“ဟန်” HAN Event

လူငယ်တွေအတွက်အကျိုးရှိစေတဲ့ Program များစွာပြုလုပ်ပေးနေတဲ့ Hype Think Education, NextGen Impact and ASEAN Youth Advocates Network Myanmar အဖွဲ့အစည်း [3]ခု အတူပူးပေါင်းပြီး အားလုံးအတွက် ထူးခြားပြီးအကျိုးရှိစေမယ့် "ဟန်" Personal Grooming On Ground Event ကို ပြုလုပ်ကျင်းပပေးသွားမှာပဲ ဖြစ်ပါတယ်။
Share your love

Collaboration Announcement

HAN Event Collaboration Announcement ASEAN Youth Advocates Network Myanmar x NextGen Impact x Hype Think Education

“ပိုမိုကောင်းမွန်တဲ့ လူငယ်တစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်တွေကို ဖြည့်စည်းပေးမယ့် နောက်ထပ် အလန်းစား Collaboration ထပ်မံ ရောက်ရှိလို့လာပါပြီ”

လူငယ်တွေအတွက်အကျိုးရှိစေတဲ့ Program များစွာပြုလုပ်ပေးနေတဲ့ Hype Think Education, NextGen Impact and ASEAN Youth Advocates Network Myanmar အဖွဲ့အစည်း [3]ခု အတူပူးပေါင်းပြီးတော့ အားလုံးအတွက် ထူးခြားပြီးအကျိုးရှိစေမယ့် “ဟန်” Personal Grooming On Ground Event ကို မကြာခင်မှာ ပြုလုပ်ကျင်းပပေးသွားမှာပဲ ဖြစ်ပါတယ်။

“ဟန်” Personal Grooming Event ကို Hype Think Education နှင့် အတူပူးပေါင်းထားတဲ့ NextGen Impact and ASEAN Youth Advocates Network Myanmar အကြောင်းကိုလည်း အရင် မိတ်ဆက်ပေးချင်ပါတယ်။

  • ပထမဦးအနေနဲ့ ကျွန်တော်တို့ Hype Think Education ဟာဆိုရင် အရည်အသွေးပြည့်၀တဲ့ ပညာရေးကို လူငယ်တိုင်းရရှိစေဖို့အတွက် ရည်ရွယ်ပြီး ဘာသာစကားသင်တန်းများကို ဖွင့်လှစ်ပေးလျက် ရှိပြီးတော့ လက်ရှိမှာဆိုရင်လည်း လူငယ်တို့အတွက် အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတ‌က်‌စေဖို့ ရည်ရွယ်ပြီး Event, Webinar and Workshop တို့ကိုလည်း Online and On ground မှာပါ ကျင်းပဖန်တီးပေးနေတဲ့ လူငယ်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
  • NextGen Impact ကတော့ SDGs Goal တွေဖြစ်တဲ့ Education နဲ့ Economic Growth ကို အဓိကဦးတည်ထားပြီး Run နေတဲ့ Organization ပဲ ဖြစ်ပါတယ်။ Training Camp တွေ၊ Workshop Serie တွေကနေတစ်ဆင့် လူငယ်တွေအတွက်အခွင့်အလမ်းအသစ်တွေ၊ ဗဟုသုတတွေကိုမျှဝေပေးနေတာပဲဖြစ်ပါတယ်။
  • ASEAN Youth Advocates Network [AYAN] ဟာဆိုရင်တော့ Non-profit Organization တစ်ခုဖြစ်ပြီး အသက် [၁၃] ကနေ [၂၅ ] အတွင်းမှာရှိတဲ့ Youth တွေကို Civic Education ရရှိအောင်ဆောင်ရွက် ပေးလျက်ရှိပါတယ်။

အခုလိုမျိုး Organization [ 3 ] ခု ပူးပေါင်းပြီးကျင်းပသွားမဲ့ Event က ဘယ်လိုပွဲမျိုးဖြစ်မလဲဆိုတာကို အားလုံးစိတ်ဝင်စားနေကြပြီ ထင်ပါတယ်နော်။

“Han” Event Announcement

“Han” Event Announcement ASEAN Youth Advocates Network Myanmar x NextGen Impact x Hype Think Education

လူတစ်ယောက်ဟာ Professional Life တစ်ခုထဲမှာပဲ အောင်မြင်နေရုံနဲ့ ပြည့်စုံပြီလို့ မဆိုနိုင်သေးပါဘူး။

ဒါဆိုရင် ဘာတွေလိုအပ်နေသေးတာလဲ?

