Dreamers to Doers Event

ဘ၀ရဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့ဖန်တီးချင်တဲ့လူငယ်တိုင်း တစ်နေရာထဲမှာ စု‌ဝေးနိုင်မယ့် Hype Think Education မှ ကျင်းပပြုလုပ်သွားမည့် ပထမဆုံးသော ပွဲဦးထွက် On Ground ပွဲဖြစ်တဲ့ "Dreamers to Doers" Event ရောက်ရှိလို့ လာပါပြီ။
Share your love

Dreamers to Doers Event Announcement

“ဘ၀ရဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့ဖန်တီးချင်တဲ့လူငယ်တိုင်း တစ်နေရာထဲမှာ စု‌ဝေးနိုင်မယ့်အစီအစဉ်” ရောက်ရှိလို့ လာပါပြီ။

ဒီအစီအစဉ်ကတော့ Hype Think Education မှ ကျင်းပပြုလုပ်သွားမယ့် ပထမဆုံးသော ပွဲဦးထွက် On Ground ပွဲဖြစ်တဲ့ “Dreamers to Doers” Event ပဲ ဖြစ်ပါတယ်။

အခုလို တိုးတက်လာတဲ့နည်းပညာခေတ်ကြီးမှာ Idea‌တွေ ဆန်းသစ်လာတာနဲ့အမျှ ကျွန်တော်တို့ လူငယ်တိုင်းမှာ ဝါသနာပါတဲ့အရာတွေ ၊ လက်စွမ်းပြချင်တဲ့အရာတွေနဲ့ ဖြစ်ချင်တဲ့စိတ်ကူးအိပ်မက်‌တွေ ကိုယ်စီအသီးသီးရှိလာကြပါတယ်။

အဲ့လို လူငယ်တွေထဲက တချို့ကတော့ ကိုယ့်ရဲ့ရည်မှန်းချက်တွေအတိုင်း လျှောက်လှမ်းနေကြပြီး တချို့တ၀က်က‌တော့ အခုချိန်ထိလမ်းပျောက်နေတာမျိုးတွေ၊ ပံပိုးပေးမယ့်သူမရှိလို့ စတင်ဖို့အတွက်ခက်ခဲနေတာတွေနှင့် အဆိုးဆုံး‌ကတော့ ကိုယ် Passionate ဖြစ်တဲ့ Career တစ်ခု၊ လျှောက်နေတဲ့လမ်းကတစ်ခုနဲ့ တခြားစီဖြစ်နေကြတာမျိုးတွေလည်း ရှိနေကြတုန်းပါပဲ။

ဒါကြောင့် “Dreamers to Doers” Event ဟာဆိုရင်တော့ ,

Dreamers to Doers Agenda Hype Think Education
  • မိမိရဲ့ Passion တွေ ၊ Hidden Talent တွေကို ရှာဖွေပြီးတော့ Personal Growth ဖြစ်စေဖို့
  • Career လမ်းကြောင်းနဲ့ပတ်သက်ပြီး ကိုယ့်ဝါသနာပါတဲ့အလုပ်ကိုပဲ ရွေးချယ်ရမလား? ၀င်ငွေကောင်းတဲ့အလုပ်ပဲ ရွေးချယ်လိုက်ရမလား? စတဲ့ ဒွိဟဖြစ်နေတာတွေကို ဖြေရှင်းနိုင်ဖို့။
  • Networkကောင်းတွေချိတ်ဆက်ခွင့်ရပြီး အခွင့်အလမ်းကောင်းများကို ရှာဖွေဖန်တီးနိုင်ဖို့။
  • ကိုယ့်ရဲ့စိတ်ကူးအိပ်မက်တွေကိုအသက်သွင်းပြီး လမ်းကြောင်းမှန်ပေါ်မှာ စတင်လျှောက်လှမ်းနိုင်ဖို့စတဲ့ အခုလိုအဖိုးတန်နည်းလမ်းများကို လမ်းပြပေးနိုင်မယ့် Event တစ်ခုဖြစ်တာကြောင့် အခွင့်အရေးကိုလက်လွှတ်မခံဘဲ တက်ရောက်ကြဖို့ လူငယ်တွေအားလုံးကို ဖိတ်ခေါ်ချင်ပါတယ်နော်။

Dreamers to Doers” Event ကို

  • ဘယ်ရက်၊ဘယ်ချိန်၊ဘယ်နေရာမှာလုပ်သွားမှာလဲ?
  • ဘယ်လိုအစီအစဉ်မျိုးတွေ ပါ၀င်သွားမှာလဲ? ဆိုတာကို စိတ်၀င်စားသွားပြီဆိုရင်တော့ ပုံတစ်ပုံချင်းစီမှာဖတ်ကြည့်လိုက်ကြရအောင်နော်။
Dreamers to Doers Details Hype Think Education

