Home to Abroad: Asian Countries

လူငယ်တွေရဲ့ နိုင်ငံရပ်ခြား ပညာရေးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးနေတဲ့ Hype Think Education ရဲ့ "Home To Abroad World Tour" ရဲ့ အာရှရဲ့ ထိပ်တန်းနိုင်ငံ [5] နိုင်ငံဆီ အတူ လက်တွေ့ ခြေလှမ်း စလိုက်ရအောင်

Share your love

အာရှနိုင်ငံ (၅) နိုင်ငံမှာ ပညာသင်ကြားဖို့နဲ့ Scholarship ရရှိနိုင်ဖို့ နည်းလမ်းကောင်းတွေကို  တစ်နေရာတည်းမှာ လေ့လာနိုင်မယ့် “Home to Abroad Webinar”

လူငယ်တွေရဲ့ နိုင်ငံရပ်ခြား ပညာရေးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးနေတဲ့ Hype Think Education ရဲ့ “Home To Abroad World Tour” ရဲ့ ဒုတိယမြောက် အခန်းဆက်က သင့်ဆီကို ရောက်ရှိလာပါပြီ။

ဒီတစ်ခါမှာတော့ အာရှရဲ့ ထိပ်တန်းနိုင်ငံ [5] နိုင်ငံဆီ “Home to Abroad Webinar” နဲ့အတူ လက်တွေ့ခြေလှမ်း စလိုက်ရအောင်

1 ) Home To Abroad Asia Webinar Announcement Hype Think Education

အာရှနိုင်ငံ [5] နိုင်ငံမှာ တကယ့်ကို အောင်မြင်စွာ ပညာသင်ကြားနေကြတဲ့ Guest Speaker တွေဆီကနေ ကျောင်းလျှောက်ဖို့ ပြင်ဆင်နည်း၊ Scholarship လျှောက်နည်းနဲ့ နေထိုင်မှု အတွေ့အကြုံတွေကို အသေးစိတ် သိရှိနိုင်မှာမို့လို့ အပြင်မှာ ပိုက်ဆံပေးတက်ရမယ့် Course တွေထက် ပိုတန်ဖိုးရှိမယ့် ဒီပွဲကို Zero-cost နဲ့ တက်ရောက်ခွင့်ရမယ့် အခွင့်အရေးကို လက်လွတ်မခံလိုက်ပါနဲ့

နိုင်ငံရပ်ခြားမှာ သွားရောက်ပညာသင်ကြားဖို့ ဆန္ဒရှိပေမယ့် လမ်းစပျောက်နေတဲ့ သူတွေအတွက် ဒီ Webinar က သင့်ရဲ့ “Ultimate Guide” ဖြစ်လာပါလိမ့်မယ်။  ဒါကြောင့် အချိန်မလင့်ခင် စာရင်းပေးသွင်းလိုက်တော့နော်

Register Form: shorturl.at/ivbGm

အာရှနိုင်ငံ [5] ခုမှာ တက်ရောက်နေကြတဲ့ Guest Speaker တွေက ဘယ်လိုအကြောင်းအရာတွေကို  မျှဝေပေးသွားမှာလဲဆိုရင်တော့ ~ 

  • ဘာကြောင့် နိုင်ငံတွေအများကြီးထဲကမှ ဒီနိုင်ငံကို ရွေးခဲ့တာ ဖြစ်မလဲ?
  • တက္ကသိုလ်နဲ့ Major ကိုရော ဘယ်လိုနည်းနဲ့ ရွေးချယ်ခဲ့တာလဲ?
  • University Admission နဲ့ Scholarship တွေ ရရှိဖို့ ဘယ်လိုမျိုးကြိုးစားအားထုတ်ခဲ့တာလဲ?
  • Culture တွေ မတူကွဲပြားတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဘယ်လိုမျိုးဖြတ်သန်းနေထိုင်ခဲ့ရလဲ?

