Beyond Depression Mental Health Workshop

"အချိန် 2 နာရီ‌လောက်ပဲပေးရုံနဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ သင့်ရဲ့စိတ်ကလေးကို အခမဲ့ကုစားပေးနိုင်မယ့် အစီအစဉ်တစ်ခု"ကတော့ Hype Think × PFESတို့ organization(၂)ခုပူးပေါင်းပြီးကျင်းပသွားမယ့် "Beyond Depression - Live and Behave Naturally" Online Workshop ပဲ ဖြစ်ပါတယ်‌။
Share your love

Beyond Depression Online Workshop Announcement

Beyond Depression Workshop Announcement Hype Think Education

“အချိန် 2 နာရီ‌လောက်ပဲပေးရုံနဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ သင့်ရဲ့စိတ်ကလေးကို အခမဲ့ကုစားပေးနိုင်မယ့် အစီအစဉ်တစ်ခု”

ဒီအစီအစဉ်ကတော့ Hype Think × PFES တို့ organization(၂)ခုပူးပေါင်းပြီးကျင်းပသွားမယ့် “Beyond Depression – Live and Behave Naturally” Online Workshopပဲ ဖြစ်ပါတယ်‌။

အခုလို အရာရာခက်ခဲ‌လာတဲ့ကာလမျိုးမှာ လူတိုင်းမှာကြိုးစားရုန်းကန်းပြီး ကျော်ဖြတ်နေရတဲ့ပြဿနာ‌ကိုယ်စီ ရှိတတ်ကြပါတယ်။ အဲ့လိုပြဿနာတွေထဲကမှ ကျွန်တော်တို့လူငယ်တွေဆီကို ခ‌ဏခဏရောက်လာတတ်တဲ့ “Depression”လို့ခေါ်တဲ့ စိတ်ဓာတ်ကျ၊စိတ်အားငယ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာကတော့ ဖြေရှင်းရတာ အခက်ခဲဆုံးပါပဲနော်။

ခဏ … အခုလိုပြောလိုက်လို့ ထပ်ပြီးစိတ်ဓာတ်မကျသွားလိုက်ပါနဲ့… ဘာလို့လဲဆိုရင် ပြဿနာတိုင်းမှာ အဖြေရှိသလို ကျွန်တော်တို့ရဲ့ Happy Vibeကို လာလာဖျက်ဆီးတတ်တဲ့ “Depression” ဆိုတဲ့ ပြဿနာကောင်ကိုလည်း ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ‌ဆိုတဲ့ Solutionကလည်း တကယ်တော့ရှိပါတယ်။ ဒါပေမယ့် အဲ့အဖြေကိုတော့ အခု Workshopထဲမှာပဲ ရှိနေမှာဖြစ်ပါတယ်နော်။

ဒါကြောင့် Comfort zone ထဲက ရုန်းထွက်ပြီး ကိုယ့်ရဲ့ Daily lifeကို စိတ်ညစ်စရာနည်းနည်း၊ အကြည်ဓာတ်များများနဲ့ ဖြတ်သန်းချင်ကြတဲ့သူတို့အတွက် Workshopကို စိတ်၀င်စားတယ်ဆိုရင်တော့ ပုံတစ်ပုံချင်းစီမှာပြောပြပေးထားတာမို့ အသေးစိတ်ကိုဖတ်ရူနိုင်ပါတယ်နော်။

ဒါ့အပြင် Workshopက Limited Seat ဖြစ်တာကြောင့် ခပ်သွက်သွက်လေးတော့ Registerလုပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်နော်။

နောက်ပိုင်းတွေမှာလည်း အခုလိုအကျိုးရှိတဲ့ Workshop, Webinar and Eventတွေကိုလည်း လုပ်သွား‌ပေးဖို့‌ရှိတာ‌ကြောင့် အခွင့်အရေးတွေလက်မလွတ်သွားရအောင် Hype Think Pageကို Like and Follow မလုပ်ရသေးဘူး‌ဆိုရင်လည်း အခုပဲလုပ်ထားလိုက်ကြတော့နော်။

