
Collaboration Announcement
လူငယ်တွေအတွက် အကျိုးရှိစေမည့် Workshop ၊ Webinar ၊ Training စသည့်တို့ကို အမြဲအစဥ်မပျက်ပြုလုပ်ပေးနေပြီး ၊ ဘာသာစကားသင်တန်းတွေ ၊ အသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တဲ့ အတတ်ပညာတွေကို သင်ကြားပို့ချပေးလျက်ရှိတဲ့ Hype Think Education နှင့် စိတ်ပညာဆိုင်ရာ အသိပညာဗဟုသုတများကို မျှဝေပေးလျက်ရှိသော Psychological Fellowship for Education and Support – PFES တို့ ပူးပေါင်းပြီး ၂၀၂၄ မှာ ဒီထက်ပိုမိုကောင်းမွန်တဲ့ အိမ်မက်တွေကို ရရှိပိုင်ဆိုင်ချင်တဲ့ လူငယ်တွေအတွက် energy အပြည့်နဲ့ စတင်နိုင်ဖို့ “2+3=5” အမည်ရတဲ့ Workshop ကို ဖန်းတီးပေးဖို့ရှိပါတယ်။
[ 2 ] ဆိုတဲ့ ကိန်းဏန်းဟာဆိုရင် Psychology Fellowship for Education and Support – PFES Organization ကို ကိုယ်စားပြုထားဖြစ်ပြီးတော့ [ 3 ] ဆိုတဲ့ ကိန်းဂဏန်းကတော့ Hype Think Education ကို ကိုယ်စားပြုထားတာပဲ ဖြစ်ပါတယ်။
ဒီကိန်းဂဏန်းတွေမှာ ဘယ်လိုမျိုးအဓိပ္ပာယ်တွေ ရှိနေတာလဲ?
Organization [ 2 ] ခု ပူးပေါင်းပြီးတော့ ဘယ်လိုမျိုးအကြောင်းအရာတွေကို တင်ဆက်သွားမှာလဲ? ဆိုတာကိုတော့ မကြာခင် Workshop Announcement Post တင်ပေးသွားဖြစ်လို့ ၂၀၂၄ မှာ တိုးတက်ပြောင်းလဲချင်တဲ့ လူငယ်တွေ Hype Think Education Facebook Page ကို Like and Follow လုပ်ထားပြီး စောင့်မျှော်ကြည့်ရူနိုင်ပါတယ်နော်။

“ အားအင်အသစ်နဲ့ နှစ်သစ်ကို ရှေ့ဆက်လိုက် 2+3=5”
လာမယ့်နှစ်သစ် 2024 ကနေစလို့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ပြောင်းလဲပြီး အနာဂတ်မှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာစေဖို့ Psychology Fellowship for Education and Support – PFES နဲ့ Hype Think Education တို့ပူးပေါင်းပြီး ပြုလုပ်သွားမယ့် “2+3=5” ဆိုတဲ့ Workshop ကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Psychology Fellowship for Education and Support-PFES အဖွဲ့အစည်းရဲ့ ၂ နှစ်ပြည့်နဲ့ Hype Think Education ရဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကျင်းပပြုလုပ်သွားမယ့် အစီအစဉ်တစ်ခုဖြစ်တာကြောင့် “2+3=5” ဆိုတဲ့နာမည်ကိုပေးထားတာဖြစ်ပြီးတော့ လူငယ်တွေအတွက် လုံးဝကို အကျိုးရှိစေမယ့်အရာတွေကို မျှဝေပေးသွားမယ့် Workshop ဖြစ်ပါတယ်နော်။
ဒီ Workshop ကတော့ ~
- သင့်ရဲ့အတွေးတွေကစလို့ တိုးတက်ပြောင်းလဲလာပြီး အနာဂတ်အတွက် Planning လုပ်နိုင်ဖို့နဲ့
- လက်တွေ့ဘဝထဲထိ အသုံးချနိုင်မယ့် Skill တွေကို လေ့ကျင့်သွားနိုင်ဖို့ လိုအပ်တဲ့အသိပညာတွေကို တစ်နေရာတည်းမှာ သိရှိသွားနိုင်မယ့် အခွင့်အရေးကောင်း ဖြစ်ပါတယ်။
ဒီ 2+3=5 Workshop ကိုတော့ Organization [2]ခုလုံးကနေ [2]ရက်တိုင်တိုင် ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ တစ်ရက်ချင်းစီမှာလည်း မတူညီတဲ့ အကြောင်းအရာ၊ Topic တွေကို စုံစုံလင်လင်နဲ့ မျှဝေသွားမှာဖြစ်တာကြောင့် Workshop ကို စိတ်ဝင်စားကြတယ်ဆိုရင်တော့ အသေးစိတ်အကြောင်းအရာတွေကို ပေးထားတဲ့ ပုံတွေမှာ ဝင်ရောက်ဖတ်ရှုကြည့်ကြရအောင်။
နှစ်သစ်ကို အားအင်အသစ်တွေနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် Registration Form ကိုဖြည့်ပြီး 2+3=5 Workshop ကို တက်ရောက်ဖို့ စာရင်းပေးသွင်းထားနိုင်ပါပြီ။
Registration Form : bit.ly/235Workshop

