Video Editors

Hype Think Education နှင့် သက်ဆိုင်တဲ့ Donation, Event နှင့် Activity များတွင် မိမိ၏ Video Editing စွမ်းရည်ဖြင့် လက်စွမ်းပြချင်သည့် Video Editor များကို ခေါ်ယူနေပါသည်။
Share your love : ❤️

Overview

Hype Think Education သက်ဆိုင်သော Video Editing လုပ်ပေးနိုင်မည့် Video Editor ကိုခေါ်ယူနေပါသည်။ အဓိက လုပ်ဆောင်အနေဖြင့် Video Editing အခြေခံတတ်မြောက်ထားရပြီးတော့ Quality ကောင်းသော Video များကို ဖန်းတီးနိုင်ရမည်။ စိတ်၀င်စားပါက Job Description နှင့် Job Specification အသေးစိတ်ကို ဖတ်ရူပြီးလျှောက်ထားနိုင်ပါသည်။

Job Description & Responsibilities

  • သတ်မှတ်ထားတဲ့ Deadline အတွင်း ဆွဲဆောင်မှုရှိသော ဗီဒီယိုများကို ပြီးမြှောက်စွာ ဖန်တီးတည်းဖြတ်ရပါမည်။
  • Video များကိုတည်းဖြတ်ရာတွင် Hype Think Education Branding နဲ့အညီ Effects, Transition and Graphic တို့ကို လုပ်ဆောင်ရပါမယ်။
  • Audience ရဲ့ Attention ကောင်းကောင်းရရှိစေမယ့် ရုပ်ပုံများနှင့် မက်ဆေ့များကိုလည်း Video တွေ မှာ ကောင်းကောင်းထည့်သုံးနိုင်ရမယ်။
  • Video Project အတွက် လိုအပ်လျှင် Content and Marketing Team နဲ့ အတူပူးပေါင်းလုပ်ဆောင်ရမယ်။
  • ဖန်းတီသည့် Video တွင်းမှ ရုပ်ပု နှင့် အသံတို့သည်လည်း အရေးအသွေးကောင်းတစ်ခု ရသည်အထိ ဖန်တီးနိုင်ရမည်။
  • Hype Think Education အတွက် ဖန်တီးပေးထားသော Video File များကို ကောင်းစွာထိန်းသိမ်းနိုင်ရမည်။

Job Specifications & Requirements

  • Creative and Innovation ဖြစ်သော video editing skill တွေကို ပိုင်ဆိုင်ထားသူဖြစ်ရမည်။
  • Video Editor Position နဲ့ပတ်သက်ပြီး အနည်းဆုံး Basic Knowledge ထိရှိထားသူဖြစ်ရမည်။
  • Laptop ရှိသူဖြစ်ရမယ့်အပြင် Video Editing Software and Tools ဖြင့်လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်ရမည်။
  • Volunteer Video Editing အတွေ့အကြုံရှိသူဖြစ်ရမည်။ မရှိသော်လည်း လျှောက်ထားနိုင်ပါသည်။
  • Weekly Meeting ကို တက်ရောက်နိုင်သူလည်းဖြစ်ရမည်။
  • Flexible ဖြစ်ဖြစ် လုပ်ကိုင်နိုင်စွမ်းရှိခြင်း နှင့် ကောင်းမွန်သော ပြောဆိုဆက်ဆံရေး စွမ်းရည်၊ အလုပ်များအတွက် တာဝန်ယူသည့်စိတ် နှင့် သင်ယူလိုစိတ်တို့ ရှိသူဖြစ်ရမည်။

Video Editor အဖြစ် Volunteer လာလုပ်ရင် ဘာ​တွေရမှာလဲ?

  • Hype Think Education နှင့် သက်ဆိုင်တဲ့ Donation, Event နှင့် Activity များတွင် မိမိ၏ Video Editing စွမ်းရည်ဖြင့် လက်စွမ်းပြနိုင်မည်။
  • စေတနာ့ဝန်ထမ်း အတွေ့အကြုံများ ရရှိမည့်အပြင်၊ အနာဂတ် အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ရရှိမည်။
  • စေတနာ့ဝန်ထမ်းအဖြစ် သင်၏ Network ကို ချဲ့ထွင်နိုင်မည့်အပြင် Communication၊ Critical thinking နှင့် Personal development ကို မြှင့်တင်ပေးမည်ဖြစ်သည်။
  • သက်တမ်းအတွင်း အထူးကောင်းမွန်သော စေတနာ့ဝန်ထမ်းများသည် ဆုများရရှိမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းသက်တမ်းကုန်ဆုံးချိန်တွင်လည်း အသိအမှတ်ပြုလက်မှတ် certificate ကိုလည်း ပေးအပ်မည်ဖြစ်သည်။

ရွေးချယ်ခံရတဲ့သော Video Editor တွေကို Email မှတစ်ဆင့် ပြန်အ​ကြောင်းကြား​ပေးသွားပါမည်။

အ​​သေးစိတ်မေးမြန်းလိုပါကလည်း Hype Think Education Page Messenger မှာ မေးမြန်းနိုင်ပါသည်။

စိတ်ပါဝင်စားသူများအနေနဲ့  Apply Nowကို နိပ်၍ Formဖြည့်ပြီး လျှောက်ထားနိုင်ပါတယ်။