေ့နိုင်မှာပါ။

အထက်တွင် ဖော်ပြခဲ့တာကတော့ ယခုစာဖတ်သူအတွက် သိသင့်တဲ့ အချက်အလက်တချို့ကို တင်ပြပေးထားတာဖြစ်ပါတယ်။ Search Engine Optimization ပြုလုပ်ရတာဟာ ရည်တိုအတွက် မဟုတ်ပဲ ရည်ရှည်အတွက် အချိန်ပေးပြီး ဆောင်ရွက်ရတာဖြစ်တာကြောင့် အခြားသော လိုအပ်ချက်များစွာလည်း ရှိပါသေးတယ်။

လူကြီးမင်းတို့၏ လုပ်ငန်းအတွက် ကျွန်တော်တို့မှ Search Engine Optimization (SEO) Service များကို ၀န်ဆောင်မှုပေးနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက ကျွန်တော်တို့၏ Facebook Messenger မှ ဖြစ်စေ Contact Page မှဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

Share your love : ❤️