ဒါ့အပြင် “Dreamers to Doers” Event ကို လူဦးရေအယောက် [ 100 ] သာ တက်ရောက်ခွင့်ရမှာဖြစ်တာကြောင့် Event အကြောင်းဖတ်ရူပြီးသွားရင်တော့ အခုချက်ချင်းပဲ ပေးထားတဲ့ Link ထဲမှာ Register လုပ်လိုက်ကြတော့နော်။

Register Form : bit.ly/DTDERegisterForm

Guest Speaker and Panelists Announcement : Dreamers to Doers Event

လာမယ့် October [ 1 ] ရက်နေ့မှာ Hype Think Education က‌နေ ကျင်းပပြုလုပ်သွားမယ့် “Dreamers to Doers” Event ဟာဆိုရင်

  • လူငယ်တွေအတွက် Personal Growth ဖြစ်စေဖို့။
  • Career Development နဲ့ပတ်သက်တဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့နဲ့
  • မိမိရဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့ဘ၀မှာအသက်သွင်းနိုင်ဖို့
    စတဲ့နည်းလမ်းကောင်းတွေကို မျှဝေပေးသွားမယ့် အမိုက်စား Event လေးပဲဖြစ်ပါတယ်နော်။
    ဆိုတော့ အခုလိုအမိုက်စား “Dreamers to Doers” Event လေးမှာ ပါဝင်သွားမယ့် Guest Speaker နဲ့ Panelist [3] ဦးကို ကြေညာပေးချင်ပါတယ်နော်။

ဘယ်သူတွေလဲဆိုတာ စိတ်ဝင်စားနေကြပြီဟုတ်? သိချင်ရင်တော့ ပုံတစ်ပုံချင်းစီမှာ အသေးစိတ်ဝင်ရောက် ဖတ်ကြည့်နိုင်ပါပြီနော်။

Event လေးရဲ့အကြောင်းအပြင် Guest Speaker နဲ့ Panelist တွေရဲ့ အကြောင်းကိုလည်း သိသွားပြီဆိုတော့ “Dreamers to Doers” Event လေးက နှစ်ခါပြန်စဉ်းစားစရာမလိုဘဲ တက်ရောက်သင့်တယ်ဆိုတာကို ပြောနေစရာတောင်မလိုတော့ပါဘူးနော်။ လူဦးရေ [ အယောက် ၁၀၀ ]သာ တက်ရောက်ခွင့်ရမယ့် Event ဖြစ်တာကြောင့် အခုပဲမြန်မြန်လေး Register လုပ်ထားလိုက်ပါတော့‌။

Guest Speaker : Dreamers to Doers Event [ Ms.Wyut Yee Win ]

Ms.Wyut Yee Win Guest Speaker Announcement

မဝတ်ရည် သည် West Yangon Technological University (WYTU) ကနေ 2018 ခုနှစ်မှာ Bachelor of Technology (Information Technology) နဲ့ 2020 ခုနှစ်မှာ Bachelor of Engineering (Information Technology) စတဲ့ ဘွဲ့တွေကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။

Professional လမ်းကြောင်း အဖြစ် ၆နှစ်တာ စာသင်ခဲ့တဲ့ ကျောင်းသားဦးရေပေါင်း ၂၅၀၀ ကျော် ၊ YC Member ပေါင်းထောင်ကျော်ဆီ (သို့)

  • Self-Management
  • Counseling & Psychology
  • Soft Skills & Personal Development
  • Business Management for Youth ( BMY )
  • Financial Education
  • Leadership
  • Human Nature & People Skill စတဲ့အတန်းတွေအပြင်

သူမရဲ့ ကိုယ်ပိုင်အတန်းတွေဖြစ်တဲ့

  • Mindful Therapy
  • Mindfulness Training
  • Applied Psychology
  • Business Ownership
  • Brand Marketing
  • Business Model Canvas
  • Secret of the Millionaire Mind
  • 21 Campaign Personal Development Training

စတဲ့အတန်းများကို သင်ကြားမျှဝေလျက်ပြီး ပြင်ပ Youth Organization များတွင်လည်း သူမရဲ့ ရည်ရွယ်ချက်အတိုင်းလူငယ်များဆီသို့ အသိပညာများမျှဝေလျက်ရှိပါတယ်။

