❝Scholarship တွေ လျှောက်နေပေမယ့်လည်း Reject Letter တွေရနေတုန်းလား?
SEI Event တက်ပြီးရင်တော့ ဒါတွေကို စိုးရိမ်စရာ မလိုတော့ဘူးနော်❞
မြန်မာနိုင်ငံက လူငယ်အတော်များများဟာ Scholarship လျှောက်နေကြပေမယ့် Document တွေပြင်ဆင်တဲ့နေရာမှာ နည်းစနစ်တကျ မဖြစ်သေးတာတွေ၊ Essay ကောင်းကောင်းမရေးနိုင်တာတွေနဲ့ Interview Stage မှာ Brainstorming မလုပ်နိုင်တာတွေကြောင့် Scholarship လျှောက်တဲ့အဆင့်မှာတင် ကျရှုံးမှုတွေကို ရင်ဆိုင်နေရပါတယ်။
ဒါကြောင့် Scholarship လျှောက်ကြမယ့်လူငယ်တိုင်းကို “မျိုးစေ့ကနေ အပင်အဖြစ်ကြီးထွားလာသည်” အထိ ပျိုးထောင်ပေးသွားနိုင်ဖို့အတွက် ကျွန်တော်တို့ Hype Think Education ကနေပြီးတော့ “ SEI ” [စေ့] လို့အမည်ရတဲ့ On-ground Event ကို စီစဉ်ကျင်းပသွားမှာပဲဖြစ်ပါတယ်။
“SEI” On-ground Event ကတော့
- “S : Scholarship Preparation
- E : Essay Writing
- I : Interview Training ” ဆိုတဲ့အတိုင်း Scholarship လျှောက်ရာမှာ ကျောင်းသားလူငယ်တွေအတွက် အရေးအကြီးဆုံး အပိုင်း [ ၃ ] ပိုင်းကို Lecture တစ်ခုလို အကျယ်တဝင့် ဆွေးနွေးပို့ချပေးသွားမယ့် Event တစ်ခုဖြစ်ပါတယ်။
အခု “ SEI” On-ground Event ကိုတော့ Undergraduate Scholarship နဲ့ Exchange Program တွေ လျှောက်ကြမယ့် လူငယ်တိုင်းအတွက် အတွေ့အကြုံပြည့်ဝတဲ့ Guest Speaker တစ်ဦးကနေပြီးတော့ Essay Writing မှ Interview Strategy တွေအထိပါ Professional တစ်ယောက်လို ပြင်ဆင်သွားနိုင်စေဖို့အတွက် စီစဥ်ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် Scholarship Program တွေ ဘယ်လိုစလျှောက်ရမလဲ မသိသေးတဲ့လူငယ်တွေ၊ နှစ်တိုင်းလျှောက်နေပေမယ့်လည်း Reject Letter တွေပဲရလို့ စမ်းတဝါးဝါးနဲ့ လမ်းပျောက်နေပြီဆိုတဲ့ လူငယ်တိုင်း ကိုယ့်ရဲ့အိပ်မက်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်စေဖို့အတွက် “SEI” On-ground Event ကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
အခု “ SEI” On-ground Event အသေးစိတ်ကိုတော့ ပုံတစ်ပုံချင်းစီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်နော်။ စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ bit.ly/SEIRegisterForm မှာ အခမဲ့ Register ပြုလုပ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
Registration Form : bit.ly/SEIRegisterForm
“ SEI” On-ground Event ဟာ လူဦးရေကန့်သတ်ထားတာကြောင့် အမြန်ဆုံးစာရင်းပေးသွင်းမှ စိတ်ချရပါမယ်နော်။
Hype Think Education ကနေ ဆက်လက်မျှဝေပေးသွားမယ့် “ SEI” On-ground Event ရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ လူငယ်တွေအတွက် အကျိုးရှိစေမယ့် အခြားသော On-ground Event နဲ့ Webinar တွေကို မလွတ်သွားရလေအောင် Hype Think Education Page ကို Like & Follow လုပ်ထားပြီး စောင့်ကြည့်ပေးပါဦးနော်။
