Hype Think Education မှ “Gold Sponsor” အဖြစ် ပါဝင်အားဖြည့်ပေးခဲ့သည့် Youth Space Project
August 4th, 2024 [ Sunday ] Mandalay တွင် ကျင်းပပြုလုပ်ခဲ့တဲ့ Youth Space Project ရဲ့ “လူငယ်ပေါင်းကူး” ဆိုတဲ့ စာပေစကားဝိုင်းမှာ ကျွန်တော်တို့ Hype Think Education [ Hype Community ] ကနေ Gold Sponsor အနေနဲ့ “Bookshelf” ပါဝင်လှုဒါန်းအားဖြည့်ပေးထားပါတယ်။
လူငယ်တွေရဲ့ စာပေစကားဝိုင်းတွေမှာ အဓိကအချက်အချာဖြစ်တဲ့ “Bookshelf” ကို Hype Think Education အနေနဲ့ လှုဒါန်းရတဲ့ ရည်ရွယ်ချက်ကတော့ လူငယ်တို့ရဲ့ ပညာရေးနဲ့ လှုမှုဘဝကို ပိုမိုတိုးတက်စေချင်တာကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင်ကိုမှ “လူငယ်ပေါင်းကူး” စာပေစကားဝိုင်းလေးမှာ ကျွန်တော်တို့ Hype Think Education ရဲ့ Founder ဖြစ်သူ Ko Aung T Tant မှလည်း Guest Speaker အဖြစ် “Success Story & An Inspirational Book” ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ~
- လူငယ်တွေ ဖတ်ရှုသင့်တဲ့ အကျိုးရှိသောစာအုပ်စာပေများအကြောင်း
- စာအုပ်စာပေဖတ်ခြင်းဖြင့် ပြောင်းလဲခဲ့သည့် ကိုယ်ပိုင် အတွေ့အကြုံများနှင့် ဖတ်ရှုခဲ့တဲ့ စာအုပ်တွေမှရရှိခဲ့တဲ့ပညာများကို လက်တွေ့မှာဘယ်လိုမျိုးပြန်လည်အသုံးခဲ့သလဲ စသည့်တို့ကို လူငယ်တို့အသိပညာ ဗဟုသုတတိုးစေရန် နှင့် အသုံးချနိုင်ရန်အတွက် မျှဝေပေးခဲ့ပါတယ်။
“Youth Space Project” ဟာဆိုရင် MYLP ရဲ့ Alumni တစ်ဦးဖြစ်သူမှ မန္တလေးမြို့ရှိ လူငယ်တွေအတွက် အထူးစီစဉ်ပေးတဲ့ပွဲဖြစ်ပြီး ဗဟုသုတရစရာအကြောင်းအရာတွေ နှင့် ပျော်စရာကောင်းတဲ့အစီအစဉ်တွေ အများကြီးပါဝင်ခဲ့တဲ့ Event ဖြစ်ခဲ့တာမို့ တက်ရောက်ခဲ့ကြတဲ့ လူငယ်တိုင်းအတွက် အလွန်အကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်။
နောက်ထပ်မှာလည်း Hype Think Education Community ကနေလည်း လူငယ်တွေအတွက် အကျိုးရှိမယ့် Online and On-ground ပွဲတွေ၊ Program တွေနဲ့ Workshop တွေမှာ ပါဝင်သွားဖို့ရှိတာမို့ စိတ်ပါဝင်စားတယ်ဆို Hype Think Education ကို Follow လုပ်ထားပြီး စောင့်ကြည့်ပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။