အစရှိတဲ့ အကြောင်းအရာတွေကို သူတို့အတွေ့အကြုံကနေတစ်ဆင့် အသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်

2 ) Home To Abroad Asia Webinar Announcement Hype Think Education

တစ်နေ့တာရဲ့ [24] နာရီထဲကမှ [2] နာရီခွဲလောက်အချိန်ပေးလိုက်ရုံနဲ့ ကိုယ့်အနာဂတ်အတွက် ဘာတွေ ရရှိသွားမလဲ သိချင်ပါသလား? ဒီ Webinar ကနေ ရရှိနိုင်မယ့် Benefit တွေကတော့

  • လိုအပ်မယ့် Document နဲ့ Requirement တွေကို အမှားအယွင်းမရှိဘဲ စနစ်တကျ ပြင်ဆင်တတ်သွားမယ်။
  • Scholarship တွေ သေချာပေါက် ရရှိလာစေဖို့ အသုံးဝင်တဲ့ လျှို့ဝှက်ချက်တွေကို လေ့လာမိသွားမယ်။
  • နိုင်ငံအလိုက် ကုန်ကျမယ့် Living Cost တွေ၊ မတူကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့ နေထိုင်မှုပုံစံတွေကို ကြိုတင်ပြင်ဆင်ထားနိုင်မယ်။
  • ကျောင်းပြီးသွားရင် ဘယ်လို Job Opportunity တွေ စောင့်ကြိုနေလဲဆိုတဲ့ အလုပ်အကိုင် လမ်းကြောင်းတွေကို သိရှိသွားမယ်။
  • နောက်ဆုံးအနေနဲ့ Q&A Session ကိုပါ ထည့်သွင်းပေးထားတာကြောင့် ကိုယ်တိုင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း Speaker နဲ့ တိုက်ရိုက် မေးမြန်းဆွေးနွေးခွင့် ရနိုင်မှာမို့လို့ တကယ်ကို သင့်ရဲ့အနာဂတ်ပညာရေးအတွက် အကျိုးရှိစေမဲ့ Webinar ကို တက်ရောက်ဖို့ အခုပဲ လက်ဦးမှုယူပြီး နေရာဦးလိုက်တော့နော်
3 ) Home To Abroad Asia Webinar Announcement Hype Think Education

Day 1 ကနေ Day 5 အထိ [၅] ရက်တိတိ ဆက်တိုက်ကျင်းပသွားမယ့် Home to Abroad Webinar ကြီးဟာဆိုရင် Zero-cost Webinar တစ်ခုဖြစ်တဲ့အပြင် အိမ်ထဲက အိမ်ပြင်တောင် ထွက်စရာမလိုဘဲ ဖုန်းတစ်လုံးရှိရုံနဲ့ တက်ရောက်လို့ ရမှာပဲ ဖြစ်ပါတယ်။

4 ) Home To Abroad Asia Webinar Announcement Hype Think Education

Home to Abroad” Event နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကတော့ ~

  • Date: September 5th to 9th, 2026
  • Time: 7:00 PM ~ 9:30 PM [Myanmar Time]
  • Location: Zoom [Online]

Register Form: shorturl.at/ivbGm

Guest Speakers Announcement

Home to Abroad: Day 1 “Malaysia”

Malaysia နဲ့ပတ်သက်တဲ့ ပညာရေးလမ်းကြောင်းနဲ့ အတွေ့အကြုံတွေကို တတ်ကြွစွာ ဆွေးနွေးပေးသွားမယ့်သူတွေကတော့ Senior Education Consultant “Ko Dee” နှင့် Monash University မှာ တက်ရောက်နေသူတစ်ဦးဖြစ်တဲ့ “Ma Moe Thet Khin” တို့ပဲ ဖြစ်ပါတယ်။

Ko Dee: Senior Education Consultant

3 ) Home To Abroad Asia Webinar Malaysia Speaker Ko Dee Hype Think Education

Home To Abroad Webinar Day [1] မှာ အထူး Guest Speaker အဖြစ် ပါဝင်အားဖြည့်ပေးမယ့် Ko Dee❜ ကတော့ ~

  • Malaysia နိုင်ငံရဲ့ ပညာရေးလမ်းကြောင်းတွေအတွက် ကျွမ်းကျင်ပိုင်နိုင်တဲ့ Senior Education Consultant တစ်ဦး ဖြစ်ပါတယ်။
  • တက္ကသိုလ်တက်ရောက်ဖို့ လိုအပ်တဲ့ Application Process တွေ၊ Student Visa လုပ်ထုံးလုပ်နည်းတွေနဲ့ မလေးရှားမှာ ပညာသင်ကြားဖို့အတွက် စိတ်ချယုံကြည်စွာနဲ့ အစအဆုံး လမ်းညွှန်ပြသပေးနေသူ ဖြစ်ပါတယ်။