Guest Speaker Announcement : SEI Event
Guest Speaker SEI Event : Tr. Pyae Thukha
အခု “ SEI” On-ground Event မှာဆိုရင် Scholarship လျှောက်တဲ့လူငယ်တိုင်း သိထားသင့်တဲ့ Knowledge တွေမှန်သမျှကို အသေးစိတ်ကျကျ ရှင်းပြဆွေးနွေးပေးသွားမယ့် Guest Speaker ကတော့ Tr. Pyae Thukha ပဲဖြစ်ပါတယ်။
Tr. Pyae Thukha ဟာဆိုရင်
- အမေရိကန်နိုင်ငံရှိ University of Southern Indiana တွင် Education and Teaching Course များသင်ယူခဲ့သော Global UGRAD Scholarship (2022-2023) တစ်ဦးဖြစ်ပါတယ်။
- USAID Diversity and Inclusion Scholarship Program (DISP) မှာ ရွေးချယ်ခံထားရသူတစ်ဦးလည်း ဖြစ်ပါတယ်။
- U.S. Exchange Program တစ်ခုဖြစ်တဲ့ YSEALI Academic Fellowship (Spring 2023) Finalist တစ်ဦးဖြစ်တဲ့အပြင် YOUnified 2023 Grant Project Winner တစ်ဦးလည်းဖြစ်ပါတယ်။
- စာသင်သက် [ ၈ ] နှစ်ကျော်အတွေ့အကြုံရှိပြီး Young Learner အတန်းများမှ စကာ တက္ကသိုလ်ကျောင်းသားများနှင့် ဘွဲ့ရပြီးသူများအပြင် NGO နှင့် Company များမှ ဝန်ထမ်းများကို ကောင်းမွန်စွာသင်ကြားနိုင်ခဲ့သော Well-Experienced Teacher တစ်ဦးဖြစ်ပါတယ်။
SEI Event Outlines
မြန်မာနိုင်ငံက ကျောင်းသားလူငယ်တိုင်းကို Scholarship လျှောက်ရာမှာ အစကနေ အဆုံးအထိ လမ်းပြပုံဖော်ပေးချင်တဲ့ Tr. Pyae Thukha ဟာ “ SEI” On-ground Event မှာ ~
- Scholarship Essay မှန်သမျှကို ဘယ်လိုပုံစံမျိုးပဲလာလာ Professional ဆန်ဆန် ရေးနိုင်သွားဖို့အထိပါ အသေးစိတ်ပို့ချပေးသွားမှာဖြစ်ပါတယ်။
- Interview Stage အထိရောက်သွားပြီဆိုရင်လည်း ကြိုတင်ပြင်ဆင်ရမယ့် Interview Question တွေနဲ့ သိထားရမယ့် အဓိက Tip and Trick တွေကို ဆရာ့ရဲ့အတွေ့အကြုံတွေအပေါ် အခြေခံပြီး ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။
- တကယ့် Interview ကိုရောက်တဲ့အခါ စဉ်းစားတွေးခေါ်ပြီး ဖြေတတ်စေဖို့အတွက် လေ့ကျင့်ပေးမယ့် Brainstorming Session လည်းပါဝင်ပါသေးတယ်။
- Tr. Pyae Thukha ဟာ အောင်မြင်ခဲ့ပြီးသော Scholarship Applicant တစ်ယောက်ဖြစ်တဲ့အတွက် အဲ့ကနေရရှိခဲ့တဲ့အတွေ့အကြုံတွေကိုလည်း လူငယ်တွေ Inspire ယူနိုင်စေဖို့ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
- ဒါ့အပြင် ကျောင်းသားတွေအကြား နာမည်ကြီးတဲ့ Undergraduate Scholarships and U.S Exchange Program နဲ့ပတ်သက်ပြီးလည်း Application Process ပါအပါအဝင် အသေးစိတ်ထည့်သွင်းရှင်းပြပေးသွားဦးမှာလည်း ဖြစ်ပါတယ်။