Personal Grooming လို့ခေါ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိစေဖို့၊ Ethics ဆိုတဲ့ အများနဲ့ ပြောဆိုဆက်ဆံရာမှာ ထားရှိသင့်တဲ့ ကျင့်ဝတ်တွေရှိဖို့ နှင့် ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကိုယ်တိုင်က လိုက်နာနိုင်မှသာ ပိုမိုအောင်မြင်တဲ့သူတစ်ယောက်လို့ သတ်မှတ်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုမျိုး ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်လာစေဖို့အတွက် “ဟန်” On-ground Event ကို လူငယ်တွေဆီသို့ ယူဆောင်လာပါပြီ။

အခု “ဟန်” On-ground Event ကိုတော့ Hype Think Education နဲ့အတူ NextGen Impact, ASEAN Youth Advocates Network Myanmar တို့ ပူးပေါင်းပြုလုပ်သွားမှာဖြစ်ပြီးတော့ လူငယ်တွေရဲ့ Self-awareness နှင့် Professionalism ကို မြှင့်တင်ပေးပြီး ကိုယ့်ရဲ့ Better version တစ်ခုကို ပုံဖော်နိုင်ဖို့အတွက် စီစဉ်ပြုလုပ်ပေးထားတာပဲ ဖြစ်ပါတယ်။

“Personal Grooming” ဆိုတဲ့ခေါင်းစဉ်နဲ့အတူ “Han” On-ground Event မှာဆိုရင် ~ 

  • ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ အရေးကြီး လိုအပ်တဲ့ ပြုမူဆောင်ရွက်ပုံတွေ၊
  • လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် အများနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ ကိုယ့်ရဲ့ Impression ကောင်းနေစေဖို့ နေထိုင်ဆက်ဆံပုံတွေ၊
  • Better Version ဖြင့် လူအများကြားမှာ ဆွဲဆောင်မှုရှိစေဖို့အတွက်  ပြောင်းလဲသင့်တဲ့ အလေ့အကျင့်ကောင်းတွေနှင့်အတူ
  • တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာအချက်တွေကို ပြည့်ပြည့်စုံစုံနဲ့ အခမဲ့ မျှဝေဆွေးနွေးပေးသွားမဲ့ Event တစ်ခုပဲ ဖြစ်ပါတယ်နော်။

“Han” On-ground Event ကို ဘယ်လိုလူမျိုးတွေ Join သင့်လဲဆိုရင် ~

  • Main Guest Speaker ရဲ့ Sharing တွေနဲ့အတူ ၊ Panelist တွေရဲ့ Discussion Session, Networking activity တွေ ပါဝင်သွားမှာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် Confident ပိုရှိလာချင်သူတွေ၊ 
  • ကိုယ့်ရဲ့ အပြုအမူလှုပ်ရှားဟန်တွေကို Professional ဆန်ဆန်ပြုမူနေထိုင်တတ်ချင်သူတွေ အားလုံးအတွက် အချိန်ပေးပြီး တက်ရောက်ရကျိုးရှယ်တန်‌စေမဲ့  Event တစ်ခု ဖြစ်လာစေမှာတော့ အသေအချာပါပဲနော်။
  • ဆိုတော့ “ဟန်” On-ground Event အသေးစိတ်ကိုတော့ ပုံတစ်ပုံချင်းစီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်နော်။ စိတ်ဝင်စားပြီး တက်ရောက်ချင်တယ်ဆိုရင်တော့ ပေးထားတဲ့ bit.ly/HANRegisterForm Link မှာ အခမဲ့ Registration ပြုလုပ်ပြီး ဝင်ရောက် စာရင်းပေးသွင်းနိုင်ပါတယ်။

“ဟန်” On-ground Event အတွက် လူဦးရေကန့်သတ်ထားတာကြောင့် အမြန်လေးစာရင်းပေးသွင်းထားမှ စိတ်ချရမယ်နော်။

Register Form: bit.ly/HANRegisterForm

“ဟန်” On-ground Event ရဲ့ Agenda အနေနဲ့ ~

“Han” Event Agenda ASEAN Youth Advocates Network Myanmar x NextGen Impact x Hype Think Education
  • Panelist တွေရဲ့ စကားသံတွေကို နားထောင်ပြီး အကြံညဏ်ကောင်းတွေရရှိစေမယ့် Panel Discussion Session
  • စားရင်းသောက်ရင်း Participant တွေ အချင်းချင်း မိတ်ဆက်ဆွေးနွေးလို့ရမယ့် Networking and Refreshment Session
  • Personal Grooming နဲ့ ဆိုင်တဲ့အကြောင်းအရာတွေ၊ ကျင့်ဝတ်ကောင်းတွေကိုဘယ်လိုထားရှိရမလဲ? စတဲ့ ဗဟုသုတရဖွယ်ရာအကြောင်းအရာတွေကိုသိရှိရမယ့် Main Guest Speaker ရဲ့ Sharing Session 
  • ”ဟန်” On-ground Event ကို တက်ရောက်လာကြတဲ့ Speakers, Panelist and Participant တွေအတူ အမှတ်တရ ဓာတ်ပုံရိုက်နိုင်မယ့် Photo Session တို့ ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။

“Han” On-ground Event Details

“Han” Event Date and Time ASEAN Youth Advocates Network Myanmar x NextGen Impact x Hype Think Education
  • Date : 11 February 2024 [Sunday]
  • Time : 10:00 AM ~ 2:00 PM
  • Venue : University of Taxila [Yangon]
  • Location : bit.ly/UniversityOfTaxila
  • Registration Fees : Free of Charge

Guest Speaker Announcement

“ဟန်” On-ground Event မှာ အဓိကအနေနဲ့ ပါဝင်အားဖြည့်ပေးသွားမယ့် Special Guest Speaker ကို ကြေညာပေးချင်ပါတယ်နော်။

Guest Speaker : “ဟန်” Personal Grooming Event [ Ma May Thynn Kyi ]

Han Event Guest Speaker Announcement May Thynn Kyi Hsu San Winm ASEAN Youth Advocates Network Myanmar x NextGen Impact x Hype Think Education

