Introduction
Hello everyone, Hype Think Education ရဲ့ sharing session ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ အနောက်နိုင်ငံတွေရဲ့ ကျေးဇူးတော်နေ့အနေနဲ့ကျင်းပကြတဲ့ Thanksgiving Day နဲ့ ပတ်သတ်ပြီး လွယ်လွယ်ကူကူ အသုံးပြုနိုင်တဲ့ Idiom တစ်ချို့ကို စကားလုံး၏အဓိပ္ပါယ်အပြင် example စာကြောင်းတွေနဲ့တကွ မျှဝေပေးသွားမှာ ဖြစ်လို့ ပုံတစ်ပုံချင်းစီမှာ လေ့လာနိုင်ပါတယ်နော်။
- Talk Turkey
- (As) easy as pie
- To go cold Turkey
- Have butterfingers
- Gobble something down
- To be stuffed
- Count your blessings
1) Talk Turkey

တစ်စုံတစ်ခုနဲ့ ပတ်သတ်ပြီး အလေးအနက်ပြောတယ်လို့ ပြောချင်တဲ့အခါမှာ အသုံးပြုလို့ရပါတယ်။ American စုံထောက်ကားတွေ ကြည့်တဲ့သူတွေဆို မကြာခဏကြားဖူးကြမှာပါ။
Eg. I hope everyone comes to the meeting to talk turkey.
2) (As) easy as pie

A piece of cakeလိုဘဲ တစ်စုံတစ်ခုက ကိုယ့်အတွက်တအားလွယ်ကူတယ်လို့ ပြောချင်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။
Eg. This week’s Maths exam is as easy as pie for me.
3) To go cold Turkey

ကိုယ့်မှာရှိတဲ့ အကျင့်ဆိုးတွေကို ချက်ချင်းဖြတ်လိုက်တယ်လို့ ပြောချင်တဲ့အခါမှာ အသုံးပြုပါတယ်။
Eg. I quit smoking cold turkey last year.
4) Have butterfingers

တစ်စုံတစ်ယောက်က နမော်နမဲ့နိုင်တယ်လို့ ပြောချင်တဲ့အခါမှာ အသုံးပြုပါတယ်။
Eg. I have butterfingers. I dropped my mom’s favorite vase and got scolded.
5) Gobble something down

အစားစားရင် အမြန်စားတယ်လို့ ပြောချင်တဲ့အခါမှာ အသုံးပြုပါတယ်။
Eg. We gobble down our breakfast in seconds because we’re late for school.
6) To be stuffed

အစားတွေအများကြီးစားပြီး ဗိုက်ပြည့်နေတယ်လို့ ပြောချင်တဲ့အခါ သုံးလို့ရပါတယ်။
Eg. I’m stuffed! I can’t eat anymore!
7) Count your blessings

မကောင်းတဲ့အရာတွေဖြစ်လာတဲ့အခါ စိတ်ညစ်မနေဘဲ ကိုယ့်မှာရှိနေတဲ့အရာတွေကို ကျေးဇူးတင်သင့်တယ်လို့ပြောချင်တဲ့အခါ အသုံးပြုနိုင်ပါတယ်။
Eg. You should count your blessings even if you face many difficulties.
Conclusion
ဒီနေ့မှာတော့ Thanksgiving နှင့် ပတ်သတ်တဲ့ Idiom တချို့ကို အဓိပ္ပါယ်ရော ၊ example စာကြောင်းတွေနဲ့ပါ အသုံးပြုပုံတွေကို ပြောပြပေးခဲ့တာမို့ ကိုယ်ကိုတိုင်လည်း ကိုယ်ပိုင် example စာကြောင်းလေးတွေ ဖန်တီးပြီး သုံးကြည့်ကြပါနော်
နောက်လည်း English နှင့် ပတ်သတ်တဲ့ အသုံးဝင်စေမည့်အကြောင်းအရာများကို ထပ်မံမျှဝေပေးသွားဦးမှာမို့ Hype Think Education နဲ့ တူတူလေ့လာကြဖို့ မမေ့ကြပါနဲ့နော်
Content Writer by Chit Thae Nu