xTech

နည်းပညာနဲ့ အနာဂတ်ကို ထိုးဖောက်ချင်တဲ့ လူငယ်တိုင်းအတွက် နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွား xTech Event
Share your love

❝နည်းပညာနဲ့ အနာဂတ်ကို ထိုးဖောက်ချင်တဲ့ လူငယ်တိုင်းအတွက် xTech❞

အခုလို အရာရာက တိုးတက်ပြောင်းလဲနေတဲ့ [၂၁] ရာစုခေတ်ကြီးမှာ ကိုယ့်မှာရှိတဲ့ နည်းပညာဆိုင်ရာ အသိတွေက ခေတ်စားနေတဲ့ အကြောင်းအရာတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ခေတ်နောက်ကျနေပြီ၊ မလုံလောက်တော့ဘူးလို့ ခံစားနေရပြီလား?

ခေတ်စားနေတဲ့ နည်းပညာတွေ၊ နည်းပညာလောကထဲဝင်‌ရောက်ဖို့ ပြင်ဆင်ဖို့လိုအပ်တဲ့ အရာတွေဟာ နည်းပညာနဲ့ပတ်သက်ပြီးတော့ လူငယ်တွေ သိချင်နေကြတဲ့ အကြောင်းအရာတွေထဲက တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် အနာဂတ်ရဲ့ Technological World မှာ ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ချင်တဲ့ လူငယ်တွေအတွက် Hype Think Education ကနေ ❝xTech❞ လို့ အမည်ရတဲ့ Event ကို Chapter တစ်ခုချင်းအလိုက် ကျင်းပသွားမှာပဲဖြစ်ပါတယ်။

“xTech” ဆိုတဲ့နာမည်မှာဆိုရငိ ‘x’ ကတော့ အားလုံး သင်္ချာဘာသာရပ်မှာ ရင်းနှီးပြီးသားဖြစ်တဲ့ မသိကိန်းတွေကိုကိုယ်စားပြုတာဖြစ်ပြီး ‘Tech’ နဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ အဆုံးအစမရှိ ဆန်းသစ်ပြောင်းလဲ‌သော နည်းပညာကနေတစ်ဆင့် လေ့လာရယူနိုင်တဲ့ဖန်တီးမှုတွေဆိုပြီးတော့ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။

“xTech” ကတော့ လက်ရှိနည်းပညာ‌လောကနဲ့ စီးပွားရေးလောကမှာ အတွေ့အကြုံကောင်းတွေရယူ နေတဲ့ လူငယ်ပညာရှင်တွေ ကိုယ်တိုင် နည်းပညာဆိုင်ရာ ဗဟုသုတအပြင် Interpersonal Growth အတွက်လိုအပ်တဲ့ အရာမှန်သမျှကို မျှဝေပေးသွားမယ့်၊ အားလုံးအတွက် အကျိုးရှိစေမယ့် Event တစ်ခု ဖြစ်ပါတယ်။

“xTech” Event ကို နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီးတော့

  • ပထမရက်ကိုတော့ Chapter One: The Tech Hustlers လို့အမည်ပေးထားပြီး Online မှနေတစ်ဆင့် ကျင်းပသွားမှာဖြစ်ပြီး
  • လူကိုယ်တိုင် လာရောက် ပါဝင်ဆွေးနွေးနိုင်ဖို့ရာအတွက်လည်း ဒုတိယရက်ကို ရန်ကုန်မြို့မှာ On-ground Event အဖြစ် ပြုလုပ်ကျင်းပသွားမှာပဲဖြစ်ပါတယ်။

“xTech” Event ရဲ့ Chapter One: “The Tech Hustlers” မှာဆိုရင်တော့ Technological Field ထဲမှာ လုပ်ကိုင်နေကြသူတွေကတစ်ဆင့် သူတိုရဲ့ အတွေ့အကြုံတွေနဲ့ နည်းပညာ Trend တွေကို ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ သင်တို့ကို လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ ဗဟုသုတနဲ့ တိုးတက်မှုတွေကို နားရည်ဝစေမယ့်အပြင် ဝါသနာတူလူငယ်လူရွယ်အချင်းချင်း Network ရဖို့ရည်ရွယ်ပါတယ်။ 🧑‍🤝‍🧑 ဒါ့အပြင် ရှေ့ဆက်လျှောက်လှမ်းမယ့် ပညာ‌ရေး၊ စီးပွားရေးလမ်းခရီးတစ်လျှောက်မှာလည်း အကြံဉာဏ်ကောင်းတွေ တောင်းဆိုရယူနိုင်မယ့် စီနီယာကောင်းတွေနဲ့ ရင်းနှီးကျွမ်းဝင်ခွင့်ရဦးမှာပါ။

“xTech” Event ကိုဘယ်လိုလူမျိုးတွေ တက်ရောက်သင့်လဲဆိုတော့ ~

  • နည်းပညာနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ပြုလုပ်ချင်တဲ့လူငယ်တွေ၊
  • နည်းပညာနဲ့ Entrepreneurial Journey အကြောင်းကို အခုထက်ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်ချင်သူတွေ၊
  • ရှိရင်းစွဲ ဗဟုသုတကို အဆင့်မြှင့်တင်လိုသူတွေ ပါဝင်ပါတယ်။

“xTech” Event အကြောင်း အသေးစိတ်ကို ပုံတစ်ပုံချင်းစီမှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ စိတ်ဝင်စားပြီး Event မှာ ပါဝင်တက်ရောက်ချင်တယ်ဆိုရင်တော့ bit.ly/xTechRegister မှာ အခုပဲ အခမဲ့ Registration ပြုလုပ်ပြီး စာရင်းပေးသွင်း လိုက်ပါတော့နော်။

xTech Event Day 1 Announcement Hype Think Education

“xTech” ရဲ့ ပထမရက်ဖြစ်တဲ့ Chapter One: The Tech Hustlers Online Event ကတော့ ခေတ်သစ် နည်းပညာတွေအပြင် သူတို့ရဲ့ အသုံးပြုပုံ၊ အသုံးဝင်ပုံတွေကို အဓိကထားပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။

“xTech” ရဲ့ [Day – 1] မှာ ပြုလုပ်သွားမယ့် Online Event မှာတော့ ~

  • AR, VR, XR နဲ့ Metaverse ဆိုတဲ့ Reality အမျိုးအစားပေါင်းစုံ
  • UI/ UX Designer တစ်ယောက်ရဲ့ ဘဝနေထိုင်မှု
  • Gaming အကြောင်းသိကောင်းစရာတွေနဲ့
  • Developer & Freelance Hustler တစ်ယောက်ရဲ့ ဘွဲ့မရသေးခင်မှာ တွေ့ကြုံရတဲ့ Career ဘဝဖြတ်သန်းမှုတွေကို Special Panelist တွေက ဆွေးနွေး‌ပေးသွားမယ့် Panel Discussion Session အပြင်

ကိုယ်သိချင်တာတွေကို ပွင့်ပွင့်လင်းလင်းမေးခွင့်ရပြီး Panelist တွေကလည်း ပြန်လည်ဖြေကြားပေးသွားမယ့် Q & A Session လည်း ပါဝင်ပါသေးတယ်နော်။

Day 2 xTech Event Announcement Hype Think Education

“xTech” ရဲ့ ဒုတိယရက်ဖြစ်တဲ့ On-Ground Event မှာဆိုရင်တော့ လူတစ်ယောက်အတွက် အဘက်ဘက်က အထောက်အကူပြုမယ့် Personal & Professional Growth အပြင် Community Engagement နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အဓိကထားပြီး ဆွေးနွေးမျှဝေသွားမှာဖြစ်ပါတယ်။ ဒီ Event မှာတော့ ~

  • အမျိုးသမီး Entrepreneur တစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံ။
  • ပညာရေးလမ်းကြောင်းဆိုင်ရာ ဆွေးနွေးမှုနဲ့ စီမံခန့်ခွဲမှု အနုပညာ။
  • လူတစ်ယောက်အတွက်မရှိမဖြစ်လိုအပ်တဲ့ Interpersonal Skill တစ်မျိုးဖြစ်တဲ့ Leadership စွမ်းရည်အပြင် Volunteering Field တွေအကြောင်း သိကောင်းစရာတွေ
  • စင်ကာပူနိုင်ငံမှာ နိုင်ငံရပ်ခြားမှာ ပညာသင်ယူနေသူတစ်ဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေ။
  • Business Plan Competition နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ။
  • Social Empowerment Activist တစ်ယောက်ရဲ့ ဘဝနေထိုင်ပုံတွေကို Special Panelist တွေက Panel Discussion Session မှာ ဆွေးနွေးသွားကြမယ့်အပြင်
  • ကိုယ်သိလိုတာ မှန်သမျှကို မေးခွင့်ရမယ့် Q & A Session လည်း ပါဝင်ပါတယ်။

နောက်ဆုံးမှာတော့ အထူးအစီအစဉ်အနေနဲ့ “Art of Knowing Customer Value” လို့အမည်ရတဲ့ Workshop လည်း ပါဝင်သေးတာမို့ လုံးဝလက်လွှတ်မခံပါနဲ့နော်။

xTech Event Details Hype Think Education

“xTech” Event ကို ကျင်းပပြုလုပ်သွားမယ့် ပထမရက်နဲ့ ဒုတိယရက်တို့ရဲ့ အသေးစိတ်အချက်အလက်တွေကတော့ ~

