“Grab the Dreams” Episode 1: Study & Job Opportunity in USA

နိုင်ငံခြားမှာပညာသင်ဖို့ စိတ်ကူးအိပ်မက်ရှိတဲ့ လူငယ်တွေရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ကူညီပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ Hype Think Education နှင့် The English Community - TEC တို့ ပူးပေါင်းပြီး "Grab the Dreams" လို့ အမည်ရတဲ့ Webinar Series တစ်ခုကို လစဉ်ပြုလုပ်ကျင်းပသွားမှာပဲ ဖြစ်ရှိပါတယ်။
Share your love

“သင့်ရဲ့ အိပ်မက်တွေကိုဖမ်းဆုပ်နိုင်ဖို့ ကူညီပေးပါရစေ”

“နိုင်ငံခြားမှာကျောင်းသွားတက်ချင်ပေမယ့် ဘယ်ကနေစရမယ်မှန်းမသိဘူး”
“ကျောင်းလျှောက်ဖို့ လိုအပ်တဲ့အရာတွေက ဘာတွေလိုအပ်သလဲဆိုတာ သေချာမသိဘူး” စတဲ့ အခက်အခဲတွေ‌ကတော့ နိုင်ငံရပ်ခြားကို ပညာသင်သွားချင်တဲ့ မြန်မာကျောင်းသားတွေအနေနဲ့ ပထမဆုံးကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုမျိုးအခက်အခဲတွေကြောင့် တကယ့်လက်တွေ့ကျောင်းလျှောက်ကြတဲ့အခါမှာလည်း အဆင်မပြေတော့ဘဲ အခွင့်အရေးတွေကို လက်လွှတ်လိုက်ရတာမျိုးလည်းကြုံတွေ့ရတတ်ပါတယ်နော်။

နိုင်ငံခြားမှာပညာသင်ဖို့ စိတ်ကူးအိပ်မက်ရှိတဲ့ လူငယ်တွေရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ကူညီပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ Hype Think Education နှင့် The English Community – TEC တို့ ပူးပေါင်းပြီး “Grab the Dreams” လို့ အမည်ရတဲ့ Webinar Series တစ်ခုကို လစဉ်ပြုလုပ်ကျင်းပသွားမှာပဲ ဖြစ်ရှိပါတယ်။

“Grab the Dreams” Webinar series မှာဆိုရင်တော့ [၁] လမှာ [၁] နိုင်ငံနှုန်းနဲ့ လူငယ်အများစု ပညာသင်ချင်ကြတဲ့ နိုင်ငံတွေရဲ့ ပညာရေး၊ Visa ကိစ္စရပ်တွေ၊ နာမည်ကြီးတက္ကသိုလ်တွေ၊ ကိုယ်နဲ့ ကိုက်ညီတဲ့ကျောင်းကို ရွေးချယ်တက်ရောက်နိုင်မယ့် Guideline တွေနဲ့ ကျောင်းလျှောက်ပုံအဆင့်ဆင့် စတာတွေကို အတွေ့အကြုံရှိပြီးသား Guest Speaker တွေက မျှဝေပေးသွားမယ့် အစီအစဉ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်နော်။

ကိုယ်ပညာသင်ချင်တဲ့နိုင်ငံအကြောင်း မျှဝေပေးမယ့် လကို ရွေးချယ်တက်ရောက်ပြီး တစ်ထိုင်တည်းနဲ့ အစအဆုံးသိခွင့်ရသွားနိုင်တာကတော့ “Grab the Dreams” Webinar Series ရဲ့ ထူးခြားတဲ့ အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ “Grab the Dreams” Webinar Series ရဲ့

  • ပထမဦးဆုံး Episode [1] အနေနဲ့ January လမှာ မျှဝေပေးသွားမယ့်နိုင်ငံက ဘယ်နိုင်ငံဖြစ်မလဲ?
  • Guest Speaker ရဲ့ အကြောင်းနဲ့ အသေးစိတ်အချက်အလက်တွေက ဘာတွေဖြစ်မလဲ? ဆိုတာကိုတော့ ပေးထားတဲ့ပုံတစ်ပုံချင်းစီမှာ ဝင်ရောက်ဖတ်ကြည့်လိုက်ပါ‌နော်။