ကိုယ့်ကိုယ့်ကိုယ်နားလည်သဘောပေါက်မှု [ Self-awareness ] ရှိခြင်းက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အတွေးတွေ၊ ခံစားချက်တွေကို စီမံနိုင်ရုံသာမက ဘဝခရီးကိုလျှောက်လှမ်းတဲ့အခါမှာပါ ဆုံးဖြတ်ချက်တွေ မှန်ကန်စွာချမှတ်နိုင်ဖို့၊ စိတ်ရော၊ ကိုယ်ပါတိုးတက်ပြောင်းလဲနိုင်ဖို့အတွက် အရမ်းပဲအရေးကြီးလှပါတယ်။
ဒါကြောင့် “ 2+3=5” Workshop ရဲ့ ပထမနေ့ကို တက်ရောက်မယ်ဆိုရင်တော့ လူငယ်တွေအနေနဲ့
- ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာနှစ်ရပ်စလုံးကို နားလည်သဘောပေါက်လာနိုင်မယ့် အသိပညာတွေ၊
- စိတ်ခံစားချက်တွေကိုစီမံနိုင်ပြီး Problem Solving Skill တိုးတက်လာစေမယ့် နည်းလမ်းတွေနဲ့
- Mental Health ကို ဂရုစိုက်လို့ရမယ့် ဗဟုသုတတွေစတဲ့ အကြောင်းအရာတွေကို သိရှိသွားရမှာပဲဖြစ်ပါတယ်။

Self-awareness အားကောင်းလာပြီး တိုးတက်ပြောင်းလဲချင်တဲ့ လူငယ်တွေအတွက်တော့ “ 2+3=5” Workshop ရဲ့ ဒုတိယနေ့မှာ မျှဝေသွားမယ့်အကြောင်းအရာတွေက အကူအညီဖြစ်စေမှာပါနော်။
“2+3=5” Workshop ရဲ့ ဒုတိယနေ့မှာ မျှဝေသွားမယ့်အကြောင်းအရာတွေကို သိရှိသွားပြီဆိုရင်တော့ လူငယ်တွေအနေနဲ့
- ကိုယ့်ရဲ့ ရည်မှန်းချက် Goal တွေကို ပီပီပြင်ပြင် ချမှတ်သွားနိုင်မယ်၊
- Networking Skill တွေတိုးတက်လာပြီး ပေါင်းသင်းဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာမယ်၊
- စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ပြီး ကိုယ့်ကိုယ်ကိုယ်အပေါ်ယုံကြည်မှုတွေလည်း မြင့်တက်လာမယ်အပြင်
- အသိပညာ၊အတတ်ပညာတွေ အမြဲမပြတ်တိုးတက်နေစေဖို့ ကိုယ်တိုင်က Continuous Learning ကိုလည်း လုပ်ဆောင်နိုင်လာမှာပဲဖြစ်ပါတယ်။

“2+3=5” Workshop ရဲ့ အသေးစိတ် အချက်အလက်တွေကတော့ ~
- Date : 16th and 17th December 2023
- Time : 7:00 PM ~ 9:00 PM
- Location : Zoom Platform
- Registration Fee : Free တို့ပဲဖြစ်ပါတယ်။
Registration Form : bit.ly/235Workshop
Day 1 Speaker Announcement
ဒီနေ့မှာတော့ 2+3=5 Workshop မှာ အဓိကဦးဆောင် ဆွေးနွေးပေးသွားမယ့် Speaker တွေထဲမှ Mental Health ဆိုင်ရာ အကြောင်းအရာတွေကို အဓိကပြောပြပေးသွားမယ့် [ Day-1 Speaker ] ကို အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်။
[Day – 1] ရဲ့ Speaker ကနေ ဘယ်လို အဖိုးတန်အကြောင်းအရာတွေကို ပြောပြသွားမလဲဆိုတာကို ပုံတစ်ပုံချင်းစီမှာ အသေးစိတ်ရေးသားထားတာဖြစ်လို့ အတူတူဖတ်ရှုလိုက်ရအောင်နော်။

