“2024 ရဲ့ [3] ပုံ [2] ပုံကို ဖြုန်းတီးမိသွားပြီလို့ ခံစားနေရပြီလား?”
ဒီလိုထပ်ပြီးမခံစားရတော့အောင် Mindset တွေကို အရင်ပြုပြင်လိုက်ကြရအောင်
ကိုယ်က တစ်လျှောက်လုံးမျှော်လင့်တကြီး အစီအစဉ်တွေချခဲ့ပြီးမှ အကောင်အထည်မဖော်နိုင်ခဲ့တဲ့ Goal တွေဆိုတာ လူတိုင်းမှာရှိပါတယ်။ 2024 ရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကိုတော့ ဒီလိုသဲထဲရေသွန်ကိစ္စမျိုး မဖြစ်ရလေအောင် Hype Think Education ကနေ လူငယ်တွေအတွက် RE:MS [Resetting Mindset] လို့ အမည်ရတဲ့ Webinar ကို ကျင်းပသွားတော့မှာပဲ ဖြစ်ပါတယ်။
RE:MS [Resetting Mindset] Webinar ကိုတော့ [4] ရက်တိတိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လူတစ်ယောက်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတိုးတက်ဖို့နဲ့ ကိုယ့်ရဲ့ Goal ကိုရှာဖွေပြီး ရည်မှန်းချက်ထိတိုင်အောင် အရောက်လှမ်းနိုင်ဖို့ အဓိကလိုအပ်တဲ့ Mindset [4] ခုကို ကိုယ့်ဘဝထဲမှာ ခံယူကျင့်သုံးနိုင်မယ့် နည်းလမ်းတွေကို အဓိကထားပြီး မျှဝေပေးသွားမှာဖြစ်ပါတယ်။
RE:MS [Resetting Mindset] Webinar ကနေတစ်ဆင့် အောင်မြင်ချင်တဲ့လူတစ်ယောက်အတွက် ဘဝမှာ အခြေခံအကျဆုံး Mindset [4] ခု ဖြစ်တဲ့ ~
- ဘဝမှာ တစ်ယောက်တည်း ရှင်သန်ရပ်တည်နိုင်ဖို့ Independent Mindset
- အများနဲ့ဆက်ဆံတဲ့နေရာမှာ သဘာဝကျကျ ပြုမူနိုင်ဖို့ Social Mindset
- ခက်ခဲတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ Challenge Mindset
- ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားလူတွေကိုပါ ဦးဆောင်လမ်းပြနိုင်ဖို့ Leadership Mindset တို့ကို ကျင့်သုံးနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
RE:MS [Resetting Mindset] Webinar ရဲ့ အသေးစိတ်အကြောင်းအရာတွေကိုတော့ ပေးထားတဲ့ ပုံတစ်ပုံချင်းစီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
- Mindset နဲ့ စိတ်ဓာတ်ခံယူချက်တွေကို ပြောင်းလဲချင်သူတွေ၊
- အနာဂတ်ဘဝလမ်းခရီးကို စတင်ရှာဖွေဖို့ မရဲသေးတဲ့လူငယ်တွေ၊
- အောင်မြင်မှုပန်းတိုင်ဆီ အမြန်ဆုံးရောက်ရှိချင်တဲ့သူတွေအနေနဲ့ တက်ရောက်သင့်တာကြောင့် ~
Mindset [4] ခုကို ဘဝထဲမှာ ခံယူကျင့်သုံးနိုင်ဖို့ စနစ်တကျလေ့လာမှုတွေကို ပြုလုပ်ချင်တယ်ဆိုရင်တော့ Register လုပ်ပြီး RE:MS [Resetting Mindset] Webinar ကိုတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Register Form: bit.ly/REMSRegisterForm
ဒါ့အပြင် RE:MS [Resetting Mindset] Webinar မှာ Mindset နဲ့ ပတ်သက်တဲ့ အသိပညာတွေကို မျှဝေပေးသွားမယ့် Guest Speaker တွေက ဘယ်သူတွေဖြစ်မလဲဆိုတာ စိတ်ဝင်စားနေကြပြီလား?
