“2024 ရဲ့ [3] ပုံ [2] ပုံကို ဖြုန်းတီးမိသွားပြီလို့ ခံစားနေရပြီလား?”
ဒီလိုထပ်ပြီးမခံစားရတော့အောင် Mindset တွေကို အရင်ပြုပြင်လိုက်ကြရအောင်
ကိုယ်က တစ်လျှောက်လုံးမျှော်လင့်တကြီး အစီအစဉ်တွေချခဲ့ပြီးမှ အကောင်အထည်မဖော်နိုင်ခဲ့တဲ့ Goal တွေဆိုတာ လူတိုင်းမှာရှိပါတယ်။ 2024 ရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကိုတော့ ဒီလိုသဲထဲရေသွန်ကိစ္စမျိုး မဖြစ်ရလေအောင် Hype Think Education ကနေ လူငယ်တွေအတွက် RE:MS [Resetting Mindset] လို့ အမည်ရတဲ့ Webinar ကို ကျင်းပသွားတော့မှာပဲ ဖြစ်ပါတယ်။
RE:MS [Resetting Mindset] Webinar ကိုတော့ [4] ရက်တိတိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လူတစ်ယောက်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတိုးတက်ဖို့နဲ့ ကိုယ့်ရဲ့ Goal ကိုရှာဖွေပြီး ရည်မှန်းချက်ထိတိုင်အောင် အရောက်လှမ်းနိုင်ဖို့ အဓိကလိုအပ်တဲ့ Mindset [4] ခုကို ကိုယ့်ဘဝထဲမှာ ခံယူကျင့်သုံးနိုင်မယ့် နည်းလမ်းတွေကို အဓိကထားပြီး မျှဝေပေးသွားမှာဖြစ်ပါတယ်။

RE:MS [Resetting Mindset] Webinar ကနေတစ်ဆင့် အောင်မြင်ချင်တဲ့လူတစ်ယောက်အတွက် ဘဝမှာ အခြေခံအကျဆုံး Mindset [4] ခု ဖြစ်တဲ့ ~
- ဘဝမှာ တစ်ယောက်တည်း ရှင်သန်ရပ်တည်နိုင်ဖို့ Independent Mindset
- အများနဲ့ဆက်ဆံတဲ့နေရာမှာ သဘာဝကျကျ ပြုမူနိုင်ဖို့ Social Mindset
- ခက်ခဲတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ Challenge Mindset
- ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားလူတွေကိုပါ ဦးဆောင်လမ်းပြနိုင်ဖို့ Leadership Mindset တို့ကို ကျင့်သုံးနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
RE:MS [Resetting Mindset] Webinar ရဲ့ အသေးစိတ်အကြောင်းအရာတွေကိုတော့ ပေးထားတဲ့ ပုံတစ်ပုံချင်းစီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
- Mindset နဲ့ စိတ်ဓာတ်ခံယူချက်တွေကို ပြောင်းလဲချင်သူတွေ၊
- အနာဂတ်ဘဝလမ်းခရီးကို စတင်ရှာဖွေဖို့ မရဲသေးတဲ့လူငယ်တွေ၊
- အောင်မြင်မှုပန်းတိုင်ဆီ အမြန်ဆုံးရောက်ရှိချင်တဲ့သူတွေအနေနဲ့ တက်ရောက်သင့်တာကြောင့် ~
Mindset [4] ခုကို ဘဝထဲမှာ ခံယူကျင့်သုံးနိုင်ဖို့ စနစ်တကျလေ့လာမှုတွေကို ပြုလုပ်ချင်တယ်ဆိုရင်တော့ Register လုပ်ပြီး RE:MS [Resetting Mindset] Webinar ကိုတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Register Form: bit.ly/REMSRegisterForm
ဒါ့အပြင် RE:MS [Resetting Mindset] Webinar မှာ Mindset နဲ့ ပတ်သက်တဲ့ အသိပညာတွေကို မျှဝေပေးသွားမယ့် Guest Speaker တွေက ဘယ်သူတွေဖြစ်မလဲဆိုတာ စိတ်ဝင်စားနေကြပြီလား?
RE:MS [Resetting Mindset] Webinar ရဲ့ Guest Speaker တွေနဲ့ နောက်ဆက်တွဲအချက်အလက်တွေကိုလည်း ဆက်လက်မျှဝေပေးသွားဦးဖြစ်လို့ Hype Think Education ကို Like & Follow လုပ်ပြီး စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။
အောင်မြင်ချင်တဲ့လူငယ်တွေ ကျရှုံးနေတာဘာကြောင့်လဲ? | RE:MS Webinar မတက်ရောက်ခင်
RE:MS [Resetting Mindset] Webinar ရဲ့ [4] ရက်တာမှာ မျှဝေသွားမယ့် အကြောင်းအရာတွေကတော့ ~

