The Art of Effectively Applying Skills Acquired from Webinars

"Event, Workshop, Webinar တွေကနေ တက်ရောက်ပြီးရရှိတဲ့ အသိပညာတွေကို ထိရောက်စွာ အသုံးချခြင်းအနုပညာ" စာကို အဆုံးထိဖတ်ပြီးရင်တော့ "ပွဲတွေကို တက်ရောက်ပေမယ့် ဒုံရင်းကဒုံရင်းပဲ" ဆိုတဲ့ အတွေးတွေတွေက ၂၀၂၃ ခုနှစ်မှာကျန်ခဲ့ပြီး လာမယ့်နှစ်သစ်ကစလို့ ထပ်ပြီး ရှိလာတော့မှာ မဟုတ်ဘူးဆိုတာ အသေအချာပါပဲနော်။
Share your love : ❤️

“Event, Workshop, Webinar တွေကနေ တက်ရောက်ပြီးရရှိတဲ့ အသိပညာတွေကို ထိရောက်စွာ အသုံးချခြင်းအနုပညာ”

Webinar, Workshop, Event စတဲ့ ပွဲတွေကို တက်ရောက်ပြီး Productivity တွေ မြင့်လာပေမယ့် ရက်အနည်းငယ်အတွင်းမှာပဲ နဂိုမူလအခြေအနေကို ပြန်ရောက်သွားတတ်တဲ့ အဖြစ်အပျက်တွေကို ၂၀၂၃ ခုနှစ်မှာ ဒီစာကို ဖတ်ပြီးတာနဲ့ အပြီးတိုင်ချန်ထားခဲ့လိုက်ပါတော့။

အခုခေတ်မှာဆိုရင် Hype Think Education အပါအဝင် တခြားသော လူငယ်အဖွဲ့အစည်းတော်တော်များများကနေ အသိပညာတွေမျှဝေပေးတဲ့ Free Webinar တွေ၊ Skill Development တွေအတွက် Free Workshop တွေစတဲ့ ပွဲပေါင်းများစွာကို ပြုလုပ်ပေးလာကြသလို တိုးတက်ချင်တဲ့ လူငယ်တွေကလည်း ယခုလို အကျိုးရှိစေတဲ့ ပွဲတွေကို တက်တက်ကြွကြွနဲ့ ပါဝင်တက်ရောက်လာကြပါတယ်။

ဒီလိုမျိုးအလေ့အထတစ်ခုရှိလာတာ ကျွန်တော်တို့ လူငယ်တွေအချင်းချင်း သိုက်သိုက်ဝန်းဝန်းနဲ့ စည်းလုံးမှုရှိလာကြတာမို့လို့ ကောင်းတဲ့ အလေ့အထတစ်ခုပါပဲနော်။

လူငယ်တွေအနေနဲ့ Event, Workshop, Webinar ပွဲတွေကနေရရှိတဲ့ အသိပညာတွေကို လက်တွေ့ဘဝမှာ အမှန်တကယ် အသုံးချနိုင်ဖို့ကိုလည်း အလေးထားကြဖို့လိုပါတယ်နော်!

ပွဲတွေတက်ရောက်ပြီး ရရှိလာတဲ့ ခဏတာ Motivation တွေကြောင့် အလုပ်တွေ ထလုပ်လိုက်၊ တစ်ရက်၊နှစ်ရက်နေရင် ကိုယ့်ရဲ့အရင်ဖြတ်သန်းလျက်ရှိတဲ့ ပုံမှန် နေ့စဉ်ဘဝကို ပြန်ရောက်သွားလိုက်နဲ့ ဒီလို Cycle ထဲမှာပဲ သံသရာလည်နေရင်တော့ ပွဲတွေတက်ရောက်ပေမယ့်လည်း တိုးတက်မှု မရှိလာသလို ဖြစ်နေတော့မှာပါပဲ။

ဒါပေမယ့် ဒီလိုဖြစ်တတ်တာက ပုံမှန်ဖြစ်ကြောင်းနဲ့ စိတ်ဓာတ်မကျဖို့ ပြောချင်ပါတယ်။ ဒါ့အပြင် ဒီနေ့ Hype Think Education ကနေ လူငယ်တို့အတွက် ‌ဒီလိုကောက်ရိုးမီးလိုဖြစ်တတ်တဲ့အကျင့်တွေကို ၂၀၂၃ ခုနှစ်မှာချန်ထားခဲ့ပြီး လာမယ့်နှစ်သစ် ၂၀၂၄ ခုနှစ်ကစလို့ ပွဲတွေကနေရခဲ့တဲ့ အသိပညာဗဟုသုတတွေကို ရေရှည်အသုံးချကျင့်သုံးသွားနိုင်ဖို့ Tip and Trick တွေကို မျှဝေပေးသွားဦးမှာပါ။

