Upgrading Your English Your English To Reach Your Goals

ကိုယ့်ရဲ့ English Skill တွေကို ထိထိရောက်ရောက်မြှင့်တင်ချင်တဲ့ Hype Think's Learner တွေအတွက် ပြုလုပ်ပေးခဲ့တဲ့ "Upgrading Your English to Reach Your Goals" webinar ကတော့ [ 20.September.2023 ] မှာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။
Share your love
Upgrading Your English to Reach Your Goals Webinar Hype Think Education

“English ဘာသာစကားကို Self-study လုပ်နေတာတော့ကြာပြီ၊ ဒါပေမယ့် English Level က မြင့်မလာဘူး”

“တစ်ယောက်တည်းလေ့လာရတော့ နည်းလမ်းတွေသေချာမသိဘဲလမ်းပျောက်နေတယ်”စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါသလား?

ဒီလိုမျိုး လူငယ်တွေရဲ့ အခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့အတွက် အခွင့်အရေးတစ်ခု ရောက်ရှိလို့လာပါပြီနော်

အဲ့ဒါကတော့ Hype Think Education ကနေပြုလုပ်သွားမယ့် Upgrading Your English to Reach Your Goals ဆိုတဲ့ Webinar ဖြစ်ပါတယ်။ ဒီ Webinar မှာဆိုရင် စာသင်သက် (7)နှစ်ကျော်အတွေ့အကြုံရှိပြီးသား English Teacher တစ်ဦးဖြစ်တဲ့ Tr.Pyae Thukha ကိုယ်တိုင် English ဘာသာစကားကိုထိရောက်စွာလေ့လာနိုင်မယ့် Tip and Trick တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာဆိုရင် English ဘာသာစကားက International Language တစ်ခုအနေနဲ့ နေရာတိုင်းမှာအသုံးဝင်လာတာမို့လို့ လူငယ်တိုင်းတတ်မြောက်ထားသင့်တဲ့ Essential Skill တစ်ခုလိုပဲဖြစ်လာပါတယ်နော်။

ဘယ်သူတွေ “Upgrading Your English to Reach Your Goals ဆိုတဲ့ Webinarကို Joinသင့်ပါသလဲ?

  • Englishဘာသာစကားကို Self-study လုပ်ပြီးတော့ ကိုယ့်ရဲ့ 4Skills ကို Level တစ်ခုထိမြှင့်တင်ချင်တဲ့သူတွေ
  • အတွေ့အကြုံပြည့်ဝတဲ့ ဆရာတစ်ဦးဆီကနေ Guidelines ပေးတာကို လိုချင်တဲ့သူတွေအတွက်ကတော့ ဒီ “Upgrading Your English to Reach Your Goals” Webinar လေးက လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်နော်။

ဆိုတော့ ဒီ Webinar ကို စိတ်၀င်စားတဲ့သူတွေအတွက် Tr.Thukha ရဲ့အကြောင်းနဲ့ Webinar‌ ရဲ့အသေးစိတ်ကိုတော့ အောက်ကပုံတစ်ပုံချင်းစီမှာဖတ်ရှုနိုင်ပါတယ်။

ဖတ်ရှုပြီး တက်ရောက်ချင်တဲ့သူတွေကတော့ bit.ly/UYERYGwRegister ကနေတစ်ဆင့် Registration Form ကို အခမဲ့ဖြည့်ထားနိုင်ပါတယ်ရှင်။

Registration Form : bit.ly/UYERYGwRegister

Upgrading Your English to Reach Your Goals Webinar Outline Hype Think Education

Tr.Thukha က “Upgrading Your English to Reach Your Goals” Webinar မှာ ဘယ်လိုအကြောင်းအရာတွေကို ပြောပြပေးသွားမှာလဲဆိုရင်

  • မိမိလိုချင်တဲ့ Goal ‌တွေရရှိဖို့ English ရဲ့ အရေးပါမှု
  • English Level တစ်ခုတက်ဖို့လုပ်ဆောင်ရမယ့် Tip and Trick တွေ
  • Speaking Skill နဲ့ Writing Skill တွေကို အဓိက Focus ထားပြီး‌တော့ English 4 Skillတစ်ခုချင်းစီကိုပါတိုးတက်အောင်ဘယ်လို Step-by-step လေ့ကျင့်သင့်လဲဆိုတဲ့အကြောင်းတွေ
  • သင်တန်းတွေအများကြီးလိုက်တက်စရာမလိုဘဲ ကိုယ်တိုင် Resource တွေရှာဖွေပြီးတော့ Self-study လုပ်လို့ရမယ့်နည်း‌လမ်းတွေ
  • English ဘာသာစကားကိုဖိအားမထားဘဲနဲ့ ‌ပေါ့ပေါ့ပါးပါးနဲ့လေ့လာနိုင်မယ့်နည်းလမ်းတွေကို စုံစုံလင်လင်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
Upgrading Your English to Reach Your Goals Webinar Guest Speaker Tr Thukha Hype Think Education

Upgrading Your English to Reach Your Goals” Webinar မှာ English နှင့်ပတ်သက်ပြီး အဖိုးတန် အကြောင်းအရာတွေကိုပြောပြပေးသွားမယ့် Guest Speaker ကတော့