Beyond Depression Workshop Announcement Outline Hype Think Education

အခု Beyond Depression Workshop မှာ ပါ၀င်သွားမယ့်အကြောင်းအရာလေးတွေကတော့

  • What is mental health and how and what are mental disorders?
  • Are we just depressed or really in depression?
  • What actually is depression and how can we know it?
  • What are the actual causes of depression?
  • Choices we have and what goes beyond depression?
  • Depression : defeat it or be defeated? စသည့်အဖိုးတန်အ‌ကြောင်းရာများစွာကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။

ဒါ့အပြင် Sharing sessionsပြီးသွားရင်လည်း Participant အချင်းချင်း ကိုယ့်ရဲ့အတွေး၊အမြင်တွေကို လွတ်လပ်စွာဆွေးနွေးနိုင်ဖို့အတွက် Discussion Time ပါ ထည့်ပေးထားတာကြောင့် ပေးရတဲ့အချိန်နဲ့ တကယ်တန်စေမယ့် Workshopဖြစ်စေမှာပါနော်။

နောက်ပြီးတော့ အခုလို အဖိုးတန်အကြောင်းအရာတွေကိုပြောပြပေးသွားမယ့် Guest Speaker ကရော ဘယ်သူဖြစ်မလဲ? ဆိုတာကိုလည်း ဆက်ကြည့်လိုက်ကြရအောင်။

Beyond Depression Workshop Announcement Speaker Hype Think Education

Beyond Depression ဆိုတဲ့ online workshop မှာ Mental Health နှင့်ပတ်သက်တဲ့ အဖိုးတန် အကြောင်းအရာတွေကိုပြောပြပေးသွားမယ့် Guest Speaker ကတော့

  • Psychological Fellowship for Education and Support – PFESရဲ့ Founder, Director and Headတစ်‌ဦးဖြစ်တဲ့ Ko ZayYa Moe Kyawပဲ ဖြစ်ပါတယ်။
  • Ko ZayYa Moe Kyawဟာဆိုရင် ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။
  • ယခုလက်ရှိမှာလည်း United Kingdom, Scotlandနိုင်ငံရှိ INTO University of Stirling တွင် Master of Science in Psychology အတွက် ကြိုတင်ပြင်ဆင်သည့် Pre Master’s အတန်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားတစ်ဦးလည်းဖြစ်ပါတယ်နော်။
  • ဒါ့အပြင် ၂၀၁၉ ခုနှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိချုလာလောင်ကွန်းတက္ကသိုလ်တွင် အာဆီယံ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်နှစ်ဝက်စာပေးသော ပညာတော်သင်ဆုကိုရရှိခဲ့သော ဘွဲ့ကြိုကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီးတော့ စိတ်ပညာဘာသာရပ်ကို သိပ္ပံဘာသာရပ်အနေဖြင့် စိတ်ပညာမဟာဌာန၏ Joint International Psychology Program (JIPP) ပညာကိုလည်း လေ့လာသင်ယူခဲ့သူတစ်ဦးဖြစ်ပါတယ်။
  • [YSEALI Regional Workshop on Mental Wellness for the Reduction of Narcotics Drug Use] တွင်လည်း မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် တက်ရောက်ပါဝင်ခဲ့ပြီး အမေရိကန်အစိုးရ၏ ပညာတော်သင်ကျောင်းသားဟောင်း တစ်ယောက်ဆိုရင်လည်း မမှားဘူးနော်။
  • နောက်ပြီးတော့ ၂၀၂၂ ခုနှစ်၊ ရပ်ရွာအတွင်းပြန်လည်အကျိုးပြုခြင်းဆိုင်ရာ “ခြင်းလုံး” စီမံကိန်းတွင် Project Coordinatorတစ်ယောက်အဖြစ် တာ၀န်ယူရင်းနဲ့ စိတ်ကျန်းမာရေး၊ စိတ်ပညာ နှင့် စိတ်လူမှုထောက်ပံ့ခြင်းဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချသူအနေဖြင့်လည်း ပါ၀င်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
  • အခုလက်ရှိမှာဆိုရင်လည်း Psychological Fellowship for Education and Support (PFES)အဖွဲ့အစည်း၏ Founder, Director and Headတစ်ယောက်အဖြစ် တာ၀န်ယူလုပ်ကိုင်ရင်းနဲ့ လူငယ်တွေအတွက် အကျိုးရှိတဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အသိပညာဗဟုသုတများနှင့် စွမ်းရည်များတိုးတက်မြှင့်တင်နိုင်ဖို့အတွက် သင်တန်းများနှင့်အစီအစဉ်များတွင် ပါဝင်ဆွေးနွေးဟောပြောပေးတဲ့သူလည်းဖြစ်ပါတယ်
Beyond Depression Workshop Announcement Detail Hype Think Education

