Overview:
Hype Think Education ဟာဆိုရင် လူငယ်များအတွက် ဘာသာစကားသင်တန်းများစွာကို ဖွင့်လှစ်သင်ကြားပေးနေပြီး Study Abroad Opportunities၊ Workshops၊ Webinar နှင့် Event များစွာကို ကျင်းပပေးနေသည့် Social Enterprise Organization တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် Hype Think Education သည် လက်ရှိဆောင်ရွက်နေသော Activity များကို TikTok ဗီဒီယိုများမှတစ်ဆင့် လူငယ်များပိုမိုသိရှိစေရန်အတွက် Creative ဖြစ်ပြီးဟာသဉာဏ်ရွှင်သော Team Member များကို ခေါ်ယူနေပါသည်။ အသေးစိတ်ကို အောက်ဖော်ပြပါ Job Descriptions နှင့် Job Specifications တို့တွင် ဖတ်ရှုနိုင်ပါသည်။
Job Description & Responsibilities :
- TikTok trend များ၊ ပညာရေးနှင့်သက်ဆိုင်သောအကြောင်းအရာများကို Hype Think Education ၏ Mission နှင့်အညီ TikTok ဗီဒီယိုများ စီစဉ်၊ ရိုက်ကူး၊ တည်းဖြတ်ရမည်။
- Hype Think Education ၏ Brand Image နှင့်ကိုက်ညီသော TikTok ဗီဒီယိုများကို ဖန်တီးနိုင်ရန် သက်ဆိုင်သော Department များနှင့် ပူးပေါင်းဆောင်ရွက်ရမည်။
- TikTok ဗီဒီယိုများဖန်တီးရာတွင် လူငယ်များသဘောကျနှစ်သက်သည့် ဆန်းသစ်၍ ဟာသမြောက်သော အကြောင်းအရာများပါဝင်ရမည်။
- ဗီဒီယိုများကိုသတ်မှတ်ထားသော အချိန်မတိုင်မီ ပေးပို့ရမည်။
Job Specifications & Requirements :
- လူငယ်များအကြား ရေပန်းစားနေသောအကြောင်းအရာများ၊ trending များကို စဉ်ဆက်မပြတ်လေ့လာ၍ စိတ်ပါဝင်စားသူဖြစ်ရမည်။
- Creative ဖြစ်သူ၊ ဟာသဉာဏ်ရွှင်သူဖြစ်ရမည်။
- Editing skill အသင့်အတင့်ရှိရမည်။ [Editing လုပ်ရာတွင် CapCut သို့မဟုတ် နှစ်သက်ရာ ဆော့ဖ်ဝဲကို အသုံးပြုနိုင်သည်]
- အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- ကင်မရာနှင့် ရင်းနီးကျွမ်းဝင်ရမည်။ [ Preferred ]
- Indoor နှင့် Outdoor နှစ်မျိုးလုံး ရိုက်ကူးနိုင်ရမည်။ [ Preferred ]
- ရန်ကုန်မြို့တွင် နေထိုင်သူဖြစ်ရမည်။ [ Preferred ]
Talent Team Member အဖြစ် လာကူရင် ဘာတွေရမှာလဲ?
- မိမိ၏ တီထွင်ဆန်းသစ်မှုနှင့် ဗီဒီယိုဖန်တီးမှုအရည်အချင်းများ တိုးတက်လာမည်။
- Career Networking ပိုမိုကျယ်ပြန့်လာမည်။
- Hype Think Education မှ ပြုလုပ်သော Workshops, Events, Training များကို ပါဝင်နိုင်မည်။
- မိမိ၏ ကိုယ်ပိုင်အတွေးအခေါ်များကိုအခြေခံ၍ ဗွီဒီယိုများကို လွတ်လပ်စွာ ဖန်တီးခွင့်ရမည်။
- သတ်မှတ်ထားသော အချိန်ပြည့်မှီပါက Hype Think Education မှ ပေးအပ်သော Certificate [ သို့မဟုတ် ] Recommendation Letter ရရှိနိုင်မည်။
- မိမိတာဝန်ယူထားသောကာလအတွင်း အတော်ဆုံး Talent Team Member ကို Organisation မှ ဆုချီးမြှင့်ခြင်းခံရမည်။
အသေးစိတ်မေးမြန်းလိုပါကလည်း Hype Think Education Page Messenger မှာ မေးမြန်းနိုင်ပါသည်။
စိတ်ပါဝင်စားသည့် Team Member များအနေနဲ့ Apply Nowကို နိပ်၍ Form ဖြည့်ပြီး လျှောက်ထားနိုင်ပါတယ်။