Home to Abroad: Day 1 “Malaysia”

Ma Moe Thet Khin: Bachelor of Psychology and Business @Monash University Malaysia

2 ) Home To Abroad Asia Webinar Malaysia Speaker Ma Moe Thet Khin Hype Think Education

“Home to Abroad” Webinar Day [1] ရဲ့ Guest Speaker တစ်ဦးဖြစ်တဲ့ ❛Ma Moe Thet Khin❜ ဟာဆိုရင်တော့~ 

  • Monash University Malaysia မှာ Bachelor of Psychology and Business ကို တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။
  • Hype Think Education မှာလည်း Volunteer Translator အဖြစ် တက်ကြွစွာ ပါဝင်အားဖြည့်ပေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။
  • Malaysia မှာ ကျောင်းသွားတက်ဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အကောင်းဆုံးအတွေ့အကြုံတွေနဲ့ သိထားသင့်သမျှ လျှို့ဝှက်ချက်တွေကို မျှဝေပေးသွားမယ့် Guest Speaker တစ်ဦး ဖြစ်ပါတယ်။

Home to Abroad: Day 1 “Malaysia” Outlines

4 ) Home To Abroad Asia Webinar Malaysia Outlines Hype Think Education

Home to Abroad Webinar မှာ Malaysia နဲ့ ပတ်သက်ပြီး ဆွေးနွေးပေးသွားမယ့် အကြောင်းအရာတွေကတော့ ~

  • Malaysia မှာ ဘာကြောင့် ပညာသင်သင့်လဲ?
  • Malaysia ရဲ့ အဆင့်မြင့်ပညာရေးစနစ်၊ နာမည်ကြီး Majors တွေနဲ့ Malaysia Earn & Learn Program အကြောင်း၊
  • ကျောင်းဝင်ခွင့် လိုအပ်ချက်တွေ၊ Student Visa လျှောက်မယ့် Vias လုပ်ထုံးလုပ်နည်းတွေနဲ့ ကုန်ကျစရိတ်တွေ၊ 
  • ကျောင်းပြီးရင် ဘာတွေဆက်လုပ်လို့ရမလဲဆိုတဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေအပြင် 
  • အစောဆုံး စာရင်းသွင်းမယ့် [5] ယောက်အတွက် [500,000 ကျပ်] Cashback Special Promotion အကြောင်းနဲ့ မေးချင်တာတွေကို စိတ်ကြိုက်မေးလို့ရမဲ့ Q&A Session လည်း ပါဝင်သွားမှာဖြစ်ပါတယ်။

Register Form: shorturl.at/ivbGm


Home to Abroad: Day 2 “Singapore”

Singapore နိုင်ငံရဲ့ ပညာရေးစနစ်၊ လုပ်ငန်းခွင် ပတ်ဝန်းကျင်နဲ့ အတွေ့အကြုံတွေကို လက်တွေ့ကျကျ ဆွေးနွေးပေးမယ့်သူတွေကတော့ Education Agency မှ Country Manager “Ko Myo Paing Oo” နှင့် Curtin University Singapore မှာတက်ရောက်နေတဲ့ ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Guest Speaker “Lucius [Thu Htet San]” တို့ပဲ ဖြစ်ပါတယ်။

Ko Myo Paing Oo: Country Manager @Education Agency

Home To Abroad Webinar Day [2] မှာ အထူး Guest Expert အဖြစ် ပါဝင်အားဖြည့်ပေးမယ့် “Ko Myo Paing Oo” ကတော့ ~

  • Singapore နိုင်ငံ ပညာရေးလမ်းကြောင်းများအတွက် ကျွမ်းကျင်ပိုင်နိုင်ပြီး အကြံဉာဏ်ကောင်းများ ပံ့ပိုးပေးနေတဲ့ Education Agency မှ Country Manager တစ်ဦး ဖြစ်ပါတယ်။
  • Singapore နိုင်ငံသို့ ပညာသင်သွားရောက်လိုသူများအတွက် လိုအပ်သော ကျောင်းဝင်ခွင့်လမ်းကြောင်းများနဲ့ သင့်တော်မယ့် အစီအစဉ်များကို စိတ်ချယုံကြည်စွာ အစအဆုံး လမ်းညွှန်ပြသပေးနေသူ ဖြစ်ပါတယ်။

Home to Abroad: Day 2 “Singapore”