လအလိုက်ပြုလုပ်သွားမယ့် “Grab the Dreams” Webinar Series ရဲ့ Update တွေကို သိရှိချင်ရင်တော့ ပေးထားတဲ့ Link ကနေတစ်ဆင့် Facebook Group ကို Join ပြီး စောင့်မျှော်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်‌နော်။

🖇️ Facebook Group Link : bit.ly/GrabTheDreams

စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ bit.ly/GtDEp1USA ကနေတစ်ဆင့် အမြန်ဆုံး စာရင်းသွင်းထားလိုက်ပါတော့။

“Grab the Dreams” Webinar Series ရဲ့ နောက်ထပ်လာမယ့်လတွေမှာ ကျင်းပပြုလုပ်မယ့် Webinar တွေအပြင် Hype Think Education ကနေ လူငယ်တွေရဲ့တိုးတက်မှုအတွက် ပြုလုပ်သွားပေးမယ့် အစီအစဉ်ကောင်းတွေကို လက်လွှတ်မခံလိုက်ရအောင် Hype Think Education Page ကို Like and Follow လုပ်ပြီး စောင့်မျှော်ပေးကြပါဦးနော်။

Grab the Dreams Episode 1_ Study & Job Opportunity in USA webinar The English Community TEC x Hype Think Education

❝Grab the Dreams❞ Webinar Series ရဲ့ ပထမဦးဆုံး Episode [1] ဖြစ်တဲ့ January လမှာ မျှဝေ‌သွားဖို့ ရွေးချယ်ထားတဲ့နိုင်ငံက ဘယ်နိုင်ငံများဖြစ်မလဲ?

  • ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်‌တွေဖြစ်တဲ့ Massachusetts Institute of Technology နဲ့ Harvard University စတဲ့ တက္ကသိုလ်တွေ၊
  • အစဉ်အလာကြီးပြီး လူတိုင်းရဲ့ Dream University တွေဖြစ်တဲ့ Ivy League School တွေရှိတဲ့အပြင်
  • Research တွေလုပ်ဖို့ဆိုရင်လည်း ကမ္ဘာပေါ်မှာအကောင်းဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ ပညာရေးနဲ့ အလုပ်အကိုင်အတွက်ဆို အခွင့်အရေးတွေ အမြောက်အမြားရှိနေတဲ့ အမေရိကန်ပြည်ထောင်စုနိုင်ငံပဲဖြစ်ပါတယ်‌နော်။
  • ဒါ့အပြင် မြန်မာနိုင်ငံက လူငယ်တွေအပါအဝင် နိုင်ငံတကာကကျောင်းသားတိုင်း ပညာသင်သွားချင်ကြတဲ့ Dream Country တစ်ခုဖြစ်တာကြောင့် ❝Grab the Dreams❞ Webinar Series ရဲ့ Episode 1 အနေနဲ့ “ Study & Job Opportunity in USA” အမည်နဲ့အတူတူ ပထမဆုံးမျှဝေပေးသွား
  • မယ့်နိုင်ငံအဖြစ် ရွေးချယ်ထားတာပဲ ဖြစ်ပါတယ်။
Grab the Dreams Episode 1_ Study & Job Opportunity in USA webinar Guest Speaker The English Community TEC x Hype Think Education

❝Grab the Dreams❞ Webinar Series ရဲ့ [ Episode 1: Study & Job Opportunity in USA ] Webinar မှာ အမေရိကန်နိုင်ငံမှာ ပညာသင်ယူဖို့ သိထားရမယ့်အကြောင်းအရာတွေကို စုံစုံလင်လင်မျှဝေပေးသွားမယ့် Guest Speaker ကတော့ ~ The English Community – TEC ရဲ့ Founder ဖြစ်တဲ့ Ko Htet Pyae Lwin @ Harry ပဲဖြစ်ပါတယ်။

