လူငယ်ဘဝနေထိုင်မှုကို Level မြှင့်ကြဖို့ “ Hype Mel” On-ground Event
ဆယ်ကျော်သက်ကာလကနေ လူလတ်ပိုင်းအရွယ်ထိ ဖြတ်သန်းနေကြတဲ့ လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုဘဝကိုရရှိစေဖို့ Hype Think Education [Hype Community] နှင့် MELISSA တို့ပူးပေါင်းပြုလုပ်တဲ့ “Hype Mel” Event ကို သင့်ဆီယူဆောင်လာပြီပဲဖြစ်ပါတယ်။
“Hype Mel” Event မှာဆိုရင်တော့ ယနေ့ခေတ်လူငယ်တွေရဲ့ စိတ်ခံစားချက်နဲ့ အတွေ့အကြုံတွေကို ပွင့်လင်းစွာဖွင့်ဟပြောဆိုနိုင်ပြီး Supportive ဖြစ်တဲ့ Environment တစ်ခုကိုရစေဖို့ ~
- Panel Discussion Session
- Booth Session နဲ့
- Game Session တွေကို စီစဉ်ပြုလုပ်သွားမယ့်အပြင် Refreshment အစီအစဉ်တွေကိုပါ ထည့်သွင်းထားပါသေးတယ်။ ဒါကြောင့် ဆွေးနွေးသွားမယ့် အကြောင်းအရာတွေနဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အစီအစဉ်တွေကိုလည်း ပုံတစ်ပုံချင်းစီမှာ အသေးစိတ်ဖတ်ရှုကြည့်လိုက်ပါနော်။
“Hype Mel” Event က ကျွမ်းကျင်သူတွေဆီကနေ အကြံဉာဏ်ကောင်းတွေရယူချင်သူတွေနဲ့ Networking ရယူကာ Supportive ဖြစ်တဲ့ Environment တစ်ခုမှာ အချိန်ကုန်ဆုံးချင်တဲ့လူငယ်တွေအတွက် သင့်တော်တာမို့လို့ စိတ်ဝင်စားရင်တော့ လက်မနှေးဘဲ Register လုပ်ပြီး တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Register Form : bit.ly/HypeMelRegisterForm
Panel Discussion Session
“Hype Mel” Event ရဲ့ Panel Discussion မှာတော့ Professional နယ်ပယ်အသီးသီးမှာ နားလည်တတ်ကျွမ်းကြတဲ့ Panelist [3] ဦးကနေ ~
- ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးရရှိနိုင်ဖို့နဲ့ ထိန်းသိမ်းနိုင်ဖို့ Mental Health ၊
- လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာများကို လွတ်လပ်စွာ စူးစမ်းလေ့လာနိုင်ဖို့ Comprehensive Sexuality Education [CSE] နဲ့
- လူငယ်တွေအကြား ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေကို သိရှိနားလည်ဖို့ Youth Empowerment စတဲ့ ခေါင်းစဉ် [3] ခုနဲ့အတူ ဦးဆောင်ဆွေးနွေးပေးသွားမယ့်အပြင် မိမိကိုယ်တိုင်လည်း အတူပါဝင်ပြီး ဆွေးနွေးမေးမြန်းနိုင်မှာဖြစ်ပါတယ်။
Game and Booth Sessions
“Hype Mel” Event မှာ Panel Discussion Session အပြင် စိတ်လှုပ်ရှားပြီး ပျော်စရာကောင်းတဲ့ အစီအစဉ်တွေကိုလည်း ပြုလုပ်ပေးသွားဦးမှာပါ။
- ပထမဦးဆုံး Participant အချင်းချင်း ရင်းနှီးမှုရယူပြီး Connection ကောင်းတွေရလာစေဖို့ “Game Session” ပြုလုပ်သွားမှာဖြစ်ပြီး ပျော်ရွှင်ဖွယ်ရာ Game တွေကို ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