Day 1 [Online Event]

  • Date : 6th April 2024 [Saturday]
  • Time : 7:30 PM ~ 9:30 PM
  • Platform: Zoom Application
  • Registration Fees : Free of Charge

Day 2 [On-ground Event]

  • Date : 7th April 2024 [Sunday]
  • Time : 1:00 PM ~ 4:00 PM
  • Location: University of Taxila [Building 15, Lan Thit Avenue Complex, Bhone Gyi Road & Lan Thit Road, Lanmadaw Township, Yangon]
  • Registration Fees : Free of Charge
  • Limited Seats: 100 Seats တို့ပဲဖြစ်ပါတယ်။

ဒီတော့ ဘာကိုမှစောင့်မနေတော့ဘဲ အခုပဲ စာရင်းပေးသွင်းလိုက်တော့နော်။

Registration Form : bit.ly/xTechRegister

Day 1 : Panelists

Day 1 : Panelists [ Ko Aung Nyein Chan { Enchax Creative } ]

Aung Nyein Chan xTech Event Day 1 Panelist Hype Think Education

“xTech” Event ရဲ့ Day [1] မှာ ပါဝင်မျှဝေသွားမယ့် ပထမဆုံး Panelist ကတော့ လက်ရှိမှာ Enchax Creative လို့ခေါ် တဲ့ Creative Technology & Multidisciplinary Metaverse Studio ရဲ့တည်‌ထောင်သူ Ko Aung Nyein Chan ပဲဖြစ်ပါတယ်။

Ko Aung Nyein Chan ဟာဆိုရင်တော့ ~

  • မကြာသေးခင်ကမှ ကမ္ဘာ့အကောင်းဆုံးနည်းပညာ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Massachusetts Institute of Technology [MIT] ရဲ့ “Reality Hack 2024” မှာဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံထားရသူတစ်ဦး ဖြစ်ပါတယ်။
  • [၂၀၂၂] ခုနှစ်က Meta မှ ကျင်းပပြုလုပ်တဲ့ Meta Creator Connect 2022 မှာ မြန်မာနိုင်ငံကိုယ်စားပြု AR Creator တစ်ယောက်အဖြစ် ရွေးချယ်ဖိတ် ကြားခြင်းခံခဲ့ရတဲ့ Creative Technologist တစ်ဦးလည်းဖြစ်ပါတယ်။
  • ထို့အတူ Seoul National University ရဲ့ XR Policy Research Online Program, Harvard University ရဲ့ Harvard University Conference HPAIR’ 24 နဲ့ Meta မှပြုလုပ်တဲ့ Event တွေကို တက်ရောက်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။
  • လက်ရှိမှာဆိုရင်လည်း ပြည်တွင်းပြည်ပမှာရှိတဲ့ လုပ်ငန်းရှင်များ ၊ Brand များ ၊ အဖွဲ့အစည်းများအတွက်လည်း AR Artwork များကို ဖန်တီးလုပ်ကိုင်ပေးလျက်ရှိပါတယ်။
  • ဒါ့အပြင် Ko Aung Nyein Chan ဟာဆိုရင် နိုင်ငံတကာမှာ ကျင်းပလျက်ရှိတဲ့ Hackathon ပြိုင်ပွဲတွေကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံများစွာရှိသူတစ်ယောက်ပါ။
  • မြန်မာနိုင်ငံ ရဲ့ပထမဆုံး XR Exhibition Project တစ်ခုဖြစ်တဲ့ [Re] Imagine City/ [Re] Imagine Home မှာ XR Artist တစ်ယောက်အဖြစ် မြန်မာလူငယ်နည်းပညာရှင်များနဲ့ပူးပေါင်းကာ နှစ်စဉ်ပါဝင်ဖန်တီးနေသူလည်းဖြစ်ပါတယ်။

ယခုကျင်းပသွားမယ့် ❝xTech❞ Day [1] Online Event မှာဆိုရင်လည်း Ko Aung Nyein Chan ဟာ
AR, VR, XR and Metaverse” ဆိုတဲ့ခေါင်းစဥ်နဲ့အတူ လူငယ်တွေသိသင့်သိထိုက်တဲ့ Spatial Computing လို့ခေါ် တဲ့ AR/ VR သုံးဖက်မြင် ပုံရိပ်ယောင်နည်းပညာ၊ နောင်တစ်ချိန် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရေပန်းစားလာဝောာ့မှာဖြစ်တဲ့ Virtual World နည်းပညာတွေနဲ့သက်ဆိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ကမ္ဘာအရပ်ရပ်က တက္ကသိုလ်ကြီးတွေမှာဆည်းပူးလို့ရတဲ့ အကြောင်းအရာတွေ၊ Scholarship အခွင့်အရေးတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဒါတင်မက နိုင်ငံတကာ နည်းပညာပြိုင်ပွဲတွေမှာသွားရောက်ယှဉ် ပြိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေနဲ့ Meta လို Multinational Tech Company တွေကနေ ကျင်းပခဲ့တဲ့ နည်းပညာပွဲတွေမှာ ခေါ်ယူဖိတ်ကြားခံရတဲ့ အတွေ့အကြုံတွေကိုပါ “xTech” Event ရဲ့ Day [1] မှာ တစ်ပါတည်း မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

Day 1 : Panelists [ Ko Kayson Jett ]

Kayson Jett xTech Event Day 1 Panelist Hype Think Education

“xTech” Event ရဲ့ Day [1] မှာ ပါဝင်မျှဝေသွားမယ့် ဒုတိယမြောက် Panelist ကတော့ UI / UX Professional Designer တစ်ဦးဖြစ်တဲ့ Ko Kayson Jett ပဲ ဖြစ်ပါတယ်။

Ko Kayson ဟာဆိုရင်တော့ ~

  • Mobile Application တွေ ၊ Website Design တွေမှာ အရေးပါလှတဲ့ UI/ UX Feature တွေကို ရေးဆွဲရတဲ့ Professional Designer တစ်ဦးဖြစ်ပြီး Full-time အလုပ်အနေနဲ့ရော၊ ကိုယ်ပိုင်အလုပ်အနေနဲ့ပါ ပြည်တွင်းပြည်ပ Client တွေအတွက် အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေရှိထားတဲ့ Pro-Hustler တစ်ဦးဖြစ်ပါတယ်။
  • Ko Kayson ဟာ “xTech” Event ရဲ့ Day [1] မှာဆိုရင် “Life of UI/ UX Designer” ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ UI/ UX Professional Designer တွေရဲ့ အလုပ်သဘောသဘာဝတွေကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
  • ဒါ့အပြင် လုပ်ငန်းရှင်တွေ လာရောက်ဆက်သွယ်အပ်နှံရတဲ့ Pro-Hustler တစ်ယောက်နဲ့ Creative Working Professional တစ်ယောက်ဖြစ်ဖို့ရာ နောက်ကွယ်မှာ အချိန်ကာလတစ်ခုအထိ လေ့ကျင့်သင့်ယူမှုတွေရှိခဲ့မှာ အမှန်ပါပဲ။ ဒါတွေကို Facilitator နဲ့ အပြန်အလှန်​ စကားတွေပြောရင်း ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

Day 1 : Panelists [ HLA Gaming ]

HLA Gaming xTech Event Day 1 Panelist Hype Think Education

“xTech” Event ရဲ့ Day [1] မှာ ပါဝင်မျှဝေသွားမယ့် တတိယမြောက် Panelist ကတော့ [၄] နှစ်ကျော်ကြာ Gaming Creator အဖြစ်နဲ့ ရပ်တည်နေတဲ့ HLA Gaming ရဲ့ Gaming Video Creator အစ်ကိုပဲဖြစ်ပါတယ်။

  • အစ်ကိုကတော့ “xTech” Event ရဲ့ Day [1] မှာဆိုရင် လူငယ်တွေမသိသေးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Game Industry ထဲက အကြောင်းအရာတွေ၊ Gaming နဲ့ပတ်သက်တဲ့အကြောင်းတွေ၊ Gaming နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပေါ့ပေါ့ပါးပါးစကားပြောရင်း အမေးအဖြေလေးတွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
  • ဒါ့အပြင် “လူငယ်နှင့် Game” ဆိုတဲ့ Topic နဲ့အတူ [၄] နှစ်ကျော်ကြာ Gaming Creator အဖြစ် ရပ်တည်နေခဲ့သူ တစ်ယောက်အနေနဲ့ လူငယ်တွေ Gaming Industry မှာ ဝင်ငွေတွေ ဘယ်လိုရှာဖွေကြမလဲ? ၊ လူငယ်တွေနဲ့ Game ကြားက Relationship ၊ Gaming နဲ့ Professional လမ်းကြောင်းတစ်ခုပေါ် ဘယ်လိုတက်လှမ်းလို့ရမလဲ? ဆိုတာတွေကို လမ်းစဖော်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

Day 1 : Panelists [ Ko Edo { Edothegod } ]

