ကိုယ့်ရဲ့ဖုန်း ဒါမှမဟုတ် ကွန်ပျူတာမှာ Storage ပြည့်လို့ ပုံတွေ လိုက်ဖျက်နေရတာ၊ iCloud / Google Drive လစဉ်ကြေး ပေးနေရတာမျိုး ကြုံဖူးတယ်မလား?
အဲ့ဒီအပြင် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ Data တွေ Leak ဖြစ်မှာ စိုးရိမ်နေရတာကိုလည်း စိတ်ပျက်နေပြီဆိုရင်တော့… အိမ်မှာတင် ကိုယ်ပိုင် Cloud စနစ်ကို ခလုပ်တစ်ချက်နှိပ်ရုံနဲ့ အလွယ်တကူ တည်ဆောက်ယူလို့ရမယ့် Hype Think Education က ကျင်းပတဲ့ Home Labbing Workshop ရောက်ရှိလို့ လာပါပြီ!
“ငါက Coding လည်း မတတ်ဘူး၊ IT အကြောင်းလည်း ဘာမှမသိဘူး” ဆိုပြီး ကြောက်မနေပါနဲ့။ Home Labbing workshop မှာ အခြေခံကစပြီး လက်တွေ့ပြသပေးမှာမို့ လုံးဝ မသိသေးတဲ့သူတွေလည်း လိုက်လုပ်လို့ရအောင် ပြင်ဆင်ထားပါတယ်။
Register Form: shorturl.at/TAkAm
Guest Speaker Announcement
Home Labbing Workshop အတွက် Hype Think Education က ဖိတ်ခေါ်ထားတဲ့ Guest Speakers 2 ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်

Hype Community ကနေ ဦးစီးကျင်းပမယ့် Home Labbing Workshop မှာ Technical ပိုင်းကိုလေ့လာသင်ယူနေကြတဲ့ Ko Khun Nyan Bway Htoo နဲ့ Ko Hein Htet တို့နှစ်ဦးက ပွဲနေ့တစ်ရက်ထဲမှာပဲ အတူတကွ Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်
Guest Speaker [ Ko Khun Nyan Bway Htoo ]

Ko Khun Nyan Bway Htoo
- Orient Telecom ကုမ္ပဏီရဲ့ Network Operations Center မှာ Network Engineer အဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ Information Systems ဘာသာရပ်ကို Security အထူးပြုနဲ့ သင်ယူနေသူဖြစ်တဲ့အပြင် Project Team Member တစ်ယောက်လဲ ဖြစ်ပါတယ်။
- Web Application Security၊ Malware Research နဲ့ Network Security Tools တွေမှာလေ့လာသင်ယူနေသူတစ်ယောက်ဖြစ်ပြီးလက်တွေ့ အတွေ့အကြုံတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။
Guest Speaker [ Ko Hein Htet ]

Ko Hein Htet
- Asia Pacific University မှာ Red Hat Linux Peer Leader အဖြစ် တာဝန်ယူထားပြီး System Administration ပိုင်းကို လေ့လာသင်ယူနေသူတစ်ဦးဖြစ်ပါတယ်။
- Full-Stack၊ Mobile နဲ့ Enterprise Java Systems တွေကို ရေးသားဖန်တီးခဲ့ဖူးပြီး Automation Framework Orchestration နဲ့ Infrastructure as Code သဘောတရားတွေကို လက်တွေ့ပြသပြီး ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
Register Form: shorturl.at/TAkAm
“Home Labbing” Workshop Outline
“Home Labbing” Workshop မှာ ဆိုရင် ~