- ဒါ့အပြင် Participant တွေအတွက် အကျိုးကျေးဇူးများစွာရပြီး Networking ပါချဲ့ထွင်နိုင်မယ့် “Booth Session” ကိုလည်း ထည့်သွင်းထားပါသေးတယ်။
Date and Location
“Hype Mel” Event ရဲ့ အသေးစိတ်အချက်အလက်တွေကတော့ ~
- Date: October 13, 2024 [ Sunday ]
- Time: 11:00 AM ~ 3:00 PM
- Location: ILS Academy [ Yangon ]
- Registration Fee : Free
ဒါဆို ကျွမ်းကျင်သူတွေဆီကနေ အကြံဉာဏ်ကောင်းတွေရယူချင်သူတွေနဲ့ Networking ရယူကာ Supportive ဖြစ်တဲ့ Environment တစ်ခုမှာ အချိန်ကုန်ဆုံးချင်တဲ့လူငယ်တွေအတွက် သင့်တော်တာမို့လို့ “Hype Mel” Event ကို လက်မနှေးဘဲ Register လုပ်ပြီး တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Register Form : bit.ly/HypeMelRegisterForm
Panelist Announcement
Panelist : Hype Mel Event [ Tr.Wyutyee ]
“ Hype Mel” Physical Event မှာ Youth Empowerment နဲ့ပတ်သက်ပြီး ပါ၀င်ဆွေးနွေးပေးသွားမယ့် Panelist Tr.Wyutyee
လူငယ်တွေအနေနဲ့ ဘဝအချိုးအကွေ့မှာ ကြုံရဆုံရသမျှ အခက်အခဲပြဿာနာတွေရဲ့ အဖြေကိုရှာတွေ့ပြီး ပိုမိုသာလွန်တဲ့ ဘဝအခွင့်အလမ်းတွေကို ဖမ်းဆုပ်နိုင်စေဖို့အတွက် Hype Think Education [Hype Community] နှင့် MELISSA တို့ပူးပေါင်းပြီး Yangon မှာ ပြုလုပ်မည့် “ Hype Mel” Physical Event ရှိနေပါပြီနော်။
ဒီနေ့မှာတော့ “ Hype Mel” Physical Event ရဲ့ Panel Discussion မှာ ပါဝင်သွားမယ့် Panelist တစ်ဦးကို ကြေညာသွားမှာ ဖြစ်ပါတယ်။
“ Hype Mel” Physical Event ရဲ့ Panel Discussion မှာ လမ်းပျောက်နေတဲ့ လူငယ်တွေကို လမ်းပြပေးဖို့အတွက် ဦးဆောင်ဆွေးနွေးပေးသွားမယ့် Panelist ကတော့ “ Tr. Wyutyee” ပဲ ဖြစ်ပါတယ်။
“ Tr.Wyutyee” ဟာဆိုရင် ~
- Youth Centre Association ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး Diploma in Marketing [ UK ] 2024 , Bachelor of Technology [Information Technology] , Bachelor of Engineering [Information Technology] တို့ဖြင့် 2020 ခုနှစ်တွင် ကျောင်းပြီးထားပါတယ်။
- လက်ရှိမှာတော့ Master of Business Administration [ UK , MBA ] ကို ဆက်လက် တက်ရောက်ပညာသင်ယူနေပြီး Founder & Teacher, Professional Trainer & Freelance Consultant တစ်ဦးအနေဖြင့်ရပ်တည်လျက်ရှိပါတယ်။
- [ 6 ] နှစ်တာအတွင်း သင်တန်းသားပေါင်း တစ်သောင်းကျော် ၊ YC Members ပေါင်း ထောင်ကျော်ဖြင့် Youth Development Program ပေါင်းများစွာကို ဖွင့်လှစ်သင်ကြားခဲ့ပြီး ဖြစ်ပါတယ်။
