Lann Thit : Limitless Thriving

[2025] နှစ်သစ်မှာ ကိုယ့်ရဲ့ အကျိုးရှိတဲ့ အချိန်တွေကို လိုချင်တဲ့ Goal တွေဆီအရောက်သွားဖို့ အသုံးချနိုင်မယ့် “Lann Thit : Limitless Thriving” လို့အမည်ရတဲ့ Program တစ်ခုကို Hype Think Education [Hype Community] ကနေ ယူဆောင်လာပါပြီ။
Share your love

“Small Step တွေကနေ Big Goal တွေဆီကို သွားကြမယ်”

[2025] နှစ်သစ်မှာ ကိုယ့်ရဲ့ အကျိုးရှိတဲ့ အချိန်တွေကို လိုချင်တဲ့ Goal တွေဆီအရောက်သွားဖို့ အသုံးချနိုင်မယ့် “Lann Thit : Limitless Thriving” လို့အမည်ရတဲ့ Program တစ်ခုကို Hype Think Education [Hype Community] ကနေ ယူဆောင်လာပါပြီ။

Lan Thit Limitless Thriving 12 Weeks Program Announcement Hype Think Education

“Lann Thit : Limitless Thriving” Program မှာတော့ နှစ်သစ်မှာ ကိုယ့်ရဲ့ Personal Growth အတွက် အရေးကြီးတဲ့ Discipline, Habit တွေနဲ့ Goal တွေဆီကို သွားဖို့အတွက် လိုအပ်တဲ့ Strategy တွေ၊ ဗဟုသုတတွေကို အတွေ့အကြုံပြည့်ဝတဲ့ Guest Speaker ကနေပြီးတော့ Webinar အနေနဲ့ မျှဝေသွားမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ အားလုံးအတူတူ ပါဝင်နိုင်မယ့် [12] ပတ်စာ Program လည်းပါဝင်ပါ‌သေးတယ်။

ဒီ [12] ပတ်စာ Program မှာဆိုရင်တော့ Participant တွေမှာ ကိုယ်စီရှိကြတဲ့ Goal တွေဆီရောက်ရှိဖို့ နေ့စဉ်လုပ်ဆောင်ရမယ့် Task တွေကို Guest Speaker မျှဝေခဲ့တဲ့ နည်းလမ်းတွေကိုအသုံးချပြီး အားလုံးအတူလုပ်ဆောင်ကြရမှာပါ။ [12] ပတ်တာလုံးမှာ လိုအပ်တဲ့လမ်းညွှန်ပြသမှုတွေနဲ့အတူ အဆုံးထိလိုက်ပါဆောင်ရွက်နိုင်ဖို့ Hype Community မှ ကူညီဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။

“Lann Thit : Limitless Thriving” Program နဲ့ Webinar ရဲ့ အကြောင်းအသေးစိတ်ကို ပုံတစ်ပုံချင်းစီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်နော်။

“Lann Thit : Limitless Thriving” Program ကို Join မယ်ဆိုရင်တော့ ~

  • Guest Speaker ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့အတူ တကယ်အသုံးဝင်တဲ့ နည်းလမ်းတွေကို လေ့လာသိရှိခွင့်ရသွားပါမယ်။
  • Webinar မှာသိရှိလိုက်တဲ့ နည်းစနစ်တွေကိုလည်း သိရှိသွားရုံတင်မဟုတ်ဘဲ တကယ့်လက်တွေ့မှာလည်း [12] ပတ်တာလုံး အသုံးချနိုင်နေမှာဖြစ်ပါတယ်။
  • ဒါ့အပြင် Guest Speaker ကိုယ်တိုင်အပါအဝင် Participant တွေနဲ့အတူ [12] ပတ်တာကို လုပ်ဆောင်ရမှာဆိုတော့ ကိုယ်တစ်ယောက်တည်းလို့ မခံစားရစေဘဲ ပိုကောင်းတဲ့ Motivation နဲ့အတူ ကြိုးစားလုပ်ဆောင်စေမှာပါနော်။
  • နောက်ဆုံးအနေနဲ့တော့ [12] ပတ်တာလုံး လုပ်ပြီးသွားတဲ့နောက်မှာ ကိုယ့်ရဲ့အချိန်တွေကို ကိုယ်လိုချင်တဲ့ Goal တွေဆီရောက်အောင် သေချာအသုံးချနိုင်ခဲ့မှာမို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေလည်း တိုးလာမှာအသေအချာပါပဲ။

ဒီလိုကောင်းကျိုးများစွာရရှိနိုင်မှာမို့လို့ [2025] နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်ကြိုးစားဖို့ စိတ်အားထက်သန်မှုအပြည့်နဲ့ ဆုံးဖြတ်ထားတဲ့သူတွေအနေနဲ့ “Lann Thit : Limitless Thriving” Program ရဲ့ Webinar ကို တက်ရောက်ပြီး Program မှာလည်း ပါဝင်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။

Register Form : bit.ly/LanThitRegisterForm

Guest Speaker Announcement

“Lann Thit : Limitless Thriving” Program Join မယ့်သူတွေအတွက် အထူးကျင်းပပေးသွားမယ့် Online Webinar ရဲ့ Guest Speaker ကတော့ Ma Rachel Joy ပဲဖြစ်ပါတယ်။

2 ) Lan Thit Limitless Thriving 12 Weeks Program Speaker Ma Rachel Joy Hype Think Education

