2+3=5 Workshop

2024 ကနေစလို့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ‌ တိုးတက်ပြောင်းလဲပြီး အနာဂတ်မှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာစေဖို့ Psychology Fellowship for Education and Support - PFES နဲ့ Hype Think Education တို့ ပူးပေါင်ပြုလုပ်သွားတဲ့ “2+3=5” workshop
Share your love
2+3=5 Collaboration Announcement PFES x Hype Think Education

Collaboration Announcement

လူငယ်တွေအတွက် အကျိုးရှိစေမည့် Workshop ၊ Webinar ၊ Training စသည့်တို့ကို အမြဲအစဥ်မပျက်ပြုလုပ်ပေးနေပြီး ၊ ဘာသာစကားသင်တန်းတွေ ၊ အသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တဲ့ အတတ်ပညာတွေကို သင်ကြားပို့ချပေးလျက်ရှိတဲ့ Hype Think Education နှင့် စိတ်ပညာဆိုင်ရာ အသိပညာဗဟုသုတများကို မျှဝေပေးလျက်ရှိသော Psychological Fellowship for Education and Support – PFES တို့ ပူးပေါင်းပြီး ၂၀၂၄ မှာ ဒီထက်ပိုမိုကောင်းမွန်တဲ့ အိမ်မက်တွေကို ရရှိပိုင်ဆိုင်ချင်တဲ့ လူငယ်တွေအတွက် energy အပြည့်နဲ့ စတင်နိုင်ဖို့ “2+3=5” အမည်ရတဲ့ Workshop ကို ဖန်းတီးပေးဖို့ရှိပါတယ်။

[ 2 ] ဆိုတဲ့ ကိန်းဏန်းဟာဆိုရင် Psychology Fellowship for Education and Support – PFES Organization ကို ကိုယ်စားပြုထားဖြစ်ပြီးတော့ [ 3 ] ဆိုတဲ့ ကိန်းဂဏန်းကတော့ Hype Think Education ကို ကိုယ်စားပြုထားတာပဲ ဖြစ်ပါတယ်။

ဒီကိန်းဂဏန်းတွေမှာ ဘယ်လိုမျိုးအဓိပ္ပာယ်တွေ ရှိနေတာလဲ?

Organization [ 2 ] ခု ပူးပေါင်းပြီးတော့ ဘယ်လိုမျိုးအကြောင်းအရာတွေကို တင်ဆက်သွားမှာလဲ? ဆိုတာကိုတော့ မကြာခင် Workshop Announcement Post တင်ပေးသွားဖြစ်လို့ ၂၀၂၄ မှာ တိုးတက်ပြောင်းလဲချင်တဲ့ လူငယ်တွေ Hype Think Education Facebook Page ကို Like and Follow လုပ်ထားပြီး စောင့်မျှော်ကြည့်ရူနိုင်ပါတယ်နော်။

2+3=5 Workshop Announcement PFES x Hype Think Education

“အားအင်အသစ်နဲ့ နှစ်သစ်ကို ရှေ့ဆက်လိုက် 2+3=5”

လာမယ့်နှစ်သစ် 2024 ကနေစလို့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ‌ တိုးတက်ပြောင်းလဲပြီး အနာဂတ်မှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာစေဖို့ Psychology Fellowship for Education and Support – PFES နဲ့ Hype Think Education တို့ပူးပေါင်းပြီး ပြုလုပ်သွားမယ့် “2+3=5” ဆိုတဲ့ Workshop ကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Psychology Fellowship for Education and Support-PFES အဖွဲ့အစည်းရဲ့ ၂ နှစ်ပြည့်နဲ့ Hype Think Education ရဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကျင်းပပြုလုပ်သွားမယ့် အစီအစဉ်တစ်ခုဖြစ်တာကြောင့် “2+3=5” ဆိုတဲ့နာမည်‌ကိုပေးထားတာဖြစ်ပြီးတော့ လူငယ်တွေအတွက် လုံးဝကို အကျိုးရှိစေမယ့်အရာတွေကို မျှဝေပေးသွားမယ့် Workshop ဖြစ်ပါတယ်နော်။

