Overview :
Hype Think Education Team Member များရဲ့ Engagement မြင့်တတ်စေဖို့နှင့် Volunteer လုပ်နေစဉ်အတွင်း ပျော်ပျော်ပါးပါး လုပ်ဆောင်နိုင်ဖို့အတွက် စိတ်၀င်စားစရာ Activities and Program များကို ဖန်တီးရေးဆွဲပေးနိုင်မည့် Engagement Officer များကိုခေါ်ယူနေပါသည်။ စိတ်၀င်စားပါက Job Description နှင့် Job Specification အသေးစိတ်ကိုဖတ်ရူပြီးလျှောက်ထားနိုင်ပါသည်။
Job Description & Responsibilities :
- Hype Think Education ရဲ့ Internal Member များ Engagement ရှိစေဖို့အတွက် Online and On-ground Program and Activity များကို ဖန်တီးလုပ်ဆောင်ရမည်။
- Creative Program and Activity တို့ကိုလည်း သတ်မှတ်ထားသော Deadline နှင့်အမီ ပြင်ဆင်၍ လုပ်ဆောင်နိုင်ရမည်။
- Team Member များရဲ့ Engagement ကို ထိရောက်စွာ မြင့်တင်ပေးနိုင်ရန်အတွက် လိုအပ်ပါက သက်ဆိုင်သည့် Department များနှင့်ချိတ်ဆက်ပြီး Program များလုပ်နိုင်ရမည်။
- Member များအတွက် စိတ်လှုပ်ရှားပျော်ဖို့ကောင်းစေမည့် Program Idea များတို့ကို Trend နှင့်အညီ Brainstorming လုပ်၍ ရေးဆွဲနိုင်ရမည်။
- Program Idea များမှတဆင့် Program များ အကောင်အထည် ဖော်လာနိုင်သည်အထိ အစအဆုံး ပြင်ဆင်၍ Host လုပ်နိုင်ရမည်။
- Skills တိုးတက်လာမှုရှိစေရန် Head နှင့် Leader မှပေးသော မှတ်ချက်များကို မှတ်သား၍ ပြင်ဆင်လုပ်ဆောင်နိုင်ရမည်။
Job Specifications & Requirements :
- Internal Team Member များအတွက် Program and Activitiy တို့ကိုအစအဆုံး Engagement Team Members နှင့်အတူ ညှိနှိုင်းပြင်ဆင်နိုင်သူ ဖြစ်ရမည်။
- Team Member များ Engagement ရစေမည့် Activitiy တို့ကို Research ကောင်းကောင်းလုပ်နိုင်သူဖြစ်ရမည်။
- Program Brainstorming လုပ်သည့်အခါ Active ဖြစ်ဖြစ် ပါ၀င်လုပ်ဆောင်နိုင်သူ ဖြစ်ရမည့်အပြင် မိမိအလုပ်တာ၀န် များကိုလည်း တာ၀န်ယူစိတ်ဖြင့် ပြီးမြောက်စွာ လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
- Public Speaking တိုးတက်လိုစိတ်ရှိတဲ့သူ၊ ပေါင်းသင်းဆက်ဆံရေး အလွန်ပြေပြစ်သူ နှင့် အပြောအဆို ယဉ်ကျေးသိမ်မွေ့သူဖြစ်ရမည်။
- Weekly Meeting များနှင့် သက်ဆိုင်ရာ Meeting တို့ကို အချိန်ပေးတက်ရောက်နိုင်သူဖြစ်ရမည်။
- Digital Toolများကို ကျွမ်းကျင်စွာသုံးတတ်သူဖြစ်ရမည်။ [Google and Canva]
- Program တွေကိုလည်း သေချာကိုင်တွယ်ဖြေရှင်းနိုင်သူဖြစ်ရမည်။
Benefits of Volunteer Engagement Officer
- Volunteer experience အပြင် တကယ့်လုပ်ငန်းခွင်၀င်ရောက်တဲ့အခါလည်း မိမိရွေးချယ်ထားတဲ့ careerအတွက်ပါများစွာ အထောက်အကူ ဖြစ်စေပါတယ်။
- Workshop တွေ၊ Event တွေမှာ ပါဝင်နိုင်မည်။
- ကိုယ်နဲ့ ဝါသနာတူသူငယ်ချင်းအသစ်တွေနဲ့ Network ပိုကျယ်ပြန့်လာမယ်။
- Teamwork, Communication skills တိုးတက်လာမည်။
- Volunteer လုပ်ခြင်းဖြင့် ရရှိလာသောအတွေ့အကြုံတွေကနေတစ်ဆင့် မိမိရဲ့ personal development skill တွေကို ကိုယ်တိုင်မြှင့်တင်လာနိုင်မယ်။
- မိမိတာဝန်ယူထားသော အချိန်ကာလတစ်ခုပြီးရင် Volunteer certificateရမည်။
- မိမိတာဝန်ယူထားသော ကာလအတွင်း အကောင်းဆုံး Engagement Officer တွေကို ဆုချီးမြှင့်ခြင်းခံရမည်။
ရွေးချယ်ခံရတဲ့သော Engagement Officer တွေကို Email မှတစ်ဆင့် ပြန်အကြောင်းကြားပေးသွားပါမည်။
အသေးစိတ်မေးမြန်းလိုပါကလည်း Hype Think Education Page Messenger မှာ မေးမြန်းနိုင်ပါသည်။
စိတ်ပါဝင်စားသူများအနေနဲ့ Apply Nowကို နိပ်၍ Formဖြည့်ပြီး လျှောက်ထားနိုင်ပါတယ်။