Ma Rachel Joy ဟာဆိုရင် ~

  • UK မှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်များစွာကို ဝင်ခွင့်ရခဲ့သူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Manchester မှာ ဘွဲ့ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ 
  • University of Manchester ရဲ့ “President Medal for Social Responsibility” နှင့် “Student of the Year 2024” ဆုကို ရရှိထားသူဖြစ်ပြီး ထိုဆုကို ရရှိတဲ့ ပထမဆုံး အာရှနိုင်ငံသူ အမျိုးသမီးလည်းဖြစ်ပါတယ်။
  • International Society မှာ Marketing Intern Position နဲ့ SALC မှာလည်း Summer Intern စတဲ့တာဝန်တွေယူထားပါသေးတယ်။
  • Alliance Manchester Business School ရဲ့ Student Representative, Peer Mentor, Student Coordinator တို့အဖြစ်လည်း သတ်မှတ်ခံထားရတဲ့ သူတစ်ဦးဖြစ်ပါတယ်။
  • Enactus UK မှာ Project Leader of Breathe အနေနဲ့လည်း တာဝန်ယူထားပါတယ်။
  • ဒါ့အပြင် Ma Rachel Joy က Start Smart ရဲ့ Co-founder, Head of Marketing and PR အဖြစ် လုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပါသေးတယ်။
  • MUTIS မှာ Marketing နဲ့ Social Media Head အနေနဲ့ တာဝန်ယူဆောင်ရွက်နေသလို
  • Award စုစုပေါင်း [50] ကျော်နဲ့ Certificate စုစုပေါင်း အခု [100] ကျော်ကိုလည်း ပိုင်ဆိုင်ထားတဲ့သူ ဖြစ်ပါတယ်နော်။ 
  • Ma Rachel Joy က YouTube နဲ့ Facebook မှာလည်း Rachel Joy အမည်နဲ့ Student Life နဲ့ Student Abroad Tip တွေကို မျှဝေပေးနေပြီး Youth Organization တွေမှာလည်း Guest Speaker အဖြစ် ပါဝင်အားဖြည့်ပေးနေပါတယ်။

“ Lann Thit : Limitless Thriving” Program Outlines

3 ) Lan Thit Limitless Thriving 12 Weeks Program Outlines Hype Think Education

“Lann Thit : Limitless Thriving” Program ရဲ့ Online Webinar မှာဆိုရင် Guest Speaker ဖြစ်တဲ့ Ma Rachel Joy ကနေပြီးတော့ ~

  • တိကျရှင်းလင်းတဲ့ Goal တွေကို ချမှတ်နိုင်ပြီး ကိုယ့်ရဲ့ Goal ကို သေချာ တိတိကျကျ သိနိုင်စေဖို့နည်း‌တွေ၊ 
  • ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတဲ့ ရေရှည် Goal တွေအတွက် လိုအပ်တဲ့နည်းလမ်းတွေနဲ့ Resource တွေ၊  
  • Personal Development အတွက် Goal တွေချမှတ်ထားတာနဲ့ အလေ့အကျင့် တည်ဆောက်တာတွေက အရေးကြီးပုံတွေ၊  
  • ကိုယ့်ကို တားဆီးနေတဲ့အရာတွေကို ကျော်လွှားပြီး ဘယ်လိုမျိုး Discipline ရှိအောင်နေရမလဲဆိုတာတွေ၊ 
  • Challenge တွေ၊ အချိန်ဆွဲနေမိတာတွေနဲ့ အာရုံမစိုက်နိုင်တာတွေကို ကျော်လွှားနိုင်ခဲ့တဲ့ Guest Speaker ကနေပြီး မျှဝေပေးမယ့် ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ Tip တွေအပြင်၊ 
  • ကိုယ်အောင်မြင်ခဲ့တဲ့ Small Step တွေကို ကိုယ်ကိုယ်တိုင်ပဲ ဂုဏ်ပြုပေးရင်းနဲ့ အဆုံးထိ ဆက်လုပ်နိုင်တဲ့ အကျင့်ကောင်းတွေရသွားစေဖို့ မျှဝေပေးသွားမှာဖြစ်ပါတယ်။

“ Lann Thit : Limitless Thriving” Program Details

4 ) Lan Thit Limitless Thriving 12 Weeks Program Details Hype Think Education

“Lann Thit : Limitless Thriving” Program ရဲ့ Webinar အသေးစိတ်တွေကတော့ ~

  • Date : January 11, 2025 [ Saturday ]
  • Time : 8:00 PM ~ 10:00 PM
  • Location : Zoom [ Online ]

[2025] မှာ Goal တွေကို သေချာ အရောက်သွားချင်တဲ့သူတွေရှိတယ်ဆိုရင် Hype Think Education [Hype Community] ကကျင်းပပြုလုပ်သွားမယ့် “Lann Thit : Limitless Thriving” Program ကို Join ဖို့ Register အမြန်ဆုံးလုပ်ထားလိုက်ပါ။

ပါဝင်မယ့်လူဦးရေလည်း သတ်မှတ်ထားတာမို့ အချိန်ဆွဲမနေဘဲ Register လုပ်ထားဖို့တော့ လိုအပ်ပါမယ်နော်။

Register Form : bit.ly/LanThitRegisterForm

နောက်နေ့တွေမှာလည်း “Lann Thit : Limitless Thriving” Program အကြောင်းနဲ့ပတ်သက်တဲ့ Update Information တွေမှန်သမျှကို ဆက်တိုက် တင်ပေးနေသွားဦးမှာမို့ Hype Community Page ကို Like & Follow လုပ်ထားပေးခဲ့ပါဦးနော်။

Share your love