ဒါကြောင့် အထက်မှာပြောပြခဲ့တဲ့ အခက်အခဲတွေကနေ ရုန်းထွက်ချင်တယ်ဆိုရင်တော့ ပေးထားတဲ့ ပုံတစ်ပုံချင်းစီမှာ ‌ဖြေရှင်းဖို့နည်းလမ်းတွေကို ဝင်ရောက်ဖတ်ရှုကြည့်လိုက်ပါဦးနော်။

စာကို အဆုံးထိဖတ်ပြီးရင်တော့ “ပွဲတွေကို တက်ရောက်ပေမယ့် ဒုံရင်းကဒုံရင်းပဲ” ဆိုတဲ့ အတွေးတွေတွေက ၂၀၂၃ ခုနှစ်မှာကျန်ခဲ့ပြီး လာမယ့်နှစ်သစ်ကစလို့ ထပ်ပြီး ရှိလာတော့မှာ မဟုတ်ဘူးဆိုတာ အသေအချာပါပဲနော်။

Tip [1] : ကိုယ်တကယ်စိတ်ဝင်စားတဲ့ ပွဲတွေကိုသာ တက်ရောက်ပါ။

1) Celebrate Interesting Events The Art of Effectively Utilizing the Knowledge Gained from Events, Workshops, and Webinars Hype Think Education
  • ပွဲတိုင်းကို တက်ရောက်ပြီး လက်တွေ့အသုံးမချရင်လည်း ဘာမှထူးလာမှာ မဟုတ်ပါဘူးနော်။
  • ဒါကြောင့် အစတည်းက ကိုယ်လေ့လာနေတဲ့ နယ်ပယ်နဲ့သက်ဆိုင်တဲ့၊ ကိုယ်တကယ်သင်ယူချင်တဲ့ ပွဲမျိုးကိုသာ ရွေးချယ်တက်ရောက်ဖို့ အကြံပေးချင်ပါတယ်။
  • ဒါမှပဲ တက်ရောက်ပြီးတဲ့အခါမှာလည်း ကိုယ့်အတွက်အသုံးဝင်တဲ့ Skill တွေကို လက်တွေ့အသုံးချဖို့ အချိန်မဆွဲမိမှာပဲဖြစ်ပါတယ်။

Tip [2] : ပွဲတွေတက်ရောက်နေစဉ်အတွင်း ထိရောက်တဲ့ Note တွေထုတ်ရေးပါ။

2) Write notes The Art of Effectively Utilizing the Knowledge Gained from Events, Workshops, and Webinars Hype Think Education
  • ပွဲတွေတက်ရောက်တဲ့အခါမှာ Speaker တွေကပြောတာကို နားထောင်နေရုံနဲ့တင်မပြီးပါဘူးနော်။
  • Speaker မျှဝေနေတဲ့အချိန်မှာ မှတ်သားစရာအကြောင်းအရာတွေ၊ အသုံးဝင်မယ့် မှတ်ချက်တွေသိရတဲ့အခါ Note ချရေးမှတ်ထားတာက နောက်ပိုင်းမှာပြန်ကြည့်တဲ့အခါ ရှင်းရှင်းလင်းလင်းနဲ့ လိုရင်းကိုသိရှိနိုင်ပြီး ကိုယ်ဘာဆက်လုပ်ရမလဲဆိုတာကိုလည်း တစ်ခါတည်းသိသွားနိုင်ပါတယ်။
  • ဒါကြောင့် ကိုယ်ရခဲ့သမျှအသိပညာတွေကို Notebook ထဲမှာ ချရေးထားဖို့လည်းမမေ့ပါနဲ့နော်။