- [Day – 1] ရဲ့ Speaker ကတော့ လက်ရှိမှာ Psychological Fellowship for Education and Support [PFES] ရဲ့ Assistant Head အဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ Ko Min Maw Khant ပဲဖြစ်ပါတယ်။
- ဒါ့အပြင် University of Yangon မှာ Psychology ဘာသာရပ်ကိုအထူးပြုလေ့လာခဲ့ပြီး Psychology နဲ့ ပတ်သက်တဲ့အကြောင်းအရာအသစ်တွေကိုလည်းစိတ်ဝင်တစားဆက်လက်လေ့လာလျက်ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။
- Johns Hopkins University က ပေးအပ်တဲ့ Psychological First Aid [Course Certificate] ကိုရရှိထားပြီး Project Management ပိုင်းမှာလည်း Professional Certificate ရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။
- Psychological Fellowship for Education and Support [PFES] မှာ Management Team Leader အနေနဲ့ Term 1 ခုစာ လုပ်ကိုင်ခဲ့ပြီးတဲ့နောက် လက်ရှိမှာလည်း Assistant Head အနေနဲ့ဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
- အခုလက်ရှိမှာလည်း Freelance Online Novelist တစ်ဦးအနေနဲ့လည်း လုပ်ကိုင်လျက်ရှိပါတယ်။

“Developing Greater Self- Awareness” ဆိုတဲ့ခေါင်းစဉ်နဲ့အတူ
[ Day – 1 ] မှာ Personal Development ပိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီနေ့ခေတ် လူတိုင်းနဲ့ရင်းနှီးပြီးသားစကားလုံးတစ်ခုဖြစ်တဲ့ Self-awareness ကို အဓိကမျှဝေပေးသွားမှာ ဖြစ်ပါတယ်။ Healthy ဖြစ်တဲ့ Self-awareness ရှိခြင်းက ပိုမိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချတဲ့နေရာ၊ Stress တွေကိုထိန်းညှိတဲ့နေရာမှာအကူအညီပေးပြီး Mentally သာမက Physically ပါ ပိုကောင်းတဲ့လူတစ်ဦးဖြစ်လာစေဖို့ အကူအညီပေးပါသေးတယ်။
[Day – 1] ရဲ့ Developing Greater Self- Awareness ဆိုတဲ့ Topic မှာဆိုရင်တော့ ~
- Self-awareness ဆိုတာဘာလဲ?
- Self-awareness ရဲ့အရေးကြီးမှုတွေ၊
- ကိုယ့်မှာရှိနေပြီးသား Self-awarenessက ဒီထက်ပိုကောင်းလာရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိလာနိုင်မလဲ?
- Self-awareness ပိုကောင်းလာဖို့ အသုံးဝင်စေတဲ့ Tip တွေကို ပြည့်ပြည့်စုံစုံ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

- [Day-1] ရဲ့ ပထမဆုံး Agenda အနေနဲ့ Introduction Session ကနေ စတင်ပေးသွားမှာဖြစ်ပါတယ်။
- Introduction Session ပြီးသွားပြီဆိုရင်တော့ [Day-1] ရဲ့ Speaker Ko Min Maw Khant ကနေ အပေါ်မှာ ပြောခဲ့တဲ့အကြောင်းအရာတွေကို စုံစုံလင်လင် မျှဝေပေးသွားမည့် အစီအစဉ်ပဲ ဖြစ်ပါတယ်။
- အဲ့တာတွေအပြင် Q & A session လည်းပါတာတာကြောင့် ကိုယ်သိချင်တာတွေကို
ပါ ပွဲထဲမှာတစ်ခါထဲမေးမြန်းဆွေးနွေးနိုင်မို့လို့ တကယ့်လက်လွတ်မခံသင့်တဲ့ Workshop ပဲ ဖြစ်ပါတယ်နော်။
Day 2 Speaker Announcement
2+3=5 Workshop ရဲ့ [ Day-2 ] Speaker နှင့် Sharing ပေးသွားမဲ့ အကြောင်းအရာအသေးစိတ်ကို ပုံတစ်ပုံချင်းစီမှာ အတူတူ ဆက်လက် ဖတ်ရှုလိုက်ရအောင်နော်။