Day [1]: Develop Social Mindset
RE:MS [Resetting Mindset] Webinar ရဲ့ Day [1] မှာဆိုရင်ဖြင့် လူအများနဲ့ပေါင်းသင်းဆက်ဆံရာမှာ အရေးပါတဲ့ “Social Mindset” အကြောင်းကို မျှဝေသွားမှာဖြစ်ပါတယ်။
Social ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်ဖို့ရာ
- Networking ကောင်းစွာလုပ်တတ်ဖို့နဲ့ သိထားရမယ့် လူမှုရေးဆိုင်ရာယဉ်ကျေးမှုတွေ၊
- လူအများနဲ့ စုပေါင်းလုပ်ကိုင်တတ်ဖို့နဲ့ လူအများအားကိုးစရာလူဖြစ်လာစေဖို့ နည်းလမ်းတွေ၊
- အခြေအနေ၊ အချိန်အခါကိုသိပြီး ကိုယ့်ရဲ့အမူအရာ၊ ခံစားချက်တွေကို စီမံနိုင်စေမယ့် အကြောင်းအရာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
Day [2]: Strong Independent Mindset
RE:MS [Resetting Mindset] Webinar ရဲ့ Day [2] မှာတော့ ဘဝမှာတစ်ယောက်တည်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့လိုအပ်တဲ့ “Independent Mindset” ကို ရရှိဖို့အတွက် သိရှိထားသင့်တဲ့ အသိပညာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
Independent ဖြစ်ဖို့အတွက်
- Independent Lifestyle တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အဓိကလိုအပ်တဲ့ Time Management အပိုင်းကို စီမံတတ်စေဖို့၊
- ဘဝမှာ ကြုံတွေ့လာရမယ့် အခြေအနေတိုင်းအပေါ်လိုက်ပြီး Professional ဆန်ဆန်လိုက်လျောညီထွေစွာ ပြုမူဆောင်ရွက်နိုင်စေဖို့၊
- အမှီအခိုကင်းတဲ့ဘဝကို အစီအစဥ်တကျဖန်တီးရေးဆွဲနိုင်ဖို့နဲ့ စနစ်တကျ Research လုပ်နိုင်စေဖို့တွေကို အသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်။

Day [3]: Foster Challenge Mindset
RE:MS [Resetting Mindset] Webinar ရဲ့ Day [3] မှာတော့ ဘဝမှာ ရှောင်လွှဲလို့မရတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့လာရတဲ့အခါမှာ ကျော်လွှားနိုင်ဖို့အရေးပါတဲ့ “Challenge Mindset” ကို အဓိကထားရှင်းပြသွားမှာဖြစ်ပါတယ်။
Challenge တွေနဲ့ကြုံလာတဲ့အခါမှာ
- စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရှည်ရှိပြီး
- အောင်အောင်မြင်မြင် ကျော်လွှားနိုင်ဖို့ အတွက် နည်းလမ်းကောင်းတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
Day [4]: Build Leadership Mindset
RE:MS [Resetting Mindset] Webinar ရဲ့ Day [4] မှာဆိုရင်တော့ ဘဝခရီးလမ်းမှာ အားမလျှော့ဘဲ ရှေ့ဆက်လျှောက်နိုင်ဖို့ အရေးပါတဲ့ “Leadership Mindset” အကြောင်းကို ပြောသွားမှာဖြစ်ပါတယ်။
ဦးစီးဦးဆောင်မှုစွမ်းရည်အတွက်
- ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်ဖို့အပြင်
- တခြားသူတွေအတွက်ပါ ဦးဆောင်လမ်းပြနိုင်ဖို့ လိုအပ်တဲ့အသိပညာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