“Personal Grooming” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လူငယ်တွေအနေနဲ့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို မျှဝေပြောပြပေးသွားမယ့် Guest Speaker ကတော့ Personality Development Expert တစ်ဦးဖြစ်ပြီး Confident and Smart Academy ရဲ့ Branding Consultant တစ်ဦးဖြစ်တဲ့ Ma May Thynn Kyi ပဲဖြစ်ပါတယ်။

Ma May Thynn Kyi ဟာဆိုရင် Crowne Myanmar Co.,Ltd ရဲ့ Managing Director တစ်ဦးဖြစ်ပြီးတော့ ~

  • Crowne Hanthar Motel and Service Apartments
  • ဆီအိုး + ဆန်အိုး Production and Distribution
  • May Passions Diamond House
  • Crowne Plantation and Gardens
  • Confident and Smart Academy တို့ရဲ့ Founder and Owner တစ်ဦးလည်း ဖြစ်ပါတယ်။
  • ဒါ့အပြင် Mrs Universe Myanmar 2022 ရဲ့ Mrs Universe Tolerance တစ်ဦးလည်း ဖြစ်ပါသေးတယ်နော်

နောက်ထပ်အနေနဲ့ Ma May Thynn Kyi ဟာဆိုရင် လုပ်ငန်းခွင်ပိုင်းမှာ သာမကဘဲ Education ပိုင်းမှာဆိုရင်လည်း

  • Master of Business Administration [ Switzerland ]
  • Diploma in Business Management
  • Diploma in Business Development
  • Diploma in Banking
  • Master of Computer Science [UCSY]
  • Bachelor of Computer Science
  • B.C.Sc [Hornous] စတဲ့ Academic Achievement များစွာကို ရရှိထားတဲ့ ထူးချွန်တဲ့အမျိုးသမီးတစ်ဦးလည်း ဟုတ်ပါတယ်နော်။

အခု “ဟန်” On-ground Event မှာဆိုရင်လည်း Ma May Thynn Kyi ဟာဆိုရင် Main Guest Speaker တစ်ဦးအနေနဲ့ လူငယ်တွေ သိသင့်သိထိုက်တဲ့အကြောင်းအရာတွေကို သူမရဲ့အတွေ့အကြုံတွေ၊ ဗဟုသုတတွေကနေတစ်ဆင့် ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ မွေးမြူတတ်လာအောင် သေချာလေး Sharing လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

  • အထူးသဖြင့် လုပ်ငန်းခွင်ဝင်တဲ့အခါ နှင့် လူကြီးမိတ်ဆွေတွေနဲ့ တွေ့ဆုံတဲ့အခါမျိုးမှာပဲ မဟုတ်ဘဲ ကိုယ့်ရဲ့ Daily Life မှာပါ သပ်သပ်ရပ်ရပ်နဲ့ Professional ဆန်‌ဆန် ဝတ်စားဆင်ယင်သင့်ပုံတွေ
  • လူငယ်တွေအနေနဲ့အလိုအပ်ဆုံးဖြစ်တဲ့ Soft Skills Knowledge ပိုင်းဆိုင်ရာတွေ
  • Personal Grooming and Personal Hygiene စတဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အချက်အလက်တွေ နှင့်
  • Professionalism ကို တိုးမြှင့်စေနိုင်တဲ့အပြင် First Impression ကောင်းတစ်ခုကိုပါရယူနိုင်တဲ့ Smart posture တွေစတဲ့အကြောင်းအရာတွေကို စုံစုံလင်လင်နဲ့ ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။

Guest Speaker : “ဟန်” Personal Grooming Event [ Ma Eaint Myat Chal ]

ကိုယ်ဟန်အမူအရာအပြည့်နဲ့ ကျင်းပပြုလုပ်သွားမဲ့ “ဟန်” Personal Grooming Event ရဲ့နောက်ထပ် Special Guest Speaker ကို မိတ်ဆက်ပေးချင်ပါတယ်။

Han Event Guest Speaker Announcement Eaint Myat Chal Hsu San Winm ASEAN Youth Advocates Network Myanmar x NextGen Impact x Hype Think Education

“ဟန်” On-ground Event မှာ ပါဝင်ပေးသွားမဲ့ နောက်ထပ် Special Guest Speaker ကတော့ Miss Supranational Myanmar 2019 ရဲ့ Miss တစ်ဦးဖြစ်တဲ့ Ma Eaint Myat Chal ပဲ ဖြစ်ပါတယ်နော်။

  • အစ်မ Eaint Myat Chal ဟာဆိုရင် B.A [ English ] ဖြင့် ဘွဲ့ရရှိထားသူတစ်ဦးဖြစ်ပြီးတော့ လက်ရှိမှာဆိုရင်လည်း Confident Smart Academy ရဲ့ Co Founder and Trainer တစ်ဦးလည်း ဖြစ်ပါတယ်။
  • ဒါ့အပြင် အစ်မ Eaint Myat Chal က Miss Earth Myanmar 2015 ဆုကို ရရှိပိုင်ဆိုင်ထားသော Miss တစ်ဦးလည်း ဖြစ်ပါတယ်။
  • လက်ရှိမှာဆိုရင်လည်း အစ်မ Eaint Myat က Pageant Coach တစ်ယောက်အဖြစ်သော်လည်ကောင်း ၊ MC and TV Host အဖြစ်သော်လည်းကောင်း လုပ်ကိုင်နေတဲ့သူတစ်ယောက်ဆိုလည်း ဟုတ်ပါတယ်နော်။