ဒီ Workshop ကတော့ ~

  • သင့်ရဲ့အတွေးတွေကစလို့ တိုးတက်ပြောင်းလဲလာပြီး အနာဂတ်အတွက် Planning လုပ်နိုင်ဖို့နဲ့
  • လက်တွေ့ဘဝထဲထိ အသုံးချနိုင်မယ့် Skill တွေကို လေ့ကျင့်သွားနိုင်ဖို့ လိုအပ်တဲ့အသိပညာတွေကို တစ်နေရာတည်းမှာ သိရှိသွားနိုင်မယ့် အခွင့်အရေးကောင်း ဖြစ်ပါတယ်။

ဒီ 2+3=5 Workshop ကိုတော့ Organization [2]ခုလုံးကနေ [2]ရက်တိုင်တိုင် ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ တစ်ရက်ချင်းစီမှာလည်း မတူညီတဲ့ အကြောင်းအရာ၊ Topic တွေကို စုံစုံလင်လင်နဲ့ မျှဝေသွားမှာဖြစ်တာကြောင့် Workshop ကို စိတ်ဝင်စားကြတယ်ဆိုရင်တော့ အသေးစိတ်အကြောင်းအရာတွေကို ပေးထားတဲ့ ပုံတွေမှာ ဝင်ရောက်ဖတ်ရှုကြည့်ကြရအောင်။

နှစ်သစ်ကို အားအင်အသစ်တွေနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် Registration Form ကိုဖြည့်ပြီး 2+3=5 Workshop ကို တက်ရောက်ဖို့ စာရင်းပေးသွင်းထားနိုင်ပါပြီ။

Registration Form : bit.ly/235Workshop

2+3=5 Workshop Day 1 Outcomes PFES x Hype Think Education

ကိုယ့်ကိုယ့်ကိုယ်နားလည်သဘောပေါက်မှု [ Self-awareness ] ရှိခြင်းက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အတွေးတွေ၊ ခံစားချက်‌တွေကို စီမံနိုင်ရုံသာမက ဘဝခရီးကိုလျှောက်လှမ်းတဲ့အခါမှာပါ ဆုံးဖြတ်ချက်တွေ မှန်ကန်စွာချမှတ်နိုင်ဖို့၊ စိတ်ရော၊ ကိုယ်ပါတိုးတက်ပြောင်းလဲနိုင်ဖို့အတွက် အရမ်းပဲအရေးကြီးလှပါတယ်။

ဒါကြောင့် “2+3=5” Workshop ရဲ့ ပထမနေ့ကို တက်ရောက်မယ်ဆိုရင်တော့ လူငယ်‌တွေအနေနဲ့

  • ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာနှစ်ရပ်စလုံးကို နားလည်သဘောပေါက်လာနိုင်မယ့် အသိပညာတွေ၊
  • စိတ်ခံစားချက်တွေကိုစီမံနိုင်ပြီး Problem Solving Skill တိုးတက်လာစေမယ့် နည်းလမ်းတွေနဲ့
  • Mental Health ကို ဂရုစိုက်လို့ရမယ့် ဗဟုသုတတွေစတဲ့ အကြောင်းအရာတွေကို သိရှိသွားရမှာပဲဖြစ်ပါတယ်။
2+3=5 Workshop Day 2 Outcomes PFES x Hype Think Education

Self-awareness အားကောင်းလာပြီး တိုးတက်ပြောင်းလဲချင်တဲ့ လူငယ်တွေအတွက်တော့ “2+3=5” Workshop ရဲ့ ဒုတိယနေ့မှာ မျှဝေသွားမယ့်အကြောင်းအရာတွေက အကူအညီဖြစ်စေမှာပါနော်။

“2+3=5” Workshop ရဲ့ ဒုတိယနေ့မှာ မျှဝေသွားမယ့်အကြောင်းအရာတွေကို သိရှိသွားပြီဆိုရင်တော့ လူငယ်တွေအနေနဲ့

