Why Yoga is more than just a Physical Exercise?

ဘဝကို ပြောင်းလဲပေးမယ့် လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ယောဂဆိုတာ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုတင် မဟုတ်ပါဘူး။ စိတ်၊ ကိုယ်နဲ့ ဝိညာဉ်ကို ပေါင်းစပ်ညီညွတ်စေပြီး ဘဝရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်တဲ့ ရှေးဟောင်းအနုပညာတစ်ခုလည်း ဖြစ်ပါတယ်။

Share your love : ❤️

ယောဂဆိုတာ ကိုယ်ခန္ဓာအတွက် လေ့ကျင့်ခန်းသာသာပဲလား?

ဘဝကို ပြောင်းလဲပေးမယ့် လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ယောဂဆိုတာ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုတင် မဟုတ်ပါဘူး။ စိတ်၊ ကိုယ်နဲ့ ဝိညာဉ်ကို ပေါင်းစပ်ညီညွတ်စေပြီး ဘဝရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်တဲ့ ရှေးဟောင်းအနုပညာတစ်ခုလည်း ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ ယောဂဟာ ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များလာနေပြီး မြန်မာပြည်မှာလည်း စိတ်ဝင်စားသူတွေ ပိုများလာနေပါပြီ။ ဒါဆို လူကြိုက်များလာတဲ့ ယောဂရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ?

ဘာကြောင့် ယောဂကို စတင်လေ့ကျင့်သင့်သလဲ? စတဲ့ စိတ်ဝင်စားဖွယ်ရာ ယောဂရဲ့ ကောင်းကျိုးတွေကို Hype Think Education ကနေ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးခြင်း

Yoga Post တွေက ကြွက်သားတွေကို သန်မာစေရုံသာမက အဆစ်အမြစ်တွေရဲ့ လှုပ်ရှားနိုင်စွမ်းကိုပါ တိုးတက်စေတာမို့ ယောဂဟာ ခန္ဓာကိုယ်ကို သန်မာပြီး လိုက်လျောညီထွေ ဖြစ်စေပါတယ်။

ဥပမာအားဖြင့်… သွေးလည်ပတ်မှု အားကောင်းစေတဲ့အတွက် နာတာရှည်ရောဂါတွေကို သက်သာစေသလို၊ နေ့စဉ်ထိုင်နေရတာ၊ ဖုန်းကြည့်နေရတာတွေကြောင့် ကျောရိုးကွေးတာ၊ ပခုံးတွန့်တာတွေကို ပြုပြင်ပေးနိုင်တဲ့အပြင် တက်ကြွတဲ့ ယောဂပုံစံတွေက ကယ်လိုရီလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။

စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုကို ရရှိစေခြင်း

ဒီနေ့ခေတ်ရဲ့ ဖိအားတွေ၊ စိတ်ဖိစီးမှုတွေကြားမှာ ယောဂဟာ စိတ်ကို အေးချမ်းစေမဲ့ ဆိပ်ကမ်းတစ်ခုပါ။ ယောဂမှာ အသက်ရှူလေ့ကျင့်ခန်း [Pranayama] နဲ့ တရားထိုင်ခြင်းတွေက စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ကို အာရုံစူးစိုက်မှု ပိုရှိစေတဲ့အပြင် စိတ်ကျရောဂါလက္ခဏာတွေကို လျော့ပါးစေပြီး စိတ်ကို အကောင်းမြင်စေပါတယ်။ ဒါ့အပြင် အိပ်မပျော်တဲ့ ပြဿနာတွေကို သက်သာစေဖို့ရာ နည်းလမ်းကောင်းတစ်ခုက ယောဂလေ့ကျင့်ခြင်းပါပဲ။

စိတ်နဲ့ ကိုယ်ကို ချိတ်ဆက်ပေးခြင်း

ယောဂရဲ့ အဓိက ဆွဲဆောင်မှုတစ်ခုကတော့ စိတ်နဲ့ ကိုယ်ကို တစ်သားတည်းဖြစ်စေတာပါ။ ယောဂလေ့ကျင့်နေတဲ့ အချိန်မှာ လက်ရှိအခိုက်အတန့်တွင်း နေထိုင်နိုင်ပြီး အပြင်ကမ္ဘာရဲ့ ဆူညံမှုတွေကို ခဏမေ့ထားနိုင်ပါတယ်။ ဒါကြောင့် ယောဂဟာ ကိုယ့်ကိုယ်ကိုယ် ပိုနက်ရှိုင်းစွာ ဆင်ခြင်သုံးသပ်နိုင်စေပြီး စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်းကိုလည်း တိုးတက်စေတဲ့၊ နေ့စဉ်ဘဝမှာ ပိုမိုတက်ကြွစေတဲ့ ဆေးစွမ်းတစ်လက်ဆိုလည်း မမှားပါဘူး။