Tip [3] : Q and A နဲ့ Discussion အစီအစဉ်တွေမှာ တက်ကြွစွာပါဝင်ပါ။

3) Q&A Discussion The Art of Effectively Utilizing the Knowledge Gained from Events, Workshops, and Webinars Hype Think Education
  • ပွဲတွေရဲ့ အဆုံးပိုင်းမှာပြုလုပ်တဲ့ ‌အမေးအဖြေအစီအစဉ်တွေမှာ သိပ်ပြီးမရှင်းတဲ့အရာတွေ၊ ဒါမှမဟုတ် ကိုယ်ထပ်ပြီးသိချင်သေးတဲ့ အကြောင်းအရာတွေကို မေးမြန်းကြည့်ပါနော်။
  • Discussion အစီအစဉ်တွေပြုလုပ်တဲ့ အချိန်မှာလည်း အချင်းချင်းအတွေ့အကြုံတွေ၊ အမြင်တွေကိုဖလှယ်ပြီး Networking ပြုလုပ်ပါ။
  • ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်လေ့လာလိုက်တဲ့အကြောင်းအရာနဲ့ ပတ်သက်လို့ ပိုပြီးထဲထဲဝင်ဝင်သိသွားနိုင်သလို ကိုယ်နဲ့ရည်ရွယ်ချက်တူညီတဲ့ အသိုင်းအဝိုင်းထဲကို ရောက်သွားတာကြောင့် စိတ်ဝင်စားမှုတွေလည်း ပိုမိုမြင့်တက်လာစေမှာဖြစ်ပါတယ်။

Tip [4] : Goal တွေချမှတ်ပါ။

4) Goal settings The Art of Effectively Utilizing the Knowledge Gained from Events, Workshops, and Webinars Hype Think Education
  • ကိုယ့်အတွက် အကျိုးရှိစေမယ့် ပွဲတစ်ခုကနေ ရရှိလာတဲ့အသိပညာတွေကို အသုံးချတော့မယ်ဆိုရင် Goal တွေ သတ်မှတ်ပြီးလုပ်ဆောင်တာဟာ ‌Motivation မရှိတာ၊ လမ်းပျောက်တာတွေကို ဖြစ်စေတော့မှာမဟုတ်ပါဘူး။
  • ဒါပေမယ့်လည်း ကိုယ့်အတွက် အရမ်းခက်လွန်းတဲ့ Goal တွေထားမယ်ဆိုရင်လည်း Motivation မရဘဲ စိုးရိမ်စိတ်တွေတိုးလာစေတတ်တာမို့လို့ မလွယ်လွန်း၊ မခက်လွန်းဘဲနဲ့ Realistic ဖြစ်တဲ့ Goal တွေကို ချမှတ်ပြီး လုပ်ဆောင်ကြည့်ပါနော်။

Tip [5] : တစ်နေ့တာ အစီအစဉ်တွေကို ပုံမှန်ချမှတ်ပါ။

5) The Art of Effectively Utilizing the Knowledge Gained from Events, Workshops, and Webinars Hype Think Education
  • Goal တွေ ချမှတ်ပြီး လက်တွေ့လုပ်မယ့် Plan ရှိမထားရင်လည်း ပွဲတွေတက်ရောက်ခြင်းရဲ့ အကျိုးကျေးဇူးကို ခံစားရမှာမဟုတ်ပါဘူးနော်။
  • ဒါကြောင့် Goal တွေ ချမှတ်ခဲ့သလိုဘဲ ကိုယ့်အတွက် Realistic ဖြစ်တဲ့ Task တွေကို Plan ချပြီးလုပ်ဆောင်တာ၊ နေ့စဉ် To-do-list နဲ့အတူ အလုပ်တွေ ပြီးမြောက်ဖို့ ဆောင်ရွက်တာတွေ ပြုလုပ်သင့်ပါတယ်နော်။