EDO xTech Event Day 1 Panelist Hype Think Education

“xTech” Event ရဲ့ Day [1] မှာ ပါဝင်မျှဝေသွားမယ့်လေးယောက်မြောက် Panelist ကတော့ မြန်မာနိုင်ငံမှာ Freelance Tech Hustler တစ်ယောက်အဖြစ်ရော၊ ပြည်တွင်းပြည်ပမှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ လူငယ်အဖွဲ့အစည်းတွေအတွက် Design Artist တစ်ယောက်အဖြစ် ရပ်တည်နေသူ Ko Edo [ Edothegod ] ပဲဖြစ်ပါတယ်။

  • ကျောင်းစာတစ်ဖက်နဲ့ တင်းကြပ်လှတဲ့ Client Deadline တွေကြားထဲမှာ Balance ဖြစ်အောင်လုပ်ရင်း ရည်မှန်းချက်နဲ့အိပ်မက်တွေကို အကောင်အထည် ဖော်ခဲ့သလဲဆိုတာကို မျှဝေသွားမှာဖြစ်ပါတယ်။
  • Ko Edo ဟာ “xTech” Event ရဲ့ Day [1] မှာဆိုရင် အခုမှ IT Major ကို တက္ကသိုလ်မှာရွေးချယ်မယ့် လူငယ်တွေအတွက်သာမက ကိုယ့်ဘာသာ Self-study လေ့လာရင်း Developer အနေနဲ့ ရပ်တည်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ဘာတွေကိုအရင်သိထားသင့်လဲ? ဆိုတာကိုပါ ဆွေးနွေးအကြံပေးသွားမှာ ဖြစ်ပါတယ်။
  • မိမိရဲ့ သားသမီးတွေကို IT Professional တစ်ယောက်အဖြစ် မြေတောင်မြှောက်ပေးချင်တဲ့ မိဘတွေအတွက်လည်း IT လို Vocational Education တွေက Career Life ရဲ့ ဘယ်နေရာလောက်အထိ အထောက်အပံ့ဖြစ်မလဲ၊ ဘာတွေစပြီး လုပ်ပေးသင့်တယ်ဆိုတာကို Ko Edo ရဲ့ ဆွေးနွေးမှုတွေကနေတဆင့် လေ့လာနိုင်မှာဖြစ်ပါတယ်။
  • ဒါ့အပြင် Ko Edo က Theory + Self-study + Practice သုံးခုလုံး လိုအပ်တဲ့ Developer တစ်ယောက်အနေနဲ့တင်မကပဲ Design Artist, AR Designer, Stylist, Art Director Career များကိုပါ ဘယ်လိုအစပျိုးလာခဲ့လဲဆိုတာကို ဆွေးနွေးပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Day 2 : Panelists

Day 2 : Panelists [Ma Aye Mya Mya Phoo ]

Aye Mya Mya Phoo xTech Event Day 2 Panelist Hype Think Education

“xTech” Event ရဲ့ ဒုတိယရက် On-ground Event မှာ ပါဝင်ဆွေးနွေးသွားမယ့် ပထမဆုံး Panelist ကတော့ Social Entrepreneur တစ်ဦးဖြစ်တဲ့ Ma Aye Mya Mya Phoo ပဲ ဖြစ်ပါတယ်။

Ma Aye Mya Mya Phoo ဟာဆိုရင်တော့ ~

  • Lat Mhu (လက်မှု) Group ရဲ့ Founder & CEO တစ်ဦးဖြစ်တဲ့ အပြင် မြန်မာ့အမွေအနှစ် လက်မှုပညာရပ်များနဲ့ ပတ်သက်တဲ့ Community များ၊ Crafting Art အသက်မွေးမှုပညာရပ်သင်တန်းများ အပါအဝင် လက်မှုပညာရှင်များရဲ့ ဝင်ငွေအခွင့်အလမ်းများ ရရှိစေဖို့အတွက် အားတက်သရော ဆောင်ရွက်နေတဲ့ အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးပဲ ဖြစ်ပါတယ်။
  • [၂၀၂၀] ခုနှစ်မှာ Clothing Brand တစ်ခုဖြစ်တဲ့ Rangoon’s Boujee ကို စတင် Launch လုပ်ခဲ့ပြီး
  • Lat Mhu Club, Lat Mhu Shop နဲ့ Phan De:Kit တို့ပါဝင်တဲ့ Multifaceted Organization တစ်ခုဖြစ်တဲ့ Lat Mhu Group ကို စတင်တည်ထောင်သူ Founder & CEO တစ်ဦးဖြစ်လာခဲ့ပါတယ်။
  • မြန်မာ့အမွေအနှစ် လက်မှုပညာရပ်များနဲ့ ပတ်သက်တဲ့ Community များ၊ Crafting Art အသက်မွေးမှုပညာရပ် သင်တန်းများအပါအဝင် လက်မှုပညာရှင်များရဲ့ ဝင်ငွေအခွင့်အလမ်းများ ရရှိစေဖို့အတွက် အားတက်သရော ဆောင်ရွက်ပေးလျှက်ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။
  • ဒါ့အပြင် Ma Aye Mya Mya Phoo ဟာဆိုရင် Unlock Your Startup Dream, ASEAN Social Enterprise Development Program 1.0, Falling Walls Lab Myanmar & AWS Women Founder Mentorship Program တွေမှာ ပြည်တွင်းလက်မှုပညာရှင်များနဲ့ အနုစိပ်လက်မှုပညာရှင်များရဲ့ အရေးပါမှုကို လုပ်ငန်းပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များရဲ့ ရှေ့မှာချပြနိုင်ခဲ့သလို
  • UN Women နဲ့ Impact Hub Yangon မှ ပေးအပ်တဲ့ Rural Women Empowerment Grants Award ကိုရရှိခဲ့ပါတယ်။
  • အခုလက်ရှိ Yoma Bank မှ စီစဉ်ပြုလုပ်တဲ့ Grow Together Biz Pitch Program ရဲ့ Finalist [၃၀] ဦးထဲမှ တစ်ဦးအဖြစ်ရွေးချယ်ခံထားရပါ‌သေးတယ်။
  • [၂၀၂၃] ခုနှစ်မှာတော့ University of Texas ရဲ့ Young South East Asia Leadership Exchange Program မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ပါဝင်ခဲ့ပြီး
  • လက်ရှိမှာဆိုရင်တော့ လူငယ်တွေကြား ရေပန်းစားတဲ့ “A Date” ကနေတဆင့် မြန်မာအမျိုးသမီးငယ်တွေကြား လုံခြုံစိတ်ချရတဲ့ Dating Culture ဖြစ်စေဖို့ Managing Director တစ်ဦးအနေဖြင့်လည်း စီမံဆောင်ရွက်ပေးနေပါတယ်။

“xTech” Event ရဲ့ Day-2 On-ground ‌ပွဲမှာတော့ Ma Aye Mya Mya Phoo ရဲ့ စွန့်ဦးတီထွင်အတွေ့အကြုံတွေကို သိရှိရမှာဖြစ်ပြီး သူမရဲ့ စီးပွားရေးဆိုင်ရာခံယူချက်၊ ရပ်တည်ချက်တွေနဲ့ အကြုံပေးချက်တွေကို နားထောင်ရမှာပဲ ဖြစ်ပါတယ်။

Day 2 : Panelists [ Ma Hnin Wut Yee Aung ]

Hnin Wut Yee Aung xTech Event Day 2 Panelist Hype Think Education

“xTech” Event ရဲ့ ဒုတိယရက် On-ground Event မှာ ပါဝင်ဆွေးနွေးသွားမယ့် နောက်ထပ် Panelist တစ်ဦးကတော့ NORA Art Institute ရဲ့ Founder တစ်ဦးဖြစ်တဲ့ Ma Hnin Wut Yee Aung ပဲဖြစ်ပါတယ်။

Ma Hnin Wut Yee Aung ဟာဆိုရင်တော့ ~

  • Creative Art နဲ့ပတ်သက်တဲ့ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိတဲ့ NORA Art Institute ရဲ့ Founder တစ်ဦးဖြစ်ပါတယ်။
  • မြန်မာလူငယ်တွေအတွက် Art Institute တွေရှားပါးနေတာကို သတိပြုမိခဲ့တဲ့ အချိန်ကာလတစ်ခုကတည်းက Ma Hnin Wut Yee Aung ဟာ သူမရဲ့အိပ်မက်ကို Graphic Design သင်တန်းကျောင်းတစ်ခုနဲ့ စတင်အကောင်အထည်ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။
  • Creative Career အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ဖို့ Challenge ဖြစ်နေတဲ့ Disabled Community အတွက်လည်း NORA Art Institute ရဲ့ Teaching Methodology – သင်ကြားမှုပုံစံမှာ Sign Interpreter ကိုပါ ထည့်သွင်းထားသလို Creative Field ထဲက ပညာရပ်တွေကို မည်သူမဆိုလေ့လာနိုင်ရမယ်ဆိုတဲ့ Inclusive Learning ကိုပါ ကြိုးစားဖော်ဆောင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
  • ဒါ့အပြင် Ma Hnin Wut Yee Aung က 3 Emergency Healthcare, Home Healthcare Services, Medical & Health Check-ups, Minor Surgical နဲ့ ဆေးပညာဗဟုသုတများကို မျှဝေပေးနေတဲ့ Hantha Clinic ရဲ့ တည်ထောင်သူများထဲက တစ်ဦးဖြစ်သလို
  • Virtual Business Card ရဲ့ Marketing ဌာန Head တစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။
  • Chindwin Net ရဲ့ Business Development ပိုင်းကိုလည်း တာဝန်ယူထားပြီး
  • Community အဖွဲ့အစည်းများအတွက် လိုအပ်တဲ့ Social Contribution များကိုပါ ဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။
  • တစ်ပြိုင်နက်တည်းမှာပဲ ပြည်တွင်းပြည်ပမှ Brand များအတွက် Digital Marketing နဲ့ Production ပိုင်းများကို ရည်မှန်းချက်တူညီတဲ့ Creative လူငယ်တစ်စုနဲ့အတူ လုပ်ဆောင်လျှက်ရှိပြီး Creative Career များဖြစ်ကြတဲ့ Photography, Video Editing, Motion Graphic, Illustration, Graphic Design စတဲ့ အသက်မွေးမှုပညာရပ်တွေကနေတစ်ဆင့် မြန်မာလူငယ်များအတွက် အခွင့်အလမ်းတွေဖော်ဆောင်ပေးဖို့ရာ NORA Art Institute အဖြစ် မားမားမတ်မတ်ရပ်တည်လျက်ရှိပါတယ်။

