Graphic Designer

Creative ဖြစ်ဖြစ်နှင့် Trend နှင့်အညီ up-to-date ဆွဲဆောင်မှုရှိသော Education နှင့် ဆက်နွယ်သော graphic များကို သတ်မှတ်ရက် မကျော်လွန်မှီ ဖန်တီးရေးဆွဲရမည်။
Share your love : ❤️

Overview : 

Hype Think Education ၏ ရည်မှန်းချက်များတွင်တစ်ခုအပါအဝင်ဖြစ်သော ပညာရေးမှတဆင့် လူငယ်များအား အကျိုးပြု စေမည့်  Content များအတွက် Graphic Design များကို ဖန်တီးပြုလုပ်ရေးဆွဲနိုင်မည့် Graphic Designer များကို ခေါ်ယူနိုင်ပါသည်။ စိတ်ဝင်စားလျှင် Job Description နှင့် Job Specification  ကို အသေးစိတ်ဖတ်ရှု၍ လျှောက်ထားနိုင်ပါသည်။

Job Description & Responsibilities

  • Hype Think Education မှဦးဆောင်းကျင်းပသော [သို့] ပါဝင်အားဖြည့်ထားသော ပွဲအစီစဉ်များ နှင့် ပညာရေးဆိုင်ရာ အကြောင်းအရာ ရေးသာထားသည့် Content များအတွက် Graphic Design များရေးဆွဲဖန်တီးပေးရမည်။
  • ရေးဆွဲမည့် Graphic Design များအားလုံးကို Hype Think Educationမှ သတ်မှတ်ထားသော Brand Guideline နှင့်အညီ ပြုလုပ်ဖန်တီးပေးရမည်။ 
  • Graphic Designer များအတွက် ချမှတ်ထားသော လုပ်ဆောင်တာဝန်များကို သတ်မှတ်ထားသော အချိန်အတွင်း အချိန်မီ ပြီးစီးအောင်လုပ်ဆောင်ရမည်။ 
  • ခေတ်ရေစီးကြောင်းပေါ်တွင် ရှိနေသော Graphic ဒီဇိုင်းပုံစံများကို အမြဲလေ့လာပြီး မိမိပြုလုပ်သည့် Graphic Design များကို ခေတ်နှင့်အညီ အမြဲတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရမည်။ 
  • Graphic Leader အကြံပြုချက်များကို လက်ခံကာ ဒီဇိုင်းများကို ပိုမိုကောင်းမွန် တိုးတက်စေရန် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရမည်။ 

Job Specifications & Requirements

  • Graphic ရေးဆွဲခြင်းအတွက် အလွန်အရေးပါသော Application များဖြစ်သည့် Canva, Adobe, အစရှိသော Software များကို သင့်တင့်လျောက်ပတ်စွာ သုံးစွဲတတ်သူဖြစ်ရမည်။ 
  • ချမှတ်ထားသော လုပ်ဆောင်တာဝန်များ ကို တာ၀န်ယူ၍ လုပ်ဆောင်နိုင်သူ နှင့် မိမိရဲ့ အချိန်တွေကို သေချာစီမံ၍ လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။  
  • Weekly Meeting များနှင့် အခြားသက်ဆိုင်ရာ Meeting များကို အချိန်ပေးတတ်ရောက်နိုင်သူ ဖြစ်ရမည်။ 
  • Design ဆွဲရာတွင် အခြေခံသိသင့်သိထိုက်သည့် အရာများဖြစ်သော Design Principle များကို အထိုက်အလျောက် နားလည်သိရှိထားပြီးသူဖြစ်ရမည်။ 
  • Team Environment တွင် လိုက်လျောညီထွေစွာနဲ့ ပေါင်းသင်းဆက်ဆံတတ်သူ ၊ အလုပ်လုပ်တတ်သူဖြစ်ရမည်။

Benefits of Volunteer Graphic Designers:

  • သင်၏ အယူအဆများအပေါ် အခြေခံ၍ ဒီဇိုင်းများကို ဖန်တီးပြီး လက်တွေ့ဘဝတွင် အတွေ့အကြုံများကို ရရှိပါမည်။
  • စေတနာ့ဝန်ထမ်း အတွေ့အကြုံများ ရရှိမည့်အပြင်၊ အနာဂတ် အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ရရှိမည်။
  • စေတနာ့ဝန်ထမ်းအဖြစ် သင်၏ Network ကို ချဲ့ထွင်နိုင်မည့်အပြင် Communication၊ Critical thinking နှင့် Personal development ကို မြှင့်တင်ပေးမည်ဖြစ်သည်။
  • သက်တမ်းအတွင်း အထူးကောင်းမွန်သော စေတနာ့ဝန်ထမ်းများသည် ဆုများရရှိမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းသက်တမ်းကုန်ဆုံးချိန်တွင်လည်း အသိအမှတ်ပြုလက်မှတ် certificate ကိုလည်း ပေးအပ်မည်ဖြစ်သည်။

ရွေးချယ်ခံရတဲ့သော Graphic Designer ​တွေကို Email မှတစ်ဆင့် ပြန်အ​ကြောင်းကြား​ပေးသွားပါမည်။

အ​​သေးစိတ်မေးမြန်းလိုပါကလည်း Hype Think Education Page Messengerမှာ မေးမြန်းနိုင်ပါသည်

စိတ်ပါဝင်စားသူများအနေနဲ့  Apply Nowကို နိပ်၍ Formဖြည့်ပြီး လျှောက်ထားနိုင်ပါတယ်။