Stress Reduction and Focus

Stressful ဖြစ်လွယ်တဲ့ လူငယ်တို့အတွက် စိတ်ပင်ပန်းနေချိန်နဲ့ စိတ်အားငယ်နေတဲ့အချိန်တွေကို ဘယ်လို Tip တွေနဲ့ကျော်ဖြတ်ပြီး Stay on Track ဖြစ်အောင်နေရမလဲဆိုတာကို ဆက်လက်ပြီး ပြောပြပေးသွားပါမယ်နော်
Share your love : ❤️

အခက်အခဲတွေနဲ့ကြုံတွေ့ရပါများလို့ စိတ်ဖိစီးမှုကို ခံစားနေရလား?

လူငယ်တစ်ယောက်ဖြစ်ရတာ၊ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ရတာဟာ တစ်ခါတစ်ရံမှာ ပျော်ရွှင်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေကြုံရပေမယ့် တစ်ခါတစ်လေမှာတော့ စိတ်ဖိစီးစရာတွေနဲ့ ရုန်းကန်နေရတတ်ပါတယ်။ အထူးသဖြင့် အနာဂတ်အတွက် သေချာတဲ့လမ်းကြောင်းတစ်ခုကို မရှာဖွေနိုင်သေးတာ၊ မှန်ကန်တဲ့ Career တစ်ခုကိုမရွေးချယ်နိုင်သေးတာအပြင် လက်ရှိလုပ်ကိုင်နေတဲ့ ကျောင်းကိစ္စ၊ အလုပ်ကိစ္စတွေမှာလဲ Stressful ဖြစ်စရာတွေ အနည်းနဲ့အများရှိနေပါတယ်။

အဲ့ဒီလို အခြေအနေမျိုး​တွေမှာဆိုရင် အလွယ်တကူ လက်မလျှော့လိုက်ဘဲ နောက်မဆုတ်ဘဲ Effective ဖြစ်တဲ့နည်းလမ်းတွေရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် Focus ပြန်လုပ်ပြီး Stress တွေကို လျှော့ချသင့်ပါတယ်။ Stressful ဖြစ်လွယ်တဲ့ လူငယ်တို့အတွက် စိတ်ပင်ပန်းနေချိန်နဲ့ စိတ်အားငယ်နေတဲ့အချိန်တွေကို ဘယ်လို Tip တွေနဲ့ကျော်ဖြတ်ပြီး Stay on Track ဖြစ်အောင်နေရမလဲဆိုတာကို ဆက်လက်ပြီး ပြောပြပေးသွားပါမယ်နော်

1 ) Take Breaks

1 ) Take break Tips Stress Reduction and Focus Hype Think Education

စာလုပ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ် အနားယူဖို့မမေ့ပါနဲ့။ ကိုယ်က Task တွေကို Break Time မထားဘဲ စုပုံလုပ်လိုက်တဲ့အခါမျိုးမှာ အချိန်ကြာလာရင်ဦးနှောက်ကဘာ Ideas မှ ထွက်မလာတော့တာမျိုးတွေ၊ ပုံမှန်ထက် ပိုပြီးပင်ပန်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့ အချိန်အတိုင်းအတာတစ်ခုထိ Task တွေ လုပ်ပြီးသွားရင် ကိုယ့်စိတ်ကို Relax ဖြစ်စေတဲ့အရာတွေ [ ဥပမာ ~ သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာ၊ ဇာတ်ကားကြည့်တာ၊ ပုံဆွဲတာ၊ Game ဆော့တာ ] အစရှိတာတွေပြုလုပ်ပြီး ကောင်းကောင်းအနားယူပါ။ အနားယူတာက ဦးနှောက်ကို Recharge ပြန်လုပ်ပေးသလိုဖြစ်ပြီး ကိုယ်ဆက်လုပ်ရမယ့် Task တွေမှာလည်း ပိုပြီး Focus ဖြစ်စေမှာပါ။

2 ) Discover Your Passion

2 ) Discover your Passion Tips Stress Reduction and Focus Hype Think Education

လမ်းကြောင်းပျောက်နေလို့ဆိုပြီး အဝေးကြီးကိုတွေးပြီး စိတ်ဖိစီးနေမယ့်အစား အခုလက်ရှိအခြေအနေမှာ ကိုယ်နဲ့ကိုက်ညီမယ့် Career တစ်ခုကို အရင်ရှာဖွေသင့်ပါတယ်။ ရှာမတွေ့လို့ စိတ်ဖိစီးနေတာက လမ်းကြောင်းတစ်ခုကိုအမှန်တကယ်မရှာဖွေနိုင်တဲ့အပြင် ပိုပြီးစိတ်ဓာတ်ကျလာစေမှာပါ။ တစ်ခုခုကိုလုပ်ရတာ ကိုယ်စိတ်ပျော်တယ်ဆိုရင် အဲ့ဒီအရာနဲ့ပတ်သက်တဲ့ Career Path တစ်ခုကို လုပ်ကိုင်ကြည့်ပါ။ ကိုယ် Passionate ဖြစ်တဲ့အရာတွေကို ရှာဖွေပြုလုပ်ခြင်းက စိတ်ကိုပျော်စေတဲ့အပြင် အလုပ်လုပ်ရတဲ့နေရာမှာလည်း သက်သောင့်သက်သာဖြစ်စေမှာပါ။

3 ) Learn to say “No”