  • ကိုယ့်ရဲ့ ရည်မှန်းချက် Goal တွေကို ပီပီပြင်ပြင် ချမှတ်သွားနိုင်မယ်၊
  • Networking Skill တွေတိုးတက်လာပြီး ပေါင်းသင်းဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာမယ်၊
  • စိန်ခေါ်မှု‌တွေကို ရင်ဆိုင်ကျော်လွှားနိုင်ပြီး ကိုယ့်ကိုယ်ကိုယ်အပေါ်ယုံကြည်မှုတွေလည်း မြင့်တက်လာမယ်အပြင်
  • အသိပညာ၊အတတ်ပညာ‌တွေ အမြဲမပြတ်တိုးတက်နေစေဖို့ ကိုယ်တိုင်က Continuous Learning ကိုလည်း လုပ်ဆောင်နိုင်လာမှာပဲဖြစ်ပါတယ်။
2+3=5 Workshop Details Outcomes PFES x Hype Think Education

“2+3=5” Workshop ရဲ့ အသေးစိတ် အချက်အလက်တွေကတော့ ~

  • Date : 16th and 17th December 2023
  • Time : 7:00 PM ~ 9:00 PM
  • Location : Zoom Platform
  • Registration Fee : Free တို့ပဲဖြစ်ပါတယ်။

Registration Form : bit.ly/235Workshop

Day 1 Speaker Announcement

ဒီနေ့မှာတော့ 2+3=5 Workshop မှာ အဓိကဦးဆောင် ဆွေးနွေးပေးသွားမယ့် Speaker တွေထဲမှ Mental Health ဆိုင်ရာ အကြောင်းအရာတွေကို အဓိကပြောပြပေးသွားမယ့် [ Day-1 Speaker ] ကို အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်။

[Day – 1] ရဲ့ Speaker ကနေ ဘယ်လို အဖိုးတန်အကြောင်းအရာတွေကို ပြောပြသွားမလဲဆိုတာကို ပုံတစ်ပုံချင်းစီမှာ အသေးစိတ်ရေးသားထားတာဖြစ်လို့ အတူတူဖတ်ရှုလိုက်ရအောင်နော်။

2+3=5 Workshop Day 1 Speaker Min Khant Maw PFES x Hype Think Education
  • [Day – 1] ရဲ့ Speaker ကတော့ လက်ရှိမှာ Psychological Fellowship for Education and Support [PFES] ရဲ့ Assistant Head အဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ Ko Min Maw Khant ပဲဖြစ်ပါတယ်။
  • ဒါ့အပြင် University of Yangon မှာ Psychology ဘာသာရပ်ကိုအထူးပြုလေ့လာခဲ့ပြီး Psychology နဲ့ ပတ်သက်တဲ့အကြောင်းအရာအသစ်တွေကိုလည်းစိတ်ဝင်တစားဆက်လက်လေ့လာလျက်ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။
  • Johns Hopkins University က ပေးအပ်တဲ့ Psychological First Aid [Course Certificate] ကိုရရှိထားပြီး Project Management ပိုင်းမှာလည်း Professional Certificate ရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။
  • Psychological Fellowship for Education and Support [PFES] မှာ Management Team Leader အနေနဲ့ Term 1 ခုစာ လုပ်ကိုင်ခဲ့ပြီးတဲ့နောက် လက်ရှိမှာလည်း Assistant Head အနေနဲ့ဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
  • အခုလက်ရှိမှာလည်း Freelance Online Novelist တစ်ဦးအနေနဲ့လည်း လုပ်ကိုင်လျက်ရှိပါတယ်။
2+3=5 Workshop Day 1 Outline PFES x Hype Think Education

“Developing Greater Self- Awareness” ဆိုတဲ့ခေါင်းစဉ်နဲ့အတူ

[ Day – 1 ] မှာ Personal Development ပိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီနေ့ခေတ် လူတိုင်းနဲ့ရင်းနှီးပြီးသားစကားလုံးတစ်ခုဖြစ်တဲ့ Self-awareness ကို အဓိကမျှဝေပေးသွားမှာ ဖြစ်ပါတယ်။ Healthy ဖြစ်တဲ့ Self-awareness ရှိခြင်းက ပိုမိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချတဲ့နေရာ၊ Stress တွေကိုထိန်းညှိတဲ့နေရာမှာအကူအညီပေးပြီး Mentally သာမက Physically ပါ ပိုကောင်းတဲ့လူတစ်ဦးဖြစ်လာစေဖို့ အကူအညီပေးပါသေးတယ်။