“xTech” Event ရဲ့ Day-2 On-ground ‌ပွဲမှာတော့ Ma Hnin Wut Yee Aung ရဲ့ စွန့်ဦးတီထွင်အတွေ့အကြုံတွေကို သိရှိရမှာဖြစ်ပြီး သူမရဲ့ စီးပွားရေးဆိုင်ရာခံယူချက်၊ ရပ်တည်ချက်တွေနဲ့ အကြုံပေးချက်တွေကို နားထောင်ရမှာပဲ ဖြစ်ပါတယ်။

Day 2 : Panelists [ Ma Shin Thant Shwe Eain ]

Shin Thant Shwe Eain xTech Event Day 2 Panelist Hype Think Education

“xTech” Event ရဲ့ ဒုတိယရက် On-ground Event မှာ ပါဝင်ဆွေးနွေးသွားမယ့် နောက်ထပ် Panelist တစ်ဦးကတော့ NextGen Impact ရဲ့ Founder and CEO တစ်ဦးဖြစ်တဲ့ Ma Shin Thant Shwe Eain ပဲဖြစ်ပါတယ်။

Ma Shin Thant Shwe Eain ကတော့ ~

  • Community Service Volunteer အနေနဲ့ [၂၀၁၉] ခုနှစ်တည်းက Covid ကာလအတွင်းမှာ Emergency Medical Rescue တွင်ပါဝင်ပြီး စေတနာ့ဝန်ထမ်းအဖြစ်နဲ့လုပ်ကိုင်ခဲ့ပါတယ်။
  • Covid-19 ကပ်ရောဂါကြောင့် ပညာရေးအခွင့်အလမ်းဆုံးရှုံးနေရသူများ၊ ငွေကြေးအခက်အခဲရှိသူများအတွက် ပညာဒါနအတန်းများအပြင် ကျေးလက်ဘက်မှာလည်း Public Library များကို ဦးဆောင်တည်ဆောက််နိုင်ခဲ့တဲ့ GEF – GrowEdu Flowers Organisation ရဲ့President and Founder တစ်ယောက်လည်းဖြစ်ပါတယ်။
  • ဒါ့အပြင် Ma Shin Thant အနေနဲ့ နောက်ထပ် Community Service တွေအနေနဲ့ Gender Equality and Women Empowerment အတွက် Activist and Public Speaker တစ်ဦးအဖြစ်လည်း လှုပ်ရှားဆောင်ရွက်နေသလို Myanmar Women Entrepreneurs Association မှ Member တစ်ဦးလည်းဖြစ်ပါတယ်။
  • ASEAN Youth Advocate Network Myanmar ရဲ့ 2022 – 2023 Term မှာ HR Head အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး 2023 – 2024 Term အတွက် Country Director အနေနဲ့ တာဝန်ထမ်းဆောင်နေတာလည်းဖြစ်ပါတယ်။
  • ဒါ့အပြင် ထူးချွန်တဲ့လူငယ်တွေကို Scholarship တွေအမြဲပေးအပ်လေ့ရှိတဲ့ ASEAN Youth Friendship Network ရဲ့ Global Marketing Intern တစ်ဦးအဖြစ်လည်း လုပ်ကိုင်နေလျက်ရှိပါတယ်။
  • Ma Shin Thant ဟာဆိုရင် Institute of Democracy and Economic Affairs မှနေပြီး Vietnam နိုင်ငံ၊ Hanoi မြို့မှာပြုလုပ်တဲ့ “Discussion About Priority of Youth in ASEAN Economic 2025”- ASEAN Prosperity Initiative Roundtable Discussion မှာ ASEAN လူငယ်ကိုယ်စားပြုအနေနဲ့ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
  • ဒါ့အပြင် ASEAN Youth Friendship Network ရဲ့ Indonesia နိုင်ငံ၊ Bali မြို့မှာ ပြုလုပ်တဲ့ Youth Leadership and Entrepreneurship Camp 2023 မှ သင်တန်းဆင်းတစ်ဦးလည်းဖြစ်ပြီး RISEAP နှင့် Thai Muslim Students Association မှဦးဆောင်ပြီး Thai နိုင်ငံရဲ့ Three Southern Border Provinces မှာပြုလုပ်တဲ့ “Cultural Exchange in Southeast Asia’s Multicultural Model” Exchange Program မှာ ပထမဦးဆုံး Buddhist Cultural Exchange Ambassador and Youth Diplomat အဖြစ်နဲ့ ပါဝင်ခဲ့သူဖြစ်ပါတယ်။
  • သူမရဲ့ အဓိက Goal တွေကတော့ Cultural Exchange and Friendship Building, Education and Youth Empowerment နဲ့ Gender Equality တို့ပဲ ဖြစ်ပါတယ်။

Day 2 : Panelists [ Ma Yoon Khin Khin Pyo ]

Yoon Khin Khin Pyo xTech Event Day 2 Panelist Hype Think Education

“xTech” Event ရဲ့ ဒုတိယရက် On-ground Event မှာ ပါဝင်ဆွေးနွေးသွားမယ့် လေးဦးမြောက် Panelist ကတော့ ~ Business Professional တစ်ဦးဖြစ်တဲ့ Ma Yoon Khin Khin Pyo ပဲဖြစ်ပါတယ်။

Ma Yoon Khin Khin Pyo ဟာဆိုရင်တော့ ~

  • ပြည်တွင်း Private University တစ်ခုမှာ ပညာသင်ကြားရင်း ပြည်တွင်းမှာပင် ဟောင်ကောင်နိုင်ငံရဲ့ ထိပ်တန်းအစိုးရတက္ကသိုလ်များထဲမှ တစ်ခုဖြစ်တဲ့ Hong Kong Metropolitan University ရဲ့ စီးပွားစီမံဘွဲ့ကိုရရှိခဲ့တဲ့ Dean’s Lister တစ်ယောက်ပဲ ဖြစ်ပါတယ်။
  • သူမချစ်မြတ်နိုးတဲ့ Marketing ဘာသာရပ်နဲ့ ပတ်သက်လို့ ထပ်ပြီးလေ့လာချင်တဲ့အတွက် “International Marketing in MBA” ဘာသာရပ်ရဲ့ အထူးပြုမဟာဘွဲ့ကို Singapore နိုင်ငံမှာ ရှိတဲ့ Bangor University သို့ သွားရောက်ပညာသင်ယူခဲ့ပါတယ်။
  • ပြည်တွင်းကို ပြန်လည်ရောက်ရှိလာချိန်မှာတော့ သူစိတ်အားထက်သန်တဲ့ Career Life ကို စတင်ရှာဖွေရင်း Assumption University ရဲ့ Post Graduate Program အတွက် Program Coordinator အဖြစ်လုပ်ကိုင်ခဲ့သလို
  • Edulink ရဲ့ Senior Education Consultant တစ်ယောက်အနေနဲ့ လက်ရှိမှာ လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။
  • ဒါတင်မကသေးဘဲ Ma Yoon Khin Khin Pyo က Side-Hustler များအဖြစ် Business Plan, Marketing Plan နဲ့ Operation Management System များကို ရေးဆွဲအကြံပေးနေတဲ့ Independent Business Professional တစ်ယောက်အဖြစ်ရပ်တည်နေသလို
  • မြန်မာလူငယ်များအတွက် အငယ်တန်းနိုင်ငံတကာပညာရေးလမ်းကြောင်းပေါ် ရောက်ရှိဖို့ ဖြေဆိုပြင်ဆင်မှုပိုင်းအတွက် ကြိုးစားဖော်ဆောင်ပေးနေတဲ့ လူငယ်အဖွဲ့အစည်း “Here Youths” မှာ Operation Director အဖြစ် စီမံဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်။