- [Day-2] မှာပြောပြပေးသွားမယ့် Speaker ကတော့ ကျွန်တော်တို့ရဲ့ Hype Think Education ရဲ့ Founder, Head of Department ဖြစ်တဲ့ Ko Aung T Tant ပဲ ဖြစ်ပါတယ်။
- Ko Aung T Tant ဟာဆိုရင် University of Gloucestershire (UK) မှ B.Sc (Hons) Computing ကိုရရှိထားသူတစ်ဦးဖြစ်ပါတယ်။
- လက်ရှိမှာလည်း Community Development အတွက် လူငယ်အကျိုးပြုတဲ့ အဖွဲ့အစည်းတွေမှာ Volunteer အနေနဲ့ လုပ်ကိုင်လျက်ရှိပြီးတော့ Freelance Vlogger တစ်ယောက်လည်း ဟုတ်ပါတယ်နော်။
- အခုဆိုရင် Ko Aung T Tant ရဲ့အကြောင်းကိုလည်း အနည်းအကျဥ်းသိသွားပြီဆိုတော့ အစ်ကိုကနေ Day 2 မှာ ဘယ်လိုအဖိုးတန်အကြောင်းအရာတွေကို မျှဝေပေးသွားမလဲဆိုတာကိုလည်း ဆက်ပြီးဖတ်ကြည့်လိုက်ကြရအောင်။

3Cs ဖြစ်တဲ့ Connect, Capabilities, Challenges ဆိုတဲ့ခေါင်းစဉ်နဲ့အတူ
- Effective ဖြစ်စေမဲ့ Goal တွေဘယ်လိုချမှတ်ရမလဲ?
- Communication Skill တွေတိုးတက်စေဖို့ နှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာအောင်တည်ဆောက်နိုင်ဖို့အတွက် Tip and Trick ကောင်းတွေ။
- Life Journey မှာ လူငယ်တွေအနေနဲ့ Continuous Learning ကိုဘာကြောင့်လုပ်သင့်လဲ နှင့် အရေးပါပုံတွေစတဲ့ တန်ဖိုးရှ်ိတဲ့အကြောင်းအရာတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်နော်။

- [ Day-2 ] Agenda ရဲ့ ပထမအပိုင်းအနေနဲ့ စိတ်၀င်စားစရာ Activity တွေအတူ Introduction Session ကို စတင်ပေးသွားမှာ ဖြစ်ပါတယ်။
- ပြီးရင်တော့ [ Day -2 ] ရဲ့ Speaker Ko Aung T Tant ကနေ 3Cs : Connect, Capabilities, Challenges ဆိုတဲ့ ခေါင်းစဥ်ပေါ်အခြေခံပြီး အကြောင်းအရာတွေကို စုံစုံလင်လင်နဲ့ Sharing ပေးသွားမယ့် Sharing Session ဖြစ်ပါတယ်။
- ဒါ့အပြင် Bonus Session နှင့် Q & A Session လည်း ပါ၀င်သွားမှာဖြစ်တာကြောင့် ကိုယ်သိချင်တာတွေကိုပါ Workshop မှာ တစ်ခါထဲမေးမြန်းဆွေးနွေးနိုင်ပြီး ၂နာရီစာ အချိန်ပေး တက်ရောက်ရတာ တန်စေမဲ့ Workshop ဖြစ်စေမှာတော့ အသေအချာပါပဲနော်။