- ဒါ့အပြင် ပြင်ပ Youth Organization များတွင်လည်း Tr.Wyutyee ၏ ရည်ရွယ်ချက်အတိုင်း လူငယ်များဆီသို့ အသိပညာများ မျှဝေလျက်ရှိပါတယ်။
Tr.Wyutyee က “ Hype Mel” Physical Event ရဲ့ Panel Discussion မှာ Youth Empowerment ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လူငယ်တွေ အဓိကလိုအပ်နေတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်တွေ ၊ တွေ့ကြုံနေရတဲ့ ဘဝစိန်ခေါ်မှုပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် “ Hype Mel” Physical Event မှာ Mental Health, Comprehensive Sexuality Education [CSE] နဲ့ Youth Empowerment ဆိုတဲ့ခေါင်းစဉ်တွေနဲ့အတူ ဆွေးနွေးတိုင်ပင်သွားမယ့် Panel Discussion တင်မက စိတ်လှုပ်ရှားပျော်ရွှင်စရာကောင်းတဲ့ Game & Booth Session တွေလည်း ပါဝင်ပါသေးတယ်နော်။
ဒါဆိုရင်တော့ Panel Discussion မှာ Tr. Wyutyee ရဲ့အကြံဉာဏ်ကောင်းတွေကို ရယူပြီး ကိုယ်ရည်မှန်းထားတဲ့ အိပ်မက်အနာဂတ်ဆီကို အရောက်လှမ်းချင်သူတိုင်း “ Hype Mel” Physical Event ကို တက်ရောက်နိုင်ဖို့အတွက် အခုပဲ ပေးထားတဲ့ bit.ly/HypeMelRegisterForm မှာ အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီ။
Panelist : Hype Mel Event [ Ma Pwint Phyu Win]
“Hype Mel” Physical Event မှာ Comprehensive Sexuality Education [CSE] အကြောင်း ဆွေးနွေးပြောပြသွားမယ့် Panelist Ma Pwint Phyu Win
ဆယ်ကျော်သက်ကနေ လူလတ်ပိုင်းအရွယ်ထိ လူငယ်ဘဝမှာ တွေ့ကြုံရမယ့် ကဏ္ဍတွေအကြောင်းကို ပိုမိုနားလည်သိရှိနိုင်စေဖို့ဆို Hype Think Education [Hype Community] နှင့် MELISSA တို့အတူပူးပေါင်းပြီး Yangon မှာပြုလုပ်မယ့် “Hype Mel” Physical Event ရှိပါတယ်နော်။
ဒီနေ့မှာတော့ “Hype Mel” Physical Event ရဲ့ Panel Discussion မှာ ပါဝင်သွားမယ့် Panelist [1] ဦးကို ထပ်မံကြေညာသွားမှာပဲဖြစ်ပါတယ်။
“Hype Mel” Physical Event မှာ Comprehensive Sexuality Education [CSE] ဆိုတဲ့ခေါင်းစဉ်နဲ့အတူ အရွယ်ရောက်ပြီးလူငယ်တွေကြားမှာ ကြုံတွေ့ရတဲ့ လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေးအသိပညာတွေကို ဦးဆောင်ဆွေးနွေးသွားမယ့် Panelist ကတော့ “Ma Pwint Phyu Win” ပဲဖြစ်ပါတယ်။
“Ma Pwint Phyu Win” ဟာဆိုရင် ~
- ဆေးဝါးနယ်ပယ်တွင် [18] နှစ်အထက် အတွေ့အကြုံရှိသော Pharmacist တစ်ဦးပဲဖြစ်ပါတယ်။