Lucius [Thu Htet San]: Finance and Management @Curtin University Singapore

“Home to Abroad” Webinar Day [2] ရဲ့ Guest Speaker တစ်ဦးဖြစ်တဲ့ ❛Lucius [Thu Htet San]❜ ဟာဆိုရင်တော့ ~

  • လက်ရှိတွင် Curtin University Singapore မှာ Finance and Management ဘာသာရပ်ကို တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။
  • တက္ကသိုလ်မတက်ရောက်မီ မိသားစုရဲ့ ဖြန့်ဖြူးရေးလုပ်ငန်းနဲ့ နိုင်ငံတကာကျောင်းတွေမှာ လက်ထောက်ဆရာအဖြစ် လုပ်ကိုင်ခဲ့ဖူးကာ Operations, Sales, Finance and Management ပိုင်းတွေမှာ လက်တွေ့လုပ်ငန်းအတွေ့အကြုံ ကြွယ်ဝသူတစ်ဦး ဖြစ်ပါတယ်။
  • Singapore ရောက် မြန်မာအသိုင်းအဝိုင်းအတွက် Student Life နဲ့ နိုင်ငံခြားမှာ နေထိုင်ရတဲ့ အတွေ့အကြုံတွေကို မျှဝေပေးနေတဲ့ Content Creator တစ်ဦးလည်း ဖြစ်ပါတယ်။
  • Singapore မှာ ကျောင်းသွားတက်ဖို့နဲ့ ကိုယ်ပိုင်ဘဝကို တည်ဆောက်ဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် သူကိုယ်တိုင် ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ လက်တွေ့အတွေ့အကြုံကောင်းတွေကို မျှဝေပေးသွားမှာဖြစ်လို့ လက်လွှတ်မခံသင့်ပါဘူးနော်

Home to Abroad: Day 2 “Singapore” Outlines

Home to Abroad Webinar Day 2 : Singapore မှာဆိုရင် ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးပြောကြားသွားမလဲ?

  • Singapore နိုင်ငံရဲ့ လုပ်ငန်းခွင်သဘောတရား၊ ပတ်ဝန်းကျင်အနေအထားတွေနဲ့ Culture နဲ့ပတ်သက်ပြီးသိထားသင့်တဲ့အချက်တွေ၊
  • Singapore မှာ ရေရှည်နေထိုင်မယ်ဆိုရင် သိထားသင့်တဲ့ Policiy တွေနဲ့ အသုံးဝင်မဲ့ Tip တွေအပြင် 
  • ကျောင်းပြီးဆုံးချိန်မှာ လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေနဲ့ Study & Earn Program အကြောင်းတွေကို ပြောပြသွားမှာဖြစ်သလို
  • Singapore မှာ တက်ရောက်နိုင်တဲ့ Major တွေနဲ့ ရွေးချယ်သင့်တဲ့ Recommended Majors၊ လိုအပ်မယ့် ကျောင်းစရိတ်နဲ့ နေထိုင်စားသောက်စရိတ် အကြောင်းအရာတွေကို အသေးစိတ် ရှင်းပြဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
  • Singapore မှာ ပညာသင်ကြားဖို့ စိတ်ဝင်စားတဲ့လူငယ်တွေအတွက်ဆိုရင်တော့ မေးချင်တာတွေကို စိတ်ကြိုက်မေးလို့ရမဲ့ Q&A Session လည်း ပါဝင်ဦးမယ့် ဒီပွဲကို အမြန်ဆုံး စာရင်းပေးသွင်းလိုက်တော့နော်

Register Form: shorturl.at/ivbGm

Home to Abroad: Day 3 “Taiwan”

Taiwan နိုင်ငံမှာ ပညာသင်ကြားဖို့ ရည်ရွယ်ထားတဲ့သူတွေအတွက် အဖိုးတန်အတွေ့အကြုံတွေကို ဝေမျှပေးသွားမယ့် Guest Speaker တွေကတော့ Tamkang University မှာ International Tourism Management ဘာသာရပ်ကို သင်ယူနေပြီး “Lin Lat’s Vlog” ရဲ့ ပိုင်ရှင်ဖြစ်တဲ့ “Ma Lin Lat” နဲ့ National Chi Nan University [NCNU] မှာ Tourism Management ကို တတိယနှစ်တက်ရောက်နေကာ Full Scholarship ကို ဆွတ်ခူးထားသူဖြစ်တဲ့ “SEDA Su [Su Eaindra Aung]” တို့ပဲ ဖြစ်ပါတယ်။

