4 Main Types of Writing in English

“စာရေးသားတဲ့အခါမှာ စာဖတ်သူရဲ့ ရင်ထဲကို ထင်းခနဲ မြင်သာလာအောင် ထိထိမိမိရေးသားနိုင်ခြင်းဟာ ယနေ့ခတ်၏ Skillတစ်ခုဖြစ်လာပါတယ်။” ဒါကြောင့် အဓိက writing skills (၄)မျိုးကို မျှဝေပေးလိုက်ပါတယ်။
Share your love : ❤️

စာရေးသားတဲ့အခါမှာ ကိုယ်က ဘယ်လို၊ ဘယ်နည်းနဲ့ စာဖတ်သူရဲ့ ရင်ထဲကို ထင်းခနဲ မြင်သာလာအောင် ထိထိမိမိရေးသားနိုင်ခြင်းဟာ ယနေ့ခတ်မှာ Skillတစ်ခုဖြစ်လာပါတယ်။”

1) Narrative – story telling

1 Types of Narrative Writing in English Hype Think Education

Narrative Essayဆိုတာကတော့ မြန်မာလို ဖြစ်စဉ်ပြစာစီစာကုံးဘဲ ဖြစ်ပါတယ်။ ကိုယ်က Narratorတစ်ယောက်နေရာက နေပြီးဇာတ်ကြောင်းပြောပြရမှာဘဲ ဖြစ်ပါတယ်။ Storyတစ်ခုရဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်ဖြစ်ကြောင်းကုန်စင်ကို စာဖတ်သူစိတ်ဝင်စားအောင်ရေးသားရမှာက Narratorတစ်ယောက်ရဲ့ အဓိကတာဝန်ဘဲ ဖြစ်ပါတယ်။

2) Persuasive – make audience to accept

2 Types of Persuasive Writing in English Hype Think Education

Persuasive Essayဆိုတာကတော့ မြန်မာလို ကျိုးကြောင်းပြစာစီစာကုံးဘဲ ဖြစ်ပါတယ်။ Persuasive ရေးသားနည်းကတော့ Marketing ဆင်းတာနဲ့ ဆင်ဆင်တူပါတယ်။ 

ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို အကျိုးအကြောင်း ဆီလျော်ညီညွတ်အောင်၊ စာဖတ်သူ နားလည်လက်ခံလာ အောင် ရေးသားရမှာဘဲ ဖြစ်ပါတယ်။

3) Descriptive – Describe an image in your mind

3 Types of Descriptive Writing in English Hype Think Education

Descriptive Essayဆိုတာကတော့ မြန်မာလို သရုပ်ဖော်စာစီစာကုံးဘဲ ဖြစ်ပါတယ်။ ဒီရေးသားနည်းမှာ ဆိုရင်တော့ ကိုယ်သဘောကျတဲ့ နေရာဒေသတစ်ခုကို ပုံဖော်ရေးသားတာမျိုး၊ လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး သွင်ပြင်ပုံပန်း၊ အစားအစာ တစ်ခုခု (သို့မဟုတ်) Thingတစ်ခုခုရဲ့ အသေးစိတ်အချက်အလက်အကြောင်းအရာတို့ကို စကားလုံးလှလှလေးတွေနဲ့ အစွမ်းကုန်ပုံဖော်ရေးသားရမှာဘဲဖြစ်ပါတယ်

4) Expository or Argumentation – give a definition + explanation

4 Types of Argumentation Writing in English Hype Think Education

Expository Essayဆိုတာကတော့ မြန်မာလို ဖွင့်ဆိုရှင်းပြ စာစီစာကုံးဘဲ ဖြစ်ပါတယ်။ ရေးရမယ့် Topicဟာ အဆိုအချေ / အငြင်းအခုံ တစ်ခုခု (သို့) စကားပုံတစ်ခုခု ဖြစ်ရပါမယ်။ စာရေးသူက အထက်ပါ ခေါင်းစဉ်တစ်ခုခုနဲ့ ပတ်သတ်ပြီး မိမိရဲ့ အယူအဆနဲ့ရပ်တည်ချက်/ ထောက်ခံချက်တွေကို Exposingလုပ်ပေးရမှာဘဲ ဖြစ်ပါတယ်ခင်ဗျ။

Conclusion

စာရေးသူတစ်ယောက်အနေနဲ့ အဓိကသိထားရမှာက ကိုယ်က စာရေးတဲ့ အခါမှာ ရှုထောင့်တစ်ခုခုကို စာဖတ်သူလက်ခံလာအောင် လုပ်ချင်တာမျိုးလား? ၊ ဆိုရိုးတစ်ခုခုကို ကျိုးကြောင်းသင့် ရှင်းပြချင်တာမျိုးလား? ၊ ကိုယ့်ရဲ့ အတွေ့အကြုံတစ်ခုခုကို ပြောပြချင်တာမျိုးလား? ၊ တစ်ခုခုကြောင်း describeလုပ်ချင်တာမျိုးလား? စသဖြင့် သေသေချာချာ ခွဲခြားတတ်ရမှာဘဲ ဖြစ်ပါတယ်။

Content Writer by Minn Htet Hein 

Share your love : ❤️