Content Writer

ပညာရေးနှင့်ဆိုင်သော content အကြောင်းအရာတွေကို ရေးသားရမည်။ Teamwork, Communication skills ကောင်းပြီး ရိုးသားကြိုးစားချင်စိတ်ရှိရမည်။

Share your love : ❤️

Overview:

လူငယ်များ၏ ပညာရေးအပါအဝင် အဘက်ဘက်၌ တိုးတက်စေရန် အထောက်အကူဖြစ်စေမည့် Content များအပြင် Hype Think Education တွင် ပြုလုပ်လျှက်ရှိသည့် အစီအစဉ်အမျိုးမျိုးအတွက် Content များကို ရေးသားပေးရန် Content Team အတွက် Content Writer များအလိုရှိပါသည်။ အသေးစိတ်ကို ဖော်ပြပါ Job Description နှင့် Job Specification တို့တွင် ဖတ်ရှုနိုင်ပါသည်။

 Job Description & Responsibilities :

  • ပညာရေးအပါအဝင် လူငယ်များ၏တိုးတက်ရေးနှင့် သက်ဆိုင်သော ကဏ္ဍအသီးသီးအတွက် အကျိုးပြုသည့် Content များကို ရေးသားရမည်။
  • လူငယ်များသိရှိရန် လိုအပ်နေသည့် အကြောင်းအရာများကို Social Media Trend များနှင့်အညီ ဆန်းသစ်သော Content များ ဖန်တီးရမည်။
  • သတ်မှတ်ထားသော Deadline အမီ Content ရေးသားနိုင်ရမည်။
  • Content ရေးသားခြင်းတိုးတက်‌လာစေရန် Head နှင့် Leader မှပေးသော မှတ်ချက်များကို မှတ်သားပြီး Content ကို ပြင်ဆင်ရေးသားပေးရမည်။

Job Specifications & Requirements :

  • Content Writing နှင့်ပတ်သက်ပြီး အခြေခံဗဟုသုတရှိရမည်ဖြစ်သလို ဆက်လက်သင်ယူလိုစိတ်လည်းရှိရမည်။
  • မိမိရေးသားမည့် Content အတွက် လိုအပ်သည့် အကြောင်းအရာများကို အသေးစိတ်ရှာဖွေနိုင်ပြီး Research Skill ကောင်းမွန်ရမည်။
  • Google Tool များကို အသုံးပြုပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ရမည်။
  • မြန်မာစာအရေးအသားပိုင်နိုင်ပြီး စာလုံးပေါင်းသတ်ပုံ၊ သဒ္ဒါအသုံးအနှုန်းများ မှန်ကန်စွာ ရေးသားတတ်ရမည်။
  • အဖွဲ့အစည်းအတွင်း သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းနှင့် လုပ်ရိုးလုပ်စဉ်များကို လိုက်နာနိုင်သူ ဖြစ်ရမည်။
  • Communication Skill ကောင်းမွန်ပြီး အသင်းအဖွဲ့နှင့်အတူ အလုပ်လုပ်ကိုင်နိုင်ရမည်။
  • အပတ်စဉ် Meeting ပုံမှန်တက်နိုင်ပြီး ညှိနှိုင်းလွယ်သည့် အလုပ်လုပ်ချိန်ရှိထားရမည်။
  • မိမိတာ၀န်ယူထားတဲ့ Content များကို ပြီးဆုံးတိုင်သည်အထိ တာ၀န်ယူပြီး လုပ်ဆောင်ရတတ်သူဖြစ်ရမဲ့အပြင် မသိသည့်အရာများကိုလည်း သင်ယူလိုစိတ် ရှိရမည်။

Content Writer အဖြစ် Volunteer လာလုပ်ရင် ဘာ​တွေရမှာလဲ?

  • Volunteer experience ရပါမယ်။
  • ကိုယ်နဲ့ ဝါသနာတူသူငယ်ချင်းအသစ်တွေနဲ့ Network ပိုကျယ်ပြန့်လာမယ်။
  • Teamwork, Communication skills တိုးတက်လာမည်။
  • ကိုယ်သိထားသော knowledge တွေကို လွတ်လပ်စွာဖန်တီးခွင့်ရမည်။
  • Event, Workshopတွေမှာ Join ခွင့်ရပါမယ်။
  • မိမိတာဝန်ယူထားသော အချိန်ကာလတစ်ခုပြီးရင် Volunteer certificate ရမည်။
  • မိမိတာဝန်ယူထားသော ကာလအတွင်း အကောင်းဆုံး Content Writer တွေကို ဆုချီးမြှင့်ခြင်းခံရမည်။

ရွေးချယ်ခံရတဲ့သော Content Writer ​တွေကို Email မှတစ်ဆင့် ပြန်အ​ကြောင်းကြား​ပေးသွားပါမည်။

အ​​သေးစိတ်မေးမြန်းလိုပါကလည်း Hype Think Education Page Messenger မှာ မေးမြန်းနိုင်ပါသည်။

စိတ်ပါဝင်စားသူများအနေနဲ့  Apply Nowကို နိပ်၍ Form ဖြည့်ပြီး လျှောက်ထားနိုင်ပါတယ်။