- 2005 ခုနှစ်တွင် University of Pharmacy [Mandalay] မှ ဘွဲ့ရခဲ့ပြီး Nyein Hospital နှင့် DKSH တွင် စတင်အသက်မွေးဝမ်းကြောင်းပြုကာ [13] နှစ်ကျော်ကြာ လူမှုအသိုင်းအဝိုင်းကို ဝန်ဆောင်မှုပေးနေတဲ့ Myat Thu Kha Pharmacy ရဲ့ တည်ထောင်သူလည်းဖြစ်ပါတယ်။
- ဒါ့အပြင် ဆေးဘက်ဆိုင်ရာ ကဏ္ဍဖွံ့ဖြိုးစေရန်အတွက်လည်း မုံရွာမြို့မှာ CARE Pharmacy ကို ဖွင့်လှစ်ခဲ့ပါသေးတယ်။
- May 31, 2020 မှာတော့ Ma Pwint Phyu Win က ဆေးဝါးဆိုင်ရာ အသိပညာတွေမျှဝေပေးဖို့ “Ma Pwint Phyu Win – Pharmacist” ဆိုတဲ့ Facebook Page ကိုစတင် Launch လုပ်ခဲ့ပြီး အခုဆိုရင် Follower ပေါင်း 911K ကို ဆေးဘက်ဆိုင်ရာမေးခွန်းများ ဖြေကြားလမ်းညွှန်ပေးလျက်ရှိပါတယ်။
- “Ma Pwint Phyu Win” ကတော့ သူမရဲ့ များပြားတဲ့ အတွေ့အကြုံတွေနဲ့အတူ မြန်မာနိုင်ငံက ဆေးဝါးဆိုင်ရာနယ်ပယ်ကို အသိပညာပေးပြီး တိုးတက်အောင်ကူညီပေးဖို့ စိတ်အားထက်သန်သူတစ်ဦးလည်းဖြစ်ပါတယ်။
ဒါကြောင့်မို့ Ma Pwint Phyu Win က “Hype Mel” Physical Event ရဲ့ Panel Discussion မှာ အမျိုးသားရော၊ အမျိုးသမီးပါ ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာကျန်းမာရေးပြသာနာတွေ၊ ရေရှည် မျိုးဆက်ပွားကျန်းမာရေးအတွက် အသိပညာလိုအပ်ချက်တွေကို ပါဝင်ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
Ma Pwint Phyu Win ဆီကနေ လိင်နဲ့မျိုးဆက်ပွားကျန်းမာရေးအသိပညာတွေ နားထောင်ပြီး လူငယ်အချင်းချင်း Supportive ဖြစ်တဲ့ရပ်ဝန်းတစ်ခုမှာ ဖြတ်သန်းချင်ရင်တော့ “Hype Mel” Physical Event ကို bit.ly/HypeMelRegisterForm မှာ စာရင်းပေးပြီးတော့ တက်ရောက်နိုင်ပါပြီနော်။
Panelist : Hype Mel Event [ Ma Hlaing Thazin Aung ]
“ Hype Mel” Physical Event မှာ Mental Health နှင့် ပတ်သက်တဲ့အကြောင်းအရာတွေကို ဆွေးနွေးပေးသွားမယ့် Panelist Ma Hlaing Thazin Aung
Hype Think Education [Hype Community] နှင့် MELISSA တို့ အတူတကွပူးပေါင်းပြီး Yangon မှာ ကျင်းပသွားမယ့် “ Hype Mel” Physical Event ဟာ လူငယ်အားလုံး အသိပညာနဲ့ အကြံဉာဏ်ကောင်းတွေရရှိပြီး စိန်ခေါ်မှုတိုင်းကိုကျော်လွှားနိုင်ဖို့အတွက် အားလုံးရှေ့ကိုရောက်ရှိလာပါပြီ။
ဒီနေ့မှာတော့ “ Hype Mel” Physical Event ရဲ့ Panel Discussion Session မှာပါဝင်သွားမယ့် Panelist တစ်ဦးကို ဆက်လက်ကြေညာသွားမှာဖြစ်ပါတယ်။
“ Hype Mel” Physical Event ရဲ့ Panel Discussion မှာ Mental Health လို့အမည်ရတဲ့ စိတ်ပိုင်းဆိုင်ရာအကြောင်းအရာတွေနဲ့ စပ်လျဉ်းပြီးတော့ ဆွေးနွေးမျှဝေပေးသွားမယ့် Panelist ကတော့ “Ma Hlaing Thazin Aung” ပဲဖြစ်ပါတယ်။