SEDA Su [Ma Su Eaindra Aung]

Home to Abroad: Asia ရဲ့ Day [3] ဖြစ်တဲ့ Taiwan နိုင်ငံအကြောင်းကို ပြောပြပေးသွားမဲ့ Guest Speaker ကတော့ ~

  • “Ma Su Eaindra Aung” သည် National Chi Nan University [NCNU] မှာ Tourism Management ကို တတိယနှစ်တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦးဖြစ်ပါတယ်။
  • Taiwan မှာကျောင်းတက် နေရင်းနဲ့ Chinese Teacher ကို Freelancer အနေနဲ့ [6] နှစ်ကြာသင်ကြားနေဆဲဖြစ်ပါတယ်။ 
  • Full Scholarship ရထားတဲ့ ကျောင်းသူတစ်ဦးဖြစ်တဲ့အပြင် မိခင်ဘာသာစကားမဟုတ်တဲ့ ဘာသာစကားကိုလည်း ကျွမ်းကျင်အောင်လေ့လာထားသူဖြစ်တာမို့ အဖိုးတန် အတွေ့အကြုံတွေကို သိနိုင်မဲ့အပြင် နည်းလမ်းကောင်းတွေပါရရှိနိုင်မှာဖြစ်ပါတယ်။

Home to Abroad: Day 3 “Taiwan”

Ma Lin Lat: International Tourism Management @Tamkang University

Home to Abroad Webinar Day [3] မှာတော့ Taiwan နိုင်ငံအကြောင်းကို ပြောပြပေးသွားမဲ့ Guest Speaker နောက်ထပ်တစ်ဦးကတော့ ~

  • Ma Lin Lat ကတော့ Tamkang University မှာ International Tourism Management ကို တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦးဖြစ်သလို Taiwan မှာ နေထိုင်လေ့လာဖူးတဲ့ Overseas Chinese ကျောင်းသူတစ်ဦးလဲဖြစ်ပါတယ်။ 
  • သူမဟာ Hospitality and Tourism နယ်ပယ်မှာ လုပ်ငန်းအတွေ့အကြုံရှိသူတစ်ဦးဖြစ်သလို Content Creator တစ်ယောက်အနေနဲ့လည်း ‘Lin Lat’s Vlog’ ကနေတဆင့် လူငယ်တွေကို အဖိုးတန်ဗဟုသုတတွေ မျှဝေပေးနေသူဖြစ်ပါတယ်။

Home to Abroad: Day 3 “Taiwan” Outlines

Home to Abroad Webinar မှာ Taiwan နဲ့ ပတ်သက်ပြီး ဆွေးနွေးပေးသွားမယ့် အကြောင်းအရာတွေကတော့ ~

  • Taiwan မှာ ကျောင်းတက်ဖို့ ဘယ်လိုပြင်ဆင်ရလဲ၊ နောက်ပြီး Tuition Fee တွေ၊ နေထိုင်မှုကုန်ကျစရိတ်တွေက ဘယ်လောက်ရှိနိုင်မလဲဆိုတာတွေအပြင်
  • Taiwan ရဲ့ Student Lifestyle နဲ့ နိုင်ငံခြားကျောင်းသားတွေအတွက် ဘယ်လိုအခွင့်အရေးတွေရှိလဲဆိုတာတွေကို ပြောပြပေးသွားမှာဖြစ်သလို
  • တက်ရောက်လာကြတဲ့ လူငယ်တွေအနေနဲ့ မိမိတို့ သိလိုရာမေးခွန်းများကို Speaker နှစ်ဦးအား တိုက်ရိုက်မေးမြန်းပြီး အသေးစိတ် အဖြေရှာနိုင်မှာဖြစ်လို့ လက်လွတ်မခံဘဲ အခုပဲ Register လုပ်ထားလိုက်ကြရအောင်နော်

Register Form: shorturl.at/ivbGm


Home to Abroad: Day 4 “Thailand”

