“ အိမ် မှ နိုင်ငံခြားသို့”
နိုင်ငံရပ်ခြားမှာ ပညာသွားသင်ဖို့၊ ပညာသင်ဆုတွေလျှောက်ဖို့နှင့် Scholarship Essay တွေရေးဖို့ English ဘာသာစကားကို တစိုက်မတ်မတ်လေ့လာလိုတဲ့ လူငယ်တွေအတွက် လုံးဝကို အကျိုးရှိစေမယ့် အစီအစဉ်ကောင်းတွေကို Hype Think Education က ထပ်မံယူဆောင်လာပါပြီ။ အဲ့ဒါကတော့ Hype Think Education ကနေ ဦးဆောင်ပြီးကျင်းပပြုလုပ်သွားမယ့် “Home to Abroad” ဆိုတဲ့ In-person Event ပဲဖြစ်ပါတယ်။
English ဘာသာစကားကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း International Language တစ်ခုဖြစ်တဲ့အပြင် ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းလိုလိုမှာ ဘုံအဖြစ် အသုံးပြုနေတဲ့ ဘာသာစကားတစ်ခုဆိုလည်း မမှားပါဘူး။ ဒါတင်သာမက English ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားမယ်ဆိုရင်လည်း ပညာရေးမှာကော၊ အလုပ်ခွင်ရောက်တဲ့အခါမှာပါ ရရှိနိုင်မယ့်အခွင့်အလမ်းတွေဆိုတာကလည်း အများကြီးပါပဲ။
“ Home to Abroad” Event ကတော့ English ကို လေ့လာနေတဲ့ လူငယ်တွေအတွက်
- Academic Writing ကို တိုးတက်စေဖို့
- Scholarship တွေနဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတအကြောင်းအရာတွေကို သိရှိစေဖို့အပြင်
- English ဘာသာစကားကိုကျွမ်းကျင်တက်မြောက်ထားခြင်းဖြင့် ရရှိလာနိုင်မယ့် အောင်မြင်မှု အခွင့်အလမ်းတွေကိုပါ သိရှိသွားစေဖို့ ရည်ရွယ်ပြီးပြုလုပ်သွားမှာဖြစ်တာကြောင့် Event ရဲ့ “Home to Abroad” ဆိုတဲ့ နာမည်အတိုင်း ကိုယ့်ရဲ့အိမ်ထဲကနေ နိုင်ငံရပ်ခြားကိုရောက်သွားအောင် လမ်းပြပေးမယ့်အကြောင်းအရာတွေကိုသိရှိသွားရုံသာမက ကိုယ့်ရဲ့ရည်မှန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်စေဖို့ Motivation တွေကိုပါ တစ်ခါတည်းရသွားတော့မှာ အသေအချာပါပဲနော်။
“Home to Abroad” Event နဲ့ပတ်သက်တဲ့ အသေးစိတ်အကြောင်းအရာတွေကိုတော့ ပေးထားတဲ့ ပုံတစ်ပုံချင်းစီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

“Home to Abroad” Event မှာ ပါဝင်သွားမယ့်အကြောင်းအရာတွေကတော့ ~
- ပထမဆုံးအနေနဲ့ English လေ့လာနေသူတွေအတွက် Academic Writing ကို ကျွမ်းကျွမ်းကျင်ကျင်ရေးတတ်စေဖို့ နည်းလမ်းကောင်းတွေကို ပြောပြပေးသွားမယ့်အစီအစဉ်။
- အဲ့ဒီနောက်မှာတော့ Refreshment သုံးဆောင်ကြရင်းနဲ့ Event ကို တက်ရောက်လာကြတဲ့သူအချင်းချင်း Networking လုပ်နိုင်မယ့်အစီအစဉ်။
- Scholarship အခွင့်အလမ်းတွေကို ဘယ်လိုမျိုးရှာဖွေပြီး လျှောက်ရမလဲဆိုတဲ့ အကြောင်းအရာတွေနှင့် English ဘာသာစကားကို အဟန့်အတားတစ်ခုလို့မြင်မယ့်အစား ကိုယ်နဲ့အခွင့်အရေးတွေကြားက ပေါင်းကူးတံတားတစ်ခုလိုမြင်လာစေဖို့ English ဘာသာစကားရဲ့အရေးပါပုံတွေ ကိုပြောပြပေးသွားမယ့်အစီအစဉ်။
- နောက်ဆုံးအနေနဲ့ကတော့ “Home to Abroad” ပွဲကို တက်ရောက်လာတဲ့ လူငယ်တွေနှင့်အတူတူ အမှတ်တရဓာတ်ပုံ ရိုက်ကူးမယ့် အစီအစဉ်တို့ပဲ ဖြစ်ပါတယ်။