RE:MS Webinar ကျင်းပပြုလုပ်မည့် အချိန်နှင့်ရက်ကတော့ ~
- Dates:
- Day [1]: September 14, 2024 [Saturday]
- Day [2]: September 20, 2024 [Friday]
- Day [3]: September 21, 2024 [Saturday]
- Day [4]: September 22, 2024 [Sunday]
- Time: 7:00 PM ~ 9:00 PM [Myanmar Time Zone]
- Location: Zoom [Online]
လူတစ်ယောက်မှာ မဖြစ်မနေပိုင်ဆိုင်ထားသင့်တဲ့ Mindset တွေကို အသေးစိတ်နှံ့စပ်စွာ သင်ကြားပို့ချလေ့ကျင့်ပေးသွားမှာဖြစ်လို့ စိတ်ဝင်စားရင်တော့ RE:MS [Resetting Mindset] Webinar ကို တက်ရောက်ဖို့ အမြန်ဆုံး Register လုပ်ထားလိုက်ပါတော့နော်။
Register Form: bit.ly/REMSRegisterForm
Guest Speaker Announcement
Guest Speaker : RE:MS [Resetting Mindset] [ Ma Rachel ]

[21] ရာစုမှာ လူအများနဲ့ပေါင်းသင်းဆက်ဆံတတ်ဖို့က လူတိုင်းအတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်လာပါတယ်။ Social Skill ကောင်းရင်ကောင်းသလောက် ကျယ်ပြန့်လာတဲ့ Network နဲ့အတူ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ၊ အကူအညီတွေကို ရရှိနိုင်တာကြောင့် Social Mindset ကရှိထားဖို့အရေးကြီးပါတယ်နော်။
လူတစ်ယောက်အတွက် ဒီနေ့ခေတ်မှာ အရေးပါဆုံး၊ အခြေခံအကျဆုံးနဲ့ မသိမဖြစ်သိသင့်တဲ့ “Social Mindset” အကြောင်းကို Hype Think Education နှင့် Hype Community တို့က ကျင်းပပြုလုပ်တဲ့ RE:MS [Resetting Mindset] Day [1] ရဲ့ Guest Speaker ကိုယ်တိုင် အသေးစိတ်ရှင်းပြပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်နော်။