Beyond Depression workshop Details

  • Date : August 12, 2023 [Saturday]
  • Time : 7:00 to 8:30 PM
  • Location : Zoom Application
  • Registration fees : Free
  • Limited Seat : 50 people only

Workshopကို စိတ်၀င်စားပြီး Join ချင်တဲ့သူတို့အနေနဲ့ အောက်မှာပေးထားတဲ့ Form ကို သေချာဖြည့်ပြီးတော့ အခမဲ့ Registerလုပ်နိုင်ပါပြီနော်။

Register Form Link : bit.ly/BDwRegister

သင်တို့ရဲ့ စိတ်ပင်ပန်းမှုတွေကို အားလုံးကို Hype Think နှင့်အတူတူ ဖြေဖျောက် လိုက်ကြရအောင်နော်။

Media Partnerships : Beyond Depression

Beyond Depression workshop မှာ ကျွန်တော်တို့ Hype Think Education နှင့် အတူတူပူးပေါင်းပြီး ပါဝင်လုပ်ဆောင်သွားမည့် Media Partnership Organization (၃)ခုကို မိတ်ဆက်ပေးချင်ပါတယ်။

Beyond Depression Workshop Media Partnerships Hype Think Education

“Beyond Depression : Live and Behave Naturally” workshopမှာ Media Partnership Organizationများအနေနဲ့ Youth Know versity Organization, Hypen Organization, The Forward Society Organizationတို့မှ အတူတူပူးပေါင်းပါဝင်အားဖြည့်ပေးထားတာဖြစ်ပါတယ်။

Feedback : Beyond Depression

Hype Think Education × PFES တို့ပူးပေါင်းပြီးတော့ [ August 12 ]ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “Beyond Depression” Mental Health Workshop ကတော့ အခုဆိုရင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။

Thanks Letters Beyond Depression Workshop Hype Think Education
Thanks Letters Beyond Depression Workshop Hype Think Education [1]

ပထမဆုံးအနေနဲ့ အခုလို အသိပညာဗဟုသတတွေအများကြီး sharing လုပ်ပေးသွားတဲ့ Psychological Fellowship for Education and Support – PFES Founder, Director and Headတစ်ယောက်ဖြစ်တဲ့ Guest Speaker Ko Zay Ya Moe Kyaw ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။

နောက်လာမယ့် Workshopတွေမှာလည်း အခုလိုထပ်ပြီး ပူးပေါင်းလုပ်ဆောင်သွားဖို့လည်း ရှိသေးတာမို့ အားလုံးလည်း စောင့်မျှော်ကြည့်ရူနိုင်ပါတယ်။

အခုလို ကျွန်တော်တို့ Beyond Depression Workshop ကို စိတ်ဝင်တစားနဲ့ တက်ရောက်ပေးတဲ့ Participantတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

တက်ရောက်ခဲ့ကြတဲ့သူအားလုံးလည်း Depressionနဲ့ ပတ်သက်ပြီး Healingလုပ်နည်းတွေ နှင့် စိတ်ပညာဆိုင်ရာဗဟုသုတတွေကို အများကြီးရရှိသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်‌နော်။

