How to Develop Critical Thinking skills

လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့Critical Thinking Skillsကို ဘယ်လိုမြှင့်တင်မလဲ? Critical Thinking skillကို တိုးတက်လာစေမည့်နည်းလမ်းတွေက ဘာတွေဖြစ်မလည်း ဆိုတာကိုဖတ်ကြည့်လိုက်ကြစို့။
Share your love : ❤️

လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်း (Critical Thinking Skills )ကို ဘယ်လိုမြှင့်တင်မလဲ?

21st century skillsထဲကမှ တစ်ခုအပါအ၀င်ဖြစ်တဲ့ Critical Thinking Skillသည် လုပ်ငန်းခွင်ကဲ့သို့ န‌ယ်ပယ်များတွင် သာမက ပညာလေ့လာသင်ယူနေကြတဲ့ ကျောင်းသူ/သားများအတွက်ပါ အရေးပါတဲ့ skillတစ်ခုဖြစ်ပါတယ်။ 

Creativeဆန်ဆန် အတွေးအခေါ်တွေရှိစေဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်တတ်ဖို့နှင့် အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်ဖို့စတဲ့ skillတွေကို ပိုင်ဆိုင်ဖို့ရာအတွက် အရင်ဆုံး Critical Thinking Skillsကောင်း‌နေဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ Critical Thinking skillကို တိုးတက်လာစေမည့် နည်းလမ်းတွေက ဘာတွေဖြစ်မလည်း ဆိုတာကိုဖတ်ကြည့်လိုက်ကြစို့။

1) Form Your Own Opinions

1) Form Your Own Opinions Hype Think Education

လူတစ်ဦး တစ်ယောက်ချင်းစီတိုင်းမှာ ကိုယ်ပိုင်အတွေးအခေါ် နှင့် ခံယူချက်အသီးသီးစီ ရှိတာကြောင့် အခြားသူပြောသမျှကို အမှန်ဖြစ်လိမ့်မယ်လို့ ပုံ‌သေမှတ်ယူ မထားပါနဲ့။ အထူးသဖြင့် classroomထဲမှာ ဆရာမကနေ topicတစ်ခု‌ပေးပြီး အတန်းဖော်တွေနဲ့ Group discussionလုပ်ခိုင်းတဲ့အခါမျိုးမှာပေါ့။ Group discussionဆိုတဲ့အတိုင်း တစ်ယောက်ချင်းစီရဲ့ထင်မြင်ချက် အသီးသီးကို စဉ်းစားပြီးထုတ်ဖော်ပြောခိုင်းတာဖြစ်တဲ့အတွက် သူများပြောတာကိုပဲ ခေါင်းညိတ် လက်ခံနေမဲ့အစား ကိုယ့်ရဲ့ ideaက ဘယ်လိုမျိုးရှိတယ်ဆိုတာကို စဉ်းစားတွေးခေါ်ပြီးတော့ အတန်းဖော်များနှင့် အတူတူ ပါ၀င်ဆွေးနွေးသင့်ပါတယ်။

2) Research Deeper

2) Research Deeper Hype Think Education

ကိုယ်သိချင်တဲ့ ဘယ်အရာမဆို အွန်လိုင်းကနေ ရှာဖွေရလွယ်‌နေတဲ့ အခုလိုခေတ်ကာလကြီးထဲမှာ လူငယ်တစ်ယောက်အနေနဲ့ researchများများလုပ်သင့်ပါတယ်။ ဒါ့အပြင် ကိုယ့်သင်ယူလေ့လာနေတဲ့ ပညာရပ်တွေနဲ့ ပတ်သတ်ပြီး textbookတစ်ခုထဲကနေပဲ မှတ်သားသင်ယူနေတာမျိုးထက် အမြင်ပိုကျယ်လာအောင် အွန်လိုင်းကနေပါ ရှာဖွေ‌‌လေ့လာသင့်ပါတယ်။ Research Skillsကောင်းရင်ကောင်းသလို သိချင်တဲ့အကြောင်းအရာများကို ရှာဖွေနိုင်တဲ့အပြင် ဗဟုသုတများစွာကြွယ်၀‌စေနိုင်မဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

3) Identify the Problem

3) Identify the Problem Hype Think Education

ကျောင်းသူ/‌သားတွေပဲဖြစ်ဖြစ်၊ လုပ်ငန်းလုပ်ကိုင်သူပဲဖြစ်ဖြစ် ကိုယ်လုပ်နေရတဲ့ အလုပ်နဲ့ ပတ်သတ်ပြီး တစ်ခုခု လုပ်‌‌ ဆောင်တော့မယ်ဆိုရင် ပြဿနာတွေကို ကြိုတွေးပြီး စိုးရိမ်တာမျိုးထက် ဖြစ်လာတဲ့အခါမှသာ ထိုပြဿနာရဲ့ အဓိကအရင်းအမြစ်ကို ဖြတ်ထိုးဉာဏ်ရှိရှိနဲ့ “ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ?”ဆိုတာမျိုးကို ပိုပြီး စဉ်းစားသင့်ပါတယ်။ အခုလို စဉ်းစားဆုံးဖြတ်တဲ့အခါမှာလည်း ကိုယ့်ရဲ့ရူ့ထောင်အမြင် တစ်နေရာတည်းကနေ ကြည့်‌တာမျိုးထက် (other points of view)အခြားသူတစ်‌ယောက်ရဲ့ ရူထောင့်အမြင်နေရာကနေလည်း ကြည့်ပြီးတော့ ထည့်သွင်းစဉ်းစားပေးတတ်ဖို့လည်း အရေးကြီးပါတယ်။