ပွဲကိုတက်ရောက်လာကြတဲ့ Participant တွေအနေနဲ့လည်း ကိုယ်သိလိုသမျှကို Tr. Pyae Thukha နဲ့ ဆွေးနွေးမေးမြန်းနိုင်ဖို့အတွက် Discussion Session လည်း စီစဥ်ပေးထားတာမို့လို့ ” SEI ” On-ground Event ဟာ ကျောင်းသားလူငယ်တွေအတွက် လမ်းပြကြယ်အဖြစ်ရှိနေမှာပါ။
SEI Event Details
လူငယ်တွေရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ မျိုးစေ့ပျိုးပေးမယ့် ” SEI ” On-ground Event အတွက် အသေးစိတ်အချက်အလက်တွေကတော့ ~
- Date : June 4, 2024 [ Tuesday ]
- Time : 1:00 PM ~ 4:00 PM
- Location : YES Home Academy [ Thamine Branch ]
- Address : No. [ 25/26 ] D – 3, U Aung Bwint Condo, U Aung Bwint Street, 2 – Quarter, Mayangon Township, Yangon
- Registration Fees : Free
- Seats : Limited Seat တို့ပဲ ဖြစ်ပါတယ်။
Scholarship Preparation, Essay Writing နှင့် Interview Training များအကြောင်း | SEI စေ့ Event
Scholarship Preparation, Essay Writing နှင့် Interview Training များအကြောင်းကို လာမည့် [ June 4 ရက်နေ့ ] တွင် Hype Think Education ကနေ ဦးစီးပြီးကျင်းပပြုလုပ်သွားမယ့် “ SEI စေ့” In-person Event မှာ မျှဝေပေးသွားမယ့် Special Guest Speaker ကတော့ Tr. Pyae Thukha ပဲဖြစ်ပါတယ်။
“SEI “စေ့” Event မှာ Tr. Pyae Thukha က Scholarship လျှောက်တဲ့အခါမှာ ကိုယ့်ရဲ့ Essay ကို ကောင်းကောင်းမွန်မွန် ထိထိမိမိရေးသားနိုင်ဖို့ Interview ဖြေတဲ့အခါမှာ မေးခွန်းတွေကို အကောင်းဆုံးဖြေဆိုနိုင်စေဖို့အပြင် တခြားသော ဘယ်လိုမျိုးအဖိုးတန်အကြောင်းအရာတွေကို မျှဝေပြောကြားပေးသွားမလဲဆိုတာကို Video မှာ အတူတူကြည့်လိုက်ရအောင်နော်။
Sponsorships Announcement
SEI Event Location Announcement
“SEI စေ့” In-person Event လာဖို့အတွက် ဟိုကိုသွားရမလား? ဒီကိုသွားရမလား? ဘယ်ကိုသွားရမလဲ? စဉ်းစားရခက်နေပြီလား?
လာမည့် June 4, Tuesday [ 1:00 PM ~ 4:00 PM ] မှာ Hype Think Education ကနေ ဉီးစီးကျင်းပသွားမယ့် Step Into Success With “SEI” In-person Event ဆီသို့ တက်ရောက်ချင်တဲ့သူတို့ ချောချောမွေ့မွေ့ အရောက်လာခဲ့နိုင်ရန်အတွက် ဒီနေ့မှာတော့ လမ်းညွှန်ပေးဖို့ ရောက်ရှိလာပါပြီနော်။
“SEI စေ့” In-person Event ကိုတော့ YES Home Academy [Thamine Campus ] မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့ ~
YES Home Academy ကဆိုရင် အိမ်နံပါတ် (၂၅/၂၆) D-3, ၃လွှာ, ဦးအောင်ဘွင့်ကွန်ဒို၊ ဦးအောင်ဘွင့်လမ်း၊ (၂)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန် မှာတည်ရှိတာပဲ ဖြစ်ပါတယ်။
Google Map : bit.ly/YESHomeAcademyThamineCampus
“SEI စေ့” In-person Event ဆီသို့ YBS စီးပြီးလာကြမယ့်သူတွေအနေနဲ့ Bus Number [ 21, 131, 65 ,78, 16, 19, 199, 137, 30 ,77 ,79 ] များကို စီးနင်းနိုင်ပြီး သမိုင်းလမ်းဆုံမှတ်တိုင်မှာ ဆင်းရမှာဖြစ်ပါတယ်နော်။