“ငါက IT သမားမှ မဟုတ်တာ… တက်လို့ ရပါ့မလား?” ကဲကဲ ဒီလိုတွေးပြီး စိတ်ပူနေပြီဆိုရင်တော့ အဲ့အတွေးတွေကို အခုကတည်းက ဖျောက်လိုက်လို့ ရပါပြီ။ Hype Think Education က ပြုလုပ်မယ့် Home Labbing Workshop ဟာ ဆိုရင်တော့…
- Storage ခဏခဏပြည့်လို့ စိတ်ညစ်နေသူများ: လစဉ်ကြေး မပေးချင်ဘဲ ကိုယ်ပိုင် Cloud ဖန်တီးချင်သူများ
- Tech ကို စိတ်ဝင်စားတဲ့ Beginner များ: Coding မတတ်၊ Network မသိလည်း နည်းပညာကို အခြေခံကစပြီး စမ်းကြည့်ချင်သူများ
- IT, Computer Science & Networking ကျောင်းသားများ: ကျောင်းမှာသင်ရတဲ့ သင်ခန်းစာတွေအပြင် လက်တွေ့ Real-world Lab အတွေ့အကြုံ ယူချင်သူများ
- Data Privacy စိတ်ဝင်စားသူများ: ကိုယ့်ရဲ့ Personal Data တွေကို ဘယ်သူမှ မမြင်အောင် ကိုယ်တိုင် ထိန်းချုပ်ချင်သူများ
Register Form: shorturl.at/TAkAm
“Home Labbing” Workshop မှာတော့ ~

Home Labbing Workshop ကနေ ဘာတွေရရှိနိုင်မလဲ?
- Coding မတတ်၊ Network အကြောင်း နားမလည်လည်း လုံးဝစိုးရိမ်စရာ မလိုပါဘူးနော်။ Ansible လို Automation Tools တွေကို သုံးပြီး ကလစ်တစ်ချက်နှိပ်ရုံနဲ့ ကိုယ်ပိုင် Personal Cloud ကို အလိုအလျောက် တည်ဆောက်နည်းအထိ အစအဆုံး အလွယ်ကူဆုံးနည်းလမ်းတွေနဲ့ ရှင်းပြပေးသွားမှာပါ။
“Home Labbing” Workshop’s Date & Time

- Date : 17 October, 2026 [Saturday]
- Time : 7:00 PM ~ 9:15 PM [MMT]
- Location : Zoom [Online]

Home Labbing Workshop မှာဆိုရင် ခက်ခဲတဲ့ Code တွေ အများကြီး ရေးစရာမလိုဘဲ အခြေခံကစပြီး လက်တွေ့ ပြသပေးသွားမှာပါ
Building the Virtual Sandbox
- ပိုက်ဆံအကုန်ခံပြီး Server တွေ အများကြီး ဝယ်စရာမလိုဘဲ လက်ရှိ ရှိနေတဲ့ ကွန်ပျူတာလေးထဲမှာတင် Virtual Machines လေးတွေ ဖန်တီးပြီး ကိုယ်ပိုင် Safe Environment တစ်ခု တည်ဆောက်နည်း
Deploying Local Self-Hosted Services
- Google Drive နေရာမှာ အစားထိုးဖို့ Nextcloud [Personal Storage] နဲ့ Password တွေ လုံလုံခြုံခြုံ သိမ်းဆည်းဖို့ Vault Warden တို့ကို ကိုယ်တိုင်ပြင်ဆင်ပြီး စမ်းသပ်နည်း
Automating with Ansible Playbooks
- Computer ထဲမှာ ကိုယ်ပိုင် Cloud System တစ်ခုလုံး ဖြစ်လာအောင် နေရာသီးသန့် ဖွဲ့စည်းတာတွေ၊ Software တွေ တပ်ဆင်တာတွေကို လူကိုယ်တိုင်က နာရီပေါင်းများစွာ ထိုင်လုပ်ခဲ့ဖူးလား။ အဲ့လို အချိန်အကြာကြီးမယူရလေအောင် Ansible ဆိုတဲ့ Command လေးနဲ့ စနစ်တစ်ခုလုံးကို အလိုအလျောက် [Automate] တည်ဆောက်နည်း
Securing the Virtual Ecosystem
- ကိုယ့်ရဲ့ ကိုယ်ပိုင် Cloud စနစ်ကို ဘယ်သူမှ ဝင်မွှေလို့မရအောင် Virtual Network နဲ့ Firewall တွေနဲ့ လုံခြုံရေးမြှင့်နည်း
Register Form: shorturl.at/TAkAm