3 ) Learn to say 'No' Tips Stress Reduction and Focus Hype Think Education

ကိုယ်ကိုယ်တိုင်က စိတ်ဓာတ်တွေကျနေတဲ့အချိန်၊ ပင်ပန်းနေတဲ့အချိန်မျိုးမှာ ကိုယ့်ဆီရောက်လာတဲ့ အကူအညီတောင်းခံမှုတွေကို တတ်နိုင်သမျှငြင်းပယ်လိုက်ပါ။ အရာရာတိုင်းကို “Yes” လို့ပြောလိုက်ခြင်းက ဦးဆောင်ကောင်းမှုတစ်ခုကိုမပြသနိုင်သလို ပင်ပန်းနေတဲ့စိတ်ကို ပိုပြီးပင်ပန်းစေတာပါ။ ကိုယ့်စိတ်က Normal Condition မှာရှိနေတဲ့အချိန်တွေမှာ တစ်ပါးသူရဲ့ကိစ္စရပ်တွေကူညီပေးရတာ၊ အကြံညဏ်တွေပေးရတာဟာ ပြဿနာမရှိပေမယ်လို့ ကိုယ်အရမ်းစိတ်ပင်ပန်းနေတဲ့အချိန် အားနာတဲ့စိတ်ကြောင့် လက်ခံကူညီပေးလိုက်ခြင်းက စိတ်ကိုနှစ်ဆ ပင်ပန်းစေပါတယ်။

4 ) Seek Support

4 ) Seek support Tips Stress Reduction and Focus Hype Think Education

ပုံမှန်အခြေအနေမျိုးမှာ အပေါင်းအသင်းမရှိတာ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ Keep in touch မဖြစ်တာကအဆင်ပြေပေမယ့် ကိုယ်အရမ်းစိတ်ပင်ပန်းလာတဲ့အခါ ဝမ်းနည်းလာတဲ့အချိန်တွေမှာတော့ အနည်းဆုံးသူငယ်ချင်းမိတ်တွေကောင်းတစ်ယောက်အနားမှာရှိနေဖို့လိုအပ်ပါတယ်။ စိတ်ပင်ပန်းလာရင် သူငယ်ချင်းတွေနဲ့ Hang out လုပ်တာမျိုး၊ Goal တွေအကြောင်းပြောပြကြတာမျိုး၊ ရင်ဖွင့်တိုင်ပင်တာတွေ လုပ်ကြည့်ပါ။

5 ) Keep Learning

5 ) Keep learning Tips Stress Reduction and Focus Hype Think Education

ကိုယ့်ကိုယ်ကိုယ် ဘာမှဖြစ်မြောက်အောင် မလုပ်နိုင်သေးဘူးဆိုပြီး လေ့လာလက်စအရာတွေ၊ လေ့လာဖို့စီစဉ်ထားတဲ့အရာ​တွေကိုမရပ်တန့်လိုက်ပါနဲ့။ ဘဝမှာအခွင့်အခါကောင်းက တစ်ကြိမ်တစ်ခါတော့ လူတိုင်းစီကိုရောက်လာမှာပါ။ တစ်ယောက်နဲ့တစ်ယောက် ရောက်လာတဲ့အချိန်မတူညီတာကြောင့် အခုချိန်မှာကိုယ့်ထက်သာနေတဲ့သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် compare မလုပ်မိပါစေနဲ့။ သူများနဲ့နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် Judge လုပ်ခြင်းက အခြားသူကကိုယ့်ကို Judge လုပ်တာထက်ပိုပြီး စိတ်ဓာတ်ကျစေပါတယ်။ ဒါကြောင့် Self Love ထားရှိပြီး သူများနဲ့နှိုင်းယှဉ်ပြီးဝမ်းနည်းနေမယ့်အစား ကိုယ်လေ့လာနေတဲ့အရာတွေကိုမရပ်တန့်ဘဲ ဆက်ပြီးကြိုးစားလေ့လာပါ။

Conclusion

Quotes from Well-known Books

Stress တွေကို ဖြေဖျောက်တဲ့နေရာမှာ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ရည်ရွယ်တဲ့ Quote တွေကို ဆက်ပြီးပြောပြရင်း လူငယ်တွေအနေနဲ့ဘဝကို အကောင်းဆုံးရင်ဆိုင်ဖြတ်သန်းနိုင်ကြဖို့ Hype Think Education ကနေ ဆုတောင်းပေးလိုက်ပါတယ်။

“The road goes ever on and on”
(“The Hobbit” by J.R.R. Tolkien)

အဓိပ္ပာယ်ကတော့ ဘဝဆိုတာက Up and Down တွေအများကြီးရှိတဲ့ခရီးတစ်ခုဖြစ်ပါတယ်။ အခက်အခဲတွေကြောင့် Stress ဖြစ်နေမယ့်အစား ရှေ့ကိုကြိုးစားပြီးဆက်လျှောက်လှမ်းလိုက်မယ်ဆိုရင် လမ်းတစ်ခုကို ရှာတွေ့မှာပါ။

“Imagination is the only weapon in the war against reality “
(“Alice’s Adventures in Wonderland” by Lewis Carroll)

ဒီ Quote ကတော့ ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းတွေ၊ တီထွင်ဖန်တီးမှုတွေက ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့၊ စိတ်ဖိစီးမှူတွေကရုန်းထွက်နိုင်တဲ့ Tool တွေလို့ဆိုလိုချင်တာပဲဖြစ်ပါတယ်။

Content Writer May Phue Ko

Graphic Designer Wathone Oo

Share your love : ❤️