Panelist : Dreamers to Doers Event [ Ma Wint Nandar Aung ]

Wint Nandar Aung Panelist Announcement

နောက်ထပ် Event လေးမှာပါဝင်အားဖြည့်ပေးသွားမယ့် Panelist ကတော့ Ma Wint Nandar Aung ပဲဖြစ်ပါတယ်။

  • Ma Wint က Business and Management နဲ့ ဘွဲ့ရထားပြီး Freelancer တစ်ဦးအဖြစ် လူမှုစီမံကိန်းတွေနဲ့ လူမှုအကျိုးပြုအဖွဲ့အစည်းတွေမှာလည်း (2)နှစ်ကျော် အတွေ့အကြုံတွေရှိထားသူတစ်ဦးဖြစ်ပါတယ်။
  • လူငယ်တွေရဲ့ Digital Literacy (ဒီဂျစ်တယ်နည်းပညာဖြင့် စာတတ်မြောက်ရေး)အတွက် ထောက်ပံ့ပေးခြင်း၊ အမျိုးသမီးတွေဦးဆောင်တဲ့လုပ်ငန်းတွေမှာ စီးပွားရေးအစီအစဉ်တွေရေးဆွဲရာမှာ ကူညီပေးခြင်း၊ ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်တွေရဲ့ STEM ပညာရေးအတွက် ကူညီပေးခြင်းစတဲ့ အကျိုးပြုလုပ်ငန်းတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။
  • ဒါ့အပြင် Ma Wint ဟာဆိုရင် Youth Southeast Asian Leader Initiative(YSEALI) ရဲ့ Social Entrepreneurship and Economic Development Alumnus တစ်ဦးလည်းဖြစ်ပြီးတော့ အခုလက်ရှိမှာ နိုင်ငံတကာအသိအမှတ်ပြု လူမှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Proximity Designs ရဲ့ Research Coordinator တစ်ဦးအဖြစ်လည်း လုပ်ကိုင်လျက်ရှိပါတယ်။
  • Ma Wint ဟာ လူငယ်တွေရဲ့ သင်ယူလေ့လာမှုအခွင့်အလမ်းတွေ ပိုမိုလွယ်ကူလာပြီး အသစ်အဆန်းတွေကို ထိတွေ့ခွင့်ရတာ၊ Critical Thinking နဲ့ Problem Solving Skill တွေတိုးတက်လာတာက အနာဂတ်မှာ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်မယ်လို့ ယုံကြည်ထားပြီး 2021ခုနှစ်မှာတော့ သူမနဲ့ ခံယူချက်ချင်းတူတဲ့ လူငယ်တွေနဲ့အတူ Edvice Hub ဆိုတဲ့ Non-governmental Organization ကိုတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံက လူငယ်တွေအတွက် Challenge ဖြစ်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်လာဖို့ ကြိုးစားလုပ်ကိုင်ခဲ့ကြပါတယ်။

Panelist : Dreamers to Doers Event [ Ko Zaw Ye Aung ]

Zaw Ye Aung Panelist Announcement

ဆက်လက်ပြီးတော့ Panelist တစ်ဦးဖြစ်တဲ့ Ko Zaw Ye Aung ရဲ့ အကြောင်းကို ဖော်ပြပေးသွားပါမယ်။

  • Ko Zaw Ye ဟာဆိုရင် လက်ရှိမှာတော့ Personal Development Trainerတစ်ယောက်အဖြစ်လုပ်ကိုင်နေတဲ့အပြင် English Instructor တစ်ယောက်ဆိုလည်းဟုတ်ပါတယ်နော်။
  • The Coffee Club ရဲ့ Co-Founder and CEO တစ်ယောက်လည်းဖြစ်ပြီးတော့ The Convo, an online social club ရဲ့ Founder and Program Directorတစ်‌ယောက်လည်းဖြစ်ပါသေးတယ်။
  • Ko Zaw Ye ဟာဆိုရင် 2017ခုနှစ်မှာ Islamic ဘာသာရပ်ကို အထူးပြုဖြင့် Sofiyar Universityမှ ဘွဲ့ရရှိခဲ့ပါတယ်။
  • ဒါ့အပြင် ယခင်ကလည်း American Center River Conservation Club ရဲ့ Program Officer and Former President တစ်ယောက်လည်းဖြစ်ခဲ့ပါသေးတယ်။

Panelist : Dreamers to Doers Event [ Ko John Ten Khant ]

John Ten Khant Panelist Announcement

နောက်ထပ် Panelist တစ်ဦးဖြစ်တဲ့ Ko John Ten Khant ရဲ့ အကြောင်းကို ဖော်ပြပေးသွားပါမယ်။