  • အစ်ကို Harry သည် လက်ရှိ British University College တွင် အင်္ဂလိပ်စာ သင်ကြားပေးနေပြီးတော့ English Freelancer Teacher အဖြစ် စာသင်အတွေ့အကြုံ [9] နှစ်ကျော်ရှိသူ တစ်ဦးဖြစ်ပါတယ်။
  • International Non-governmental Organization များတွင်လည်း Interpreter, Translator အဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။
  • ဒါ့အပြင် Mundo Lingo တွင် Myanmar Ambassador အဖြစ်လည်းကောင်း၊ American Center ရှိ Debate Club တွင် Volunteer အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့ဖူးတဲ့ Experience ကောင်းများစွာရှိသူတစ်ဦးဆိုရင်လည်း ဟုတ်ပါတယ်နော်။
Grab the Dreams Episode 1_ Study & Job Opportunity in USA webinar Outlines The English Community TEC x Hype Think Education

အမေရိကန်နိုင်ငံမှာ ကျောင်းသွားတက်ဖို့အိပ်မက်ရှိတဲ့ လူငယ်တွေအတွက် Ko Htet Pyae Lwin Speaker ဖြစ်တဲ့ အစ်ကို Harry ကနေပြီးတော့ ~

  • ကိုယ်နဲ့ကိုက်ညီတဲ့ University ကို ရွေးချယ်တက်ရောက်နိုင်ဖို့အကြံဉာဏ်‌တွေ၊
  • ကိုယ်တိုင်ကျောင်းလျှောက်ပုံလျှောက်နည်းနဲ့ USA Visa နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြင်
  • Interview တွေကိုလည်း လွယ်ကူစွာဖြေနိုင်စေမယ့် Tip တွေ နှင့် လက်ရှိ USA မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေမှ ပြန်လည်ပြောပြပေးတဲ့ Reality Experience တွေကိုပါပြည့်ပြည့်စုံစုံ နဲ့ ပြန်ပြီးမျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် နားမလည်တဲ့အကြောင်းအရာတွေကို ထပ်မံမေးမြန်းလို့ရမယ့် Q and A Session လည်း ပါဝင်သေးတာကြောင့် Webinar တက်ရောက်ပြီး ကိုယ်သိချင်တာတွေ မသိလိုက်ရမှာကို စိတ်ပူစရာမလိုတော့ပါဘူးနော်။

Grab the Dreams Episode 1_ Study & Job Opportunity in USA webinar Details The English Community TEC x Hype Think Education

❝Grab the Dreams❞ Webinar Series ရဲ့ [ Episode 1: Study & Job Opportunity in USA] Webinar အတွက် အသေးစိတ်အချက်အလက်တွေကတော့ ~

  • Date : January 20, 2024 [ Saturday ]
  • Time : 7:00 PM ~ 8:00 PM
  • Location : Online [ Google Meet ]
  • Registration Fee : Free တို့ပဲ ဖြစ်ပါတယ်။

စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ Registration Form bit.ly/GtDEp1USA Link ကနေတစ်ဆင့် အမြန်ဆုံးစာရင်းသွင်းထားလိုက်ပါတော့နော်။

Registration Form Link : bit.ly/GtDEp1USA

“ကျေးဇူးတင်လွှာ”

“Grab the dreams” Series အဖွင့်‌အနေနဲ့ ပထမဦးဆုံး ကျင်းပပြုလုပ်တဲ့ “Grab the Dreams” Episode 1: Study & Job Opportunity in USA Free Webinar ဟာဆိုရင်တော့ ဒီနေ့မှာပဲ အောင်မြင်စွာနဲ့ ကျင်းပပြုလုပ် ပြီးသွားပါပြီ။

“Grab the Dreams” Episode 1: Study & Job Opportunity in USA Free Webinar ရဲ့အမှတ်တရပုံရိပ်တွေ နှင့်အတူ တက်ရောက်ခဲ့ကြတဲ့ Participant တို့ရဲ့ ရင်တွင်းစကားသံတွေကိုလည်း အားလုံးဆီ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Thanks Letters Grab the Dreams Study & Job Opportunity in USA Webinar Hype Think Education