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ပညာရေး၊ ပညာသင်ဆုအခွင့်အလမ်းနဲ့ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေကို တက်ကြွစွာ ဆွေးနွေးပေးသွားမယ့်သူတွေကတော့ Royal Scholarship ရရှိထားသူဖြစ်တဲ့ “Ma Khin Chaw Kalayar [Mabel]”၊ Mae Fah Luang University မှာနောက်ဆုံးနှစ် တက်ရောက်နေသူတစ်ဦးဖြစ်တဲ့ ❛Ma May Myat Noe❜ နဲ့ Senior Education Consultant “Ko Token Aung” တို့ပဲ ဖြစ်ပါတယ်။

Ma Khin Chaw Kalayar [Mabel] Hospitality Technology Innovation @Suranaree University of Technology [SUT]

“Home to Abroad” Webinar Day [4] ရဲ့  Guest Speaker ဖြစ်တဲ့ ❛Ma Khin Chaw Kalayar [Mabel]❜ ကတော့ ~

  • Suranaree University of Technology [SUT], Thailand မှ Hospitality Technology Innovation ဘာသာရပ်နဲ့ First-Class Honors ဘွဲ့ရရှိခဲ့ပြီး Royal Scholarship ကို ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်။
  • တက္ကသိုလ်တက်ရောက်စဥ်ထဲက nternational Programs, Entrepreneurship Camps, Cultural Exchange Projects နဲ့ Southeast Asian Sustainability Initiatives စတဲ့ အကျိုးရှိတဲ့ Activity ပေါင်းများစွာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ဖူးပါတယ်။
  • Bangkok ရှိ Royal Orchid Sheraton Riverside Hotel ရဲ့ Events and Convention Department မှာလည်း Professional Experience တွေကို ရထားသူတစ်ဦးဖြစ်ကာ နိုင်ငံခြားပညာရေးနဲ့ အလုပ်အခွင့်အလမ်းတွေကို လူငယ်များသိရှိစေရန် စိတ်အားထက်သန်စွာ မျှဝေပေးနေသူ ဖြစ်ပါတယ်။

Home to Abroad: Day 4 “Thailand”

Ma May Myat Noe: Hospitality Business Management @Mae Fah Luang University

Home To Abroad Webinar Day [4] ရဲ့ နောက်ထပ် Guest Speaker တစ်ဦးဖြစ်တဲ့ ❛Ma May Myat Noe❜ ကတော့ ~ 

  • Mae Fah Luang University မှ Hospitality Business Management Major ကိုတက်ရောက်နေတဲ့ Final Year ကျောင်းသူတစ်ဦးဖြစ်ပြီး Part Time Student Staff အဖြစ်လဲ လုပ်ကိုင်လျက်ရှိပါတယ်။ 
  • Krabi, Thailand ရှိ ကမ္ဘာကျော် Ultra Luxury & Personalized Service တွေ ရရှိနိုင်တဲ့ Phulay Bay, A Ritz Carlton Reserve [Marriott International Hotels Group] တွင် Front Office Trainee / GRO အဖြစ် အတွေ့အကြုံရယူထားသူ ဖြစ်ပါတယ်။
  • ထို့အပြင် Chiang Rai, Thailand ရှိ Le Méridien Resort [Marriott International Hotels Group] တွင်လဲ Front Office Trainee / GSA အဖြစ် လုပ်ကိုင်ခဲ့ကာ “Trainee Of The Month Award” ကိုပါ ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်။

Home to Abroad: Day 4 “Thailand”

Ko Token Aung: CEO @YES Home Education Center

Home To Abroad Webinar Day [4] ရဲ့ အထူး Guest Expert ဖြစ်တဲ့ “Token Aung” ကတော့ ~

  • YES Home Education Center ရဲ့ CEO ဖြစ်ပြီး JM Visa Solutions ရဲ့ MKT Director လည်း ဖြစ်ပါတယ်။
  • ထိုင်းနိုင်ငံပညာရေးအတွက် [9] နှစ်ကျော် အတွေ့အကြုံရှိတဲ့ Education Consultant တစ်ဦးဖြစ်ကာ Bangkok University မှ BBA Marketing နဲ့ NIDA University မှ M.M. in Integrated Tourism and Hospitality Management ဘွဲ့များကို Full Tuition Credit Fees Exception Scholarship ဖြင့် အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။
  • Thailand သို့ ပညာသင်သွားရောက်လိုသူများအတွက် Visa Process နှင့် Application Process များကို အစအဆုံး ကျွမ်းကျင်ပိုင်နိုင်စွာ လမ်းညွှန်ပြသပေးနေသူ ဖြစ်ပါတယ်။