[Day – 1] ရဲ့ Developing Greater Self- Awareness ဆိုတဲ့ Topic မှာဆိုရင်တော့ ~

  • Self-awareness ဆိုတာဘာလဲ?
  • Self-awareness ရဲ့အရေးကြီးမှုတွေ၊
  • ကိုယ့်မှာရှိနေပြီးသား Self-awarenessက ဒီထက်ပိုကောင်းလာရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိလာနိုင်မလဲ?
  • Self-awareness ပိုကောင်းလာဖို့ အသုံးဝင်စေတဲ့ Tip တွေကို ပြည့်ပြည့်စုံစုံ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
2+3=5 Workshop Day 1 Agenda PFES x Hype Think Education
  • [Day-1] ရဲ့ ပထမဆုံး Agenda အနေနဲ့ Introduction Session ကနေ စတင်ပေးသွားမှာဖြစ်ပါတယ်။
  • Introduction Session ပြီးသွားပြီဆိုရင်တော့ [Day-1] ရဲ့ Speaker Ko Min Maw Khant ကနေ အပေါ်မှာ ပြောခဲ့တဲ့အကြောင်းအရာတွေကို စုံစုံလင်လင် မျှဝေပေးသွားမည့် အစီအစဉ်ပဲ ဖြစ်ပါတယ်။
  • အဲ့တာတွေအပြင် ‌Q & A session လည်းပါတာတာကြောင့် ကိုယ်သိချင်တာတွေကို
    ပါ ပွဲထဲမှာတစ်ခါထဲမေးမြန်းဆွေးနွေးနိုင်မို့လို့ တကယ့်လက်လွတ်မခံသင့်တဲ့ Workshop ပဲ ဖြစ်ပါတယ်နော်။

Day 2 Speaker Announcement

2+3=5 Workshop ရဲ့ [ Day-2 ] Speaker နှင့် Sharing ပေးသွားမဲ့ အကြောင်းအရာအသေးစိတ်ကို ပုံတစ်ပုံချင်းစီမှာ အတူတူ ဆက်လက် ဖတ်ရှုလိုက်ရအောင်နော်။

2+3=5 Workshop Day 2 Speaker Aung T Tant PFES x Hype Think Education
  • [Day-2] မှာပြောပြပေးသွားမယ့် Speaker ကတော့ ကျွန်တော်တို့ရဲ့ Hype Think Education ရဲ့ Founder, Head of Department ဖြစ်တဲ့ Ko Aung T Tant ပဲ ဖြစ်ပါတယ်။
  • Ko Aung T Tant ဟာဆိုရင် University of Gloucestershire (UK) မှ B.Sc (Hons) Computing ကိုရရှိထားသူတစ်ဦးဖြစ်ပါတယ်။
  • လက်ရှိမှာလည်း Community Development အတွက် လူငယ်အကျိုးပြုတဲ့ အဖွဲ့အစည်းတွေမှာ Volunteer အနေနဲ့ လုပ်ကိုင်လျက်ရှိပြီးတော့ Freelance Vlogger တစ်ယောက်လည်း ဟုတ်ပါတယ်နော်။
  • အခုဆိုရင် Ko Aung T Tant ရဲ့အကြောင်းကိုလည်း အနည်းအကျဥ်းသိသွားပြီဆိုတော့ အစ်ကိုကနေ Day 2 မှာ ဘယ်လိုအဖိုးတန်အကြောင်းအရာတွေကို မျှဝေပေးသွားမလဲဆိုတာကိုလည်း ဆက်ပြီးဖတ်ကြည့်လိုက်ကြရ‌အောင်။
2+3=5 Workshop Day 2 Outline Aung T Tant PFES x Hype Think Education