“ Home to Abroad” event Agenda ကတော့ ~
- 10:00 AM to 10:15 AM [ Opening Keynote ]
- 10:15 AM to 12:00 PM [ Academic Writing ]
- 12:00 PM to 12:20 PM [ Soft drink and Networking ]
- 12:20 PM to 1:00 PM [ Scholarship Hunting ]
- 1:00 PM to 1:30 PM [ The Importance of English ]
- 1:30 PM to 1:45 PM [ Appreciation Gathering and Refreshment ]
- 1:45 PM to 2:00 PM [ Photo session and Closing ] တို့ဖြစ်ပါတယ်။

“ Home to Abroad” Event နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကတော့ ~
- Date : November 15, 2023 [ Wednesday ]
- Time : 10:00 AM ~ 2:00 PM
- Location : PACE Forward [ Room No.0103, First Floor, Dagon Tower,Corner of Kabar Aye Pagoda Road & Shwe Gone Daing Road, Bahan Township, Yangon, Myanmar]
- Fees : Free
- Available Seat : 70

“Home to Abroad” Event ရဲ့ Guest Speaker က ဘယ်သူများဖြစ်မလဲဆိုတော့
Hype Think Education မှ [ November 15 ရက်နေ့မှာ ] ပြုလုပ်ကျင်းပသွားမယ့် “Home to Abroad” In-person Event မှာ လူငယ်တွေအတွက် English ဘာသာစကားကိုလေ့လာပြီး တန်ဖိုးရှိတဲ့ နည်းလမ်းတွေကို မျှဝေပေးသွားမယ့် Guest Speaker ကတော့ English Language Teacher တစ်ဦးဖြစ်တဲ့ Tr. Pyae Thukha ပဲဖြစ်ပါတယ်။
“Home to Abroad” Event မှာ Tr. Pyae Thukha က ဘယ်လိုမျိုးအဖိုးတန်အကြောင်းအရာတွေကို မျှဝေပြောကြားပေးသွားမလဲဆိုတာကို Video မှာ အတူတူကြည့်လိုက်ရအောင်နော်။
Tr. Thukha’s Profile
- Tr. Thukha ဟာဆိုရင် အမေရိကန်နိုင်ငံရှိ University of Southern Indianaတွင် Teaching Course များသင်ယူခဲ့သော Global UGRAD Scholar (2022-2023) တစ်ဦးဖြစ်ပါတယ်။
- ဒါ့အပြင် U.S. Program တစ်ခုဖြစ်တဲ့ YSEALI Academic Fellowship (Spring 2023) Finalist တစ်ဦးလည်းဖြစ်ပါတယ်နော်။
- Tr. Thukha က UK မှ Native Speaker များကို မြန်မာဘာသာစကားသင်ကြားပေးခဲ့ပြီး Australia, Japan, Poland, America, Thailand, Bulgaria စသော နိုင်ငံများမှ ဆရာ၊ဆရာမများနဲ့ပူးပေါင်းပြီး Intercultural Exchange Program များကို TOP Education Centre တွင် စီစဥ်ပြုလုပ်ပေးခဲ့ပါတယ်။
- နောက်ပြီးတော့ စာသင်သက် (၇)နှစ်ကျော်အတွေ့အကြုံရှိပြီးတော့ Young Learner အတန်းများမှစကာ တက္ကသိုလ်ကျောင်းသားများနှင့်ဘွဲ့ရပြီးသူများအပြင် NGOနှင့် Company များမှ ဝန်ထမ်းများကိုကောင်းမွန်စွာသင်ကြားနိုင်ခဲ့သော Well-experienced Teacher တစ်ဦးလည်းဖြစ်ပါတယ်နော်။
“Home to Abroad” In-person Event ကို လူဦးရေကန့်သတ်ထားတာမို့လို့ Tr. Thukha မျှဝေသွားမဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားတယ်၊ Event ကိုလည်း တက်ရောက်ချင်ရင်တော့ အမြန်ဆုံး စာရင်းပေးသွင်းထားလိုက်တော့နော်။
Registration Form : bit.ly/HtBRegisterForm
“Home To Abroad” Event ၏ အမှတ်တရပုံရိပ်များ
November 15 ရက်နေ့ မှာ ကျွန်တော်တို့ Hype Think Education ကနေဦးစီး ပြီးကျင်းပပြုလုပ်တဲ့ “Home to Abroad” In-person Event ကတော့ အောင်မြင်စွာ ပြီးမြောက်သွားပြီ ဖြစ်ပါတယ်။
ဒါကြောင့် “Home to Abroad” Event မှာ English နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို မျှဝေပြောပေးတဲ့ Tr. Pyae Thukha နှင့်အတူ တက်ကြွစွာနားထောင်ပြီး Activity တွေမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပါ၀င်ပေးတဲ့ Participant တို့ရဲ့ “Home to Abroad” ပွဲနေ့က အမှတ်တရပုံရိပ်တွေ အားလုံးဆီသို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
“Home to Abroad” Event ၏ အမှတ်တရပုံရိပ်များအပိုင်း [ ၁ ]
“Home to Abroad” Event ၏ အမှတ်တရပုံရိပ်များ အပိုင်း [ ၂ ]
“Home to Abroad” Event ၏ အမှတ်တရပုံရိပ်များ အပိုင်း [ ၃ ]
“Home to Abroad” Event ၏ အမှတ်တရပုံရိပ်များ အပိုင်း [ ၄ ]
“Home to Abroad” Event ၏ အမှတ်တရပုံရိပ်များ အပိုင်း [ ၅ ]
“ ကျေးဇူးတင်လွှာ”
ပထမဦးစွာ “Home to Abroad” ပွဲကို အသိပညာဗဟုသုတများကို တက်တက်ကြွကြွ မျှဝေပေးတဲ့ Tr Pyae Thukha နှင့် အချိန်ပေးပြီး တက်ရောက်ပေးတဲ့ Participant တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်အထူးတင်ပါတယ်။