RE:MS [Resetting Mindset] Webinar ရဲ့ Guest Speaker တွေနဲ့ နောက်ဆက်တွဲအချက်အလက်တွေကိုလည်း ဆက်လက်မျှဝေပေးသွားဦးဖြစ်လို့ Hype Think Education ကို Like & Follow လုပ်ပြီး စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။
အောင်မြင်ချင်တဲ့လူငယ်တွေ ကျရှုံးနေတာဘာကြောင့်လဲ? | RE:MS Webinar မတက်ရောက်ခင်
RE:MS [Resetting Mindset] Webinar ရဲ့ [4] ရက်တာမှာ မျှဝေသွားမယ့် အကြောင်းအရာတွေကတော့ ~
Day [1]: Develop Social Mindset
RE:MS [Resetting Mindset] Webinar ရဲ့ Day [1] မှာဆိုရင်ဖြင့် လူအများနဲ့ပေါင်းသင်းဆက်ဆံရာမှာ အရေးပါတဲ့ “Social Mindset” အကြောင်းကို မျှဝေသွားမှာဖြစ်ပါတယ်။
Social ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်ဖို့ရာ
- Networking ကောင်းစွာလုပ်တတ်ဖို့နဲ့ သိထားရမယ့် လူမှုရေးဆိုင်ရာယဉ်ကျေးမှုတွေ၊
- လူအများနဲ့ စုပေါင်းလုပ်ကိုင်တတ်ဖို့နဲ့ လူအများအားကိုးစရာလူဖြစ်လာစေဖို့ နည်းလမ်းတွေ၊
- အခြေအနေ၊ အချိန်အခါကိုသိပြီး ကိုယ့်ရဲ့အမူအရာ၊ ခံစားချက်တွေကို စီမံနိုင်စေမယ့် အကြောင်းအရာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
Day [2]: Strong Independent Mindset
RE:MS [Resetting Mindset] Webinar ရဲ့ Day [2] မှာတော့ ဘဝမှာတစ်ယောက်တည်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့လိုအပ်တဲ့ “Independent Mindset” ကို ရရှိဖို့အတွက် သိရှိထားသင့်တဲ့ အသိပညာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
Independent ဖြစ်ဖို့အတွက်
- Independent Lifestyle တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အဓိကလိုအပ်တဲ့ Time Management အပိုင်းကို စီမံတတ်စေဖို့၊
- ဘဝမှာ ကြုံတွေ့လာရမယ့် အခြေအနေတိုင်းအပေါ်လိုက်ပြီး Professional ဆန်ဆန်လိုက်လျောညီထွေစွာ ပြုမူဆောင်ရွက်နိုင်စေဖို့၊
- အမှီအခိုကင်းတဲ့ဘဝကို အစီအစဥ်တကျဖန်တီးရေးဆွဲနိုင်ဖို့နဲ့ စနစ်တကျ Research လုပ်နိုင်စေဖို့တွေကို အသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်။
Day [3]: Foster Challenge Mindset
RE:MS [Resetting Mindset] Webinar ရဲ့ Day [3] မှာတော့ ဘဝမှာ ရှောင်လွှဲလို့မရတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့လာရတဲ့အခါမှာ ကျော်လွှားနိုင်ဖို့အရေးပါတဲ့ “Challenge Mindset” ကို အဓိကထားရှင်းပြသွားမှာဖြစ်ပါတယ်။
Challenge တွေနဲ့ကြုံလာတဲ့အခါမှာ
- စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရှည်ရှိပြီး
- အောင်အောင်မြင်မြင် ကျော်လွှားနိုင်ဖို့ အတွက် နည်းလမ်းကောင်းတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
Day [4]: Build Leadership Mindset
RE:MS [Resetting Mindset] Webinar ရဲ့ Day [4] မှာဆိုရင်တော့ ဘဝခရီးလမ်းမှာ အားမလျှော့ဘဲ ရှေ့ဆက်လျှောက်နိုင်ဖို့ အရေးပါတဲ့ “ Leadership Mindset” အကြောင်းကို ပြောသွားမှာဖြစ်ပါတယ်။
