Overview:
Hype Think Education ဟာဆိုရင် လူငယ်များအတွက် ဘာသာစကားသင်တန်းများစွာကို ဖွင့်လှစ်သင်ကြားပေးနေပြီး Study Abroad opportunities၊ Workshops၊ Webinar နှင့် Event များစွာကို ကျင်းပပေးနေသည့် Social Enterprise Organization တစ်ခုဖြစ်ပါသည်။ Hype Think Education ၏ ရည်မှန်းချက်များ၊ အကျိုးသက်ရောက်မှုများကို မြှင့်တင်ရန်နှင့် ယခုထပ်ပို၍ ကျယ်ပြန့်သော Partnership များကို ဆောင်ရွက်ရန်အတွက် စိတ်ပါဝင်စားသော Team Member များကို Hype Think Education မှ ခေါ်ယူလျှက်ရှိပါသည်။ အသေးစိတ်ကို ဖော်ပြပါ Job Description နှင့် Job Specifications တို့တွင် ဖတ်ရှုနိုင်ပါသည်။
Job Description & Responsibilities :
- Organization အတွက် လိုအပ်သော Program အသစ်များ၊ Trends and opportunities များကို စဉ်ဆက်မပြတ် ရှာဖွေသုံးသပ်ရမည်။
- Partnership အဖွဲ့အစည်းများနှင့် လုပ်ဆောင်နေဆဲ၊ လုပ်ဆောင်ပြီး Project များအား လေ့လာဆန်းစစ်ပြီး လိုအပ်သည်များကို ပြုပြင်ရမည်။
- Partner များ၊ ပြင်ပအဖွဲ့အစည်းများနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရမည်။
- နှစ်ဦးနှစ်ဖက် အကျိုးရှိသော Partnership အခွင့်အလမ်းသစ်များရှာဖွေပြီး ရေရှည်ဆက်ဆံရေးကောင်းတစ်ခုဖြစ်အောင် တည်ဆောက်ရမည်။
- Organization ပိုမိုတိုးတက်ကျယ်ပြန့်ရေးအတွက် လိုအပ်သော သတင်းအချက်အလက်များ၊ Competitive trends များကို လေ့လာပြီး လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရမည်။
Job Specifications & Requirements :
- Negotiation skill ကောင်းမွန်ပြီး Partnership အပိုင်းတွင်လည်း စိတ်ပါဝင်စားသူဖြစ်ရမည်။
- Community Development နှင့် Social Impact အပေါ် စိတ်ပါဝင်စားသူ ဖြစ်ရမည်။
- Cross-cultural working space တွင် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- Organization ၏ မူဝါဒများ၊ Goal များကို တိကျသေချာစွာ နားလည်ပြီး ကိုက်ညီသော အခွင့်အလမ်းသစ်များ ရှာဖွေနိုင်သူဖြစ်ရမည်။
- မိမိ တာဝန်ယူထားသော ကာလအတွင်း လုပ်ငန်းများ ပြီးစီးအောင် တာဝန်ယူဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- Creativity, Problem-solving, and Adaptability skills ရှိသူ ဖြစ်ရပါမည်။
- Weekly Meeting များကို တတ်ကြွစွာပါ၀င်၍ တက်ရောက်နိုင်ရမည်။
Partnership and Public Relationship Team Member အဖြစ် လာကူရင် ဘာတွေရမှာလဲ?
- Career Networking ပိုမိုကျယ်ပြန့်လာမည်။
- Teamwork, Communication skills တိုးတက်လာမည်။
- မိမိ၏ တီထွင်ဆန်းသစ်မှုများ နှင့် စီမံခန့်ခွဲမှု အရည်အချင်းများ တိုးတက်လာမည်။
- Hype Think Education မှ Internal ပြုလုပ်သော Workshop, Event, Training များကို ပါဝင်နိုင်ပါမည်။
- သတ်မှတ်ထားသော အချိန်ပြည့်မှီပါက Hype Think Education မှ ပေးအပ်သော Certificate [ သို့မဟုတ် ] Recommendation Letter ရရှိနိုင်မည်။
အသေးစိတ်မေးမြန်းလိုပါကလည်း Hype Think Education Page Messenger မှာ မေးမြန်းနိုင်ပါသည်။
စိတ်ပါဝင်စားသည့် Team Member များအနေနဲ့ Apply Nowကို နိပ်၍ Form ဖြည့်ပြီး လျှောက်ထားနိုင်ပါတယ်။