“ဟန်” On ground Event ဆိုရင်လည်း အစ်မ Eaint Myat Chal ဟာဆိုရင် အစ်မ May Thynn Kyi နှင့်အတူ “Pageant Coach and Personal Grooming Coach” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လူငယ်တွေရဲ့ Daily Life မှာ အသုံး၀င်စေမဲ့ Personal Grooming နဲ့ ပတ်သက်တဲ့အကြောင်း‌အရာတွေ နှင့် လူငယ်တွေအတွက် အလိုအပ်ဆုံးအရာဖြစ်တဲ့ Soft Skills Knowledge ပိုင်းဆိုင်ရာတွေကိုပါ အတူတူပါ၀င်ဆွေးနွေးသွားမှာ ပဲဖြစ်ပါတယ်နော်။

ကဲ ဒါဆိုရင် “ဟန်” On-ground Event မှာပါ၀င်မဲ့ Speaker အမိုက်စားတွေကို သိသွားကြပြီဆိုတော့ ပွဲတက်ရောက်ချင်တဲ့သူတွေအနေနဲ့ ပွဲအကြောင်း အသေးစိတ်ကို bit.ly/HanEvent ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုပြီး Register ပြုလုပ်နိုင်ပါတယ်နော်။

Panelists Announcement

Panelist : “ဟန်” Personal Grooming Event [ Ma Mya Thandar Oo ]

Panelist Announcement Ma Mya Thandar Oo Hsu San Win ASEAN Youth Advocates Network Myanmar x NextGen Impact x Hype Think Education

သင်ဟာ လူတွေနဲ့ Communicate လုပ်တဲ့အခါမှာ အရေးကြီးတဲ့ Personal Grooming, First Impression နဲ့ Suitable Manner တွေကို ကောင်းကောင်းမသိ ဖြစ်နေပါသလား?

ဒါဆို သင့်ရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ လာမည့် February 11, [ Sunday ] 10 AM ~ 2 PM မှာ ကျင်းပပြုလုပ်သွားမယ့် “ဟန်” On-ground Event ကို တက်ရောက်ဖို့ ဖိတ်ခေါ်လ်ိုက်ရင်းနဲ့ ဒီနေ့မှာတော့ ”ဟန်” Event မှာ ပါဝင်သွားမယ့် ဒိတ်ဒိတ်ကြဲ Panelist တွေထဲက ပထမဆုံးတစ်ဦးနှင့် စတင် ကြေညာပေးချင်ပါတယ်။

“ဟန်” On-ground Event မှာ ပါဝင်သွားမဲ့ ပထမဆုံး Panelist ကတော့ မြန်မ့ာအမျိုးသမီးလူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Ma Mya Thandar Oo ပဲဖြစ်ပါတယ်။

  • အစ်မ Mya Thandar Oo ဟာ အွန်လိုင်းမှတဆင့် အလုပ်အကိုင်ရှာဖွေပေးတဲ့ MyJobs Group ကို International Brand မှ မြန်မာနိုင်ငံသားပိုင် Brand အဖြစ်သို့ ဂုဏ်ယူစွာ လွှဲပြောင်းရယူပိုင်ဆိုင်ထားတဲ့ MyJobs Myanmar ရဲ့ ပဲ့ကိုင်ရှင် Chairperson တစ်ဦး ဖြစ်ပါတယ်။
  • အစ်မ Mya Thandar Oo သည် Asia Women Directors Program – USAID ရဲ့ မြန်မာကိုယ်စားပြုအမျိုးသမီးဖြစ်တာနဲ့အညီ မြန်မာအမျိုးသမီးတွေအတွက် Women Empowerment နဲ့ လူငယ်တွေရဲ့ ပင်ကိုယ်ထူးချွန်တဲ့ အရည်အသွေး တိုးတက်မှုအပေါ် ယုံကြည်ပြီး သင့်တော်မှန်ကန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးလျက် ရှိပါတယ်။
  • အစ်မ Mya Thandar Oo ဟာဆိုရင် ပြည်တွင်းမှာသာမက နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေမှာပါ ဦးဆောင်တာဝန်ယူခဲ့သူဖြစ်တဲ့အပြင် “Asia’s Inspirational Leader 2022” , “Champions of Changemaker 2022” နဲ့ “Myanmar Women Leadership 2021” အစရှိတဲ့ အပြည်ပြည်ဆိုင်ရာ ဆုတံဆိပ်တွေက်ိုပါ ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်နော်။

ဒါ့အပြင် ”ဟန်” Event မှာဆိုရင် Ma Mya Thandar Oo က “Personal Grooming” နှင့် ပတ်သက်ပြီး သိသင့်သိထိုက်သော အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများစွာကို “Panel Discussion session” မှာ ပါ၀င်အားဖြည့်ပြီး မျှဝေပေးသွားမှာ ဖြစ်ပါတယ်နော်။

Panelist : “ဟန်” Personal Grooming Event [ Ko Zarni Win Htet ]