အခုဆိုရင် [2+3=5 ] Workshop မှာ ပါဝင်သွားမယ့် [ Day -2 ] Speaker နှင့် ပြောပြဆွေးနွေးသွားမယ့်အကြောင်းအရာတွေကို စုံစုံလင်လင်သိရှိသွားကြမယ်လို့ ယုံကြည်ပါတယ်။
New Year မှာ New Skill တွေနဲ့အတူ အားအင်အသစ်လျှောက်လှမ်းနိုင်ဖို့ အခုပဲ 2+3= 5 Workshop ကနေ သင့်အတွက် ရှယ်အကျိုးရှိစေမည့် အကြောင်းအရာတွေကို မျှဝေပေးသွားမှာ ဖြစ်တာကြောင့် အခုပဲ Register လုပ်ပြီး စာရင်းပေးသွင်းလိုက်ကြတော့နော်။
Register Form : bit.ly/235Workshop
“ ကျေးဇူးတင်လွှာ”
နှစ်သစ်မှာ လူငယ်တွေအတွက် စိတ်သစ်၊ လူသစ်နဲ့ အကောင်းဆုံးဖြတ်သန်းနိုင် ကျင်းပပြုလုပ်ခဲ့တဲ့ “ 2+3=5” Workshop ကတော့ အောင်မြင်စွာနဲ့ ပြီးသွားပါပြီ။
အခု “ 2+3=5” Workshop ကဆိုရင် Psychology Fellowship For Education and Support – PFES ရဲ့ ၂ နှစ်ပြည့်အထိမ်းအမှတ်နဲ့ Hype Think Education ရဲ့ ၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပူပေါင်းပြုလုပ်ခဲ့တဲ့ [2] ရက်တာ workshop ဖြစ်ပြီးတော့ အခုပွဲဖြစ်မြောက်အောင်လို့ ပူးပေါင်းပါ၀င်ခဲ့ကြတဲ့ PFES အဖွဲ့အစည်းကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။
[ December 16 ရက်နေ့ ] မှာ Self-Awareness နဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ အသိပညာဗဟုသုတများစွာကို မျှဝေပေးခဲ့တဲ့ [ Day 1 ] ရဲ့ Speaker ဖြစ်တဲ့ Ko Min Maw Khant ကိုလည်း ကျေးဇူးတင်ပါတယ်။
ဒါ့အပြင် [ December 17 ရက်နေ့ ၊ Day 2] တွင်လည်း “ 3Cs” ဆိုတဲ့ခေါင်းစဉ်အတူ Personal Development ပိုင်းဆိုင်ရာ အသိပညာဗဟုသုတများကို မျှဝေပေးခဲ့သော Hype Think Education ရဲ့ Founder and Head of Department ဖြစ်တဲ့ Ko Aung T Tant ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
အခုလို “2+3=5” Workshop ကို [2]ရက်တာလုံး မပျက်မကွက်တက်ရောက်ပေးခဲ့ကြသော Participants တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ အခု Workshop ကို တက်ရောက်ခဲ့ပြီး နောက်မှာလည်း မိမိကိုယ့်ကို ကောင်းစွာသိရှိသွားကြပြီးတော့ New Year, New Version of You အဖြစ် နှစ်သစ်ကို စတင်နိုင်သွားလိမ်မယ့်လို့လည်း ယုံကြည်ပါတယ်။
ဒါကြောင့် “ 2+3 = 5” workshop ရဲ့ [ Day 1 & Day 2 ] အမှတ်တရပုံရိပ်တွေနှင့်အတူ တက်ရောက်ခဲ့ကြတဲ့ Participant တို့ရဲ့ ရင်တွင်းစကားသံတွေကိုလည်း အားလုံးဆီ ပြန်လည် မျှဝေပေးလိုက်ပါတယ်။
Feedback : “ 2+3=5” Workshop

“ 2+3=5” Workshop [ Day 1 ] ကို တက်ရောက်ခဲ့ကြတဲ့သူတို့ရဲ့ ရင်တွင်းစကားသံလေးများ
အခု “ 2+3=5” workshop [ Day 1 ] မှာပြောပြခဲ့တဲ့ Self-Awareness အကြောင်း၊ သူရဲ့အရေးပါပုံတွေနှင့် အကျိုးကျေးဇူးတွေကို သေချာသိရှိသွားကြလို့လည်း နောက်ပွဲတွေထပ်လုပ်ဖို့အတွက် အားအင်ဖြစ်ရပါတယ်။
“ 2+3=5” workshop [ Day 1 ]’s participants feedback

“ 2+3=5” Workshop [ Day 2 ] ကို တက်ရောက်ခဲ့ကြတဲ့သူတို့ရဲ့ ရင်တွင်းစကားသံလေးများ
အခု “ 2+3=5” Workshop [ Day 2 ] မှာ မျှဝေခဲ့သော Effective ဖြစ်တဲ့ Goal ချမှတ်နည်း၊ Communication and Self-Confidence တိုးစေမဲ့နည်းတွေနှင့် Continuous Learning အရေးကြီးပုံကိုပါ Participant များအနေနဲ့ အခုလို သေချာသိရှိနားလည်သွားကြလို့လည်း နောက်ထပ်လုပ်သွားမဲ့ပွဲတွေအတွက် ပိုပြီးအားအင်ဖြစ်ရပါတယ်။
“ 2+3=5” workshop [ Day 2 ]’s participants feedback
နောက်ပိုင်းတွေမှာလည်း အခုလိုအကျိုးရှိတဲ့ Workshop, Webinar and Event တွေကိုလည်း ထပ်မံဖန်တီးပေးသွားဖို့ရှိတာကြောင့် ယခုလို အဖိုးတန်တဲ့ အခွင့်အရေးတွေကို လက်မလွတ်သွားရလေအောင် ကျွန်တော်တို့ရဲ့ Hype Think Education ကို Like and Follow မလုပ်ရသေးဘူးဆိုရင် အခုပဲ Follow လုပ်ထားပြီး နောက်ပွဲတွေမှာလည်း ပါဝင်ဖို့အတွက် ကြိုတင်ဖိတ်ခေါ်လိုက်ပါတယ်နော်။