“Active Learning နဲ့ Passive Learning မှာ ဘယ်သင်ကြားရေးနည်းစနစ်က ပိုထိရောက်လဲဆိုတာကို သိကြလား?”
ကိုယ့်ရဲ့သင်ယူမှုစွမ်းရည်တွေကို မြှင့်တင်ပြီး ပိုမိုထိရောက်စေဖို့ သင်ကြားရေးနည်းစနစ်တွေကို သေချာနားလည်ထားသင့်တာကြောင့် Hype Think Education ကနေ Active Learning နဲ့ Passive Learning ရဲ့ အဓိပ္ပာယ်၊ ကွာခြားချက်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
သင်ကြားရေးနည်းစနစ်တွေထဲမှာ Active Learning ဆိုတာ သင်ခန်းစာထဲမှာ ကျောင်းသားရဲ့ပါဝင်မှုကို အဓိကအလေးပေးထားတဲ့ “Learner Centered” ဖြစ်ပြီး
Passive Learning ဆိုတာ ဆရာမသင်ကြားပြောပြတာကို ကျောင်းသားက နားထောင်တဲ့ နည်းလမ်းကို အဓိကအလေးပေးထားတဲ့ “Teacher Centered” ဖြစ်ပါတယ်။
ဒီသင်ကြားရေးနည်းတွေကို နားလည်သိရှိထားမယ်ဆိုရင် ကိုယ့်ရဲ့သင်ယူမှုစွမ်းရည်ကိုသာမက Career Life မှာပါ ပိုမိုအသုံးချနိုင်မှာဖြစ်ပါတယ်။
အဲဒါကြောင့် Active Learning နဲ့ Passive Learning မှာ ရှိတဲ့ ကိုယ်ပိုင်အားသာချက် အားနည်းချက်တွေကို ပြိုင်တူယှဉ်ပြပြီး သုံးသပ်ကြည့်လိုက်ကြရအောင်။
[1] ကျောင်းသားတွေရဲ့ပါဝင်မှု
Active Learning မှာဆို ကျောင်းသားက ကိုယ်တိုင်ပါဝင်ဆွေးနွေးရပြီး သူတို့ရဲ့အတွေးတွေ ယုံကြည်မှုတွေကို ပွင့်လင်းမြင်သာစွာပြောဆိုခွင့်ရတာကြောင့် သူတို့ရဲ့ပြောဆိုဆက်ဆံရေးတွေ,“Critical Thinking”လို့ခေါ်တဲ့ ဝေဖန်ပိုင်းခြားပြောဆိုနိုင်စွမ်းတွေ တိုးတက်လာနိုင်မှာပါ။
ဒါပေမဲ့ Passive Learning မှာဆိုရင်တော့ ကျောင်းသားတွေဟာ သူတို့ရဲ့ အတွေးတွေ ယုံကြည်မှုတွေကို ထုတ်ဖော်မပြောဆိုကြဘဲ နားထောင်သူသက်သက်သာဖြစ်နေမှာပါ။
[2] သင်ကြားနည်းစနစ်
Active Learning ကကျောင်းသားတွေကိုအဖွဲ့လိုက်ဆွေးနွေးဆောင်ရွက်တာ၊တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ဆွေးနွေးတာ၊ဆရာမနဲ့ အပြန်အလှန် မေးခွန်းတွေထုတ်ပြီးဆွေးနွေးတာတွေ ပါဝင်တာကြောင့် သူတို့ရဲ့ “Communication Skill and Public Speaking Skill” တွေကို တိုးတက်စေပါတယ်။
Passive Learning မှာဆိုရင်တော့သင်ခန်းစာတွေကို ဖတ်ရတာတွေ၊ဆရာမသင်တာကိုပဲနားထောင်ရတာဖြစ်တာကြောင့် ကျောင်းသားတွေရဲ့ပါဝင်မှုဟာနည်းပါးသွားနိုင်ပါတယ်။ လက်တွေ့အသုံးချဖို့နဲ့နားလည်နိုင်မှုစွမ်းရည်ကိုလည်း တိုးတက်နိုင်ဖို့ ကန့်သတ်ချက်တွေရှိနေနိုင်ပါတယ်။
[3] အသုံးချနိုင်မှု
Active Learning မှာဆို သင်ခန်းစာတွေကို ကိုယ့်ရဲ့ Professional Life လက်တွေ့ ပိုမိုအသုံးချနိုင်မှာပါ။
- ကိုယ်ကစာသင်ကြားပေးနေတဲ့သူပဲဖြစ်ဖြစ် စာသင်နေတဲ့သူပဲဖြစ်ဖြစ် လေ့လာမှုကို ပိုမိုထိရောက်စေချင်ရင်တော့ Active Learning နည်းလမ်းတွေကို အသုံးချသင့်ပါတယ်။
Passive Learning မှာဆိုရင်တော့ သင်ခန်းစာတွေကို စာမေးပွဲမှာဘဲ အသုံးချနိုင်မှာပါ။
- Passive Learning ကို Active Learning နည်းလမ်းတွေနဲ့ ပေါင်းစပ်အသုံးပြုနိုင်မယ်ဆိုရင် အကောင်းဆုံး သင်ယူမှု ရလဒ်တွေရရှိနိုင်မှာဖြစ်ပါတယ်။
ဒီလိုမျိုးလူငယ်တွေအတွက်အကျိုးရှိပြီးအသုံးဝင်စေမဲ့ဗဟုသုတတွေကိုဆက်လက်မျှဝေသွားမှာမို့လို့ Hype Think Education ကို Follow လုပ်ပြီး စဉ်ဆက်မပြတ်စောင့်ကြည့်နေပါလို့ အမှာစကားပါးချင်ပါတယ်။
Content Writer Saw Yu Nwe
Graphic