ဦးစီးဦးဆောင်မှုစွမ်းရည်အတွက်
- ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်ဖို့အပြင်
- တခြားသူတွေအတွက်ပါ ဦးဆောင်လမ်းပြနိုင်ဖို့ လိုအပ်တဲ့အသိပညာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
RE:MS Webinar ကျင်းပပြုလုပ်မည့် အချိန်နှင့်ရက်ကတော့ ~
- Dates:
- Day [1]: September 14, 2024 [Saturday]
- Day [2]: September 20, 2024 [Friday]
- Day [3]: September 21, 2024 [Saturday]
- Day [4]: September 22, 2024 [Sunday]
- Time: 7:00 PM ~ 9:00 PM [Myanmar Time Zone]
- Location: Zoom [Online]
လူတစ်ယောက်မှာ မဖြစ်မနေပိုင်ဆိုင်ထားသင့်တဲ့ Mindset တွေကို အသေးစိတ်နှံ့စပ်စွာ သင်ကြားပို့ချလေ့ကျင့်ပေးသွားမှာဖြစ်လို့ စိတ်ဝင်စားရင်တော့ RE:MS [Resetting Mindset] Webinar ကို တက်ရောက်ဖို့ အမြန်ဆုံး Register လုပ်ထားလိုက်ပါတော့နော်။
Register Form: bit.ly/REMSRegisterForm
Guest Speaker Announcement
Guest Speaker : RE:MS [Resetting Mindset] [ Ma Rachel ]
[21] ရာစုမှာ လူအများနဲ့ပေါင်းသင်းဆက်ဆံတတ်ဖို့က လူတိုင်းအတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်လာပါတယ်။ Social Skill ကောင်းရင်ကောင်းသလောက် ကျယ်ပြန့်လာတဲ့ Network နဲ့အတူ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ၊ အကူအညီတွေကို ရရှိနိုင်တာကြောင့် Social Mindset ကရှိထားဖို့အရေးကြီးပါတယ်နော်။
လူတစ်ယောက်အတွက် ဒီနေ့ခေတ်မှာ အရေးပါဆုံး၊ အခြေခံအကျဆုံးနဲ့ မသိမဖြစ်သိသင့်တဲ့ “ Social Mindset” အကြောင်းကို Hype Think Education နှင့် Hype Community တို့က ကျင်းပပြုလုပ်တဲ့ RE:MS [Resetting Mindset] Day [1] ရဲ့ Guest Speaker ကိုယ်တိုင် အသေးစိတ်ရှင်းပြပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်နော်။
RE:MS [Resetting Mindset] Webinar Day [1] ရဲ့ Guest Speaker ဖြစ်တဲ့ “ Ma Rachel Joy” ဟာဆိုရင်တော့ ~
- UK မှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်များစွာကို ဝင်ခွင့်ရခဲ့သူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Manchester မှာ “ BSc. Business Management [Marketing]” ကို Honours ဘွဲ့ ရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။
- University of Manchester ရဲ့ တက္ကသိုလ်တစ်ခုလုံးမှာ တစ်ယောက်တည်းကိုသာပေးတဲ့ “President Medal for Social Responsibility” နဲ့ “Student of the Year” ဆုကိုရရှိတဲ့ ပထမဆုံး Asian အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။
- ASEAN Science Project Competition မှာ မြန်မာကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံခဲ့ရပြီး နိုင်ငံတော်အဆင့် ထူးချွန်ပြိုင်ပွဲတွေနဲ့ ပြည်တွင်းပြည်ပ ပြိုင်ပွဲတွေမှာ ဆုပေါင်း [50] ကျော် ရရှိထားသူလည်း ဖြစ်ပါတယ်။