ပထမဦးစွာ အခုလို [Episode 1: Study and Job Opportunity In USA ] Free Webinar အောင်မြင်စွာပြီး‌မြောက်အောင် Hype Think Education Team members နှင့် အတူတူ ပူးပေါင်းပါဝင်ပေးတဲ့ The English Community – TEC Team member များ ၊ US သွားဖို့ စိတ်ကူးအိပ်မက်တွေရှိကြတဲ့ လူငယ်‌တွေအတွက် ရွေးချယ်သင့်တဲ့ University တွေ၊ ကိုယ်တိုင်ကျောင်းလျှောက်ပုံလျှောက်နည်းအသေးစိတ်တွေနှင့် Reality Experience တွေကို သေချာအချိန်ပေးပြီးတော့ မျှဝေပေးခဲ့သော Guest Speaker Ko Htet Pyae Lwin @ Harry ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

ဒါ့အပြင် [Episode 1: Study and Job Opportunity In USA ] Free Webinar ကို အစအဆုံးအထိ တက်ရောက်ပေးခဲ့ကြ‌တဲ့ Participant တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်အများကြီးတင်ပါတယ်။ တက်ရောက်ခဲ့ကြတဲ့သူတွေအနေနဲ့လည်း မိမိရဲ့ US သွားချင်တဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်‌‌ ဖော်နိုင်ဖို့အတွက် လိုအပ်ချက်တွေနှင့် အသိပညာဗဟုသုတများစွာကိုလည်း အခု Webinar တက်ပြီးတဲ့နောက်မှာ ကောင်းကောင်း သိရှိနားလည်သွားကြမယ်လို့ ယုံကြည်ပါတယ်။

Feedback : “Grab the Dreams” Episode 1: Study & Job Opportunity in USA

[ Episode 1: Study and Job Opportunity In USA ] Free Webinar ကို တက်ရောက်ခဲ့တဲ့ Participant တို့ရဲ့ ရင်တွင်းစကားသံတချို့ကိုလည်း ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

အခု [ Episode 1: Study and Job Opportunity In USA ] Free Webinar မှာ ပြောပြပေးခဲ့အတိုင်း မိမိတက်ချင်တဲ့ University တွေကို မိမိကိုယ်တိုင်ရွေးချယ်ပြီး လျှောက်ပုံလျှောက်နည်းတွေကို သေချာသိရှိသွားကြလို့လည်း နောက်ပွဲတွေထပ်မံကျင်းပ ပြုလုပ်ဖို့အတွက် အားအင်တွေဖြစ်ရပါတယ်။

3) Participant Feedback Grab the Dreams Study & Job Opportunity in USA Webinar Hype Think Education
4) Participant Feedback Grab the Dreams Study & Job Opportunity in USA Webinar Hype Think Education

[ Episode 1: Study and Job Opportunity In USA ] Free Webinar ကို တက်ရောက်ခဲ့ကြ Participant တို့ရဲ့ ရင်တွင်းစကားသံတချို့ကိုလည်း ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

အခုလို [ Episode 1: Study and Job Opportunity In USA] Free Webinar မှာ ပြောပြခဲ့တဲ့ US နိုင်ငံရဲ့ Job Opportunity အကြောင်းတွေနှင့် Questions and Answers session မှာ ပြောပြပေးသွားတဲ့ အသိပညာ‌‌ဗဟုသုတတွေကိုပါ သိခွင့်ရသွားကြလို့ Hype Think Education Team မှ ၀မ်းသာရပါတယ်။

ဒါ့အပြင် နောက်ထပ်လည်း ယခုလို အလန်းစား Event, Webinar and Workshop တွေလည်း အများကြီး လာဖို့ရှိတာကြောင့်လည်း အားလုံးနှင့်အတူတူ ပြန်လည်ဆုံချင်ပါသေးတယ်။

In-kind Sponsor and Social Media Partnerships : “Grab the Dreams” Episode 1: Study & Job Opportunity in USA

Grab the Dreams Episode 1 Study & Job Opportunity in USA webinar In-kind Sponsor Media Partnership The English Community TEC x Hype Think Education

[ Episode 1: Study and Job Opportunity In USA ] Free Webinar မှာ တက်ရောက်ခဲ့တဲ့ Participant တွေအတွက် In-kind sponsor အဖြစ် ပါဝင်အားဖြည့်ပေးတဲ့ PACE Forward နှင့် Media Partnership အနေနဲ့ ပါ၀င်အားဖြည့်ကူညီပေးခဲ့တဲ့ Your Educational Researcher, Young Professionals Academy, For The Future Myanmar, Here Youths နှင့် HEXA Organization တို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

Share your love