3Cs ဖြစ်တဲ့ Connect, Capabilities, Challenges ဆိုတဲ့ခေါင်းစဉ်နဲ့အတူ

  • Effective ဖြစ်စေမဲ့ Goal တွေဘယ်လိုချမှတ်ရမလဲ?
  • Communication Skill တွေတိုးတက်စေဖို့ နှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာအောင်တည်ဆောက်နိုင်ဖို့အတွက် Tip and Trick ကောင်းတွေ။
  • Life Journey မှာ လူငယ်တွေအနေနဲ့ Continuous Learning ကိုဘာကြောင့်လုပ်သင့်လဲ နှင့် အရေးပါပုံတွေစတဲ့ တန်ဖိုးရှ်ိတဲ့အကြောင်းအရာတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်နော်။
2+3=5 Workshop Day 2 Agenda Aung T Tant PFES x Hype Think Education
  • [ Day-2 ] Agenda ရဲ့ ပထမအပိုင်းအနေနဲ့ စိတ်၀င်စားစရာ Activity တွေအတူ Introduction Session ကို စတင်ပေးသွားမှာ ဖြစ်ပါတယ်။
  • ပြီးရင်တော့ [ Day -2 ] ရဲ့ Speaker Ko Aung T Tant ကနေ 3Cs : Connect, Capabilities, Challenges ဆိုတဲ့ ခေါင်းစဥ်ပေါ်အခြေခံပြီး အကြောင်းအရာတွေကို စုံစုံလင်လင်နဲ့ Sharing ပေးသွားမယ့် Sharing Session ဖြစ်ပါတယ်။
  • ဒါ့အပြင် Bonus Session နှင့် Q & A Session လည်း ပါ၀င်သွားမှာဖြစ်တာကြောင့် ကိုယ်သိချင်တာတွေကိုပါ Workshop မှာ တစ်ခါထဲမေးမြန်းဆွေးနွေးနိုင်ပြီး ၂နာရီစာ အချိန်ပေး တက်ရောက်ရတာ တန်‌စေမဲ့ Workshop ဖြစ်စေမှာတော့ အသေအချာပါပဲနော်။
2+3=5 Workshop Register Now PFES x Hype Think Education

အခု‌ဆိုရင် [2+3=5 ] Workshop မှာ ပါဝင်သွားမယ့် [ Day -2 ] Speaker နှင့် ပြောပြဆွေးနွေးသွားမယ့်အကြောင်းအရာတွေကို စုံစုံလင်လင်သိရှိသွားကြမယ်လို့ ယုံကြည်ပါတယ်။

New Year မှာ New Skill တွေနဲ့အတူ အားအင်အသစ်လျှောက်လှမ်းနိုင်ဖို့ အခုပဲ 2+3= 5 Workshop ကနေ သင့်အတွက် ရှယ်အကျိုးရှိစေမည့် အကြောင်းအရာတွေကို မျှဝေပေးသွားမှာ ဖြစ်တာကြောင့် အခုပဲ Register လုပ်ပြီး စာရင်းပေးသွင်းလိုက်ကြတော့နော်။

Register Form : bit.ly/235Workshop

“ကျေးဇူးတင်လွှာ”

နှစ်သစ်မှာ လူငယ်တွေအတွက် စိတ်သစ်၊ လူသစ်နဲ့ အကောင်းဆုံးဖြတ်သန်းနိုင် ကျင်းပပြုလုပ်ခဲ့တဲ့ “2+3=5” Workshop ကတော့ အောင်မြင်စွာနဲ့ ပြီးသွားပါပြီ။

2+3=5 Workshop Day 1 Participants PFES x Hype Think Education
2+3=5 Workshop Day 2 Participants PFES x Hype Think Education

အခု “2+3=5” Workshop ကဆိုရင် Psychology Fellowship For Education and Support – PFES ရဲ့ ၂ နှစ်ပြည့်အထိမ်းအမှတ်နဲ့ Hype Think Education ရဲ့ ၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပူပေါင်းပြုလုပ်ခဲ့တဲ့ [2] ရက်တာ workshop ဖြစ်ပြီးတော့ အခုပွဲဖြစ်မြောက်အောင်လို့ ပူးပေါင်းပါ၀င်ခဲ့ကြတဲ့ PFES အဖွဲ့အစည်းကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