- IELTS Overall Band [8] ရရှိထားပြီး ကျောင်းတက်နေချိန်မှာလည်း Student Representative, Peer Mentor, Student Coordinator, Marketing Intern, Video Creator စသည်တို့ကို လုပ်ကိုင်လျက်ရှိပါတယ်။
- University of Manchester ရဲ့ Largest Finance Society မှာ Marketing and Social Media Head အပြင် Enactus UK ရဲ့ Breathe [Mental Health and Mindfulness Project] မှာလည်း Project Leader အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။
- ဒါ့အပြင် Ma Rachel Joy က UK ရဲ့ Marketing နဲ့ Social Media ပိုင်းတွေမှာလည်း Professional Experience များစွာရှိထားပါသေးတယ်။
- Ma Rachel Joy က YouTube နဲ့ Facebook မှာလည်း Rachel Joy အမည်နဲ့ Student Life နဲ့ Student Abroad Tip တွေကို မျှဝေပေးနေပြီး Youth Organization တွေမှာလည်း Guest Speaker အဖြစ် ပါဝင်အားဖြည့်ပေးနေပါတယ်။
- Start Smart Nonprofit Organization ရဲ့ Co-founder တစ်ဦးလည်းဖြစ်ပြီး Community Development ပိုင်းကို အဓိကအားစိုက်ပြီး လုပ်ကိုင်နေသူတစ်ဦးပဲဖြစ်ပါတယ်နော်။
Guest Speaker : RE:MS [Resetting Mindset] [ Ma Hsu Yadanar Htet [ VLOG BY HSU ]
RE:MS [Resetting Mindset] Webinar ရဲ့ Day [2] မှာ “ Independent Mindset” အကြောင်းကို မျှဝေပေးသွားမယ့် Guest Speaker ကတော့ “ Ma Hsu Yadanar Htet” ပဲ ဖြစ်ပါတယ်။
RE:MS [Resetting Mindset] Webinar Day [2] ရဲ့ Guest Speaker ဖြစ်တဲ့ Ma Hsu Yadanar Htet ဟာဆိုရင်တော့ ~
- Follower ပေါင်း [50K] ကျော်ရှိတဲ့ “ VLOG BY HSU” Facebook Page နဲ့ Subscriber ပေါင်း [10K] ကျော်ရှိတဲ့ “ VLOG BY HSU” Telegram Channel တို့ရဲ့ Content Creator တစ်ဦးဖြစ်ပါတယ်။
- VLOG BY HSU Facebook Page ရဲ့ Content Creator အနေနဲ့ [2022] ခုနှစ်မှစတင်ပြီး လူငယ်တွေအတွက် အကျိုးရှိစေမယ့် Study နဲ့ Lifestyle တို့နဲ့ပတ်သက်တဲ့ Content တွေကို လက်တွေ့အတွေ့အကြုံတွေကရတဲ့ အကြံဉာဏ်တွေနဲ့အတူ မျှဝေပေးနေတာပဲဖြစ်ပါတယ်။
- October 22, 2023 မှာ “ Time Management and Work – Life Balance” ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ No Hunger Zone Organization မှာ Guest Speaker အဖြစ် မျှဝေပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
- January 29, 2024 မှာတော့ Myittar Education Department ရဲ့ Monday Talk Program က Episode 1: Study Tips မှာ လူငယ်တိုင်းလိုအပ်နေတဲ့ Studying Tip တွေကို Guest Speaker အဖြစ် လမ်းညွှန်မျှဝေပေးခဲ့ပြန်ပါသေးတယ်။
- ဒါ့အပြင် Ma Hsu Yadanar Htet က July 26, 2024 မှာဆိုရင်တော့ Crossroads Youth Collective ရဲ့ “ How to Find Yourself Again” Webinar မှာ Guest Speaker အဖြစ် ပါဝင်မျှဝေပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
