Marketing Officer

Hype Think Education ‌ရဲ့ Brand Awareness , Service and Engagement ကိုမြင့်တက်စေဖို့အတွက် အပတ်စဉ် Marketing Strategies ကိုရေးဆွဲပေးနိုင်မည့်  Volunteer Marketing Officer များ ကိုခေါ်ယူနေပါသည်။
Share your love : ❤️

Overview : 

Hype Think Education ‌ရဲ့ Brand Awareness, Service and Engagement ကို မြင့်တက်စေဖို့အတွက် အပတ်စဉ် Marketing Strategies ကို ရေးဆွဲပေးနိုင်မည့်  Marketing Officer များကို ခေါ်ယူနေပါသည်။ အဖွဲ့အစည်း၏ Objective and Target များကိုပြည့်မီစေဖို့ အတွက်လည်း  အခြားသော အဖွဲ့၀င်များနှင့်လည်း အတူတူပူပေါင်း လုပ်ဆောင်ရမည်။ စိတ်၀င်စားပါက ‌Job Description  & Job Specification အသေးစိတ် ကိုဖတ်ရူပြီးလျှောက်ထားနိုင်ပါသည်။

 Job Description & Responsibilities :

  • Hype Think Education ၏ Social Media Page များကို Engagement နှင့် Brand Awareness ကို မြှင့်တင်ပေးနိုင်ရပါမည်။
  • Marketing နှင့် Digital Marketing Strategies များကို ကောင်းမွန်စွာ Develop လုပ်ပြီး အကောင်အထည်ဖော်ပေးနိုင်ရမည်။
  • Marketing Materials များဖြစ်သော Newsletters, Email Campaigns နှင့် Promotional Content များဖန်တီးရာတွင် တက်ကြွစွာ ကူညီပံ့ပိုးပေးနိုင်ရမည်။
  • Target Audience များအပေါ်မူတည်၍ Market Research ကိုကောင်းစွာဆောင်ရွက်နိုင်ရမည်။
  • လုပ်ငန်းအတွက် လိုအပ်ပြီး အသုံးဝင်နိုင်သော Ideas များကို တက်ကြွစွာ Brainstorm ပေးနိုင်ရမည်။
  • Marketing Campaigns များရဲ့ Performance များ တိုးတက်မှု့များကို အမြဲ စောင့်ကြည့်တိုင်းတာ၍ ပြန်လည်တင်ပြနိုင်ရမည်။
  • Hype Think မှ ပြုလုပ်သော Event များ Webinar များ အား တက်နိုင်သလောက် ပံပိုးကူညီပေးနိုင်ရမည်။
  • အပတ်စဉ်အစည်းအဝေးများကို တတ်ကြွစွာဖြင့်ပုံမှန်တတ်ရောက်ပေးနိုင်ပြီးMarketing reports များကို သတ်မှတ်ထားသောအချိန်အတွင်း အချိန်မှီတင်ပြနိုင်ရမည်။

Job Specifications & Requirements :

  • Social Media platform, Digital Marketing Tools နှင့် သက်ဆိုင်သာ အခြေခံဗဟုသုတများရှိရမည်။
  • Marketing Principal, Strategies, Technique များကိုကောင်းစွာနားလည်ရမည်။
  • Creative tinkering ဖြစ်ပြီး content creation (writing, graphics, video) ကို စိတ်ဝင်စားမှု့ရှိသူများဖြစ်ရမည်။
  • Microsoft Office များဖြစ်သော Word,Excel, PowerPoint များ၊ Social Media Platform များနှင့်ရင်းနှီးကျွမ်း၀င်မှုရှိရမည်။
  • Data Analysis ကိုကောင်းစွာဆောင်ရွက်တတ်၍ Hype Think Education အတွက်အထောက်အကူဖြစ်သော Idea များကို ဖန်တီးနိုင်ရမည်။
  • Social Media တွင် Active ဖြစ်ပြီး Trend ဖြစ်နေသော marketing နှင်သက်ဆိုင်သည့်အကြောင်းအရာများကို သိရှိနားလည်ရမည်။
  • Teamwork, Communication, Planning skills ကောင်းမွန်ရမည်။
  • Weekly meetings များကို မပျက်မကွက်တက်ရောက်ရန်နှင့် Team ၏လိုအပ်ချက်များကို ဖြည့်ပေးရန် အသင့်ရှိပေးနိုင်ရမည်။

Marketing Officer အဖြစ် Volunteer လာလုပ်ရင် ဘာ​တွေရမှာလဲ?

  • Volunteer experienceအပြင် တကယ့်လုပ်ငန်းခွင်၀င်ရောက်တဲ့အခါလည်း မိမိရွေးချယ်ထားတဲ့ career အတွက်များစွာ အထောက်အကူဖြစ်မည်။
  • Workshop ၊ Event တွေမှာ ပါဝင်နိုင်မည်။
  • ကိုယ်နဲ့ ဝါသနာတူသူငယ်ချင်းအသစ်တွေနဲ့ Network ပိုကျယ်ပြန့်လာမယ်။
  • Teamwork, Communication skills တိုးတက်လာမည်။
  • ကိုယ်ပိုင်အတွေးအခေါ်များနှင့် Marketing idea များကို လွတ်လပ်စွာဖန်တီးခွင့်ရမည်။
  • မိမိတာဝန်ယူထားသော အချိန်ကာလတစ်ခုပြီးရင် Volunteer certificate ရမည်။
  • မိမိတာဝန်ယူထားသော ကာလအတွင်း အတော်ဆုံး Marketing Officer တွေကို ဆုချီးမြှင့်ခြင်းခံရမည်။

ရွေးချယ်ခံရတဲ့သော Marketing Officer တွေကို Email မှတစ်ဆင့် ပြန်အ​ကြောင်းကြား​ပေးသွားပါမည်။

အ​​သေးစိတ်မေးမြန်းလိုပါကလည်း Hype Think Education Page Messenger မှာ မေးမြန်းနိုင်ပါသည်။

စိတ်ပါဝင်စားသူများအနေနဲ့  Apply Now ကို နိပ်၍ Form ဖြည့်ပြီး လျှောက်ထားနိုင်ပါတယ်။