အနာဂတ်ရဲ့ MC ကောင်းများဖြစ်လာဖို့ Hype Think Education မှ ပြုလုပ်ပေးခဲ့တဲ့ “ Internal MC Training”
Hype Think Education မှာ Volunteer အဖြစ်လုပ်ကိုင်နေကြသူတွေထဲကမှ MC လုပ်ဖို့ စိတ်အားထက်သန်တဲ့ Team Member တွေအတွက် Hype Community ကနေကျင်းပသွားမယ့် Event တွေမှာ Professional ဆန်ပြီး ကျွမ်းကျင်ပိုင်နိုင်တဲ့ MC တွေအဖြစ် လုပ်ဆောင်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ “ MC Training” ကို September 12, 2024 [Thursday] မှာ ပြုလုပ်ခဲ့ပါတယ်။

အခုလိုမျိုး MC Training မှာ Skill ကြွယ်တဲ့ MC တစ်ယောက်ဖြစ်ဖို့ သိထားရမယ့် အသိပညာတွေကို ကိုယ်တိုင်အတွေ့အကြုံတွေနဲ့တကွ အသေးစိတ်မျှဝေသွားခဲ့ပါသော Trainer ဖြစ်တဲ့ Ma Hnin EiEi Phyo ကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါတယ်။
MC အဖြစ်ပါဝင်လုပ်ကိုင်ချင်တဲ့ Department အသီးသီးမှ Team Member များကိုလည်း MC Training မှာ တက်တက်ကြွကြွနဲ့နားထောင်ပြီး တက်ရောက်ပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

ဒါကြောင့် MC Training က အားလုံးရဲ့ အမှတ်တရပုံရိပ်တွေနဲ့ မှတ်ချက်စကားသံများကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ MC Training ကိုတက်ရောက်ပြီးတော့ MC တွေမှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်စည်းကမ်းတွေ၊ ပရိသတ်ရှေ့မှောက်အပြင် Event တစ်ခုနောက်ကွယ်ကကိစ္စရပ်တွေမှာပါ MC တစ်ယောက်အနေနဲ့ အခြေအနေအလိုက် ကျွမ်းကျင်စွာကိုင်တွယ်ဖြေရှင်းတတ်စေမယ့် နည်းလမ်းတွေကို သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော်တို့ရဲ့ Hype Think Education ဟာဆိုရင် Department အသီးသီးမှာ Position အလိုက်ရှိထားရမယ့် Skill တွေအပြင် အခုလို Team Member များရဲ့ လိုအပ်ချက်အရ ဖြည့်ထားသင့်တဲ့ Skill တွေကိုပါ Professional အဆင့်ထိတိုင်အောင် Training များပေးလျက်ရှိတာပဲဖြစ်ပါတယ်။
နောက်ပိုင်းမှာလည်း Hype Think Education Community ကနေ Internal Team Member တွေအတွက် အခွင့်အလမ်းကောင်းတွေအပြင် လူငယ်တွေအတွက်အကျိုးရှိစေမယ့် အစီအစဉ်ကောင်းများစွာကို ပြုလုပ်ဖန်းတီးပေးသွားဦးမှာမို့ Volunteer Hiring Program တွေနဲ့ အခြားသောအခွင့်အရေးတွေကို လက်လွှတ်မခံရအောင် Like and Follow လုပ်ပြီး စောင့်မျှော်ပေးကြပါဦးနော်။
Content Writer May Chan Myae
Graphic Khine Wutt Hmone