RE:MS [Resetting Mindset] Webinar Day [1] ရဲ့ Guest Speaker ဖြစ်တဲ့ “Ma Rachel Joy” ဟာဆိုရင်တော့ ~
- UK မှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်များစွာကို ဝင်ခွင့်ရခဲ့သူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Manchester မှာ “BSc. Business Management [Marketing]” ကို Honours ဘွဲ့ ရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။
- University of Manchester ရဲ့ တက္ကသိုလ်တစ်ခုလုံးမှာ တစ်ယောက်တည်းကိုသာပေးတဲ့ “President Medal for Social Responsibility” နဲ့ “Student of the Year” ဆုကိုရရှိတဲ့ ပထမဆုံး Asian အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။
- ASEAN Science Project Competition မှာ မြန်မာကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံခဲ့ရပြီး နိုင်ငံတော်အဆင့် ထူးချွန်ပြိုင်ပွဲတွေနဲ့ ပြည်တွင်းပြည်ပ ပြိုင်ပွဲတွေမှာ ဆုပေါင်း [50] ကျော် ရရှိထားသူလည်း ဖြစ်ပါတယ်။
- IELTS Overall Band [8] ရရှိထားပြီး ကျောင်းတက်နေချိန်မှာလည်း Student Representative, Peer Mentor, Student Coordinator, Marketing Intern, Video Creator စသည်တို့ကို လုပ်ကိုင်လျက်ရှိပါတယ်။
- University of Manchester ရဲ့ Largest Finance Society မှာ Marketing and Social Media Head အပြင် Enactus UK ရဲ့ Breathe [Mental Health and Mindfulness Project] မှာလည်း Project Leader အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။
- ဒါ့အပြင် Ma Rachel Joy က UK ရဲ့ Marketing နဲ့ Social Media ပိုင်းတွေမှာလည်း Professional Experience များစွာရှိထားပါသေးတယ်။
- Ma Rachel Joy က YouTube နဲ့ Facebook မှာလည်း Rachel Joy အမည်နဲ့ Student Life နဲ့ Student Abroad Tip တွေကို မျှဝေပေးနေပြီး Youth Organization တွေမှာလည်း Guest Speaker အဖြစ် ပါဝင်အားဖြည့်ပေးနေပါတယ်။
- Start Smart Nonprofit Organization ရဲ့ Co-founder တစ်ဦးလည်းဖြစ်ပြီး Community Development ပိုင်းကို အဓိကအားစိုက်ပြီး လုပ်ကိုင်နေသူတစ်ဦးပဲဖြစ်ပါတယ်နော်။
Guest Speaker : RE:MS [Resetting Mindset] [ Ma Hsu Yadanar Htet [ VLOG BY HSU ]

RE:MS [Resetting Mindset] Webinar ရဲ့ Day [2] မှာ “Independent Mindset” အကြောင်းကို မျှဝေပေးသွားမယ့် Guest Speaker ကတော့ “Ma Hsu Yadanar Htet” ပဲ ဖြစ်ပါတယ်။

RE:MS [Resetting Mindset] Webinar Day [2] ရဲ့ Guest Speaker ဖြစ်တဲ့ Ma Hsu Yadanar Htet ဟာဆိုရင်တော့ ~
- Follower ပေါင်း [50K] ကျော်ရှိတဲ့ “VLOG BY HSU” Facebook Page နဲ့ Subscriber ပေါင်း [10K] ကျော်ရှိတဲ့ “VLOG BY HSU” Telegram Channel တို့ရဲ့ Content Creator တစ်ဦးဖြစ်ပါတယ်။
- VLOG BY HSU Facebook Page ရဲ့ Content Creator အနေနဲ့ [2022] ခုနှစ်မှစတင်ပြီး လူငယ်တွေအတွက် အကျိုးရှိစေမယ့် Study နဲ့ Lifestyle တို့နဲ့ပတ်သက်တဲ့ Content တွေကို လက်တွေ့အတွေ့အကြုံတွေကရတဲ့ အကြံဉာဏ်တွေနဲ့အတူ မျှဝေပေးနေတာပဲဖြစ်ပါတယ်။
- October 22, 2023 မှာ “Time Management and Work – Life Balance” ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ No Hunger Zone Organization မှာ Guest Speaker အဖြစ် မျှဝေပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
- January 29, 2024 မှာတော့ Myittar Education Department ရဲ့ Monday Talk Program က Episode 1: Study Tips မှာ လူငယ်တိုင်းလိုအပ်နေတဲ့ Studying Tip တွေကို Guest Speaker အဖြစ် လမ်းညွှန်မျှဝေပေးခဲ့ပြန်ပါသေးတယ်။
- ဒါ့အပြင် Ma Hsu Yadanar Htet က July 26, 2024 မှာဆိုရင်တော့ Crossroads Youth Collective ရဲ့ “How to Find Yourself Again” Webinar မှာ Guest Speaker အဖြစ် ပါဝင်မျှဝေပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
Guest Speaker : RE:MS [Resetting Mindset] [ Ma Myat Hmone Nathar ]

