Overview:
လူငယ်များ၏အနာဂတ်ပညာရေးတိုးတက် စေရန်အတွက် Hype Think Education မှ ဘာသာစကားအတန်းခွဲ များစွာကို ဖွင့်လှစ်ပေးလျက်ရှိပါသည်။ လူငယ်များအတွက် တစ်ဖက်တစ်လှမ်းမှ ကူညီပံ့ပိုးပေးနိုင်ပါသောဆရာ/ဆရာမများ အား Hype Think Education မှ နွေးထွေးစွာဖြင့်စောင့်မျှော်နေပါသည်။ အသိစိတ်ကို ဖော်ပြပါ Job Description နှင့် Job Specification တို့တွင်ဖတ်ရှုနိုင်ပါသည်။
Job Description & Responsibilities :
- မိမိသင်ကြာပေးနိုင်မည့်ဘာသာစကား၏သင်ခန်းစာ၊သင်ရိုးများကိုသတ်မှတ်ထားသောအချိန်အတွင်းပြင်ဆင်ရေးဆွဲရမည်။
- အတန်းနှင့်ကျောင်းသားများ၏အခြေအနေကို အပတ်စဉ် Report တင်ပြရမည်။
- ကျောင်းသားများ၏လေ့လာမှုအပေါ်မှုတည်၍ သင်ခန်းစာများ ကို ပြောင်းလဲရေးဆွဲနိုင်ရမည်။
- ကျောင်းသားများ၏အတန်းတက်ရောက်မှုနှင့် တက်ကြွစွာပါ၀င်မှုတို့ကို နေ့စဉ်မှတ်သားရမည်။
- အပြုသဘောဆောင်သောသင်ကြားနည်းများဖြင့် ကျောင်းသားများအတွက် Positive Environment တစ်ခုကိုဖန်တီးပေးနိုင်ရမည်။
- အတန်းစာမေးပွဲ အတွက်လိုအပ်ပါက မေးခွန်းများကိုအချိန်မှီပြင်ဆင်နိုင်ရမည်။
- Hype Think Education ၏ Procedure နှင့် Educational Guidelines အတိုင်း လိုက်နာသင်ကြားပေးနိုင်ရမည်။
Job Specifications & Requirements :
- သင်ကြားမည့် သက်ဆိုင်ရာ ဘာသာရပ်တွင် Upper Intermediate Level နှင့်အထက် ရှိသူဖြစ်ရမည်။
- Meeting များကိုတတ်ကြွစွာပါ၀င်၍တက်ရောက်နိုင်ရမည်။
- ကျောင်းသားများ၊အဖွဲ့၀င်များနှင့်ပြောဆိုဆက်ဆံရေးပြေပြစ်သူ၊လိုက်လျောညီထွေစွာနေတတ်သူဖြစ် ရမည်။
- အသစ်သစ်သောဗဟုသုတများကိုလေ့လာသင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
- သင်ကြားရေးတွင်ကျောင်းသား၊ကျောင်းသူတို့ရဲ့တိုးတက်မှုရှိ၊မရှိကိုစောင့်ကြည့်လေ့လာနိုင်သူဖြစ်ရမည်။
- စာသင်ကြားရာတွင်စိတ်ရှည်၍အချိန်လေးစားတတ်သူ၊ကိုယ်ပိုင်သတ်မှတ်ထားသော အတန်းချိန်များကို မပျက်မကွက်သင်နိုင်သူဖြစ်ရမည်။
- မိမိတာ၀န်ယူထားသည်အလုပ်တစ်ခုကို တန်ဖိုးထား၍ ပြီးဆုံးတိုင်သည်အထိ တက်ကြွစွာဖြင့်လုပ်ဆောင်နိုင်သူဖြစ်ရမည်။
- Google Tools ကျွမ်းကျင်သူဖြစ်ရမည်။ [ Example, Google Classroom, Slide and Docs]
Teacher အဖြစ် Volunteer လာလုပ်ရင် ဘာတွေရမှာလဲ?
- Volunteer / Teaching experience ရပါမယ်။
- ကိုယ်နဲ့ ဝါသနာတူသူငယ်ချင်းအသစ်တွေနဲ့ Network ပိုကျယ်ပြန့်လာမယ်။
- Teamwork, Communication skills တိုးတက်လာမည်။
- Hype Think Education မှ ပြုလုပ်သော workshop, event, training များကို ပါဝင်နိုင်မည်။
- မိမိတာဝန်ယူထားသော အချိန်ကာလတစ်ခုပြီးရင် Volunteer certificate ရမည်။
- သင်ကြားရေးကာလအတွင်း သင်တန်းသား/သူများ၏ Feedback များ ကောင်းမွန်သော ဆရာ/ဆရာမများကို ဆုချီးမြှင့်ခြင်းခံရမည်။
အခြားသော language ဘာသာရပ်တွေကို သင်ကြားပေးနိုင်သည့် volunteer များကိုလည်း နွေးထွေးစွာ ကြိုဆိုပါတယ်။
ရွေးချယ်ခံရတဲ့သော Teacher တွေကို Email မှတစ်ဆင့် ပြန်အကြောင်းကြားပေးသွားပါမည်။
အသေးစိတ်မေးမြန်းလိုပါကလည်း Hype Think Education Page Messenger မှာ မေးမြန်းနိုင်ပါသည်။
စိတ်ပါဝင်စားသည့် ဆရာ/ဆရာမများအနေနဲ့ Apply Nowကို နိပ်၍ Form ဖြည့်ပြီး လျှောက်ထားနိုင်ပါတယ်။