Ma Yoon Khin Khin Pyo က “xTech” Event ရဲ့ Day-2 On-ground ‌ပွဲမှာတော့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ပညာသင်ကြားမှုအတွေ့အကြုံရှိသူတစ်ယောက်အနေနဲ့ Educational Experiences တွေကို မျှဝေပေးမှာဖြစ်တဲ့အပြင် Operation Management ဆိုင်ရာ၊ အတွေ့အကြုံတွေ၊ Consultation နဲ့ ပတ်သက်တဲ့ Career ကို တက်လှမ်းမယ့် လူငယ်တွေအတွက် Education Industry ထဲက Consultation Career အကြောင်းကို မျှဝေပေးမှာ ဖြစ်ပါတယ်။

xTech on-ground event workshop activity [ Ma Myat Hmone Nathar ]

Myat Hmone Nathar Day 2 Facilitator Hype Think Education

xTech ရဲ့ Workshop Activity ကိုတော့ “Customer တန်ဖိုးသိခြင်း အနုပညာ” လို့ ခေါင်းစဉ်ပေးထားပြီးတော့ “xTech” On-ground Event ကို တက်ရောက်လာကြတဲ့သူတွေအားလုံးနဲ့အတူ ပျော်ပျော်ပါးပါး အဖွဲ့လိုက်လုပ်ဆောင်ရမယ့် Activity တစ်ခုဖြစ်ပါတယ်နော်။

”xTech” On-Ground Event ရဲ့ “Customer တန်ဖိုးသိခြင်း အနုပညာ” ဆိုတဲ့ Workshop ‌မှာဆိုရင် ~

  • ပထမဆုံး Special Lecture အ‌နေနဲ့ Business Knowledge တစ်ခုမှမရှိထားသေးပေမယ့် လုပ်ငန်းတစ်ခု လုပ်ဖို့ စပြီးစဉ်းစားတဲ့ Concept အပါအ၀င် Customer အကြိုက်အလိုက်ကို ဘယ်လိုမျိုးချဉ်းကပ်မရလဲ၊ ဘယ်လိုမျိုးဖန်တီးရမလဲဆိုတာကို ‌ဆွေးနွေးပြောပြပေးသွားမှာ ဖြစ်တဲ့အပြင်၊
  • ကိုယ်တိုင် Brainstorming လုပ်ပြီး Plan တွေလုပ်တတ်သည်အထိဆွဲခေါ်သွားမဲ့ Workshop မျိုး ဖြစ်ပါတယ်နော်။

ဒါ့အပြင် “xTech” On-Ground Event ‌မှာ “Customer တန်ဖိုးသိခြင်း အနုပညာ” Workshop ကို အစအဆုံး Facilitateလုပ်ပေးသွားမယ့်သူ‌ကတော့ Creative နယ်ပယ်ရပ်၀န်းအသီးသီးမှာ Multi-Creative တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ Ma Myat Hmone Nathar ပဲ ဖြစ်ပါတယ်။

  • Ma Myat Hmone Nathar ဟာဆိုရင် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး မြန်မာလူငယ် Creative Technologists တွေ ပူးပေါင်းဖန်တီးထားတဲ့ အနုပညာ နည်းပညာပေါင်းစပ်မှု – XR Exhibition Project “(Re) Imagine City/ (Re) Imagine Home”
  • မြန်မာ Artist လူငယ်များရဲ့ Commercial အခွင့်အလမ်းများ၊ ဖန်တီးမှုအနုပညာပြပွဲများ၊ Art ကို မြတ်နိုးတဲ့ လူငယ်တွေအတွက် သင်ကြားရေးပိုင်းများကို ဆောင်ရွက်ပေးနေတဲ့ Zest Club
  • မြန်မာနိုင်ငံက လူငယ် Creatives တွေကို ပြည်တွင်းပြည်ပက လုပ်ငန်းအခွင့်အလမ်းတွေနဲ့ အကောင်းဆုံးချိတ်ဆက်လုပ်ဆောင်ပေးနေတဲ့ လူငယ် Talent Acquisition အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Street Smarts
  • Indie Filmmaker အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “Despair Cinema” အပါအဝင် အခြားသော Creative နယ်ပယ်ရပ်ဝန်းအသီးသီးက လူငယ် Community တွေနဲ့အတူ အလုပ်လုပ်ကိုင်နေတဲ့ Multi-Creative တစ်ယောက်ပဲ ဖြစ်ပါတယ်။
  • လက်ရှိမှာ AR Designer Ko Aung Nyein Chan, Design Artist တစ်ဦးဖြစ်သည့် Edo The God, Purin Comics တို့ရဲ့ Artist Manager အဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်Prophetic Artist တစ်ဦးဖြစ်တဲ့ Luke Shin Thant နဲ့ AR Designer တစ်ဦးဖြစ်တဲ့ Aung Nyein Chan (Enchax Creative) တို့ဖြင့် ပူးပေါင်းကာ နည်းပညာနှင့် အနုပညာပေါင်းစပ်ဖန်တီးမှု “Prophetic Reality” ကို တည်ထောင်ထားတဲ့အပြင် Jake နဲ့အတူ စီးပွားရေးနှင့် စျေးကွက်ဆိုင်ရာ အသိပညာများကို စာတွေ့လက်တွေ့ Sharing လုပ်ပေးမယ့် “Storm of Merchants” Channel ကိုလည်း ဖန်တီးဖော်ဆောင်လျက်ရှိပါတယ်။

ဒီလိုမျိုး Creative နယ်ပယ်ရပ်၀န်းတွေမှာ Well-Experienced ဖြစ်တဲ့ Ma Myat Hmone Nathar ကိုယ်တိုင်က Facilitate လုပ်သွားမှာဆိုတော့ Business တစ်ခုစတင်ဖို့အတွက် လိုအပ်ချက်နှင့် လုပ်‌ဆောင်ချက်တွေကို သိချင်ကြတဲ့လူငယ်တွေအတွက် ဒီလိုမျိုး Workshop ကို လက်လွတ်ခံလိုက်ရင်တော့ နောင်တရစရာတွေ ဖြစ်လာနိုင်ပါတယ်နော်။

“xTech” Event ရဲ့ [Day 2, On-ground] တွင်ထပ်မံပါဝင်ဆွေးနွေးသွားမယ့် Panelist များ

“xTech” Event ရဲ့ [ Day 2, On-ground] မှာ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဥပဒေပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို အကြံပေးလုပ်ဆောင်ပေးလျှက်ရှိတဲ့ KST Legal မှ Diamond Sponsor အဖြစ် ပါဝင်အားဖြည့်ပေးထာတဲ့အပြင် KST Legal ရဲ့ ကျွမ်းကျင်သူများကလည်း Panelist အဖြစ်ပါဝင်ပြီး Panel Discussion တွင်ထပ်မံဆွေးနွေးမျှဝေသွားကြဦးမှာပဲဖြစ်ပါတယ်။

ဒီ Panel Discussion မှာဆိုရင်တော့ KST Legal ရဲ့ ဥပဒေပိုင်းဆိုင်ရာကျွမ်းကျင်သူများကနေပြီးတော့-

  • လုပ်ငန်းတစ်ခုစတင်ဖို့အတွက် သိထားရမယ့် စီးပွားရေးလုပ်ငန်းဖွဲ့စည်းပုံတွေနဲ့ ဥပဒေအရ ဆောင်ရွက်/ပြင်ဆင်ထားဖို လိုအပ်တာတွေ၊
  • ဗျူဟာမြောက် စီးပွားရေးတစ်ရပ် ဖွဲ့စည်းထည်ထောင်ခြင်းတွေနဲ့ လိုအပ်သည်များ ကြိုတင်ပြင်ဆင်ခြင်း အနုပညာ၊
  • Digital ခေတ်မှာ Online Business တွေအတွက် လိုက်လျောညီထွေဖြစ်စေဖို့ လမ်းညွှန်ချက်‌တွေနဲ့
  • မိမိတို့ရဲ့ နည်းပညာတီထွင်ဆန်းသစ်မှု‌တွေကို မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေတွေနဲ့အညီ အကာကွယ်ရယူဖို့ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

ဒီလိုမျိုး “xTech” Event ရဲ့ Day-2 On-ground ပွဲမှာ စီးပွားရေးလုပ်ငန်းတွေ အခြေခိုင်ပြီးဆက်လက်တိုးတက်နိုင်ဖို့အတွက် အရေးပါတဲ့ ဥပဒေရေးရာအခန်းကဏ္ဍတွေအကြောင်း စုံလင်စွာဆွေးနွေးမျှဝေပေးသွားမယ့် Panelist တွေကဘယ်သူတွေဖြစ်မလဲဆိုတာ စိတ်ဝင်စားနေပြီလား? ပေးထားတဲ့ ပုံတစ်ပုံချင်းစီမှာ Panelist တွေရဲ့အကြောင်းကို အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်နော်။

Day 2 : KST Legal Panelists [ Ko Sa Sa Nyunt ]

Sa Sa Nyut KST Legal Panelists xTech Event Hype Think Education

“xTech” Event ရဲ့ ဒုတိယရက် On-ground Event မှာ Legal ပိုင်းဆိုင်ရာအကြောင်းအရာ‌တွေကို ပါဝင်ဆွေးနွေးသွားမယ့် ပထမဆုံး Panelist ကတော့ KST Legal ရဲ့ Founder and Managing Partner တစ်ဦးဖြစ်တဲ့ Ko Sa Sa Nyunt ပဲဖြစ်ပါတယ်။