Home to Abroad: Day 4 “Thailand” Outlines

Home to Abroad Webinar မှာ Thailand နဲ့ ပတ်သက်ပြီး ဆွေးနွေးပေးသွားမယ့် အကြောင်းအရာတွေကတော့ ~

  • ကျောင်းလျှောက်ဖို့ Documents ပြင်ဆင်ရာမှာ အမှားမရှိစေမယ့် နည်းလမ်းတွေ၊ ကုန်ကျစရိတ် ချွေတာနိုင်မယ့် နည်းလမ်းတွေနဲ့ Scholarship လျှောက်ဖို့ ပြင်ဆင်နည်းတွေအပြင် 
  • နိုင်ငံတကာ ကျောင်းသားတွေအတွက် Job Opportunities, University Job Fair တွေအပြင် Internship & Part-Time အခွင့်အလမ်းတွေ
  • မဖြစ်မနေသိထားရမယ့် Visa Process နဲ့ Application Process အဆင့်ဆင့်တို့ကိုပါ Guest Speaker တွေရဲ့ လက်တွေ့အတွေ့အကြုံတွေနဲ့အတူ အလွန်တန်ဖိုးရှိတဲ့ Knowledge Sharing တွေကို တိုက်ရိုက်ဆွေးနွေးသွားမှာမို့လို့ Register ကို အမြန်ဆုံးနည်းနဲ့ ပန်ကန်လုံးစီးပြီးတော့သာ လုပ်ထားလိုက်ပါတော့။ 

Register Form: shorturl.at/ivbGm


Home to Abroad: Day 5 “China”

“Home To Abroad” Webinar Day 5 ရဲ့ China Session မှာ တရုတ်နိုင်ငံ ပညာသင်ဆုလျှောက်ထားခြင်းနှင့် ကျောင်းသားဘဝ ဖြတ်သန်းမှု အတွေ့အကြုံတွေကို မျှဝေပေးသွားမယ့် Guest Speaker တွေကတော့ ❛Ko Pyae Phyo Aung [PHYO Vlog]❜, ❛Ma Thiri San [Fantasy Chinese]❜ နှင့် ❛Ma Mi Thiri San San ❜ တို့ပဲ ဖြစ်ပါတယ်။

Ko Pyae Phyo Aung [PHYO Vlog / Wang Wei]: Chinese Government Scholarship [CSC] @Nanjing University

“Home To Abroad” Webinar Day [5] ရဲ့ Guest Speaker တစ်ဦးဖြစ်တဲ့ ❛Ko Pyae Phyo Aung [PHYO Vlog / Wang Wei]❜ ကတော့ ~

  • လက်ရှိ Nanjing University တွင် Chinese Government Scholarship [CSC] ဖြင့် Master of Digital Media & Communication တက်ရောက်နေသူ ဖြစ်ပါတယ်။
  • Beijing Foreign Studies University [BFSU] မှ Sino-Burmese Translation ဖြင့် ဘွဲ့ရရှိခဲ့ပြီး Peking University နှင့် Nanjing University နှစ်ခုလုံးမှ Master Admission ရရှိထားသူ ဖြစ်ပါတယ်။
  • နိုင်ငံတကာ Short Video & Writing ပြိုင်ပွဲများတွင် National Third Prize နှင့် Star of Future Award အပါအဝင် ဆုပေါင်းများစွာ ရရှိထားသူဖြစ်ပြီး CCTV-3 အစီအစဉ်နှင့် Beijing Daily Press Group ၏ Documentary များတွင် ပါဝင်တင်ဆက်ခဲ့သူ ဖြစ်ပါတယ်။
  • မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ဘဝအတွေ့အကြုံ ဗီဒီယိုများကို ဖန်တီးနေသည့် Content Creator / Documentary Filmmaker တစ်ဦးလည်း ဖြစ်ပါတယ်။

Home to Abroad: Day 5 “China”

Ma Thiri San [张乐珊]: LanCang-Mekong Scholarship @Dali University

“Home To Abroad” Webinar Day [5] ရဲ့ နောက်ထပ် Guest Speaker တစ်ဦးဖြစ်တဲ့ ❛Ma Thiri San [张乐珊]❜ ကတော့ ~