လူမှုဆက်ဆံရေးနဲ့ နေ့စဉ်ဘဝမှာ အကျိုးပြုခြင်း

ယောဂဟာ တစ်ကိုယ်ရည် လေ့ကျင့်ခန်းတစ်ခုဖြစ်ပေမဲ့ အဖွဲ့လိုက်လေ့ကျင့်တဲ့အခါ လူမှုဆက်ဆံရေးကိုပါ တိုးတက်စေတာ အမှန်ပါပဲ။ ယောဂသင်တန်းတွေမှာ တူညီတဲ့ စိတ်ကျေနပ်မှုကို ရှာဖွေနေတဲ့ သူတွေနဲ့ တွေ့ဆုံပြီး မိတ်ဆွေသစ်တွေ ရရှိနိုင်သလို ယောဂရဲ့ အာရုံစူးစိုက်မှုနဲ့ သည်းခံမှုက နေ့စဉ်ဘဝမှာ လူမှုဆက်ဆံရေးကို ပိုမိုချောမွေ့စေပါတယ်။

ဘယ်သူမဆို စတင်လေ့ကျင့်နိုင်တဲ့ လွယ်ကူမှုယောဂရဲ့ အကောင်းဆုံးအချက်ကတော့ အသက်အရွယ်၊ ကျား/မ မရွေး ဘယ်သူမဆို လေ့ကျင့်နိုင်တာပါပဲ။

ပေါ့ပါးတဲ့ [Hatha Yoga] ကစလို့ တက်ကြွတဲ့ [Vinyasa Yoga] အထိ ကိုယ်နဲ့ ကိုက်ညီမဲ့အပိုင်းကို ရွေးချယ်ပြီး အိမ်မှာပဲ ဖျာတစ်ချပ်နဲ့ စတင်လေ့ကျင့်နိုင်သလို Yoga Center တွေမှာလည်း ပါဝင်လို့ ရပါတယ်။

ဒီလို အကျိုးကျေးဇူးများစွာ ရရှိစေတဲ့ ယောဂကို ဘယ်လိုလေ့ကျင့်ရမလဲဆိုရင်တော့ ~

အခြေခံကနေ တဖြည်းဖြည်း စတင်ပါ။

  • ရိုးရှင်းတဲ့ [Hatha Yoga] ပုံစံတွေကို စလေ့ကျင့်ပြီး မျှတအောင်တက်ကြွတဲ့ [Vinyasa Yoga] တို့ဆီသို့ တိုးတက်နိုင်ပါတယ်။

လမ်းညွှန်ပေးနိုင်တဲ့ ဆရာကောင်း ရှာပါ။

  • အတွေ့အကြုံရှိသူရဲ့ ညွှန်ကြားမှုက ပိုမိုတိကျတဲ့နည်းလမ်းနဲ့ ညီညွတ်မှုကို ရရှိစေပါတယ်။

ပုံမှန်အတိုင်း လေ့ကျင့်ပါ။

  • တစ်ပတ်နှစ်ကြိမ် [သို့မဟုတ်] သုံးကြိမ်ပဲဖြစ်စေ စဉ်ဆက်မပြတ်လေ့ကျင့်မှုက ခန္ဓာကိုယ်နဲ့စိတ်မှာ သိသာတဲ့ အပြောင်းအလဲတွေကို ရရှိစေမှာပါ။

ဒီလိုမျိုး စိတ်နဲ့ကိုယ်ခန္ဓာကို ရွှင်လန်းစေပြီး ဘဝတစ်ခုလုံးကို ပြောင်းလဲစေမဲ့ Yoga ကို အခုကစပြီး တနေ့တာရဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ ပါဝင်လုပ်ဆောင်ဖို့ Hype Think Education မှ အကြံပြုလိုက်ရပါတယ်။

နောက်ထပ် ဗဟုသုတရဖွယ် အကြောင်းအရာတွေကိုလည်း Content သဖွယ်၊ Webinar သဖွယ် ‌မီးမောင်းထိုးပြပေးသွားမှာဖြစ်တဲ့အတွက် အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့ Hype Think Education ကို Follow လုပ်ထားကြပါဦးနော်

Content Writer Nilar Win

Graphic

Share your love : ❤️