Special thanks to our Guest Speaker, Tr. Thukha and all the participants for giving unforgettable memory.

“Home to Abroad” Event ဖြစ်မြောက်အောင် ကျင်းပနိုင်ဖို့အတွက် Venue Sponsor အဖြစ် ပံ့ပိုးကူညီပေးခဲ့သော Pace Forward ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

ဒါ့အပြင် “Home to Abroad” Event ကို တက်ရောက်သည့် လူငယ်တွေ အဆင်ပြေဖို့အတွက်လည်း Refreshment Sponsor အဖြစ် ကြက်ဆီထမင်းကို စီစဉ်ပေးခဲ့ပါသော ဆရာ့ရဲ့ TOP Education Centre ကိုလည်း ကျေးဇူးအများကြီးတင်ရှိပါတယ်။

“Home to Abroad” Event မှာ Social Media Partnership တွေအဖြစ် ကူညီပါ၀င်အားဖြည့်ပေးတဲ့ The Coffee Club Yangon, NextGen Impact, Conceptians စတဲ့ Organization တစ်ခုချင်းစီကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်နော်။

ပါဝင်အားဖြည့် ကူညီပေးတဲ့ Hype Think Education မှ Volunteer တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ပါတယ်။
ကျွန်တော်တို့ရဲ့ Hype Think Education ကနေ အခုလို Sponsorship, Partnership တွေနဲ့အတူ လူငယ်တွေအတွက် အကျိုးရှိတဲ့ Workshop, Webinar and Event တွေကိုလည်း ထပ်မံပြီးဖန်တီးပေးသွားဖို့ရှိတာကြောင့် လူငယ်တွေရဲ့ ပညာရေးတိုးတက်မှုကို အားပေးသည့် partner များကိုလည်း ထပ်မံဖိတ်ခေါ်ပါတယ်။ တိုးတက်ချင်တဲ့ ခေတ်လူငယ်တွေ အနေနဲ့လည်း အခုလို အကျိုးရှိသည့် နောက်ထပ် ပွဲတွေမှာလည်း ပါဝင်နိုင်ဖို့ အခွင့်အရေးတွေကို လက်မလွတ်သွားရလေအောင် Hype Think Education ကို Like and Follow လုပ်ထားပြီး စောင့်မျှော်ပေးပါဦးနော်။
Content Writer May Chan Myae
Graphic Wathone Oo