- သမိုင်းလမ်းဆုံမှတ်တိုင်မှာ ဆင်းပြီးပြီးဆိုရင် City Mart နှင့် ဗလီအလယ် ဦးအောင်ဘွင့်လမ်းထဲ ဝင်လာပြီးတော့ ၀င်၀င်ချင်းမှာတင် ဦးအောင်ဘွင့် Condo ကို မြင်ရမှာပဲ ဖြစ်ပါတယ်။
- Condo ထဲသို့ ရောက်ပြီဆိုတာနဲ့ ညာဘက်တံခါးပေါက်ကနေ ဓာတ်လှေကား [သို့] လှေကား ဖြင့် [ 3 ]လွှာသို့ တက်လာရမှာဖြစ်ပါတယ်။
- ကဲ … [ 3 ]လွှာသို့ တက်လာပြီးပြီးဆိုရင်တော့ “SEI စေ့” Event ကျင်းပရာ [D-3] YES Home Academy သို့ ရောက်ရှိသွားပြီပဲ ဖြစ်ပါတယ်။
SEI Event Refreshment Sponsor
“SEI စေ့” In-person Event မှာ အားအင်အပြည့်နဲ့ ပါဝင်တက်ရောက်နိုင်ဖို့ အဆာပြေမုန့်တွေနဲ့ ကူညီအားဖြည့်သွားမယ့် Refreshment Sponsor Announcement
ကျွန်တော်တို့ Hype Think Education မှဦးဆောင်ပြီး ဇွန်လ [၄] ရက်၊ နေ့လည် [၁] နာရီမှ [၄] နာရီအထိ YES Home Academy မှာ ကျင်းပပြုလုပ်သွားမယ့် “SEI စေ့” In-person Event အတွက် လူငယ်တွေရဲ့ နိုင်ငံခြားပညာရေးလမ်းကြောင်းကိုလျှောက်လှမ်းဖို့ အသုံးဝင်တဲ့ IGCSE နဲ့ GED သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိတဲ့ ILS Academy မှ “ Refreshment Sponsor” အဖြစ် ပါဝင်ကူညီအားဖြည့်ပေးထားပါတယ်။
Social Media Partners
“SEI စေ့” In-Person Event ဖြစ်မြောက်လာအောင်ပံ့ပိုးကူညီပေးခဲ့တဲ့ Sponsors & Social Media Partner တို့အား ကျေးဇူးတင်လွှာ
လူငယ်တွေအတွက်အကျိုးရှိစေတဲ့ Scholarship Essay Writing and Interview Strategies အကြောင်း Tr Pyae Thukha ကိုယ်တိုင် အသေးစိတ်မျှဝေပေးခဲ့သော “SEI စေ့” In-Person Event ကတော့ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါပြီ။
ပထမဦးစွာ အခုလိုမျိုး “SEI စေ့” In-Person Event ဖြစ်လာအောင် အဘက်ဘက်ကနေကူညီပြီး ပါ၀င်အားဖြည့်ပေးခဲ့ကြတဲ့ Sponsors & Social Media Partner များကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။
ဒါကြောင့် “SEI စေ့” In-Person Event မှာ ပါ၀င်ခဲ့တဲ့ Sponsor & Social Media Partner များကို ကျေးဇူးတင်စကားပြောရင်း နောက်ထပ်ပြုလုပ်သွားမယ့် In-person Event တွေမှာလည်း ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်။
Thanks Letter
Hype Think Education ကနေဦးစီးကျင်းပတဲ့ လူငယ်တွေအတွက်အကျိုးရှိစေမယ့် “SEI စေ့” In-Person Event ဟာဆိုရင် အောင်မြင်စွာကျင်းပပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်။
“SEI စေ့” In-Person Event ပွဲမှာ ဆွေးနွေးမျှဝေပေးသွားတဲ့ Tr. Pyae Thukha နဲ့ တက်ရောက်လာကြတဲ့ Participant တွေနဲ့အတူ လာရောက်ကူညီအားဖြည့်ပေးကြတဲ့ Volunteer တွေရဲ့ ပွဲနေ့ရဲ့ပျော်ရွှင်စရာပုံရိပ်တွေကို အားလုံးဆီပြန်လည်မျှဝေလိုက်ပါတယ်နော်။
