“ကဗျာ၊ စာပေ အနုပညာတွေက လူတွေရဲ့ဘဝအမြင်ကို ဘယ်လောက်ထိ ပုံဖော်ပြောင်းလဲပေးနိုင်လဲဆိုတဲ့ မေးခွန်းကို Once I Was Also A Youth Webinar မှာ အတူတူအဖြေရှာကြည့်ကြရအောင်”
စာအုပ်တွေ၊ နည်းပညာတွေနဲ့ စီးပွားရေးကျွမ်းကျင်မှုတွေက အသက်ရှင်ဖို့အတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာ သိကြပေမယ့် ‘အသက်ရှင်နေရခြင်း’ ရဲ့ အဓိပ္ပါယ်အစစ်အမှန်ကို ပြည့်ဝစေဖို့ကတော့ အနုပညာနဲ့ စာပေခံစားချက်တွေ လိုအပ်လှပါတယ်။
နေ့စဉ်ရုန်းကန်လှုပ်ရှားမှုတွေ၊ အလုပ်များမှုတွေကြားမှာ ပင်ပန်းနေတဲ့ ကိုယ့်ရဲ့ လူသားဆန်တဲ့ ခံစားချက်တွေနဲ့ ကဗျာတွေကပေးတဲ့ ရင်ခုန်သံတွေကို ပြန်ချိတ်ဆက်ဖို့ Hype Think Education ကနေ ‘Once I Was Also A Youth’ Webinar ကို စီစဉ်တင်ဆက်ပေးလိုက်ပါပြီ။

ဒီပွဲမှာ လူငယ်ဘဝရဲ့ ရုန်းကန်မှုတွေ၊ ဝါသနာကို ရူးသွပ်မှုတွေနဲ့ ကဗျာတစ်ပုဒ်ရဲ့ တန်ဖိုးကို နိုင်ငံတကာအထိပါ ပုံဖော်ပြသခဲ့ဖူးတဲ့ Special Guest Speaker ကိုယ်တိုင် တိုက်ရိုက်လာရောက်မျှဝေပေးသွားမှာပါ။
ကဗျာစာလုံးတွေက လူသားတွေရဲ့ဘဝကို ဘယ်လိုပုံဖော်ပေးနိုင်လဲ၊ ကဗျာရေးဖွဲ့ခြင်းဆိုတာ ဘာလဲဆိုတာကို စိတ်ပါဝင်စားတဲ့ ဝါသနာရှင်များအတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုဖြစ်တာမို့ အခုပဲ Register လုပ်ထားလိုက်တော့နော်
Register Form : shorturl.at/ckRlm
Guest Speakers Announcement
ခေတ်ပေါ်နှင့် ခေတ်ပြိုင်ကဗျာနယ်ပယ်မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းဖန်တီးလာခဲ့သူ၊ ကဗျာရေးသားသူတစ်ဦးသာမက ကဗျာဆိုင်ရာ ဆွေးနွေးပို့ချမှုများနဲ့ နိုင်ငံတကာကဗျာပွဲတော်များမှာပါ ပါဝင်ခဲ့သူ ကဗျာဆရာ “ခင်အောင်အေး” ကို Once I Was Also A Youth Webinar မှာ Guest Speaker အဖြစ် ဖိတ်ကြားထားတာပဲ ဖြစ်ပါတယ်။