Tip [6] : ပွဲကို အတူတက်ရောက်ခဲ့တဲ့ Participant တွေနဲ့ အတူလုပ်ဆောင်ကြည့်ပါ။

6) Connect Participation The Art of Effectively Utilizing the Knowledge Gained from Events, Workshops, and Webinars Hype Think Education
  • Study Partner တွေနဲ့ အတူတူစာလုပ်ကြသလိုပဲ ကိုယ်နဲ့အတူ ပွဲတွေကိုတက်ရောက်ခဲ့တဲ့သူတွေ အတူတူ Task တွေကို လုပ်ဆောင်တာက အချင်းချင်းကြားမှာ Bond တစ်ခုတိုးလာစေပြီး ရှေ့ဆက်ဖို့ Motivation တွေလည်းရစေတာမို့ Goal တွေ အတူတကွချမှတ်ပြီး Try ကြည့်လိုက်ပါနော်။
  • ကိုယ့်မှာ ပွဲကိုအတူတက်ခဲ့တဲ့ သူငယ်ချင်းမရှိရင်တောင်မှ ပွဲတက်‌ရောက်ရင်း သိခဲ့ရတဲ့သူတွေနဲ့အတူ လုပ်ဆောင်လို့ရသေးတာမို့လို့ Networking Skill ကိုလည်း မြင့်လာစေဦးမှာဖြစ်ပါတယ်။

Tip [7] : ကိုယ့်ရဲ့ Productivity ကိုလျော့ကျစေတဲ့ အနှောင့်အယှက်တွေကို ဖယ်ထုတ်ပါ။

7) Productivity The Art of Effectively Utilizing the Knowledge Gained from Events, Workshops, and Webinars Hype Think Education
  • တစ်ခါတစ်လေမှာ ကိုယ်က Motivation အပြည့်နဲ့ အလုပ်တစ်ခုခုကိုစလုပ်လိုက်ပေမယ့် အချို့သောအနှောင့်အယှက်တွေကြောင့် အချိန်ကြာကြာမလုပ်နိုင်တာ၊ အာရုံမစိုက်နိုင်တာတွေဖြစ်ပြီး ရပ်တန့်သွားတတ်ပါတယ်။
  • ဒါတွေက အိပ်ချိန်မမှန်တာ၊ ခန္ဓာကိုယ်ကို လေးလံထိုင်းမှိုင်းစေတဲ့အစားအစာတွေကို အစားများတာ၊ Screen Time များတာ၊ Social Media အသုံးများတာစတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်တတ်ပါတယ်။
  • ဒါ‌ပေမယ့် လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်တာကြောင့် ကိုယ့်ရဲ့ Productivity ကိုလျော့ကျစေတဲ့ အနှောင့်အယှက်တွေကဘာတွေလဲဆိုတာရှာဖွေပြီး ကိုင်တွယ်ဖြေရှင်းဖို့ အကြံပြုလိုပါတယ်နော်။

Tip [8] : ကိုယ့်ရဲ့ Progress ကို မကြာခဏ Reflect လုပ်ပါ။

8) Progress and Reflect The Art of Effectively Utilizing the Knowledge Gained from Events, Workshops, and Webinars Hype Think Education
  • အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေကို အသုံးချပြီးလုပ်ဆောင်ပြီးရင်တော့ ကိုယ်လုပ်နေတဲ့အရာတွေက တကယ်ပဲထိရောက်ရဲ့လား?၊ တိုးတက်လာရဲ့လား? ဆိုတာကို မကြာခဏ Reflect ပြန်လုပ်ဖို့လိုပါတယ်နော်။
  • ဒီလို Reflect လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ အမှန်တကယ်တိုးတက်လာတဲ့အပိုင်းတွေနဲ့ တိုးတက်ဖို့ လိုအပ်နေသေးတဲ့အပိုင်းတွေကို သိရှိလာနိုင်ပါတယ်။
  • ဒါကြောင့် ကိုယ့်ရဲ့ Routine ကို ပြုပြင်တာ၊ ပိုပြီးထိရောက်တဲ့ Plan တွေချမှတ်တာတွေကို ပြုလုပ်နိုင်ပြီး Goal တွေကိုမြန်မြန်ပြည့်နိုင်ဖို့ ဖန်တီးလာနိုင်မှာပဲဖြစ်ပါတယ်နော်။

အားလုံးပဲ ၂၀၂၄ တစ်နှစ်လုံး Productivity အပြည့်နဲ့ အလုပ်တွေပြီးမြောက်နိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးရင်းနဲ့ အဆုံးသတ်လိုက်ပါတယ်။

နောက်ပိုင်းမှာလည်း Hype Think Education ကနေ ‌လူငယ်တွေအတွက်အကျိုးရှိစေမယ့် အသစ်အသစ်သောအကြောင်းအရာတွေကို ဆက်လက်မျှဝေသွားဖို့ရှိတာမို့ Page ကို Like and Follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

Content Writer May Chan Myae

Graphic Wathone Oo

Share your love : ❤️