Guest Speaker : RE:MS [Resetting Mindset] [ Ma Myat Hmone Nathar ]
“ RE:MS [Resetting Mindset] Webinar ရဲ့ Day [3] မှာ Challenge Mindset အကြောင်း အသိပညာပေးသွားမယ့် Guest Speaker ကတော့ “Ma Myat Hmone Nathar“ ပဲ ဖြစ်ပါတယ်။
RE:MS [Resetting Mindset] Webinar Day [3] ရဲ့ Guest Speaker ဖြစ်တဲ့ “Ma Myat Hmone Nathar“ ဟာဆိုရင်တော့ ~
- မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး မြန်မာလူငယ် Creative Technologist များ ပူးပေါင်းဖန်တီးထားတဲ့ အနုပညာ နည်းပညာပေါင်းစပ်မှု – XR Exhibition Project “[Re] Imagine City / [Re] Imagine Home” ၊
- Art School တစ်ခုဖြစ်တဲ့ Zest Club, Indie Filmmaker အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “ Despair Cinema” အပါအဝင် အမေရိကန်နဲ့ Australia နိုင်ငံအခြေစိုက် Artist Studio တွေနဲ့
- Creative Industry အသီးသီးမှ လူငယ် Community များ၊ မြန်မာလူငယ်ပညာရှင်များ၊ လုပ်ငန်းရှင်များနဲ့အတူ လက်တွဲအလုပ်လုပ်ကိုင်နေတဲ့ Multi-Creative တစ်ဦးပဲ ဖြစ်ပါတယ်။
Guest Speaker : RE:MS [Resetting Mindset] [ Tr.Wyutyee ]
“ RE:MS [Resetting Mindset] Webinar ရဲ့ Day [4] မှာ Leadership Mindset ပတ်သက်တဲ့ အသိပညာတွေကို မျှဝေပေးသွားမယ့် Guest Speaker ကတော့ “Tr.Wyutyee” ပဲဖြစ်ပါတယ်။
RE:MS [Resetting Mindset] Webinar Day [4] ရဲ့ Guest Speaker ဖြစ်တဲ့ “ Tr.Wyutyee” ဟာဆိုရင်တော့ ~
- Youth Centre Association ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး Diploma in Marketing [ UK ] 2024 , Bachelor of Technology [Information Technology] , Bachelor of Engineering [ Information Technology ] တို့ဖြင့် ၂၀၂၀ခုနှစ်တွင် ကျောင်းပြီးထားပါသည်။
- လက်ရှိမှာတော့ Master of Business Administration [UK , MBA ] ကိုဆက်လက် တက်ရောက်ပညာသင်ယူနေပြီး Founder & Teacher , Professional Trainer & Freelance Consultant တစ်ဦးအနေဖြင့်ရပ်တည်လျက်ရှိပါသည်။
- [6] နှစ်တာအတွင်း သင်တန်းသားပေါင်း တစ်သောင်းကျော် ၊ YC Members ပေါင်း ထောင်ကျော်ဖြင့် Youth Development Program ပေါင်း များစွာ ကိုဖွင့်လှစ်သင်ကြားခဲ့ပြီး ဖြစ်ပါသည်။
- ဒါ့အပြင် Tr.Wyutyee သည် ပြင်ပ Youth Organization များတွင်လည်း Tr.Wyutyee ၏ရည်ရွယ်ချက်အတိုင်း လူငယ်များဆီသို့ အသိပညာများ မျှဝေလျက်ရှိပါသည်။
RE:MS [Resetting Mindset] Webinar မှာ Mindset [4] ခု နဲ့ ပတ်သက်တဲ့ အသိပညာတွေကို မျှဝေပေးသွားမယ့် အကြောင်းအရာတွေကို Hype Think Education ရဲ့ Facebook Page ကို Like & Follow လုပ်ပြီး စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။