[ December 16 ရက်နေ့ ] မှာ Self-Awareness နဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ အသိပညာဗဟုသုတများစွာကို မျှဝေပေးခဲ့တဲ့ [ Day 1 ] ရဲ့ Speaker ဖြစ်တဲ့ Ko Min Maw Khant ကိုလည်း ကျေးဇူးတင်ပါတယ်။

ဒါ့အပြင် [ December 17 ရက်နေ့ ၊ Day 2] တွင်လည်း “3Cs” ဆိုတဲ့ခေါင်းစဉ်အတူ Personal Development ပိုင်းဆိုင်ရာ အသိပညာဗဟုသုတများကို မျှဝေပေးခဲ့သော Hype Think Education ရဲ့ Founder and Head of Department ဖြစ်တဲ့ Ko Aung T Tant ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

အခုလို “2+3=5” Workshop ကို [2]ရက်တာလုံး မပျက်မကွက်တက်ရောက်ပေးခဲ့ကြသော Participants တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ အခု Workshop ကို တက်ရောက်ခဲ့ပြီး နောက်မှာလည်း မိမိကိုယ့်ကို ကောင်းစွာသိရှိသွားကြပြီးတော့ New Year, New Version of You အဖြစ် နှစ်သစ်ကို စတင်နိုင်သွားလိမ်မယ့်လို့လည်း ယုံကြည်ပါတယ်။

ဒါကြောင့် “2+3 = 5” workshop ရဲ့ [ Day 1 & Day 2 ] အမှတ်တရပုံရိပ်တွေနှင့်အတူ တက်ရောက်ခဲ့ကြတဲ့ Participant တို့ရဲ့ ရင်တွင်းစကားသံတွေကိုလည်း အားလုံးဆီ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Feedback : “2+3=5” Workshop

2+3=5 Workshop Day 1 Participants Feedback PFES x Hype Think Education

“2+3=5” Workshop [ Day 1 ] ကို တက်ရောက်ခဲ့ကြတဲ့သူတို့ရဲ့ ရင်တွင်းစကားသံလေးများ

အခု “2+3=5” workshop [ Day 1 ] မှာပြောပြခဲ့တဲ့ Self-Awareness အကြောင်း၊ သူရဲ့အရေးပါပုံတွေနှင့် အကျိုးကျေးဇူးတွေကို သေချာသိရှိသွားကြလို့လည်း နောက်ပွဲတွေထပ်လုပ်ဖို့အတွက် အားအင်ဖြစ်ရပါတယ်။

“2+3=5” workshop [ Day 1 ]’s participants feedback
2+3=5 Workshop Day 2 Participants Feedback PFES x Hype Think Education

“2+3=5” Workshop [ Day 2 ] ကို တက်ရောက်ခဲ့ကြတဲ့သူတို့ရဲ့ ရင်တွင်းစကားသံလေးများ

အခု “2+3=5” Workshop [ Day 2 ] မှာ မျှဝေခဲ့‌သော Effective ဖြစ်‌တဲ့ Goal ချမှတ်နည်း၊ Communication and Self-Confidence တိုးစေမဲ့နည်းတွေနှင့် Continuous Learning အရေးကြီးပုံကိုပါ Participant များအနေနဲ့ အခုလို သေချာသိရှိနားလည်သွားကြလို့လည်း နောက်ထပ်လုပ်သွားမဲ့ပွဲတွေအတွက် ပိုပြီးအားအင်ဖြစ်ရပါတယ်။

“2+3=5” workshop [ Day 2 ]’s participants feedback

နောက်ပိုင်းတွေမှာလည်း အခုလိုအကျိုးရှိတဲ့ Workshop, Webinar and Event တွေကိုလည်း ထပ်မံဖန်တီးပေးသွားဖို့‌ရှိတာ‌ကြောင့် ယခုလို အဖိုးတန်တဲ့ အခွင့်အရေးတွေကို လက်မလွတ်သွားရလေအောင် ကျွန်တော်တို့ရဲ့ Hype Think Education ကို Like and Follow မလုပ်ရသေးဘူး‌ဆိုရင် အခုပဲ Follow လုပ်ထားပြီး နောက်ပွဲတွေမှာလည်း ပါဝင်ဖို့အတွက် ကြိုတင်ဖိတ်ခေါ်လိုက်ပါတယ်နော်။

Share your love