- ပထမဦးစွာ “SEI စေ့” In-Person Event မှာ Scholarship လျှောက်ကြမယ့်လူငယ်တွေအတွက် သိကိုသိထားရမယ့်အကျိုးရှိတဲ့ Knowledge တွေကိုပို့ချပေးသွားတဲ့ Guest Speaker ဖြစ်သူ Tr. Pyae Thukha ကို ကျေးဇူးအထူးတင်ရှိပါတယ်။
- “SEI စေ့” In-Person Event မှာ Venue Sponsor အဖြစ်ပါဝင်အားဖြည့်ပေးခဲ့တဲ့ YES Home Academy မှ Sharing လုပ်ပေးနေတဲ့ အမှတ်တရ ပုံရိပ်ကို မျှဝေပေးလိုက်ပါတယ်နော်။
- “SEI စေ့” In-Person Event ကို တက်ရောက်နားထောင်ပြီး သိလိုသမျှကိုမေးမြန်းကာ Lecture များကို စိတ်ဝင်တစားနဲ့ မှတ်သားနေကြတဲ့ လူငယ်တွေရဲ့ ပုံရိပ်အချို့ကိုလည်း မျှဝေပေးလိုက်ရပါတယ်။
- YES Home Academy | Thamine Branch မှာကျင်းပပြုလုပ်သွားတဲ့ “SEI စေ့” In-Person Event အတွင်း Tr. Pyae Thukha ကနေ Scholarship နဲ့ပတ်သက်ပြီး အသိပညာတွေကို Sharing လုပ်ပေးနေတဲ့ အမှတ်တရ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။
- “SEI စေ့” In-Person Event ကို ပျော်ရွှင်တက်ကြွစွာပါဝင်တက်ရောက်ပြီး စိတ်ပါဝင်စားစွာနားထောင်ခဲ့ကြတဲ့ Participant များအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
- ဒါ့အပြင် “SEI စေ့” In-Person Event ကို ဖြစ်မြှောက်အောင် ပါဝင်ကူညီပေးတဲ့ Volunteer တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ပါတယ်။
“SEI စေ့” In-Person Event ကိုတက်ရောက်ခဲ့ကြတဲ့ လူငယ်တွေအနေနဲ့ Scholarship လျှောက်ရင် လိုအပ်မယ့်အဓိကအချက်တွေ၊ Essay Writing နဲ့ Interview State တွေမှာ ဘယ်လိုဖြေဆိုရမယ် စတဲ့နည်းလမ်းတွေကိုသိရှိပြီး၊ Scholarship Program တွေနဲ့ပတ်သက်တဲ့ Application Process တွေ၊ Scholarship လျှောက်တဲ့အခါ ကိုယ့်ဘက်က အသေးစိတ် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာတွေကိုပါ Discussion Session မှာ ဆွေးနွေးပို့ချပေးသွားခဲ့တဲ့အတွက် စိတ်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်တို့ Hype Think Education ကနေ လူငယ်တွေတိုင်းရဲ့ပညာရေးအတွက် အကျိုးရှိစေမယ့် Workshop, Webinar, Event and Class တွေကိုလည်း အမြဲမပြတ်ဖန်တီးပြုလုပ်လျက်ရှိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ယခုလိုမျိုးပွဲတွေ ဖန်တီးပြုလုပ်သွားဖို့ အစီအစဥ်ရှိတာမို့လို့ ပညာရေးနဲ့ပတ်သက်ပြီး အခွင့်အလမ်းတွေရရှိနိုင်ဖို့ Hype Think Education ရဲ့ ကို Follow လုပ်ထားပြီး စောင့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
စိတ်ပါဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ bit.ly/SEIRegisterForm ကနေတစ်ဆင့် အမြန်ဆုံးစာရင်းသွင်းထားလိုက်ပါတော့နော်။
Registration Form Link : bit.ly/SEIRegisterForm