“RE:MS [Resetting Mindset] Webinar ရဲ့ Day [3] မှာ Challenge Mindset အကြောင်း အသိပညာပေးသွားမယ့် Guest Speaker ကတော့ “Ma Myat Hmone Nathar“ ပဲ ဖြစ်ပါတယ်။

RE:MS [Resetting Mindset] Webinar Day [3] ရဲ့ Guest Speaker ဖြစ်တဲ့ “Ma Myat Hmone Nathar“ ဟာဆိုရင်တော့ ~
- မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး မြန်မာလူငယ် Creative Technologist များ ပူးပေါင်းဖန်တီးထားတဲ့ အနုပညာ နည်းပညာပေါင်းစပ်မှု – XR Exhibition Project “[Re] Imagine City / [Re] Imagine Home”၊
- Art School တစ်ခုဖြစ်တဲ့ Zest Club, Indie Filmmaker အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “Despair Cinema” အပါအဝင် အမေရိကန်နဲ့ Australia နိုင်ငံအခြေစိုက် Artist Studio တွေနဲ့
- Creative Industry အသီးသီးမှ လူငယ် Community များ၊ မြန်မာလူငယ်ပညာရှင်များ၊ လုပ်ငန်းရှင်များနဲ့အတူ လက်တွဲအလုပ်လုပ်ကိုင်နေတဲ့ Multi-Creative တစ်ဦးပဲ ဖြစ်ပါတယ်။
Guest Speaker : RE:MS [Resetting Mindset] [ Tr.Wyutyee ]

“RE:MS [Resetting Mindset] Webinar ရဲ့ Day [4] မှာ Leadership Mindset ပတ်သက်တဲ့ အသိပညာတွေကို မျှဝေပေးသွားမယ့် Guest Speaker ကတော့ “Tr.Wyutyee” ပဲဖြစ်ပါတယ်။

RE:MS [Resetting Mindset] Webinar Day [4] ရဲ့ Guest Speaker ဖြစ်တဲ့ “Tr.Wyutyee” ဟာဆိုရင်တော့ ~
- Youth Centre Association ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး Diploma in Marketing [ UK ] 2024 , Bachelor of Technology [Information Technology] , Bachelor of Engineering [ Information Technology ] တို့ဖြင့် ၂၀၂၀ခုနှစ်တွင် ကျောင်းပြီးထားပါသည်။
- လက်ရှိမှာတော့ Master of Business Administration [UK , MBA ] ကိုဆက်လက် တက်ရောက်ပညာသင်ယူနေပြီး Founder & Teacher , Professional Trainer & Freelance Consultant တစ်ဦးအနေဖြင့်ရပ်တည်လျက်ရှိပါသည်။
- [6] နှစ်တာအတွင်း သင်တန်းသားပေါင်း တစ်သောင်းကျော် ၊ YC Members ပေါင်း ထောင်ကျော်ဖြင့် Youth Development Program ပေါင်း များစွာ ကိုဖွင့်လှစ်သင်ကြားခဲ့ပြီး ဖြစ်ပါသည်။
- ဒါ့အပြင် Tr.Wyutyee သည် ပြင်ပ Youth Organization များတွင်လည်း Tr.Wyutyee ၏ရည်ရွယ်ချက်အတိုင်း လူငယ်များဆီသို့ အသိပညာများ မျှဝေလျက်ရှိပါသည်။
RE:MS [Resetting Mindset] Webinar မှာ Mindset [4] ခု နဲ့ ပတ်သက်တဲ့ အသိပညာတွေကို မျှဝေပေးသွားမယ့် အကြောင်းအရာတွေကို Hype Think Education ရဲ့ Facebook Page ကို Like & Follow လုပ်ပြီး စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။



