ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း

Long Term Partnership with EdHer x Hype Think Education

Long-term Partnership : EdHer

Hype Community ထဲက သူငယ်ချင်းတို့အတွက် အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့... လူငယ်တွေအတွက် ပိုကောင်းတဲ့ ပညာရေးအခွင့်အလမ်းတွေ ဖန်တီးပေးဖို့ Hype Think Education နဲ့ EdHer တို့အကြား Partnership Agreement ကို ၂၀၂၆ ခုနှစ်၊ မတ်လ [၃] ရက်နေ့မှာ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်မှုကို သဘောတူခဲ့ပြီပဲ ဖြစ်ပါတယ်။

Long Term Partnership with Dive In Deep x Hype Think Education

Long-term Partnership : Dive In Deep

Hype Think Education နှင့် Dive In Deep တို့သည် လူငယ်များ၏ နိုင်ငံတကာပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရည်မှန်းချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန်အတွက် Partnership Agreement စာချုပ်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် အောင်မြင်စွာ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ပါတယ်။

Partnership Agreement with Global H Hype Think Education

Partnership Agreement : Global H

Hype Think Education တွင် တက်ရောက်နေသည့် သင်တန်းသူ၊ သင်တန်းသားများအတွက် Visa processing နဲ့ Consultation ဝန်ဆောင်မှုများကိုသာမက Scholarship အခွင့်အလမ်းများအပြင် Events, Workshops နဲ့ Seminars ပွဲများကို လူငယ်များအတွက် ပညာရေးနဲ့အတူ လက်တွေ့အတွေ့အကြုံများကိုပါ အကျိုးရှိစွာ ရရှိနိုင်ဖို့အတွက် Partnership Agreement စာချုပ်ကို ၂၀၂၅ ဩဂုတ်လ ၃၁ ရက်နေ့တွင် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ပါတယ်။

Educational Partnership with Competency Business Solutions Co., Ltd x Hype Think Education

Educational Partnership : Competency Business Solutions (CBS) Co.,Ltd

သတင်း‌ကောင်းကတော့ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ အစရှိတဲ့ နိုင်ငံပေါင်း [၃] နိုင်ငံမှာ အခြေစိုက်ဖွင့်လှစ်ထားတဲ့ Competency Business Solutions (CBS) Co.,Ltd နှင့် ကျွန်တော်တို့ Hype Think Education တို့ Educational Partnership များအဖြစ် ပူးပေါင်း လက်တွဲလိုက်ပြီဆိုဝာာပဲ ဖြစ်ပါတယ်။

4 ) Partnership Agreement with YES Home Academy Hype Think Education

Partnership Agreement : YES Home Academy

Hype Think တွင် တက်ရောက်နေသော သင်တန်းသူ/သားများ မိမိတို့ရဲ့ အနာဂတ် ပညာရေးလမ်းကြောင်းအတွက် အခမဲ့တိုင်ပင်ဆွေးနွေးနိုင်မည့်အစီအစဥ်များ၊ Event ၊ Workshop များ အပြင် စေတနာအပြည့်ဖြင့် ပါဝင်ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေသော Volunteer များအတွက်လည်း Special Discount များကို Partnership Agreement စာချုပ်ကို ၂၀၂၄ ဖေဖော်၀ါရီလ ၇ရက်နေ့ YES Home Academy တွင် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ပါတယ်။