Hype Think Education မှ ဖွင့်လှစ်သော Basic + N5 Japanese [Batch 10]ကို သင်ကြားပေးမည့်အတန်းဖြစ်သည်။ ဂျပန်စာလုံးတွေကို မြင်ရင် မျက်စိလည်နေတာ၊ Grammar တွေက နားလည်ရခက်နေတာမျိုး ဖြစ်နေပြီလား? “ နားတော့လည်တယ်… ဒါပေမဲ့ ပြန်မပြောတတ်ဘူး” ဆိုတဲ့ သံသရာထဲကနေ ရုန်းထွက်ပြီး ၃ လအတွင်းမှာ သိသိသာသာ ပြောင်းလဲသွားချင်တယ်ဆိုရင် လက်မလွှတ်သင့်တဲ့အထူးတက်သင်တန်းကောင်းတစ်ခုဖြစ်သည်။
🗓 Start Date : 12.May.2026
⏰ Timetable : Every Monday, Wednesday & Friday
⏱ Time : 7:30pm to 9:30pm [ Myanmar Time ]
📚 Assessment : Yes
👨🏻🎓 Instructor : Teacher Aye Chan Eain
📍Location : Online [Zoom.us]
ဘယ်လိုလူတွေတက်သင့်လဲ?
- ဂျပန်စာကို အရင်က လုံးဝ မသင်ဖူးသေးဘဲ အက္ခရာ [Hiragana, Katakana] ကစပြီး စနစ်တကျ အခြေခံအုတ်မြစ် ချချင်တဲ့ လူငယ်တွေ။
- JLPT N5 စာမေးပွဲ ဝင်ဖြေဖို့ ရည်မှန်းထားပြီး လိုအပ်တဲ့ သဒ္ဒါ [Grammar]၊ ဝေါဟာရ [Vocabulary] နဲ့ နားထောင်စွမ်းရည် [Listening] တွေကို ထိထိရောက်ရောက် လေ့ကျင့်ချင်သူတွေ။
- အနာဂတ်မှာ ဂျပန်နိုင်ငံကို သွားရောက်ပညာသင်ကြားဖို့ဖြစ်ဖြစ်၊ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေဖို့ဖြစ်ဖြစ် ရည်မှန်းထားသူတွေအတွက် မရှိမဖြစ် စတင်ရမယ့် ပထမဆုံး ခြေလှမ်းပဲ ဖြစ်ပါတယ်။
- ကိုယ်ကြိုက်တဲ့ ဂျပန် Anime တွေ၊ ဇာတ်လမ်းတွဲတွေနဲ့ သီချင်းတွေကို Subtitle မပါဘဲ နည်းနည်းချင်းစီ ကိုယ်တိုင် နားလည်ခံစားချင်သူတွေ။
- စာမေးပွဲအတွက် သက်သက်တင် မဟုတ်ဘဲ ရိုးရှင်းတဲ့ နေ့စဉ်သုံး အခြေခံစကားပြော [Daily Conversations] တွေကိုပါ ယုံကြည်မှုရှိရှိ ပြောဆိုဆက်သွယ်ချင်သူတွေ။
ဘာတွေသင်ကြားပေးမှာလဲ? [Modules]
- Hiragana, Katakana & Kanji: အခြေခံစာလုံးတွေကို အလွယ်ကူဆုံးနည်းနဲ့ ရေးတတ်၊ ဖတ်တတ်အောင် သင်ကြားပေးခြင်း။
- Mastering Grammar: အခက်ခဲဆုံး Grammar တွေကို အရှင်းဆုံးနည်းလမ်းတွေနဲ့ နားလည်သွားစေမှာပါ။
- Simple Conversation & Listening: စာအုပ်ထဲကစာတင်မကဘဲ အပြင်မှာ တကယ်သုံးလို့ရမယ့် နေ့စဉ်သုံးစကားပြောတွေကို တစ်ခါတည်း လေ့ကျင့်ပေးမှာပါ။
သင်တန်းပြီးသွားရင် ဘာတွေတိုးတက်သွားမှာလဲ?
- ၃ လ အကြာမှာ JLPT N5 ဝင်ဖြေဖို့ လိုအပ်တဲ့ Knowledge တွေအပြင်၊ ရိုးရှင်းတဲ့ Daily Conversation တွေကို ကိုယ်တိုင် ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်လာမှာမို့ ဂျပန်နိုင်ငံသွားဖို့ အိပ်မက်ရှိသူတွေအတွက် အကောင်းဆုံး ခြေလှမ်းတစ်ခု ဖြစ်သွားမှာပါ။
Japanese skills တိုးတက်အောင် လေ့ကျင့်ချင်တဲ့ မိတ်ဆွေတွေ ဘော်ဒါတွေကို မြင်အောင် Like & share လေးလုပ်ပေးသွားပါဦးနော်…
📞 သင်တန်းအကြောင်း အသေးစိတ်ကို Page Message Boxကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Website : hypethinkeducation.comတွင်လည်း လေ့လာနိုင်ပါသည်။
![1 ) Japanese Basic + N5 [ Batch 10 ] Hype Think Education](https://i0.wp.com/hypethinkeducation.com/wp-content/uploads/2026/05/1-Japanese-Basic-N5-Batch-10-Hype-Think-Education.jpg?fit=2500%2C2500&ssl=1)