“Ma Hlaing Thazin Aung” ဟာဆိုရင် ~
- အခုလက်ရှိ Citta Consultancy မှာ Wellness Counselor တစ်ဦးအနေနဲ့ လုပ်ကိုင်နေတဲ့အပြင်
- Citta Consultancy ရဲ့ Internship Program Batch [6] မှာ ပါဝင်ခဲ့ပြီး Mental Health နယ်ပယ်ထဲက ဝါရင့် Counselor တွေရဲ့ Training တွေမှတစ်ဆင့် လေ့လာသင်ယူထားသူတစ်ဦးဖြစ်ပါတယ်။
- အခြားသော Training တွေအနေနဲ့
- Academy Of Care Program Cohort [3]
- Level-1 Relation Facilitation [Today Psychology Classes]
- Trauma Competency Training [Else Thiebou, Certified Clinical Psychologist]
- Basic, Intermediate & Advanced Counselling Skills Training [Counselling Corner]
- Basic Child Psychology [L.A Professional Group]
- Suicide Prevention Training [Serenity Mental Health Services]
- Intensive Suicide Prevention Training [Jue Jue’s Safe Space]
- Art Therapy Beginner Course [Art Of Healing] တို့ကိုပါ သင်ယူတတ်မြောက်ထားသူတစ်ဦးဖြစ်ပါတယ်။
ဒီလိုမျိုး Mental Health Counselling ပိုင်းမှာ ကျွမ်းကျင်ပြီးသားဖြစ်တဲ့ “Ma Hlaing Thazin Aung” မှ “ Hype Mel” Physical Event ရဲ့ Panel Discussion မှာ လူငယ်တွေကြုံတွေ့နေရတဲ့ ဖိအားကြောင့် စိတ်ပိုင်းဆိုင်ရာအားဖြင့် ရလာနိုင်တဲ့အကျိုးဆက်တွေနဲ့ ကူညီဖေးမဖို့ အသုံးပြုနိုင်မယ့် နည်းလမ်းများစွာနဲ့ အခြားသော စိတ်ပိုင်းဆိုင်ရာ ဗဟုသုတတွေအကြောင်းကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
“ Hype Mel” Physical Event ရဲ့ Supportive ဖြစ်တဲ့ ရပ်ဝန်းထဲမှာ Mental Health, Comprehensive Sexuality Education [CSE] နဲ့ Youth Empowerment ဆိုတဲ့ခေါင်းစဉ်တွေနဲ့အတူ ဆွေးနွေးသွားကြမယ့် Panel Discussion Session ကနေ တစ်ဆင့် အကြံဉာဏ်ကောင်းတွေကို ရယူပြီးရင်တော့ စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ရာ Game & Booth Session လည်း ပါဝင်ဦးမှာ ဖြစ်လို့ လုံးဝလက်လွှတ်မခံကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
ဒါဆိုရင်တော့ လူငယ်တိုင်းရဲ့အနာဂတ်အတွက် လှေကားထစ်တစ်ခုလို ဖြစ်တည်မှုမျိုးနဲ့ အထောက်အပံ့ပေးသွားမယ့် “ Hype Mel” Physical Event ကို တက်ရောက်ပြီး Panel Discussion ကနေတစ်ဆင့် “ Ma Hlaing Thazin Aung ” မျှဝေပေးသွားမယ့် အတွေ့အကြုံတွေအပေါ်မှာ အခြေခံထားတဲ့ အကြံဉာဏ်ကောင်းတွေကို လက်ခံရယူနိုင်ဖို့ အခုပဲ bit.ly/HypeMelRegisterForm မှာ စာရင်းပေးသွင်းလိုက်ပါတော့နော်။
Register Form : bit.ly/HypeMelRegisterForm