  • လက်ရှိ Dali University [Yunnan] တွင် LanCang-Mekong Scholarship ဖြင့် Chinese Literature [汉语言文学] ဘာသာရပ်ကို တက်ရောက်နေသူ ဖြစ်ပါတယ်။
  • “Fantasy Chinese” Page မှတဆင့် တရုတ်ဘာသာစကား လေ့လာမှုဆိုင်ရာ ဗဟုသုတများကို ဝေမျှပေးနေသူဖြစ်ပြီး တရုတ်စာပြ ဆရာမအဖြစ် လုပ်သက် [3] နှစ်ကျော် အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။
  • တရုတ်နိုင်ငံတွင် လက်ရှိ ကျောင်းတက်နေရင်း မြန်မာလူငယ်များအတွက် ဘာသာစကားဆိုင်ရာ လမ်းညွှန်မှုများနဲ့ Mentoring များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

Home to Abroad: Day 5 “China”

Ma Mi Thiri San San: Student @Jinan University

“Home To Abroad” Webinar Day [5] ရဲ့ နောက်ထပ် Guest Speaker တစ်ဦးဖြစ်တဲ့ ❛Ma Mi Thiri San San❜ ကတော့ ~

  • YUFL မှာ Chinese Major နဲ့ Final Year အထိ တက်ရောက်ခဲ့ပြီး ကိုယ်ရေးကိုယ်တာအကြောင်းအရင်းကြောင့် Final မှာ ကျောင်းရပ်နားခဲ့ရပါတယ်။
  • တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ Jinan University မှာ 華文教育 [Teaching Chinese Major] နဲ့ B.Ed [Chinese] ဘွဲ့ကို University Scholarship ဖြင့် အောင်မြင်စွာ ဆွတ်ခူးခဲ့ပြီး လက်ရှိ Master အတွက် CSC Scholarship ပြင်ဆင်နေသူ ဖြစ်ပါတယ်။ 
  • သင်ကြားရေးအပိုင်းကို [2019] ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ယခုဆိုရင် လုပ်သက် [6-7] နှစ်ကျော် သင်ကြားရေးအတွေ့အကြုံတွေရှိပြီး မြန်မာလူငယ်တွေအတွက် Mentoring တွေ စဉ်ဆက်မပြတ် မျှဝေပေးနေပါတယ်။

Home to Abroad: Day 5 “China” Outlines

Home to Abroad Webinar Day [5] မှာ Guest Speaker တစ်ဦးချင်းစီကနေ ခေါင်းစဉ်အလိုက် အသေးစိတ် မျှဝေပေးသွားမယ့် အကြောင်းအရာတွေကတော့ ~

  • CSC၊ Provincial နဲ့ University Scholarship တွေအကြောင်း၊ ဘယ်လိုလျှောက်ရမလဲဆိုတဲ့ Timeline တွေနဲ့ မဖြစ်မနေ ရှောင်ရှားသင့်တဲ့ အမှားလေးတွေ
  • ကိုယ်နဲ့ကိုက်ညီမယ့် တက္ကသိုလ်နဲ့ Major ရွေးချယ်နည်းတွေ၊ တရုတ်နိုင်ငံကို ဘာကြောင့် ရွေးချယ်သင့်လဲဆိုတာနဲ့ City Life, Campus Life ပုံစံလေးတွေအပြင်
  • တရုတ်နိုင်ငံမှာ ကျောင်းတက်နေတဲ့ Senior တွေရဲ့ Alumni Sharing၊ စာကျက်လို့ကောင်းမယ့် Study Tip တွေနဲ့ နေထိုင်ရေး လက်တွေ့အကြံဉာဏ်ကောင်းတွေကို ပြောပြပေးသွားမှာဖြစ်သလို 
  • ကျောင်းပြီးရင် ဘယ်လို Job Opportunities တွေ ရှိလဲဆိုတာနဲ့ လူငယ်တွေအတွက် အားဖြည့်ပေးမယ့် Motivation စကားလက်ဆောင်တွေကို မျှဝေပေးသွားမှာမို့လို့ တရုတ်နိုင်ငံမှာ ကျောင်းသွားတက်ဖို့ လမ်းစရှာနေတဲ့ လူငယ်တွေအတွက် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကြီးဖြစ်လို့ အခုပဲ အမြန်ဆုံး စာရင်းပေးသွင်းပြီး နေရာဦးထားလိုက်ကြရအောင်နော်

Register Form: shorturl.at/ivbGm


Share your love