Panelist Announcement Ko Zarni Win Htet Hsu San Win ASEAN Youth Advocates Network Myanmar x NextGen Impact x Hype Think Education

“ဟန်” On-ground Event မှာ ပါဝင်သွားမဲ့ နောက်ထပ် Panelist က ဘယ်သူဖြစ်မလဲဆိုတော့ “Ko Zarni Win Htet” ပဲ ဖြစ်ပါတယ်။

  • Ko Zarni Win Htet ဟာဆိုရင် University of Glamorgan, UK ကနေ B.A Business Studies ဘွဲ့ရရှိထားပြီးတော့ ABE Diploma 1 and Advance Diploma တွေကိုပါ ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပြီး Summit Parkview Hotel မှာ Assistant Sales and Marketing Manger အဖြင့် 1994 ~ 2001 အထိ ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
  • ဒါ့အပြင် UK အခြေစိုက် အကြံပေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Hautecate Co,Ltd UK မှာ Senior Operation and International Training Manager အနေဖြင့် [၉] နှစ်တာ လုပ်ဆောင်ခဲ့ပြီး
  • Customer service ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Ko Zarni Win Htet ဟာ Samsung Electronic, Myanmar Head of Business Group တွင်လည်း ၂၀၁၂ ~ ၂၀၂၂ အထိ [ ၁၀ နှစ် ] လုပ်ကိုင်ခဲ့ ပါသေးတယ်။
  • Summit Parkview Hotel, Yangon ရဲ့ Assistant Sales and Marketing Manager တစ်ဦးအဖြစ်လည်း ၁၉၉၄ ကနေ ၂၀၀၁ အထိ ၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။
  • ထပ်ပြီးတော့ Ko Zarni Win Htet ဟာဆိုရင် အမြန်လမ်း ၃၈ မိုင် ၁ဖာလုံ၊ စစ်ပင်ဆိပ်ကျေးရွာ၊ ပဲခူးတိုင်းမှာရှိတဲ့ Sunset RiverView Luxury Camp ကို တည်ထောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
  • AIA Myanmar ၏ Financial Services Director ၊​ SunKuu Travel and Tour ၏ Managing Director အပြင်
  • ယခုဆိုလည်း Ko Zarni Win Htet က လုပ်ငန်းပိုင်ရှင်များကို ရောင်းအားတိုးတတ်အောင် Business Consulting ဝန်ဆောင်မူများကိုလည်း လုပ်ဆောင်ပေးလျက်ရှိပါတယ်။

Panelist : “ဟန်” Personal Grooming Event [ Ko Khun Aung Kham Kyaw ]

Panelist Announcement Ko Khun Aung Kham Kyaw Hsu San Win ASEAN Youth Advocates Network Myanmar x NextGen Impact x Hype Think Education

“ဟန်” On-ground Event ရဲ့ Panelist အဖြစ်ပါဝင်သွားမှာကတော့ Ko Khun Aung Kham Kyaw ပဲဖြစ်ပါတယ်။

  • Ko Khun Aung Kham Kyaw ဟာဆိုရင် International Beverage Company တစ်ခုမှာ Media Manager အဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။
  • 2011 ခုနှစ်တည်းက စပြီး Digital Marketing Professional တစ်ဦးအဖြစ်နဲ့ Digital Marketing Field မှာ အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် စတင်ခဲ့ရာ အခုဆိုရင် လုပ်သက် [ ၁၂ နှစ် ] ရှိထားပြီသူပဲ ဖြစ်ပါတယ်။
  • သတင်းမီဒီယာတွေမှာလည်း Blogger တစ်ဦးအနေနဲ့လည်း အတွေ့အကြုံများစွာရှိသူတစ်ဦးဖြစ်ပါတယ်။
  • ဒါ့အပြင် Huawei, Samsung တို့လို ကုမ္ပဏီတွေအပါ တခြား Multinational Company [၃] ခုလုံးမှာ Middle Management Level နဲ့ လုပ်ကိုင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

Panelist : “ဟန်” Personal Grooming Event [ Ko John Smith ] Technity

Panelist Announcement Ko John Smith Hsu San Win ASEAN Youth Advocates Network Myanmar x NextGen Impact x Hype Think Education

“ဟန်” Event မှာ လူငယ်တွေအတွက်အကျိုးရှိစေမယ့် အကြောင်းအရာတွေကို ပါ၀င်ဆွေးနွေးသွားမဲ့ Panelist ကတော့ Ko John Smith ပဲဖြစ်ပါတယ်။

  • John Smith ဆိုတာနဲ့ ထောင်ပေါင်းများစွာသော နည်းပညာဆိုင်ရာ Review video တွေနဲ့ Knowledge Sharing Video တွေကို ဖန်တီးခဲ့တာကြာပြီဖြစ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်နော်။
  • ဒါ့အပြင် Ko John smith က Technity page ရဲ့ Host တစ်ယောက်လည်းဖြစ်သလို Social influencer အဖြစ်ရပ်တည်လာတာလည်း 5နှစ်ကျော်လာပြီ ဖြစ်ပါတယ်။
  • Technical review video တွေကို လွန်ခဲ့တဲ့၆နှစ်လောက်ကတည်းက စပြီးဖန်တီးခဲ့တဲ့ Myanmar Pioneering Tech Reviewer လို့တောင် ပြောလို့ရပြီး ယခုလက်ရှိမှာဆိုရင် Ko John ဖန်တီးထားတဲ့ Content Video ပေါင်းက ထောင်နဲ့ချီပြီးရှိနေပါပြီ။

