Color Your Mind

ဆေးရောင်စုံတွေနဲ့အတူ စိတ်ခံစားချက်တွေကို ဖွင့်ဟဖြေဖျောက်နိုင်ဖို့ Citta Consultancy နှင့် Hype Think Education [ Hype Community ] တို့ ပူးပေါင်းပြီး Mandalay မှာ ကျင်းပပြုလုပ်မယ့် "Color Your Mind" Event

Share your love

ရောင်စုံဆေးစက်တွေနဲ့အတူ စိတ်ခံစားချက်တွေကို ဖွင့်ဟဖြေဖျောက်နိုင်မယ့် “ Color Your Mind” Event

နေ့စဉ်လူမှုဘဝမှာ မတူညီတဲ့နေရာတွေကနေရရှိတဲ့ အမျိုးမျိုးသော စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲမသိဖြစ်နေလား?

မိမိရဲ့ ရှုပ်ထွေးပြီး မွန်းကြပ်နေတဲ့ အတွေးတွေ၊ စိတ်ကူးတွေနဲ့ ခံစားချက်တွေကို ရောင်စုံကာလာတွေနဲ့ ဆန်းသစ်ပြီး မျှော်လင့်ချက်အပြည့်ရှိတဲ့အခြေအနေကို ပြောင်းလဲချင်တယ်ဆိုရင်တော့ Citta Consultancy နှင့် Hype Think Education [ Hype Community ] နဲ့ တို့ ပူးပေါင်းပြုလုပ်မယ့် “Color Your Mind” Event ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

“Color Your Mind“ Event ကတော့ မန္တလေးမြို့မှာ တည်ရှိတဲ့ Citta Office မှာ ကျင်းပပြုလုပ်သွားမယ့် On-ground Event တစ်ခုဖြစ်ပြီး~

  • Mental Health နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ 
  • တကိုယ်တည်း ဖြေရှင်းမရဖြစ်နေတဲ့ ဖိအား၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို  မျှဝေပေးသွားမယ့်အပြင်၊ 
  • စိတ်ပင်ပန်းမှုတွေကို ‌ပန်းချီဆေးရောင်ခြယ်ရင်း ဖြေဖျောက်ကြမယ့် Art Workshop တွေလည်း ပါဝင်မှာဖြစ်လို့  Event ကို လာရောက်သူတိုင်းအတွက် အကျိုးရှိစေမှာလည်း ဖြစ်ပါတယ်။

“Color Your Mind” Event က ဘယ်သူတွေ တက်ရောက်သင့်လဲ?

  • စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်းဖွင့်ချပြီး ကျွမ်းကျင်သူတွေဆီက အကြံဉာဏ်လိုချင်တဲ့သူတွေ၊
  • နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းမှုနဲ့ စိတ်ဖိအားတွေကိုလျှော့ချပြီး ကောင်းမွန်တဲ့အ‌တွေးတွေအဖြစ် ပြောင်းလဲချင်တဲ့သူတွေအတွက် တက်ရောက်ဖို့သင့်တော်တာကြောင့် “Color Your Mind” Event ကို တက်ရောက်ချင်တယ်ဆိုရင်တော့ Register လုပ်ပြီးစာရင်းသွင်းထားလိုက်တော့နော်။

Register Form : bit.ly/ColorYourMindRegisterForm

Event တက်ရောက်ဖို့အတွက် လူဦးရေလည်း ကန့်သတ်ထားတာဖြစ်လို့ စိတ်ကျန်းမာရေးအသိပညာ‌တွေရရှိပြီး စိတ်ပင်ပန်းမှုတွေကိုဖြေဖျောက်ဖို့ “Color Your Mind“ Event ကို လက်လွှတ်မခံဘဲ တက်ရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Guest Speaker Announcement : Color Your Mind Event

Guest Speaker Color Your Mind Event : Ma Eaint Hmu Khin

2 ) Color Your Mind Event Mandalay Guest Speaker Eaint Hmu Khin Citta x Hype Think Education

“Color Your Mind“ Event မှာ Mental Healthနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားမယ့်  Guest Speaker ကတော့  Citta Consultancy ရဲ့ Wellness Counselor တစ်ဦးဖြစ်တဲ့  “Ma Eaint Hmu Khin“ ပဲ ဖြစ်ပါတယ်။ 

Ma Eaint Hmu Khin ဟာ ဆိုရင်တော့ ~ 

  • Malaysia နိုင်ငံရှိ Lincoln University မှ Applied Psychology နဲ့ Child Psychology ဘာသာရပ်တွေမှာ Executive Diploma ရရှိထားသူဖြစ်ပါတယ်။ 
  • Basic to Advance Counseling Training [Counseling Corner], Trauma Informed Practice Training [ Else Thiebou, Clinical Psychologists and Therapist ] များ ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။
  • ဒါ့အပြင် Ma Eaint Hmu Khin ဟာ UK Health Security Agency မှ Psychological First Aid Course တက်ရောက်ပြီးမြောက်ထားသူဖြစ်ပြီး  
  • အတွေ့အကြုံရှိတဲ့ Senior Counsellor တွေနဲ့ စိတ်ပညာရှင်တွေဆီမှ လူငယ်နဲ့ Gender-based Violence တွေအတွက် Counseling Process Training များလည်း တက်ရောက်ထားသူ ဖြစ်ပါတယ်။

“Color Your Mind“ Event Outlines

3 ) Color Your Mind Event Outline Mandalay Citta x Hype Think Education

“Color Your Mind“ Event မှာ ဘာတွေမျှဝေပေးသွားမှာလဲ?