4) Active Listening & Ask Questions

4) Active Listening & Ask Questions Hype Think Education

စာဖတ်သူတို့မြင်သာအောင်ပြောရရင် ဟောပြောပွဲ‌တွေမှာပေါ့။ Audienceတွေက speakerတွေပြော‌တာတစ်ခုကိုပဲ အာရုံစိုက်နားထောင်နေရမှာမဟုတ်ဘဲ သူတို့ အဓိကပေးချင်တဲ့ messageက ဘာတွေလည်းဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်အောင်လို့  ဦးနှောက်ကလည်း လိုက်တွေးခေါ်နေဖို့ လိုအပ်ပါတယ်။ အခုလို နားထောင်နေရင်းနဲ့ ကိုယ့်နားမလည်တဲ့အကြောင်းတစ်ခုခုပါသွားခဲ့ရင် (သို့) အဲ့အကြောင်းအရင်းနဲ့ပတ်သတ်ပြီး ထပ်ပြီးအသေးစိတ်သိချင်ရင် မေးခွန်း‌များမေးဖို့ကို မကြောက်သင့်ပါဘူး။ အခုလို စူးစမ်းလိုစိတ်ပြင်းပြပြီး မေးခွန်းများများ မေးတတ်တဲ့အကျင့်ကတော့ critical thinkerအများစုမှာရှိကြတဲ့ အကျင့်စရိုက်‌‌တစ်ခုပဲဖြစ်တာကြောင့် “သိချင်တာရှိရင် သတ္တိရှိရှိသာမေးပစ်လိုက်ပါ။”

5) Evaluate your mental process

5) Evaluate your mental process Hype Think Education

ကိုယ့်ရဲ့ စိတ်‌လေးဖျားနာမူမရှိဘဲ ကျန်းမာနေမှာသာ ဦးနှောက်ကလည်း ကောင်းစွာ အလုပ်လုပ်နိုင်မှာဖြစ်တာကြောင့် မိမိစိတ်ကိုလည်း ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ သုတသေနပညာရှင်တို့ရဲ့ ပြောကြားချက်အရဆိုရင် စိတ်ကျန််းမာနေဖို့ နှင့် စိတ်ဖိစီးမှုတွေကို လျှော့ချပစ်နိုင်ဖို့အတွက် အထိရောက်ဆုံး လုပ်ဆောင်ပေးနိုင်တဲ့နည်းလမ်း (၂)ခုရှိပါတယ်။ပထမဆုံးနည်းလမ်းက meditationလုပ်တာပဲ ဖြစ်ပါတယ်။ ဒုတိယနည်းလမ်းကတော့ စာအုပ်ဖတ်ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်း‌တွေနဲ့ပဲ စိတ်ဖိစီးမှုကို လျှော့ချလို့ရတယ်လို့လည်း မသတ်မှတ်ထားတဲ့အတွက် ကိုယ့်နှစ်သက်တဲ့အခြားအရာတွေလည်း လုပ်လို့ရပါတယ်‌နော်။

အရေးကြီးတာက စိတ်ပျော်ရွင်ကြည်လင်‌နေမှသာ ကိုယ့်အတွေးတွေက creativeဖြစ်ပြီး ဦးနှောက်ကလည်း ကောင်းကောင်းတွေးခေါ်တတ်မှာ ဖြစ်ပါတယ်။

Conclusion

အခုဆိုရင် ကိုယ့်ရဲ့Critical Thinking Skillsကို တိုးတက်လာအောင်မြှင်တင့်နိုင်မည့်နည်းလမ်းများထဲကမှ အထိရောက်ဆုံး နည်းလမ်း(၅)မျိုးကို Hype Think Educationမှ မျှဝေပေးပြီးသွားပြီးဆိုတော့ အားလုံးအတွက် အကျိုးရှိမယ်လို့လည်း ယုံကြည်ပါတယ်။

နောက်လည်း အခုလို လူငယ်တို့အတွက် အကျိုးရှိမည့် အကြောင်းအရာများစွာကို ဆက်လက်မျှဝေသွားမှာဖြစ်လို့ Hype Think Education pageကိုလည်း like and see firstလုပ်ထားဖို့တော့ လိုအပ်မယ်နော်

Content Writer by Hnin EiEi Phyo

Share your love : ❤️