ရည်မှန်းချက်ပန်းတိုင်ဆီကို တစိုက်မတ်မတ် လျှောက်လှမ်းဖို့ Motivation နဲ့ Discipline မှာ ဘယ်အရာက ပိုအရေးကြီးလဲ?
အခုဆိုရင် နှစ်ရဲ့ လေးပုံတစ်ပုံအချိန်က ကုန်ဆုံးသွားခဲ့ပါပြီ။ ခုနှစ်တိုင်းအတွက် ကိုယ်တိုင်ချမှတ်ထားတဲ့အောင်မြင်မှု၊ ပန်းတိုင်၊ ရလဒ်တွေကို အကောင်အထည်ဖော်တဲ့အခါ Motivation အပြည့်အဝ ရှိခဲ့ကြလိမ့်မယ်ထင်ပါတယ်။
နှစ်တစ်နှစ်ရဲ့အစ၊ လတစ်လရဲ့အစ အချိန်တွေမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ Goal တွေကို ချမှတ်တတ်ကြပေမဲ့ အချိန်ကြာလာတဲ့အခါ Motivation ဆိုတဲ့အရာက တဟုန်ထိုးထတောက်တတ်တဲ့ ကောက်ရိုးမီးလိုမျိုး တစ်ခဏအတွင်း ပြန်ငြိမ်းသွားစေနိုင်ပါတယ်။
ဒါဆို ကိုယ်ချမှတ်ထားတဲ့ Mission, Vision, Goal တွေကို အောင်မြင်သည်အထိ ဆောင်ရွက်ဖို့ ဘာကိုအဓိကလက်ကိုင်ထားသင့်လဲ?
အဖြေကတော့ Discipline ဆိုတဲ့ စည်းကမ်းရှိခြင်းပဲ ဖြစ်ပါတယ်။
- မျှော်မှန်းထားတဲ့ရလဒ်တွေအတွက် အလေးထား ဆောင်ရွက်သင့်တဲ့အရာတွေ၊
- နေ့စဉ်ဘဝမှာ ဘယ်လိုအလေ့အကျင့်ကောင်းတွေကို ပျိုးထောင်သင့်လဲ၊
- Daily Routine တွေ၊ Lifestyle တွေကို ပိုကောင်းအောင် ဘယ်လိုပြောင်းလဲသင့်လဲ စတဲ့ အချက်တွေကို စနစ်တကျ စီစဉ်ဆောင်ရွက်ပြီး စည်းကမ်း [Discipline] ရှိရှိ ပြုမူနေထိုင်သင့်ပါတယ်။
သတိမထားမိလောက်တဲ့ အလေ့အကျင့်ကောင်းတွေကနေ ကြီးမားတဲ့အောင်မြင်မှုရလဒ်ကို ရရှိစေတဲ့ သာဓကကောင်းတွေလည်း များစွာရှိပါတယ်။
ဒါကြောင့် အောင်မြင်မှုခရီးလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါ စိတ်အားထက်သန်မှု [Motivation] နဲ့ စတင်ပြီး တစိုက်မတ်မတ် ရှေ့ဆက်သွားနိုင်ဖို့ဆိုရင်တော့ စည်းကမ်းရှိမှု [Discipline] ရှိထားဖို့ လိုအပ်ကြောင်း အကြံပြုချင်ပါတယ်။
ဒါဆိုရင်တော့ Motivation နဲ့ Discipline ကို သေချာသိရှိပြီး ကောင်းမွန်စွာအသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်နော်။
Hype Think Education ကနေ လူငယ်တွေအတွက် အစဉ်တစိုက် မျှဝေလျက်ရှိတဲ့ Knowledge Sharing, Webinar, Event တွေနဲ့ အခြားသော စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်သွားရစေဖို့ Follow လုပ်ထားဖို့လည်း မမေ့နဲ့ဦးနော်။
Content Writer Nilar Win
Graphic