Project Team members

Hype Think Education မှတဆင့် community ကို အကျိုးပြုနိုင်သော Workshop များနှင့် Event များအတွက် လိုအပ်သော Project များ၊ Program အစီအစဉ်များကို ဖန်တီးပြုလုပ်နိုင်ရမည်။
Share your love : ❤️

Overview

Hype Think Education and Hype Community အတွက် Event, Webinar and Workshop များကို လစဉ်ဖန်တီးနိုင်ဖို့အတွက် Innovative Project Idea များကို Deadline  အတွင်းပြီးမြောက်စွာ ရေးဆွဲနိုင်မည့် Volunteer Project Member များကိုခေါ်ယူနေပါသည်။ စိတ်၀င်စားပါက Job Description နှင့် Job Specification  အသေးစိတ် ကိုဖတ်ရူပြီးလျှောက်ထားနိုင်ပါသည်။

 Job Description & Responsibilities :

  • Hype Think Education Organization and Hype Community ၏ Mission နှင့် Vision နှင့်အညီ ကိုက်ညီသော Project [သို့] Community ကိုအကျိုးစေနိုင်မည့် Project များကို ရေးဆွဲနိုင်ရမည်။
  • Project နဲ့ပတ်သက်သော Task များကိုလည်း Deadline အမီ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရမည်။
  • Project  Plan များအတိုင်း ဆွေးနွေးမျှဝေပေးမည့် Instructor  [သို့] Guest Speaker များထံ ဆက်သွယ်၍ဖိတ်ကြားရမည်။
  • Project team member များနှင့် အတူတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ အကြံဥာဏ်များ၊ လိုအပ်ချက်များကို အချင်းချင်းဆွေးနွေးမှုများပြုလုပ်၍တက်ကြွစွာပါဝင်ရမည်။
  • Project နှင့်ပတ်သက်၍ Evaluation များပြုလုပ်ကာ အနာဂတ် တိုးတက်မှုများအတွက် Project Leader ထံ တင်ပြရမည်။

Job Specifications & Requirements :

  • ဆန်းသစ်သော Project Idea များကို Brainstorming ပြုလုပ်ပြီး ရေး ဆွဲနိုင်သူဖြစ်ရမည်။
  • Project ပိုင်းနဲ့ပတ်သက်၍ အခြေခံ Knowledge ရှ်ိထားသူဖြစ်ရမည်။
  • Time Management နှင့် Team Work Skill ကောင်းမွန်သူ၊ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်သူ ဖြစ်ရမည်။
  • လူမှုရေးနောက်ခံ Background ကင်းရှင်းရမည်ဖြစ်ပြီး Community အတွက် Passionate ဖြစ်ဖြစ် အမှန်တကယ် လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
  • Skill တိုးတက်စေရန်အတွက် feedback များမှ တစ်ဆင့် လေ့လာသင်ယူလိုသူ ဖြစ်ရမည်။
  • Weekly Meeting များ နှင့် Hype Think Education and Hype Community Event တိုင်းကို မပျက်မကွက်တက်ရောက်နိုင်သူဖြစ်ရမည်။
  • Digital Tool များအား ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရမည်။

Benefits of Project Team Volunteer Members

  • Online နှင့် On ground project နှစ်ခုလုံးကို ဖန်တီးနိုင်ခြင်း၊ စီမံခန့်ခွဲခြင်းအသိပညာနှင့် အတွေ့အကြုံများမှ များစွာ ရရှိမည်ဖြစ်သည်။
  • Speaker များ ၊ Instructor များနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးများကို ရရှိမည်။
  • Project နှင့် သက်ဆိုင်သည့် အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများအတွက်လည်း သိသိသာသာ အကျိုးကျေးဇူးများကို ရရှိစေဖြစ်သည်။
  • ကိုယ်နဲ့ ဝါသနာတူသူငယ်ချင်းအသစ်တွေနဲ့ Network ပိုကျယ်ပြန့်လာမယ်။
  • Teamwork, Communication skills တိုးတက်လာမည်။
  • မိမိတာဝန်ယူထားသော အချိန်ကာလတစ်ခုပြီးရင် Volunteer certificate ရမည်။
  • မိမိတာဝန်ယူထားသော ကာလအတွင်း အတော်ဆုံး Project Team Member တွေကို ဆုချီးမြှင့်ခြင်းခံရမည်။

ရွေးချယ်ခံရတဲ့သော Project Team Member တွေကို Email မှတစ်ဆင့် ပြန်အ​ကြောင်းကြား​ပေးသွားပါမည်။

အ​​သေးစိတ်မေးမြန်းလိုပါကလည်း Hype Think Education Page Messenger မှာ မေးမြန်းနိုင်ပါသည်။

စိတ်ပါဝင်စားသူများအနေနဲ့  Apply Now ကို နိပ်၍ Form ဖြည့်ပြီး လျှောက်ထားနိုင်ပါတယ်။