ဒီလိုအတွေ့အကြုံများစွာနဲ့ စိတ်အားထက်သန်မှုတွေရှိတဲ့ Ko John က “ဟန်” On- ground Event မှာ ဘယ်လိုအကြောင်းအရာတွေကို sharing လုပ်ပေးသွားမလဲဆိုရင်တော့… နေ့စဉ်ဘဝတွက် အဓိကလိုအပ်တဲ့ Personal gromming အပြင် အလုပ်တစ်ခုကို Professional ကျကျ လုပ်ကိုင်တဲ့အခါ မဖြစ်မနေလိုက်နာရမယ့် Ethics တွေကိုအခြား Panelist များနှင့်အတူ မျှဝေဆွေးနွေးပေးသွားပဲဖြစ်ပါတယ်။

Panelist : “ဟန်” Personal Grooming Event [ Ma Pony ] Gemini Flavored

Panelist Announcement Gemini Flavored Pony Hsu San Win ASEAN Youth Advocates Network Myanmar x NextGen Impact x Hype Think Education

“ဟန်” On-ground Event မှာ Panelist အဖြစ်ပါဝင်သွားမဲ့သူမကတော့ Gemini Flavored ဆိုပြီး အသိများကြတဲ့ လူငယ်တို့ရဲ့အချစ်တော် Ma Pony ပဲ ဖြစ်ပါတယ်နော်။

  • Ma Pony ဟာဆိုရင် Woman and LGBTQ+ Community အတွင်းမှာ Discrimination လုပ်ခြင်းတို့ကိုလျှော့ချနိုင်ဖို့ နှင့် Equality ဖြစ်စေဖို့အတွက် ရပ်တည်ပေးနေတဲ့သူတစ်ယာက် ဖြစ်ပါတယ်။
  • ဒါ့အပြင် Ma Pony သည် သူမမျှဝေပေးသော အတွေ့အကြုံများနှင့် အသိပညာဗဟုသုတများ
    နေတဆင့် Community အတွင်း ကောင်းမွန်တဲ့လွှမ်းမိုးမှုဖြစ်အောင်လို့ ကြိုးစားပေးလျက်ရှိတဲ့ Social Influencer တစ်ယောက်ဆိုလည်းဟုတ်ပါတယ်နော်။

ဒီလိုမျိုး အမိုက်စား Social Influencer တစ်ယောက်ဖြစ်တဲ့ Ma Pony ဟာဆိုရင် ”ဟန်”On – ground Event ‌မှာ လူငယ်တွေအတွက်အကျိုးရှိစေမဲ့ Personal Grooming ပတ်သက်တဲ့အကြောင်းအရာတွေကို အခြား Panelist တွေနှင့်အတူတူ ပါ၀င်ဆွေးနွေးသွားမဲ့အပြင် သူမရဲ့ အတွေ့အကြုံဗဟုသုတများစွာကိုပါ တက်ရောက်သူတွေကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်နော်။

ဒီလို အတွေ့အကြုံရှိပြီး Professional ဆန်တဲ့အမိုက်စား Panelist တွေ ကိုယ်တိုင် ပါဝင်ဆွေးနွေးသွားမှာမို့ မိမိအနေနဲ့ ကိုယ်တိုင်ရဲ့ Better Version ကို ရှာချင်တယ်ဆိုရင် “ဟန်” On-ground Event ကို လုံးဝလက်လွတ်မခံဘဲ အမြန်ဆုံး Register လုပ်သင့်ပါတယ်နော်။

Sponsorships Announcement

“ဟန်” On-ground Event မှာ ပါ၀င်အားဖြည့်သွားမဲ့ စိန်တုံး Sponsor Announcement

“Han” Event Diamond Sponsorship Hype Think Education ASEAN Youth Advocates Network Myanmar x NextGen Impact

Hype Think Education ၊ NextGen Impact ၊ ASEAN Youth Advocates Network Myanmar တို့ အတူတူပူးပေါင်းပြီး လာမည့် February 11, [ Sunday ] 10 AM ~ 2 PM မှာ ကျင်းပပြုလုပ်သွားမဲ့ “ဟန်” On-ground Event မှာ Diamond Sponsor အဖြစ်မြန်မာနိုင်ငံရဲ့ပထမဦးဆုံး Recruitment Company ဖြစ်တဲ့ MyJobs Myanmar ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။

“ဟန်” On-ground Event တက်ရောက်သူတို့ လန်းဆန်းသွားစေဖို့အတွက် Refreshment Cold Beverage Sponsor Announcement

“Han” Event Refreshment Sponsorship Hype Think Education ASEAN Youth Advocates Network Myanmar x NextGen Impact

“ဟန်” On-ground Event ကို တက်ရောက်လာကြတဲ့ Special Guest Speakers, Panelists, Participants နှင့် ပါ၀င်လုပ်အားပေးခဲ့ကြသော Volunteers အတွက်ပါ ပိုမိုလန်းဆန်းစေဖို့အတွက် အအေးသောက်သုံးနိုင်ဖို့အတွက် Refreshment Sponsor [ Cold Beverage ] အဖြစ်ပါ၀င်အားဖြည့်ပေးခဲ့တဲ့ Sunkist Myanmar ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