  • Ko John ဟာဆိုရင် Youth Organization တစ်ခုဖြစ်တဲ့ Conceptians Organization ရဲ့ CEO & Founding Member တစ်ဦးဖြစ်ပါတယ်။
  • ဒါ့အပြင် Myanmar Youth Leadership Program(MYLP) 2023 ရဲ့ Exchange Alumni တစ်ဦးလည်းဖြစ်ပါသေးတယ်။

Dreamers To Doers” Event Promo Video | Hype Think Education

“ကျေးဇူးတင်လွှာ”

[October 1] ရက်နေ့မှာ Hype Think Education ကနေ ဦးစီးပြီးကျင်းပပြုလုပ်တဲ့ “Dreamers to Doers” Physical Event ‌ဟာဆိုရင်တော့ အခုဆိုရင် အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

Thank you for Participants Dreamers to Doers Hype Think Education
Thank you for Participants Dreamers to Doers Hype Think Education (2)

ပထမဆုံးအနေနဲ့ အခုလို “Dreamers to Doers ” Event မှာ လူငယ်တွေရဲ့ Career Development ပတ်သက်ပြီး အဖိုးတန်နည်းလမ်းများစွာကို သေချာမျှဝေပေးသွားခဲ့တဲ့ Guest Speaker Ma Wyut Yee နှင့် မိမိရဲ့ Founding Experience တွေအပြင် အခြားအသိပညာဗဟုသုတတွေပါမျှဝေပေးခဲ့သော Panelist Ma Wint Nandar Aung, Ko Zaw Ye Aung , Ko John Ten Khant တစ်‌ယောက်ချင်းစီကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

Hype Think Education ရဲ့ ပထမဆုံး အပြင်မှာပြုလုပ်သည့် “Dreamers to Doers” Event ကို သတ်မှတ်ထားတဲ့ လူဦးရေထက်ကျော်ပြီး စည်ကားသိုက်မြိုက်စွာနဲ့ တက်ရောက်ခဲ့ကြတာကြောင့် ပွဲအတွင်းမှာ နေရာအခက်အခဲများရှိခဲ့ကြလို့လည်း တက်ရောက်ခဲ့ကြသူတစ်ယောက်ချင်းစီကို Hype Think Team မှ ဒီကနေထပ်ပြီး အနူးအညွတ်တောင်းပန်ချင်ပါတယ်။ ထိုင်ဖို့နေရာ မရှိသည့်ကြားကမှ ပွဲအဆုံးထိအတူတူရှိနေပေးခဲ့ကြတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်‌နော်။

ဒါ့အပြင် “Dreamers to Doers” Event ကိုဖြစ်မြှောက်အောင်လို့ ပါ၀င်အားဖြည့်‌ပေးခဲ့ကြတဲ့ Refreshment Sponsor အဖြစ် Master In Mind Academy နှင့် Media Partner များဖြစ်ကြတဲ့ Start Smart, Your Educational Researcher – YER, Youth Know – versity, Million Chances , The Forward Society , Decora Art Gallery ကိုလည်း ကျေးဇူးတင်ရှိပါတယ်။

Dreamers to Doers Event Refreshment Sponsorship Hype Think Education
Dreamers to Doers Event Social Media Partners Hype Think Education

နောက်နေ့မှာလည်း ကျွန်တော်တို့ရဲ့ “Dreamers to Doers ” Event ‌အတွင်းမှာ ရိုက်ကူးမှတ်တမ်းတင်ခဲ့တဲ့ အမှတ်တရပုံရိပ်တစ်ချို့ကိုလည်း အားလုံးဆီပြန်လည် မျှဝေပေးမှာမို့လို့ စောင့်မျှော်ကြည့်ရူပေးပြီး ရိုက်ထားတဲ့ ပုံတွေရှိရင်လည်း မျှဝေပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။

အဆုံးထိ ဖတ်ရှုပေးလို့ရော၊ Event လေးကိုစိတ်ဝင်စားပေးတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်နော်။ နောက်ပိုင်းမှာလည်း ကျွန်တော်တို့ Hype Think Education ကနေ လူငယ်တွေအတွက် အထောက်အကူဖြစ်စေမယ့် အစီအစဉ်တွေကို အမြဲမပြတ်တင်ဆက်ပေးနေမှာမို့ Hype Think Education Page ကို Like and Follow လုပ်ပြီး စောင့်မျှော်ပေးကြပါဦးနော်။

Share your love