Ko Sa Sa Nyunt ကဆိုရင် ~

  • KST Legal ကို မတည်ထောင်ခင်မှာ Baker McKenzie, KPMG နှင့် နိုင်ငံတကာမှာထင်ရှားတဲ့ အခြား international Law Firm တော်တော်များများတွင် အလုပ်လုပ်ကိုင်ခဲ့တဲ့ ရှေ့နေတစ်ယောက် ဖြစ်ပါတယ်။
  • ဒ့ါအပြင် Ko Sa Sa Nyunt ကဆိုရင် ရှေ့နေတစ်ယောက်အဖြစ်လည်း [12] နှစ်တာ
    အတွေ့အကြုံရှိထားသူတစ်ဦးဖြစ်ပါတယ်။
  • နောက်ထပ်အနေနဲ့ Matrix Institute of Professional ရဲ့ Visiting Lecturer တစ်ယောက်လည်းဖြစ်တဲ့အပြင် France Myanmar Chamber of Commerce & Industry [CCI France Myanmar] ရဲ့ Vice President တစ်ယောက်ဆိုရင်လည်း ဟုတ်ပါတယ်နော်။
  • အစ်ကိုဟာဆိုရင် Corporate Tax Laws နဲ့ဆက်နွယ်တဲ့ သုတေသနစာတမ်းဖြင့် PhD ဘွဲ့ကိုလည်းရရှိသူဖြစ်ပြီးတော့ Banking and Finance, Merger & Acquisition and Technology စတဲ့နယ်ပယ်တွေနဲ့ပတ်သက်ပြီးတော့ လက်ရှိမှာ အဓိကလုပ်ဆောင်ပေးနေသူ တစ်ယောက် ဖြစ်ပါတယ်။

Day 2 : KST Legal Panelists [ Ma Haymar Chit Swe ]

Haymar Chit Swe KST Legal Panelists xTech Event Hype Think Education

“xTech” Event ရဲ့ ဒုတိယရက် On-ground Event မှာ Legal ပိုင်းဆိုင်ရာ အကြောင်းအရာ‌တွေကို ပါဝင်ဆွေးနွေးသွားမယ့် ပထမဆုံး Panelist ကတော့ KST Legal ရဲ့ Associate တစ်ဦးဖြစ်တဲ့ Ma Haymar Chit Swe ပဲဖြစ်ပါတယ်။

Ma Haymar Chit Swe ကတော့ ~

  • East Yangon University ကနေ Bachelor of Laws ဘွဲ့ကို ရရှိခဲ့တဲ့အပြင် University of Yangon မှ မဟာဥပဒေဘွဲ့ (LL.M) ကိုလည်း ရရှိထားသူဖြစ်ပါတယ်။
  • တက္ကသိုလ်မှာ ပညာသင်ယူစဉ်တည်းက Ma Haymar က မိခင်တက္ကသိုလ်က ကြီးမှူး ပြုလုပ်တဲ့ သရုပ်ပြတရားရုံးတွေမှာ ပါဝင်ခဲ့ပြီးနဲ့ လူထူအကျိုးပြုအစီအစဉ်တွေနဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ အသိပညာပေး ဟောပြောပွဲတွေမှာ Speaker တစ်ဦးအဖြစ် တက်ကြွစွာ ပါဝင်ခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။
  • ဒီလိုထူးချွန်တဲ့ကျောင်းသူတစ်ယောက်အနေနဲ့ University of Yangon မှာ မဟာဥပဒေ တက်ရောက်နေစဉ်နှစ်တိုင်းမှာ ထူးချွန်ဆုများကိုရရှိခဲ့ပါသေးတယ်။
  • သူမရဲ့ Professional Background အရ Ma Haymar က KST Legal မှာ မလုပ်ကိုင်ခင်တည်းက မြန်မာနိုင်ငံရှိ International Firm တစ်ခုမှာ Legal Associate တစ်ဦးအဖြစ်လုပ်ကိုင်ခဲ့ပြီး တာဝန်ထမ်းဆောင်စဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနှင့် ပတ်သက်ပြီး အတွေ့အကြုံများ ရရှိခဲ့တဲ့အပြင် Corporate Sector အတွက် ရှေ့နေအဖြစ် ဆောင်ရွက်နေသည့် အတွေ့အကြုံ [၄] နှစ်ကျော်ရှိပြီဖြစ်ပါတယ်။
  • ဒါ့အပြင် Trademark, Industrial Design, and Copyright ကဏ္ဍတွေမှာလည်း တရားဝင်ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ရန် အသိအမှတ်ပြုလက်မှတ်များ ရရှိထားပြီး အထက်တန်းရှေ့နေလိုင်စင်ကို ကိုင်ဆောင်ထားသူလည်းဖြစ်ပါတယ်။
  • လက်ရှိမှာဆိုရင်‌တော့ Ma Haymar က KST Legal မှာ Employment နဲ့ Intellectual Property (IP) ဆိုင်ရာကိစ္စရပ်တွေကို အဓိက ဆောင်ရွက်လျက်ရှိပြီး Corporate Affair ကိစ္စ‌တွေကို ဦးဆောင်လုပ်ကိုင်လျက်ရှိပါတယ်။

Day 2 : KST Legal Panelists [ Ma May Nandar Myint ]

May Nandar Myint KST Legal Panelists xTech Event Hype Think Education

“xTech” Event ရဲ့ ဒုတိယရက် On-ground Event မှာ Legal ပိုင်းဆိုင်ရာ အကြောင်းအရာ‌တွေကို ပါဝင်ဆွေးနွေးသွားမယ့် နောက်ထပ် Panelist တစ်ဦးကတော့ KST Legal ရဲ့ Associate တစ်ဦးဖြစ်တဲ့ Ma May Nandar Myint ပဲဖြစ်ပါတယ်။

Ma May Nandar Myint ကတော့ ~

  • Dagon University ကနေ ဥပဒေမေဂျာနဲ့ Bachelor of Laws ဘွဲ့ကို ရရှိခဲ့တဲ့အပြင် University of Yangon မှလည်း မဟာဥပဒေဘွဲ့ကို ရရှိထားသူဖြစ်ပါတယ်။
  • ပညာသင်ယူစဉ်တည်းက Ma May Nandar ဟာ Student-led Organization တွေမှာ တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။
  • Ma May Nandar က [၂၀၂၁] ခုနှစ်တည်းက KST Legal မှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီးတော့ Mergers and Acquisitions (M&A)၊ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် နယ်ပယ်တွေမှာအတွေ့အကြုံများစွာရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။

Day 2 : KST Legal Panelists [ Ma May Myat Mon ]

May Myat Mon KST Legal Panelists xTech Event Hype Think Education

“xTech” Event ရဲ့ ဒုတိယရက် On-ground Event မှာ Legal ပိုင်းဆိုင်ရာ အကြောင်းအရာ‌တွေကို ပါဝင်ဆွေးနွေးသွားမယ့် နောက်ဆုံး Panelist ကတော့ KST Legal Law Firm ရဲ့ Associate တစ်ဦးဖြစ်တဲ့ Ma May Myat Mon ပဲဖြစ်ပါတယ်။

Ma May Myat Mon ကဆိုရင် ~

  • University of Yangon တွင် ဥပဒေ ဘာသာရပ်ဖြင့် Bachelor of Laws ဘွဲ့ရရှိထားသူ တစ်ဦးဖြစ်ပြီး လက်ရှိမှာဆိုရင်လည်း University of Yangon တွင် Commercial Law ကိုအထူးပြုသင်ကြားသည့် Master Degree တက်ရောက်နေတဲ့ Candidate တစ်ဦးဖြစ်ပါတယ်။
  • မြန်မာနိုင်ငံရဲ့ Foreign Law Firm တစ်ခုတွင် Intern အဖြစ်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံရှိပြီးတော့ ၂၀၂၀ ခုနှစ်မှ စတင်၍ KST Legal တွင် စတင်၀င်ရောက် လုပ်ကိုင်ခဲ့ပါတယ်။
  • အစ်မရဲ့ University Life တစ်‌လျှောက်လုံး Volunteering activities များမှာ တက်ကြစွာ ပါ၀င်ခဲ့သူ တစ်ယောက်ဖြစ်ပြီး Language အနေနဲ့ Myanmar နဲ့ English ကိုကျွမ်းကျင်စွာ ပြောတတ်ဆိုတတ်သူ တစ်ယောက်ဖြစ်ပါတယ်။
  • ဒါ့အပြင် အစ်မသည် KST Legal တွင် ၀င်ရောက်လုပ်ကိုင်ချိန်မှစပြီး Company Structuring, Banking and Finance and IT စတဲ့ ကျယ်ပြန့်တဲ့ အခန်းကဏ္ဍအသီးသီးတွင် Commercial Agreements and အခြားသော Agreements မျိုးစုံကို ကျွမ်းကျင်စွာ ကူညီ ဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့် သူမ၏ အတွေ့အကြုံ၊ ဗဟုသုတတွေကိုမျှဝေပေးပြီး ပါ၀င်ပံ့ပိုး ကူညီပေးနေသူတစ်ယောက် ဖြစ်ပါတယ်။

Day 2 : KST Legal Panelists [ Ma May Nyein Su Zan Hla ]