“ဟန်” On-ground Event အတွက် Venue Sponsor အဖြစ် ကူညီပေးထားတဲ့ University of Taxila

“Han” Event Venue Sponsor University of Taxila Hype Think Education ASEAN Youth Advocates Network Myanmar x NextGen Impact

“ဟန်” On-ground Event လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက် ပွဲနေရာကို သေချာစီစဥ်ပေးပြီးတော့ Venue Sponsor အဖြစ်ပါ၀င်အားဖြည့်ပေးခဲ့တဲ့ University of Taxila ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

“ဟန်” On-ground Event ကျင်းပပြုလုပ်သွားမဲ့ University of Taxila ကို အရောက်လာခဲ့ဖို့အတွက် “လမ်းညွှန်” ကိုပေးထားတဲ့ bit.ly/HanVenue Link ထဲမှာ ဖတ်ရူနိုင်ပါတယ်။

  • University of Taxila ဟာဆိုရင် [ Building 15, Lan Thit Avenue Complex, Bhone Gyi Road & Lan Thit Road, Lamadaw Township, Yangon ] မှာ တည်ရှိတာပဲဖြစ်ပါတယ်နော်။
  • Google Map : bit.ly/UniversityOfTaxila

Bus စီးပြီးတော့ ”ဟန်” On-ground Event ကိုအရောက်လာခဲ့ချင်တယ်ဆိုရင်တော့

  • YBS Number [21, 35 , 58, 131, 140] ကိုစီးပြီး မော်တင်မှတ်တိုင်မှာ ဆင်းရမှာပဲဖြစ်ပါတယ်။
  • မော်တင်မှတ်တိုင်မှာဆင်းပြီးပြီဆိုရင်လမ်းသစ်ရိပ်သာထဲသို့ ဘုန်းကြီးလမ်းမှ၀င်လာရမှာဖြစ်ပါတယ်။
  • လမ်းသစ်ရိပ်သာထိပ်ကိုရောက်ပြီ‌‌ဆိုလျှင် IQ Vision ကိုမြင်ရမှာဖြစ်ပြီး အဲ့နားက ၀န်းထဲကို တည့်တည့်ဆက်၀င်လာလိုက်မယ်‌ဆိုရင် Building 15မှာရှိတဲ့ University of Taxila ဆီရောက်ရှိသွားမှာပဲဖြစ်ပါတယ်နော်။

“ဟန်” On-ground Event မှာ ပါဝင်သွားမဲ့ Silver Sponsors Announcement

“Han” Event Silver Sponsorship Hype Think Education ASEAN Youth Advocates Network Myanmar x NextGen Impact

Good Quality and Fair Price ဖြစ်တဲ့ Cosmetic မျိုးစုံကို လက်လီလက်ကားဖြင့် ရောင်းချပေးလျက်ရှိတဲ့ PAN Cosmetic Myanmar မှလည်း “ဟန်” On-ground Event မှာ Silver Sponsor အဖြစ် ပါ၀င်အားဖြည့်ပေးထားပါတယ်။

“ဟန်” On-ground Event မှာ ပြည်တွင်းပြည်ပတက္ကသိုလ်၀င်ခွင့်အတွက် မရှိမဖြစ်လိုအပ်သော IGCSE နှင့် GED Program များကို သင်ကြားပေးလျက်ရှိသော ILS Academy ကလည်း Silver Sponsor အဖြစ် ပါ၀င်အားဖြည့်ပေးထားပါတယ်။

“ဟန်” On-ground Event မှာ Silver Sponsor အဖြစ် Platinum Store နှင့် Style Store တို့ကို ကျေးဇူးအထူးတင်ပါတယ်။

“ဟန်” On-ground Event မှာ ပါဝင်သွားမဲ့ In-kind Sponsors Announcement

“Han” Event In-kind Sponsorship Hype Think Education ASEAN Youth Advocates Network Myanmar x NextGen Impact

“ဟန်” On-ground Event မှာ လူငယ်တွေအတွက် အရည်အသွေးပြည့်မှီတဲ့ အင်္ဂလိပ်စာသင်တန်းတွေကိုဖွင့်လှစ်ပေးနေတဲ့ Pace Forward ကနေမှ In kind Sponsor အဖြစ် Scholarship Program အစီအစဉ်နှင့်အတူ ပါ၀င် အားဖြည့်ပေးထားပါတယ်။

“ဟန်” On-ground Event မှာ လူငယ်တွေအတွက် အရည်အသွေးပြည့်မှီတဲ့ ဘာသာစကားသင်တန်းတွေကို ဖွင့်လှစ်ပေးနေပြီး အကျိုးရှိတဲ့ Online and On-ground ပွဲများစွာကို ဖန်တီးပေးလျက်ရှိတဲ့ ကျွန်တော်တို့ Hype Think Education ကနေမှလည်း In kind Sponsor အဖြစ် လူငယ်တွေအတွက် Disccount အစီအစဉ်နှင့်အတူ ပါ၀င်အားဖြည့်ပေးထားပါတယ်။