ကဗျာဆရာ “ခင်အောင်အေး” ရဲ့ စာပေခရီးဟာ အထက [6] ဗိုလ်တထောင် [St. Paul] နဲ့ အထက [5] ဗိုလ်တထောင် ကျောင်းသားဘဝကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ ရုက္ခဗေဒ [Botany] ကို သင်ယူရင်း ပန်းချီအသင်းနဲ့ စာပေအသိုင်းအဝိုင်းတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး မဂ္ဂဇင်းတွေဆီ ကဗျာတွေ စမ်းသပ်ပေးပို့ခဲ့ပါတယ်။
အများစု အပယ်ခံခဲ့ရပေမယ့် တစ်ပုဒ်၊ နှစ်ပုဒ်စီ ဖော်ပြခံရတာကနေ စာပေလောကထဲ ခြေလှမ်းစတင်ခဲ့တာပါ။ ဒီလို အပယ်ခံရမှုတွေကြားကနေ မရပ်မနား ဆက်လက်ဖန်တီးလာခဲ့ခြင်းကတော့ ဆရာ့ရဲ့ စာပေခရီးမှာ အထင်ရှားဆုံး အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ မရပ်မနား ဖန်တီးလာခဲ့သူ
[၁၉၈၀] ပြည့်လွန်နှစ်များကတည်းက ဖယောင်းလက်ရေးစာမူခေတ်မှ ပုံနှိပ်စာအုပ်ခေတ်အထိ ခေတ်အဆက်ဆက်ကို ဖြတ်သန်းကာ ယနေ့ထိ ကဗျာတွေ ဆက်လက်ဖန်တီးနေဆဲဖြစ်တဲ့ မြန်မာ့ကဗျာလောကရဲ့ ထင်ရှားသူတစ်ဦး ဖြစ်ပါတယ်။
လုံးချင်းကဗျာစာအုပ် ဆယ်ဂဏန်းခန့် ထုတ်ဝေခဲ့ပြီး ~
- “မိုးရာသီသစ်ပင်” [1980]
- “၈၁ ဆင်ဖိုနီ” [1981]
- “ဩဂတ်စ်ရစ်သမ်” [1982]
- “အနာဂတ်ရဲ့ကွာလတီ” [1983 – 84]
- “အက်စ်သက်တစ်လွင်ပြင်” [1986]
- “၁၉၉၀ ကဗျာများ” [1990] စတဲ့ အစောပိုင်းလက်ရာများအပြင် အက်ဆေးနဲ့ စုစည်းမှုများစွာ ထုတ်ဝေခဲ့ပြီးဖြစ်ကာ Bones Will Crow [UK, 2011] ကဲ့သို့သော နိုင်ငံတကာထုတ်ဝေမှုများမှာလဲ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
မြန်မာ့ကဗျာကို နိုင်ငံတကာအထိ သယ်ဆောင်ခဲ့သူ
စာပေဟာ နယ်နိမိတ်မရှိတဲ့ အနုပညာတစ်ရပ်ဆိုတာကို ဆရာ့ရဲ့ နိုင်ငံတကာစာပေခရီးတွေက သက်သေပြလိုနေပါတယ်။ ကဗျာဆရာ “ခင်အောင်အေး” ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာကဗျာပွဲတော်များမှာ ပါဝင်ရွတ်ဆိုခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။
Korea ~ [2009 2010], Singapore ~ [2014], Thailand ~ [2016,2017], UK ~ [2011, 2012], Germany ~ [ 2012 ], Ireland ~ [2012], Australia ~ [2012], Finland ~ [2012], America ~ [2013] စတဲ့နိုင်ငံတကာအတွေ့အကြုံများအပြင် ထိုင်းနိုင်ငံ Chulalongkorn University ရဲ့ ဖိတ်ကြားချက်အရ ကဗျာဆိုင်ရာ ဟောပြောဆွေးနွေးမှုများကိုလည်း ပြုလုပ်ခဲ့ဖူးပါတယ်။
ထို့အပြင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနအပါအဝင် စာပေဆိုင်ရာ အခမ်းအနားများမှာ ကဗျာဆိုင်ရာ စာတမ်းများ ဖတ်ကြားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
Register Form : shorturl.at/ckRlm
Once I Was A Youth Webinar မှာ ဘာတွေများ အဓိက လေ့လာခွင့်ရမလဲ?

- ကဗျာစာပေအပေါ် ဘယ်လို စတင်ရင်းနှီးလာနိုင်မလဲ၊
- ကိုယ်ပိုင်ရေးဟန် [Unique Style] နဲ့ ထက်မြက်တဲ့ အတွေးအမြင်တွေကို ဘယ်လို ပုံဖော်တည်ဆောက်မလဲ၊
- ခေတ်ပေါ်နဲ့ ခေတ်ပြိုင်ကဗျာဆိုတာ ဘာလဲ၊ ဘယ်လို ခံစားနားလည်ရမလဲ ဆိုတာနဲ့ပတ်သက်တဲ့ အချက်များ၊
- စာပေဆိုတာ လူတစ်ဦးချင်းစီရဲ့ ဘဝနဲ့ လက်ရှိခေတ်ကြီးအပေါ် ဘယ်လိုသက်ရောက်မှု ရှိစေလဲ၊
- မြန်မာ့ကဗျာတွေကို ကမ္ဘာ့နိုင်ငံတကာ စာပေလောကနဲ့ ဘယ်လို ချိတ်ဆက် သယ်ဆောင်သွားကြမလဲ ဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
ကဗျာရေးနေသူဖြစ်စေ၊ ကဗျာစာပေကို စတင်စိတ်ဝင်စားလာသူဖြစ်စေ၊ စကားလုံးတွေရဲ့ အဓိပ္ပာယ်နဲ့ လူ့အတွေးအမြင်တွေကို လေ့လာချင်သူဖြစ်စေ ဒီလို စာပေခရီးရှည်ကြီးတစ်ခုကို ကိုယ်တိုင်ဖြတ်သန်းလာခဲ့သူတစ်ဦးရဲ့ အတွေ့အကြုံကို နားထောင်ခွင့်ရခြင်းဟာ ထူးခြားတဲ့ အခွင့်အရေးတစ်ခု ပဲဖြစ်ပါတယ်။
ဒါ့အပြင် Once I Was A Youth Webinar မှာ ~
- Guest Speaker ရဲ့အောင်မြင်မှုတွေဆီ မရောက်ခင် ဝါသနာအရင်းခံပြီး ဖြတ်သန်းခဲ့ရတဲ့ ကာလတွေကို မျှဝေပေးသွားမယ့်အပြင်
- ကဗျာစာပေတွေက ဘဝအတွက် ဘယ်လောက်ထိအရေးပါလဲ ဆိုတာနဲ့ ကဗျာရေးဖွဲ့ ဖန်တီးမှုအပိုင်းတွေကိုပါ မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။
- ဒါ့အပြင် Participant တွေအနေနဲ့ ကိုယ်သိချင်တဲ့မေးခွန်းတွေကို Guest Speaker ကို တိုက်ရိုက်မေးမြန်းနိုင်ပြီး တန်ဖိုးရှိတဲ့ လမ်းညွှန်မှုနဲ့ အကြံဉာဏ်ကောင်းတွေကိုပါ ရယူနိုင်မှာပဲဖြစ်ပါတယ်။
Register Form : shorturl.at/ckRlm
Once I Was A Youth Webinar Date & Time