May Nyein Su Zan Hla KST Legal Panelists xTech Event Hype Think Education

“xTech” Event ရဲ့ ဒုတိယရက် On-ground Event မှာ Legal ပိုင်းဆိုင်ရာ အကြောင်းအရာ‌တွေကို ပါဝင်ဆွေးနွေးသွားမယ့် နောက်ထပ် Panelist ကတော့ KST Legal Law Firmရဲ့ Associate တစ်ဦးဖြစ်တဲ့ Ma May Nyein Su Zan Hla ပဲဖြစ်ပါတယ်။

Ma May Nyein ကတော့ ~

  • [ 2020] ခုနစ်၊ လအလယ်ပိုင်းမှ စ၍ ယနေ့အချိန်ထိ KST Law Firm တွင် ၀င်ရောက်လုပ်ကိုင် နေသူတစ်ဦးဖြစ်ပါတယ်။
  • မမေငြိမ်း သည် [ 2019 ] ခုနစ် ၊ East Yangon University တွင် Bachelor of Laws ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူတစ်ဦးဖြစ်တဲ့အပြင် Civil Law ကိုအထူးပြုသင်ကြားသည့် Master of Law ဘာသာရပ်ကို Yangon University တွင် တက်ရောက်နေတဲ့ Candidate တစ်ယောက်လည်းဖြစ်ပါတယ်။
  • ဒါ့အပြင် မမေငြိမ်း သည် East Yangon University တွင်ပညာသင်ကြားနေစဉ်က Activity တော်တော်များများတွင် တက်ကြွစွာပါ၀င်ခဲ့သူဖြစ်ပြီးတော့ American Center Law Study Club တွင်လည်း Volunteer တစ်ယောက်အဖြစ်လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။
  • ဒါတင်မဟုတ်ပါဘူး မမေငြိမ်းကဆိုရင် East Yangon University Law Students’ Association ရဲ့ Founder များထဲမှ တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။
  • နောက်ပြီးတော့ မမေငြိမ်း သည် East Yangon University မှာကျောင်းတက်နေစဥ်မှာ စင်ကာပူနိင်ငံမှာရှိတဲ့ Leading International Law Firm တွင်လည်း Intern တစ်ယောက်အဖြစ်လည်း လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာရှိတဲ့ international Law Firm မှာလည်း Intern အနေနဲ့ လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း သူမသည် တရားရုံးများတွင် အမှုသည်များအတွက် ကိုယ်စားပြု ဆောင်ရွက် ပေးနေတဲ့ အထက်တန်းရှေ့နေတစ်ယောက်ဖြစ်ပြီးMergers and Acquisitions (M&A)၊ ဘဏ်လုပ်ငန်း နှင့် ကုမ္ပဏီများအတွက် ဥပဒေဆိုင်ရာ ကိစ္စများ နှင် စာချုပ်စာတမ်းများရေးသား ချုပ်ဆိုပေးရာတွင် အတွေအကြုံရှိသူတစ်ဦးဖြစ်ပါတယ်။

Sponsorships Announcement

“xTech” Event တွင် ပါဝင်အားဖြည့်ကူညီပေးသွားမယ့် “Diamond Sponsor Announcement”

Diamond Sponsor KST Legal xTech Event Hype Think Education

နည်းပညာပိုင်းဆိုင်ရာကို စိတ်၀င်စားပြီး Career တစ်ခုအဖြစ်လုပ်ကိုင်ချင်ကြတဲ့ လူငယ်တို့အတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ Hype Think Education မှ ကျင်းပပြုလုပ်သော “xTech” Event [ Day 2] တွင် မြန်မာနိုင်ငံတွင်ရှိသော စီးပွားရေးလုပ်ငန်းကောင်းများ ဒီထက်ပိုမိုတိုးတက်လာစေရန်အတွက် Legal ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး လိုအပ်သည့်ဆွေးနွေးတိုင်ပင်မှုများနှင့် အကြံပေးမှုများကို လုပ်ဆောင်ပေးလျက်ရှိတဲ့ KST Legal မှလည်း Diamond Sponsor အဖြစ် ပါ၀င်ထားပါတယ်။

Gold Sponsors Announcement

“သင့်ဖုန်းနံပါတ်ကို Client ဖုန်းထဲအရင် ရောက်အောင် ထည့်လိုက်ပါ”

Gold Sponsor Virtual Business Card xTech Event Hype Think Education

လာမည့် April 7, Sunday, [1PM ~ 4:30 PM] တွင်ကျင်းပပြုလုပ်သွားမယ့် “xTech” Event ရဲ့ [ Day 2, On-ground] နေ့တွင် Virtual Business Card များကို ဈေးနှုန်း သက်သက်သာသာဖြင့် လုပ်ဆောင်ပေးနေလျက်ရှိတဲ့ Virtual Business Card – VBC မှလည်း Gold Sponsor အဖြစ် ပါ၀င်အားဖြည့်ပေးထားပါတယ်။

Virtual Business Card ဆိုတာ တစ်ချက်ထိလိုက်ရုံဖြင့် ကိုယ့်ရဲ့ Business Information and Social Link များကို တစ်ဖက်သူရဲ့ဖုန်းထဲသို့ အမြန်ဆုံးထည့်ပေးနိုင်တဲ့ Card မျိုးဖြစ်ပါတယ်။ ဒါ့အပြင် “xTech” On- ground Event နေ့တွင်လည်း Virtual Business Card မှ ချက်ချင်းဝယ်ပြီး ချက်ချင်းအသုံးပြုလို့ရနိုင်မဲ့ Ready Made Card ကိုလည်း Normal Price: 25,000ks မှ Discount Price: 20,000ks နဲ့ ရောင်းချပြီးတော့ ပါ၀င်ပေးသွားမှာ ဖြစ်ပါတယ်။

“xTech”Event တွင် ထပ်မံပြီးပါ၀င်အားဖြည့်ပေးသွားမယ့် “Gold Sponsor Announcement”

Gold Sponsor Competency Business Solutions (CBS) Co, Ltd xTech Event Hype Think Education

လာမည့် April 7, Sunday, [1PM ~ 4:30 PM] တွင် ကျင်းပပြုလုပ်သွားမယ့် “xTech” Event ရဲ့ [ Day 2, On-ground] နေ့တွင် မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ၌ အခြေစိုက်ဖွင့်လှစ်ထားပြီးတော့ ထိုင်းနိုင်ငံတွင် Businessတစ်ခု စတင်ချင်တဲ့သူတို့ နှင့် နိုင်ငံခြားမှာရေရှည်နေထိုင်ချင်သူတို့အတွက် လိုအပ်တဲ့ကိစ္စရပ်များကို အကောင်းဆုံး Service များဖြင့်လုပ်ဆောင်ပေးလျက်ရှိတဲ့ Competency Business Solutions Co., Ltd မှာလည်း Gold Sponsor အဖြစ် ပါ၀င်အားဖြည့်ပေးထားပါသည်။

Venue Sponsor Announcement

Venue Partner University of Taxila xTech Event Hype Think Education

“xTech” On-ground Event ကို Venue Sponsor အဖြစ် ပါ၀င်အားဖြည့်ပေးထားသော University of Taxila ဖြစ်ပါတယ်နော်။

“xTech” On-ground Event [ Day 2] ကျင်းပပြုလုပ်မဲ့ University of Taxila ဟာဆိုရင် ~

[ Building 15, Lan Thit Avenue Complex, Bhone Gyi Road & Lan Thit Road, Lamadaw Township, Yangon ] မှာ တည်ရှိတာပဲ ဖြစ်ပါတယ်နော်။

Google Map : bit.ly/UniversityOfTaxila

Bus စီးပြီးတော့ ”xTech” On-ground Event နေ့ကိုအရောက်လာခဲ့ချင်တယ်ဆိုရင်တော့ YBS Number [21, 35 , 58, 131, 140] ကိုစီးပြီး မော်တင်မှတ်တိုင်မှာ ဆင်းရမှာပဲဖြစ်ပါတယ်။

  • မော်တင်မှတ်တိုင်မှာဆင်းပြီးပြီဆိုရင်လမ်းသစ်ရိပ်သာထဲသို့ ဘုန်းကြီးလမ်းမှ၀င်လာရမှာဖြစ်ပါတယ်။
  • လမ်းသစ်ရိပ်သာထိပ်ကိုရောက်ပြီ‌‌ဆိုလျှင် IQ Vision ကိုမြင်ရမှာဖြစ်ပြီး အဲ့နားက ၀န်းထဲကို တည့်တည့်ဆက်၀င်လာလိုက်မယ်‌ဆိုရင် Building 15 မှာရှိတဲ့ University of Taxila ဆီသို့ ရောက်ရှိသွားမှာပဲဖြစ်ပါတယ်နော်။ 🤩

Event Activity Partner Announcement

Event activity partner Samsung xTech Event Hype Think Education

“xTech”Event တွင် ထပ်မံပြီး Event Activity Partner အနေနဲ့ Workshop မှာ ပါ၀င်အားဖြည့်ပေးတာကတော့ Samsung ပဲ ဖြစ်ပါတယ်။

