Personal Grooming ရဲ့ Timelines Icon တွေလို့သတ်မှတ်ခံထားရသူ [၅] ဦး
ကိုယ့်ရဲ့နေ့စဉ်ဘဝမှာပြီးပြည့်စုံတဲ့သူတစ်ယောက်အနေနဲ့ ဖြတ်သန်းနိုင်ဖို့ Personal Grooming ကောင်းမွန်ဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်နော်။ ဒါကြောင့် ဒီနေ့မှာတော့ Personal Grooming က အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ဘာကြောင့်လိုအပ်တာလဲဆိုတာကို ပြသပေးမယ့် Personal Grooming ရဲ့ Icon တွေလို့ သတ်မှတ်ခံထားရတဲ့ နာမည်ကြီးပုဂ္ဂိုလ်တချို့ရဲ့ အကြောင်းကိုမျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။
Inspire ဖြစ်ရမယ့် အောင်မြင်ကျော်ကြားတဲ့သူတွေက ဘယ်သူတွေဖြစ်မလဲဆိုတာကို ဆက်လက်ပြီး ဖတ်ရှုလိုက်ကြရအောင်နော်။
Coco Chanel – The Epitome of Timeless Elegance

Fashion Design ပိုင်းမှာ နာမည်ကြီးအောင်မြင်ကျော်ကြားတဲ့ Coco Chanel ကိုတော့ အားလုံးကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ သူမကတော့ အမျိုးသမီးတွေအတွက် ရိုးရှင်းပြီး သက်တောင့်သက်သာဖြစ်တဲ့ အဝတ်အစားတွေကို ကိုယ်တိုင်ဖန်တီးခဲ့ရာမှ အောင်မြင်မှုရရှိလာသူတစ်ဦးပါ။ သူမရဲ့ Iconic လို့ပြောလို့ရတဲ့ Bob Hairstyle, သူမရဲ့ Trademark ဖြစ်တဲ့ ပုလဲလုံးတွေနဲ့ အမည်းရောင်ဝတ်စုံတွေက ခေတ်မီပြီး Inspired ဖြစ်စေတဲ့ Personal Grooming ကို ပြသလျက်ရှိပါတယ်။
David Beckham – Redefining Masculine Grooming

Football Field မှာ အရမ်းနာမည်ကြီးပြီးအောင်မြင်သူတစ်ယောက်ဖြစ်တဲ့ David Beckham ကလည်း အားလုံးနဲ့ စိမ်းနေမယ်မထင်ပါဘူးနော်။ သူကတော့ Global Style Icon တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့အထိ Masculine Grooming အပိုင်းမှာ လွှမ်းမိုးမှုရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Casual and Formal Style တွေဟာဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ယောကျာ်းလေးတွေ အများစုကြိုက်နှစ်သက်ကြပြီး Trendsetter တစ်ဦးလို့ခေါ်ဆိုကြတဲ့အထိ Inspired ဖြစ်စေတာပဲ ဖြစ်ပါတယ်။
Ryan Reynolds – Modern Gentleman’s Grooming Guru

Charismatic Personality ရှိသူတစ်ဦးအဖြစ် နာမည်ကြီးတဲ့ Ryan ဟာဆိုရင်သူ့ရဲ့ Impeccable Grooming ကြောင့် Modern Gentleman အဖြစ်သတ်မှတ်ခံထားရသူတစ်ဦးပဲ ဖြစ်ပါတယ်။ ခေတ်မီဆန်းသစ်တဲ့ Fashion Style တွေနဲ့အတူ အောင်မြင်ကျော်ကြားသူတစ်ဦးရဲ့ Personal Grooming ကို မြှင့်တင်ခဲ့သူတစ်ဦးလည်းဖြစ်ပါသေးတယ်။
Audrey Hepburn – Grace Personified

Audrey ဟာဆိုရင် သူမရဲ့ ကျက်သရေရှိတဲ့အမူအရာတွေနဲ့ Classic ဖြစ်တဲ့ အလှအပတို့ကြောင့် “Elegance” သင်္ကေတတစ်ခုအဖြစ် တင်စားခြင်းခံထားရသူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ Signature ဖြစ်တဲ့ Pixie Haircut, Cat-Eye Sunglasses တွေနဲ့အတူ Minimalist ဖြစ်တဲ့ သူမရဲ့ Wardrobe တို့ဟာဆိုရင် ရိုးရှင်းတဲ့အရာတွေနဲ့လည်း ခေတ်မီဆန်းပြားအောင်နေထိုင်လို့ရနိုင်ကြောင်း အမျိုးသမီးထုအဆက်ဆက်အပေါ်မှာ လွှမ်းမိုးမှုရှိလို့နေပါတယ်။
Michelle Obama – A Symbol of Power and Grace

Former First Lady တစ်ဦးဖြစ်တဲ့ Michelle Obama ဟာဆိုရင်လည်း အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးတစ်ဦးပဲဖြစ်ပါတယ်။ သူမကတော့ Politic နယ်ပယ်မှာသာမကဘဲ Personal Grooming အပိုင်းမှာလည်း လွှမ်းမိုးမှုရှိသူပဲဖြစ်ပါတယ်။ သူမရဲ့ Fashion Sense တွေ၊ Radiant ဖြစ်တဲ့အပြုံး နဲ့ Elegant Hairstyle တွေကြောင့်ကျော်ကြားတဲ့အပြင် သူမဟာ Personal Grooming က ကိုယ့်ရဲ့ Confidence, Intelligence, and Grace တို့ကို Reflect လုပ်နိုင်ကြောင်း ပြသခဲ့တာပဲဖြစ်ပါတယ်။
Content Writer by May Phue Ko
Graphic by Hsu San Win