Once I Was Also A Youth Webinar ကိုတော့ ~
- Date: September 26, 2026 [Saturday]
- Time: 8 PM ~ 10 PM [ Myanmar Time ]
- Location: Zoom [Online]
မှ တဆင့်ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ Audience အရေအတွက် အကန့်အသတ်ရှိတာမို့ စိတ်ဝင်စားပြီး ဝင်ရောက်ဆွေးနွေးလိုသူများအနေနဲ့ အခုပဲစာရင်းပေးသွင်းလိုက်ပါနော်
Register Form : shorturl.at/ckRlm
Thanks to Social Media Partnerships
Founder Ko Thura Win Htet @Soup for Your Mind Page

“စိတ်ခွန်အားတွေ လိုအပ်နေတဲ့ လူငယ်တွေအတွက် နွေးထွေးတဲ့ လက်ကမ်းကြိုဆိုမှု”
လူငယ်ဘဝဆိုတာ ရည်မှန်းချက်တွေ၊ တွေဝေမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကာလတစ်ခုပါ။ တစ်ခါတလေမှာ ကိုယ့်ခံစားချက်တွေကို ဘယ်လိုထုတ်ဖော်ရမှန်းမသိဘဲ အထီးကျန်နေတတ်တဲ့ အချိန်တွေလည်း ရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးမယ့် စကားတစ်ခွန်း၊ စာတစ်ကြောင်းက လူတစ်ယောက်ကို အများကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။
ဒီလိုမျိုး လူငယ်တွေရဲ့ စိတ်ကျန်းမာရေးနဲ့ အတွေးအခေါ်တွေအတွက် နေ့စဉ် ခွန်အားပေးစာစုတွေ မျှဝေပေးနေတဲ့ Soup for Your Mind Page ရဲ့ Founder ကိုသူရဝင်းထက် က “Once I Was Also A Youth” Webinar ကြီးကို Social Media Partnerships အဖြစ် ပါဝင်ကူညီ ဖြန့်ဝေပေးတဲ့အတွက် Hype Think Education မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။
လူငယ်တွေရဲ့ စိတ်ဒဏ်ရာတွေကို ကဗျာ၊ စာပေနဲ့ အနုပညာတွေကနေတစ်ဆင့် ကုစားပေးချင်တဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို Soup for Your Mind ရဲ့ နွေးထွေးတဲ့ ပံ့ပိုးမှုက ပိုပြီး အသက်ဝင်စေခဲ့ပါတယ်။
Sayar Cho lay | စာရေးဆရာ