April 7, Sunday, [1PM ~ 4:30 PM] တွင် ကျင်းပပြုလုပ်သွားမယ့် “xTech” Event ရဲ့ [ Day 2, On-ground] နေ့တွင် Samsung မှာလည်း Sponsor အဖြစ် ပါ၀င်အားဖြည့်ပေးထားပါသည်။

Creative Partner Announcement

Creative Partner Enchax Creative xTech Event Hype Think Education

xTech Event မှာ ပုံအလန်းစားတွေ ရိုက်နိုင်ဖို့အတွက် xTech filter ကို Enchax Creative မှ ပံပိုးကူညီအားဖြည့်ပေးထားပါတယ်။

xTech Instagram Filter : bit.ly/xTechAR

အလန်းစား participant တွေက အလန်းစား xTech filter နဲ့ ရိုက်ထားတဲ့ ပုံတွေက ဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုလည်း ရင်ခုန်စွာနှင့် စောင့်မျှော်နေပါတယ်။

“xTech” On-ground Event မှာ ထပ်ပြီးတော့ ပါဝင်အားဖြည့်သွားမဲ့ In Kind Sponsor Announcement

In Kind Sponsor IMCS Marketing Agency xTech Event Hype Think Education

April 7, Sunday [ 1 AM ~ 4:30 PM ] မှာ ကျင်းပပြုလုပ်သွားမဲ့ “xTech” On-ground Event မှာ မြန်မာနိုင်ငံရှိ Out-Of-Home [OOH] ကြော်ငြာလုပ်ငန်း Industry ထဲမှာမှ ထိပ်တန်း Agency တစ်ခုဖြစ်တဲ့ IMCS Marketing Agency မှ In Kind Sponsor အဖြစ်ပါ၀င်အားဖြည့်ပေးထားပါတယ်။

Day 1 : xTech Memories

Technology စိတ်၀င်စားတဲ့ လူငယ်တွေအတွက် April 6, 2024 တွင် Hype Think Education မှ ကျင်းပပြုလုပ်ခဲ့တဲ့ “xTech” [ Day 1, Online] Event ကတော့ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။

xTech Event Day 1 Panelist Hype Think Education

အခုလိုမျိုး “xTech” [ Day 1, Online ] Event တွင် [ Chapter One: The Tech Hustlers ] ခေါင်းစဥ်ဖြင့် Technology Field နဲ့ပတ်သက်ပြီးအသိပညာဗဟုသုတတွေနှင့် Reality Experience တွေကို သေချာအချိန်ပေးပြီးမျှဝေပေးခဲ့ပါသော Panelist များဖြစ်တဲ့ Ko Aung Nyein Chan, Ko Kayson Jett, HLA Gaming and Ko Edo တို့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

ဒါ့အပြင် “xTech” [Day 1, Online] Event သို့ တက်ရောက်ခဲ့ကြတဲ့ Technology Field ကို စိတ်၀င်စားတဲ့လူငယ်တစ်ယောက်ချင်းစီကို အများကြီးကျေးဇူးတင်ပါတယ်။ အခုလို တက်‌ရောက်ခဲ့ကြတဲ့သူတွေအတွက်လည်း Panelist များမျှဝေ‌ခဲ့သော Technology နဲ့ ပတ်သက်တာတွေ၊ Career Opportunity နှင့် Reality Experience တွေကလည်း အကျိုးရှိစေမယ်လို့ယုံကြည်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ “xTech “ [ Day 1, Online ] Event ရဲ့ အမှတ်တရပုံရိပ်တွေနှင့် အတူ တက်ရောက်ခဲ့ကြသူတို့ရဲ့ ရင်တွင်းစကားသံတွေကိုလည်း အားလုံးဆီပြန်လည်မျှဝေပေးလိုက်ပါတယ်။

“xTech” [ Day 1, Online ] Event ကို တက်ရောက်ခဲ့ကြတဲ့ Participant တို့ရဲ့ ရင်တွင်းစကားသံတချို့ကိုလည်း ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

xTech Event Day 1 Participant Feedback Hype Think Education
xTech Event Day 1 Participant Feedback 1 Hype Think Education

“xTech” [ Day 1, Online] Event ကနေ AR, VR, XR နဲ့ Metaverse ဆိုတဲ့ Reality အမျိုးအစားပေါင်းစုံ ၊ UI/ UX Designer တစ်ယောက်ရဲ့ ဘဝနေထိုင်မှု၊ Gaming အကြောင်းသိကောင်းစရာတွေနဲ့ Developer & Freelance Hustler တစ်ယောက်ရဲ့ အတွေ့အကြုံကောင်းများကို သိရှိသွားကြတဲ့အတွက်လည်း Hype Think Education Team မှ ၀မ်းသာရပါတယ်။

Day 2 : xTech Memories

Technology & Business ကို စိတ်၀င်စားတဲ့ လူငယ်တွေအတွက် Hype Think Education မှ [2]ရက်ဆက်တိုက်ကျင်းပပြုလုပ်ခဲ့တဲ့ “xTech” Event ရဲ့ [ Day 2, On-ground ] ကလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပါပြီ။

April 7, 2024 မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “xTech“ [Day 2, On-ground ] Event ရဲ့ ပျော်စရာအမှတ်တရပုံရိပ်တွေကို အားလုံးဆီ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

xTech Event Day 2 Hype Think Education
xTech Event Day 2 Hype Think Education
xTech Event Day 2 Hype Think Education
xTech Event Day 2 Hype Think Education

xTech Event Day 2 Hype Think Education

အခုလိုမျိုး “xTech” [ Day 2, On-ground] Event နေ့မှာလည်း Business & Interpersonal Growth အတွက် လိုအပ်တဲ့အရာမှန်သမျှကို လူကိုယ်တိုင်လာရောက်အချိန်ပေးပြီး ဆွေးနွေးမျှဝေပေးသွားခဲ့ပါသော Panelist များဖြစ်တဲ့ Ma Aye Mya Mya Phoo, Ma Hnin Wut Yee Aung, Ma Shin Thant Shwe Eain, Ma Yoon Khin Khin Pyo တို့ကိုလည်း ကျေးဇူးအများကြီးတင်ရှိပါတယ်။

xTech Event Day 2 Hype Think Education
xTech Event Day 2 Hype Think Education
xTech Event Day 2 Hype Think Education
xTech Event Day 2 Hype Think Education

ဒါ့အပြင် “xTech” [ Day 2, On-ground] နေ့တွင် Business တစ်ခု စတင်ချင်သူတို့ သိထားသင့်တဲ့ Legal ပိုင်းဆိုင်ရာပတ်သက်တဲ့ အသိပညာဗဟုသုတများကို အချိန်ပေးပြီး လာရောက်မျှဝေပေးခဲ့တဲ့ Panelist Ko Sa Sa Nyunt, Ma Haymar Chit Swe, Ma May Nandar Myint, Ma May Myat Mon နှင့် Ma May Nyein Su Zan Hla တို့ကိုလည်း အထူးပင်‌ ကျေးဇူးတင်ပါတယ်။

xTech Event Day 2 Hype Think Education
xTech Event Day 2 Hype Think Education

xTech Event Day 2 Hype Think Education

“xTech” ရဲ့ [ Day 1, Online ] ပွဲသို့ တက်ရောက်ကြတဲ့အပြင် [Day 2, On-ground] Event သို့လည်း အချိန်ပေး တက်ရောက်ခဲ့ကြတဲ့သူ တစ်ယောက်ချင်းစီကို Hype Think Education Team မှ ထပ်ပြီး ကျေးဇူးတင်ပါတယ်။ အခုလို တက်‌ရောက်ခဲ့ကြတဲ့သူတွေအတွက်လည်း Panelist များမျှဝေ‌ခဲ့သော Business & Interpersonal Growth နဲ့ပတ်သက်တဲ့ အသိပညာဗဟုသု‌တတွေ၊ Career Opportunity နှင့် Reality Experience တွေကလည်း အကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်။

xTech Event Day 2 Hype Think Education

“xTech” [ Day 2, On-ground] နေ့အတွက် Venue Sponsor အဖြစ် ပါဝင်ကူညီပေးပါသော University of Taxila ကိုလည်း အထူးပင်‌ ကျေးဇူးတင်ရှိပါတယ်။

xTech Event Day 2 Hype Think Education

“xTech” Event ဖြစ်မြှောက်အောင် အစစအရာရာ ပါဝင်ကူညီအားဖြည့်ပေးပါသော Ma Myat Hmone Nathar ကို ကျေးဇူးအများကြီးတင်ပါတယ်။

xTech Event Day 2 Hype Think Education
xTech Event Day 2 Hype Think Education

“xTech” [Day 2, On-ground ] Event တွင် တက်ရောက်လာကြတဲ့ Participants တိုရဲ့ အမှတ်တရပုံရိပ်တွေပဲ ဖြစ်ပါတယ်။

xTech Event Day 2 Hype Think Education

Technology & Business ကို စိတ်၀င်စားတဲ့လူငယ်တို့ အတွက် Hype Think Education မှ “xTech” Event နာမည်ဖြင့်လည်း ‌နောက်ထပ်အစီအစဉ်ကောင်းများကို ထပ်လာဖို့ရှိသေးတာမို့လို့ Hype Think Education Page ကို See First လုပ်ထားပြီးစောင့်မျှော်ပေးကြပါဦးနော်။

Share your love