“မြန်မာစာအရေးအသားတိုးတက်စေဖို့ Hype Think Education ကနေ Team Member တွေအတွက် ပြုလုပ်ပေးခဲ့တဲ့ “Myanmar Sar Writing” Internal Training”

Hype Think Education Community ကနေ Team Member များရဲ့ မြန်မာစာအရေးအသားတိုးတက်ရေးနဲ့ မြန်မာစာပေဆိုင်ရာ ဗဟုသုတများရရှိစေရန် “Myanmar Sar Writing” Internal Training ကို
- August 18, 2024 [Sunday]
- August 25, 2024 [Sunday] နဲ့
- September 1, 2024 [Sunday] တို့မှာ စီစဉ်ပြုလုပ်ပေးခဲ့ပါတယ်။
ဒီ Myanmar Sar Writing Internal Training [၃] ရက်တာမှာတော့ ‘ဆရာဇင်ရဲနောင်’ [ရန်ကုန်တက္ကသိုလ်] မှ မြန်မာစာ စာလုံးပေါင်းနှင့် အသုံးအနှုန်း၊ မြန်မာစာ အပြောနဲ့အရေး၊ မြန်မာစာအရေးအသားစတဲ့ ခေါင်းစဉ် [၃] ခုနဲ့အတူ Hype Think Education ရဲ့ Team Member များရဲ့ မြန်မာစာစွမ်းရည်များတိုးတက်ဖို့ အသေးစိတ်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။
- ‘စာပေမြင့်မှ လူမျိုးတင့်’ ဆိုတဲ့အတိုင်း “Myanmar Sar Writing” Internal Training မှာ ယနေ့ထိတိုင် မှားယွင်းနေတဲ့ မြန်မာစာပေအသုံးအနှုန်းတွေကို ပိုမိုသိမြင်လာပြီး မြန်မာစာပေကို အလေးအနက်ထားမှန်ကန်စွာ အသုံးပြုတတ်စေဖို့ အချိန်ပေးမျှဝေခဲ့တဲ့ ‘ဆရာဇင်ရဲနောင်’ [ရန်ကုန်တက္ကသိုလ်] ကိုလည်း လေးနက်စွာ ကျေးဇူးတင်ရှိအပ်ပါတယ်။
- အခုလို Hype Think Education က Team Member တွေအတွက် “Myanmar Sar Writing” Internal Training ကို အချိန်ပေးစီစဥ်ပေးတဲ့ Hype Think Education ရဲ့ HR Department က Team Member တွေကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။
- Myanmar Sar Writing Internal Training မှာ စိတ်ဝင်တစား တက်ရောက်နားထောင်ပေးခဲ့ကြတဲ့ Team Member တစ်ဦးချင်းစီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ တက်ရောက်ခဲ့ကြတဲ့ Team Member တွေလည်း မိမိဘာသာစကားကို ချစ်မြတ်နိုးလာပြီး မြန်မာစာပေအရေးအသားကို ဂရုတစိုက်ရေးသားလာတတ်မယ်လို့လည်း ယုံကြည်ပါတယ်။
ဒါ့အပြင် “Myanmar Sar Writing” Internal Training ကိုတက်ရောက်ခဲ့တဲ့ Team Member တို့ရဲ့ ရင်တွင်းမှတ်ချက်များကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Hype Think Education ကနေ လူငယ်တွေအတွက် အစီအစဉ်ကောင်းတွေကို ဖန်တီးပေးနေရုံသာမက အခုလိုမျိုး Internal Team Member တွေအတွက်လည်း မိမိသက်ဆိုင်ရာလုပ်ငန်းခွင်မှာ လိုအပ်တဲ့ Skill တွေအတွက် Training တွေကို ဖန်တီးပြုလုပ်ပေးလျက်ရှိပါတယ်။
ဒါကြောင့်မို့ လူငယ်တွေအတွက် အသိပညာရော၊ အတတ်ပညာပါရရှိမယ့် အခွင့်အရေးကောင်းတွေကို လက်လွတ်မခံရအောင် Hype Think Education Page ကို Like & Follow လုပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။
Content Writer Hnin Inzli
Graphic Nway Yamon Shin