“ဟန်” On-ground Event မှာ မြန်မာနိုင်ငံရှိ Out-Of-Home (OOH) ကြော်ငြာလုပ်ငန်း Industry ထဲမှာမှ ထိပ်တန်း Agency တစ်ခုဖြစ်တဲ့ IMCS မှ In-kind Sponsor အဖြစ်ပါ၀င်အားဖြည့်ပေးထားပါတယ်။

“ဟန်” On-ground Event မှာ gift တွေအတွက် အလှဆုံး ဖန်တီးပြုလုပ်ပေးမည့် In-kind Sponsor [ bouquet ] အဖြစ် Primgo handmade paradise တို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

“ဟန်” On-ground Event မှာ ပါဝင်သွားမဲ့ Event Activities Announcement

“Han” Event Event Activities Sponsorship Hype Think Education ASEAN Youth Advocates Network Myanmar x NextGen Impact

“ဟန်” On-ground Event ကို တက်ရောက်ခဲ့ကြတဲ့ Participant များ မေးခွန်းတွေပျော်ပျော်ပါးပါးဖြေရင်း လက်ဆောင်တွေကံစမ်းနိုင်ဖို့အတွက် Event Activities အဖြစ်ပါ၀င်အားဖြည့်ပေးခဲ့တဲ့ U-Report Myanmar ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

U-Report ဆိုတာဘာလဲ?

  • U-Report ဆိုတာ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေအတွက် အရေးပါတဲ့ (Gender-based violence၊ Online Safety၊ Climate Change စတဲ့) အကြောင်းအရာတွေ၊ ကိ⁠စ္စရပ်တွေကို လူငယ်တွေကိုယ်တိုင် မေးခွန်းတွေ ဖြေဆိုဆွေးနွေးပေးခြင်းကနေ တဆင့်ပါဝင်လို့ရတဲ့ လူငယ်အစီအစဉ်တစ်ခုဖြစ်ပါတယ်။
  • ဒါ့အပြင် လူငယ်တွေရဲ့ ဘဝမှာ ကြုံတွေ့ခံစားနေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ ထင်မြင်ချက်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ INGO တွေရဲ့ အများပြည်သူတွေအတွက် အသိပညာပေး မြှင့်တင်ခြင်းတွေ၊လုပ်ငန်းစဥ်ရေးဆွဲတာတွေကို ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် U-Report ကနေတဆင့် ပေးပို့နိုင်ပါတယ်။
  • U-Report မှာ ပါဝင်ဖို့ဆိုရင် @U-Report Myanmar ရဲ့ Messenger (သို့မဟုတ်) Viber ကို “Join” လို့ပို့ပေးပါ။ U-Report က မေးလာတဲ့ မွေးနှစ်၊ Gender၊ လက်ရှိနေထိုင်တဲ့ ပြည်နယ်/ တိုင်းဒေသကြီး စတဲ့ မေးခွန်းလေးတွေ ဖြေပြီးရင်တော့ U-Reporter တစ်ယောက် ဖြစ်သွားပါပြီ။ နှစ်ပတ်တစ်ခါ မေးလာမယ့် U-Report မေးခွန်းတွေမှာ ကိုယ့်အမြင်တွေကို ဖြေဆိုဆွေးနွေးပေးပြီးတော့ U-Reporter တစ်ယောက်အနေနဲ့ အခုပဲ ပါဝင်လိုက်တော့နော်။
  • ဒါ့အပြင် အခုလိုတိုးတက်ပြောင်းလဲတဲ့ Community တခုကိုတည်ဆောက်ဖို့အတွက်ဆိုရင် လူငယ်တွေရဲ့ အသံဟာအရေးကြီးဆုံးအခန်းကဏ္ဍကပါဝင်ဖြစ်လို့ ပြောင်းလဲမှုတွေမှာ ကိုယ်တိုင်ပါဝင်နိုင်ဖို့အတွက် “ဟန်” On-ground Event က U-Report Myanmar Corner ကို အရောက်လာဖို့ လူမပြည့်ခင် အခုပဲ Register လုပ်ပြီး လာခဲ့ကြဖို့ကိုးဖိတ်ခေါ်ချင်ပါတယ်။

“ဟန်” On-ground Event မှာ ပါဝင်သွားမဲ့ Social Media Partnerships Announcement

“Han” Event Social Media Partnerships Hype Think Education ASEAN Youth Advocates Network Myanmar x NextGen Impact

“ဟန်” On-ground Event ‌အတွက် Social Media Partnership များအဖြစ်လည်း ပါ၀င်အားဖြည့်ပေးခဲ့တဲ့ The Forward Society, For The Future Myanmar, Better For Youths, Youth Renaissance, Your Educational Researcher စတဲ့ Organization တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

နောက်ထပ် “ဟန်” Event မှာ ပါဝင်သွားမယ့် အမိုက်စား Panelist တွေနဲ့ အမိုက်စား အစီအစဉ်တွေကိုလည်း ထပ်မံ ကြေညာပေးသွားမှာမို့ စိတ်ဝင်စားတယ်ဆိုရင် Hype Think Education Page ကို Like and Follow လုပ်ပြီး စောင့်ကြည့်ပေးပါဦးနော်။

“ဟန်” On-ground Event အကြောင်းအရာ အသေးစိတ်ကိုတော့ bit.ly/HanEvent ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုပြီး Register ပြုလုပ်နိုင်ပါတယ်နော်။

Register Form : bit.ly/HANRegisterForm

Share your love