  • စိတ်ကျန်းမာရေးရဲ့ နေ့စဉ်ဘဝကိုသက်ရောက်ပုံနဲ့ ထိန်းချုပ်နိုင်မယ့်နည်းလမ်းတွေ၊
  • စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းတွေမှုတွေကို ကိုင်တွယ် ဖြေရှင်းနည်းတွေ၊
  • စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ အခက်အခဲကြုံတွေ့နေချိန်မှာ ကျွမ်းကျင်သူတွေဆီက အကူအညီယူဖို့အတွက် အရေးကြီးပုံ၊
  • စိတ်ကျန်းမာရေးအတွက် Art Therapy ရဲ့ အကျိုးကျေးဇူးတွေနဲ့
  • စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့အတွက် နည်းလမ်းတွေကိုသိရှိဖို့ရာ ကျွမ်းကျင်သူတွေနဲ့ ဆက်သွယ်နိုင်ပုံစတဲ့ အသိပညာတွေကို မျှဝေပေးသွားမယ့်အပြင်
  • သိလိုရာတွေ မေးမြန်းနိုင်ဖို့ Q & A Session နဲ့
  • ပန်းချီဆွဲပြီး စိတ်ပင်ပန်းမှုတွေကိုဖြေဖျောက်မယ့် Art Therapy Workshop တွေလည်း ပါဝင်သွားမှာဖြစ်ပါတယ်။

“Color Your Mind” Event Details

4 ) Color Your Mind Event Details Mandalay Citta x Hype Think Education

“Color Your Mind” Event ရဲ့ အသေးစိတ်အချက်အလက်‌တွေကတော့ ~

  • Date : September 28, 2024 [ Saturday ]
  • Time : 1:00 PM ~ 4:00 PM
  • Location : Citta Mandalay Office ၊ [74] လမ်း၊ [36 x 37] လမ်း၊ စိန်မိသားစုလျှပ်စစ်ပစ္စည်းဆိုင်အပေါ်ထပ်၊ သုံးလွှာ တို့ဖြစ်ပါတယ်။

“Color Your Mind” Event Location Announcement

Color Your Mind Event Mandalay Location Citta x Hype Think Education [ Phyu Thin Naing ]

“ Color Your Mind” Event ကျင်းပပြုလုပ်မယ့် တည်နေရာကို သိပြီးပြီလား?

Hype Think Education [ Hype Community ] နဲ့ Citta Consultancy တို့ ပူးပေါင်းဖန်တီးသွားမယ့် “ Color Your Mind” Event ဟာဆိုရင် စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကို ဖြေရှင်းဖို့အသိပညာတွေကို မျှဝေသွားမယ့်အပြင် “ Art Workshop” လည်းပါဝင်လို့ စိတ်အမောတွေပြေသွားစေမယ့် Event တစ်ခုပဲဖြစ်ပါတယ်နော်။

 “ Color Your Mind” Event ကိုတော့ ~

  • မန္တလေးမြို့ရဲ့ [၇၄] လမ်း၊ [၃၆×၃၇] က စိန်မိသားစုလျှပ်စစ်ပစ္စည်းဆိုင်ရဲ့ အပေါ်ထပ်သုံးလွှာမြောက်မှာရှိတဲ့ “ 𝗖𝗶𝘁𝘁𝗮 𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲” မှာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်နော်။

Google Map : bit.ly/3zi1Cjy

တည်နေရာအတိအကျကိုလည်း သိသွားပြီဆိုတော့ Mental Health နဲ့ပတ်သက်တဲ့ ဗဟုသုတတွေရယူပြီး စိတ်ပင်ပန်းမှုတွေကိုလျှော့ချချင်ရင်တော့ မန္တလေးမြို့က Citta Office မှာ  “ Color Your Mind” Event ကို လာပြီးတက်ရောက်လိုက်ပါတော့နော်။

Register Form : bit.ly/ColorYourMindRegisterForm

နောက်နေ့မှာလည်း “Color Your Mind” Event နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆက်လက်တင်ပေးသွားမှာဖြစ်တဲ့အပြင် လူငယ်တွေအတွက် အကျိုးရှိစေမယ့် အစီအစဉ်ကောင်းတွေကိုလည်း ဖန်တီးသွားဖို့ရှိတာမို့ Hype Think Education ရဲ့ Facebook Page ကို Like & Follow လုပ်ထားလိုက်ပါနော်။

Share your love