အခုလို Beyond Depression workshop ဖြစ်မြောက်အောင်အဖက်ဖက်က ဝိုင်းဝန်းကူညီ အားဖြည့်ပါ‌၀င်ပေးခဲ့ကြတဲ့ ကျွန်တော်တို့ Hype Think Team Memberတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

ဒ့ါကြောင့် Mental Healthနဲ့ ပတ်သက်ပြီးတော့ အားလုံးတက်ကြွစွာပါ၀င်ဆွေးနွေးခဲ့ကြတဲ့ “Beyond Depression” workshop ရဲ့ အမှတ်တရပုံရိပ်တွေကို နှင့်အတူ participantတွေရဲ့ “ရင်တွင်းစကားသံ” တွေကိုလည်း ပြန်မျှဝေပေးလိုက်ပါတယ်နော်။

Participant Feedback Beyond Depression Workshop Hype Think Education

“Beyond Depression” Workshop ကို တက်ရောက်ခဲ့ကြတဲ့သူတို့ရဲ့ ရင်တွင်းစကားသံလေးများ [ ၁ ]

အခုလို “Beyond Depression” workshopကို လာတက်ရောက်ပြီးတဲ့နောက်မှာ Depressionပတ်သက်ပြီး အသိပညာဗဟုတသုတွေရသွားရုံတင်မဟုတ်ဘဲ Positive Energy and Adviceတွေပါ ရရှိသွားကြတဲ့အတွက်လည်း ကျွန်တော််တို့ Hype Think Team Memberများမှ ထပ်တူ၀မ်းသာရပါတယ်။

Beyond Depression’s participants feedback
Participant Feedback Beyond Depression Workshop Hype Think Education [1]

“Beyond Depression” workshop ကို တက်ရောက်ခဲ့ကြတဲ့သူတို့ရဲ့ ရင်တွင်းစကားသံလေးများ [ ၂ ]

အခုလို “Beyond Depression” workshop မှာ Guest Speaker Ko ZayYa Moe Kyaw sharing လုပ်ပေးတဲ့ depression and stressတို့ကို handleလုပ်တဲ့နည်းလမ်းတွေအပြင် move onနည်းပါ သိလိုက်ရတာ အကျိုးရှိသွား‌တယ်ဆိုတဲ့အတွက် ကျွန်တော််တို့ Hype Think Team Member များမှ ထပ်တူပျော်ရွင်ရပါတယ်နော်။

Beyond Depression’s participants feedback
Participant Feedback Beyond Depression Workshop Hype Think Education [2]

“Beyond Depression” Workshop ကို တက်ရောက်ခဲ့ကြတဲ့သူတို့ရဲ့ ရင်တွင်းစကားသံလေးများ [ ၃ ]

အခုလို “Beyond Depression” workshopကို လာတက်ရောက်ပြီးတဲ့ နောက်မှာ စိတ်ခံစားချက်တွေ ပိုကောင်းသွားကြတယ်ဆိုတာသိရတဲ့အတွက် ကျွန်တော််တို့ Hype Think Team Member များမှ အများကြီးကျေနပ်မိပါတယ်။

Beyond Depression’s participants feedback

နောက်လည်း အခုလို Mental Health နဲ့ ပတ်သက်တဲ့ Workshopမျိုးတွေ များများ လုပ်ပေးနိုင်အောင်လို့လည်း Hype Think Team မှ ကြိုးစားသွားပါမယ်နော်။

နောက်ထပ်လည်း အခုလိုမျိုး Knowledgeable Workshopတွေကို ထပ်ပြီးလာဖို့ရှိတာကြောင့် အခွင့်အရေးတွေလက်လွတ်မခံရအောင် ကျွန်တော်တို့ Hype Think Education Page ကို Like & Follow လုပ်ထားဖို့လည်း မမေ့ပါနဲ့နော်။

Share your love