စာအုပ်တစ်အုပ်ကို ဖတ်ရင်း၊ စာကြောင်း တစ်ကြောင်းကို ငေးကြည့်ရင်း ကိုယ့်ဘဝရဲ့ အဖြေကို ရုတ်တရက် ရှာတွေ့သွားဖူးတဲ့ အခိုက်အတန့်မျိုး ရှိဖူးပါသလား? စာပေဆိုတာ တစ်ခါတလေမှာ ကိုယ်တိုင်တောင် နားမလည်နိုင်ဖြစ်နေတဲ့ ကိုယ့်ခံစားချက်တွေကို ပီပီပြင်ပြင် ထုတ်ပြပေးနိုင်တဲ့ မှန်တစ်ချပ်ပါပဲ။
ဒီလို စာပေရဲ့ စွမ်းအားတွေနဲ့ လူငယ်တွေရဲ့ ဘဝကို ချိတ်ဆက်ပေးမယ့် “Once I Was Also A Youth” Webinar ကြီး လူငယ်တွေထံ ပိုမိုရောက်ရှိစေဖို့ တစ်တပ်တအား ပါဝင်ကူညီ ဖြန့်ဝေပေးခဲ့တဲ့ စာရေးဆရာ ဆရာချိုလေး ကို Hype Think Education မိသားစုမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်
စာပေကို မြတ်နိုးပြီး လူငယ်တွေရဲ့ ဘဝဖြတ်သန်းမှုတွေကို နားလည်ပေးနိုင်တဲ့ ဆရာ့ရဲ့ ပံ့ပိုးကူညီမှုဟာ ဒီ Webinar အတွက် ခွန်အားတစ်ရပ်ပဲ ဖြစ်ပါတယ်။
ဒဿနိကဗေဒ ပါမောက္ခ၊ စာရေးဆရာ၊ ကဗျာဆရာ ဒေါက်တာဆန်းထွန်းသောင်

“ဘဝဆိုတာ ဘာလဲ၊ အနုပညာဆိုတာ ဘာလဲ… လူငယ်ဘဝရဲ့ မေးခွန်းများကို ဖြတ်သန်းခြင်း”
“ငါ ဘယ်ကိုသွားနေတာလဲ၊ ဒီအရာတွေက တကယ်ပဲ အဓိပ္ပာယ်ရှိရဲ့လား” ဆိုတဲ့ အတွေးတွေ လူငယ်ဘဝမှာ လူတိုင်း တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ တွေးဖူးကြမှာပါ။ ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေတဲ့နေရာမှာ ဒဿနိကဗေဒရဲ့ တွေးခေါ်မှုတွေနဲ့ ကဗျာစာပေရဲ့ နူးညံ့တဲ့ ခံစားချက်တွေဟာ အကောင်းဆုံး လမ်းပြကြယ်တွေပဲ ဖြစ်ပါတယ်။
ဒီလို နက်နဲလှတဲ့ ဒဿနအတွေးအမြင်တွေနဲ့ ကဗျာစာပေအနုပညာကို မျိုးဆက်သစ်တွေဆီ အမြဲလက်ဆင့်ကမ်းပေးနေတဲ့ ဒဿနိကဗေဒ ပါမောက္ခ၊ စာရေးဆရာ၊ ကဗျာဆရာ ဒေါက်တာဆန်းထွန်းသောင် မှ ယခုကျင်းပမည့် “Once I Was Also A Youth” Webinar ကြီးကို Social Media Partnership အဖြစ် ပါဝင်အားဖြည့်ပေးတဲ့အတွက် Hype Think Education အနေနဲ့ များစွာ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။
Host
Once I Was Also A Youth” Webinar ကြီးကို အသက်ဝင်ပျော်ရွှင်စေမယ့် Hype Think Education ရဲ့ အလန်းစား Host နှစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်
May Thu Cho [Main MC / Host] Project Team Member @Hype Think Education & Poet

May Thu Cho [Main MC / Host]
Once I Was Also A Youth” Webinar ပွဲ ဖြစ်မြောက်ဖို့ အဓိက ကြိုးပမ်းပေးထားတဲ့ Project Organizer တစ်ဦးဖြစ်သလို၊ ကိုယ်တိုင်ကလည်း ကဗျာတွေကို မြတ်နိုးတဲ့ ကဗျာဆရာမတစ်ဦးဖြစ်တာမို့ ဆရာခင်အောင်အေးနဲ့ ဆွေးနွေးမယ့် အစီအစဉ်တွေမှာ အမိုက်စား မေးခွန်းတွေနဲ့အတူ Main MC အဖြစ် ဦးဆောင်သွားမှာပါ။
Luna [Co Host] Project Team Member @Hype Think Education

Luna [Co Host]
Once I Was Also A Youth” Webinar ပွဲကို ပိုပြီး မြိုင်ဆိုင်သွားအောင်၊ ပရိသတ်တွေနဲ့ Guest ကြားမှာ အကောင်းဆုံး တံတားတစ်စင်းဖြစ်လာအောင် Co Host အနေနဲ့ ဝင်ရောက်အားဖြည့်ပေးမယ့် Hype Think Education ရဲ့ အချောအလှ Project Team Member ပဲ ဖြစ်ပါတယ်။
Register Form : shorturl.at/ckRlm