  • Tr. Thukha ဟာဆိုရင် အမေရိကန်နိုင်ငံရှိ University of Southern Indianaတွင် Teaching Courses
    များသင်ယူခဲ့သော Global UGRAD Scholar (2022-2023) တစ်ဦးဖြစ်ပါတယ်။
  • ဒါ့အပြင် U.S. Program တစ်ခုဖြစ်တဲ့ YSEALI Academic Fellowship (Spring 2023) Finalist တစ်ဦးလည်းဖြစ်ပါတယ်နော်။
  • Tr. Thukha က UK မှ Native Speaker များကို မြန်မာဘာသာစကားသင်ကြားပေးခဲ့ပြီး Australia, Japan, Poland, America, Thailand, Bulgaria စသော နိုင်ငံများမှ ဆရာ၊ဆရာမများနဲ့ပူးပေါင်းပြီး Intercultural Exchange Program များကို TOP Education Centre တွင် စီစဥ်ပြုလုပ်ပေးခဲ့ပါတယ်။
  • နောက်ပြီးတော့ စာသင်သက် (၇)နှစ်ကျော်အတွေ့အကြုံရှိပြီးတော့ Young Learner အတန်းများမှစကာ တက္ကသိုလ်ကျောင်းသားများနှင့်ဘွဲ့ရပြီးသူများအပြင် NGOနှင့် Company များမှ ဝန်ထမ်းများကိုကောင်းမွန်စွာသင်ကြားနိုင်ခဲ့သော Well-experienced Teacher တစ်ဦးလည်းဖြစ်ပါတယ်နော်။
Upgrading Your English to Reach Your Goals Webinar Details Hype Think Education

Upgrading Your English to Reach Your Goals ” Webinar လေးရဲ့ အသေးစိတ်အချက်အလက်တွေကတော့

  • Date : 20 September 2023 [Wednesday]
  • Time : 8:30 ~ 10:00 PM
  • Location : Zoom Platform
  • Registration Fee : Free

စိတ်ဝင်စားလို့ Webinar ကို တက်ရောက်ချင်တဲ့သူတွေအနေနဲ့ bit.ly/UYERYGwRegister ကနေတစ်ဆင့် Registration Form ကို အခမဲ့ဖြည့်ထားနိုင်ပါတယ်ရှင်။

Registration Form : bit.ly/UYERYGwRegister

Thanks Letters and Feedback

ကိုယ့်ရဲ့ English Skill တွေကို ထိထိရောက်ရောက်မြှင့်တင်ချင်တဲ့ Hype Think’s Learner တွေအတွက် ပြုလုပ်ပေးခဲ့တဲ့ “Upgrading Your English to Reach Your Goals” webinar ကတော့ [ 20.September.2023 ] မှာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။

Thanks Letters Upgrading Your English to Reach Your Goals Webinar Hype Think Education
2) Thanks Letters Upgrading Your English to Reach Your Goals Webinar Hype Think Education

အခုလို “Upgrading Your English to Reach Your Goals” webinar မှာ English စာနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေနှင့် လုပ်‌ဆောင်သင့်တဲ့ Tips and Tricks စုံစုံလင်လင်ကို သေချာအချိန်ပေးပြီးတော့ ပြောပြပေးခဲ့တဲ့ Tr. Pyae Thukha ကိုလည်း Hype Think Education မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။

အဲ့တာတွေအပြင် Passionate ဖြစ်ကြတဲ့ Learner တို့နဲ့လည်း အခုလို Webinar မှာ တွေ့ဆုံရလို့‌‌ ၀မ်းသာရပြီး တက်‌ရောက်ပေးသူတစ်ယောက်ချင်းစီတိုင်းကိုလည်း Hype Think မှ ကျေးဇူးတင်ပါ‌တယ်‌နော်။

ဒါကြောင့် အခုလို Webinar ကို တက်ရောက်ပြီးခဲ့တဲ့‌‌နောက်မှာ Tr.Thukha Sharing လုပ်ပေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး Learner တွေအနေနဲ့ ဘာတွေကို သေချာသိရှိသွားကြလဲဆိုတဲ့ Feedback အချို့ကိုလည်း အားလုံးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Participant Feedback Upgrading Your English to Reach Your Goals Webinar Hype Think Education

Upgrading Your English to Reach Your Goals” webinar ကို တက်ရောက်ခဲ့ကြတဲ့သူတို့ရဲ့ ရင်တွင်းစကားသံလေးများ [ ၁ ]

Webinar တွေလုပ်ပေးသွားတာ အရမ်းသဘောကျပြီး တစ်စုံတစ်ခုအကျိုးရှိသွားတယ်ဆိုတာ သိရတဲ့အတွက်လည်း နောင်လုပ်မည့် Event, Workshop, Webinar တွေအတွက် အားအင်တွေဖြစ်ရပါတယ်။

2) Participant Feedback Upgrading Your English to Reach Your Goals Webinar Hype Think Education

Upgrading Your English to Reach Your Goals” webinar ကို တက်ရောက်ခဲ့ကြတဲ့သူတို့ရဲ့ ရင်တွင်းစကားသံလေးများ [ ၂ ]

အခုလို ကိုယ့်ရဲ့ English Level ဘယ်လို Upgrade လုပ်ကြမလဲဆိုတဲ့နည်းလမ်းတွေ နှင့် 4skill တစ်ခုချင်းစီကို ကိုယ်တိုင် Resource တွေရှာဖွေပြီးတော့ Self-study လုပ်နိုင်မယ့်စတဲ့နည်းလမ်းတွေကို သေချာသိရှိသွားကြတဲ့အတွက်လည်း ၀မ်းသာမိပါတယ်။

3) Participant Feedback Upgrading Your English to Reach Your Goals Webinar Hype Think Education

Upgrading Your English to Reach Your Goals” webinar ကို တက်ရောက်ခဲ့ကြတဲ့သူတို့ရဲ့ ရင်တွင်းစကားသံလေးများ [ ၃ ]

အခုလို ကိုယ့်ရဲ့ English Level ဘယ်လို Upgrade လုပ်ကြမလဲဆိုတဲ့နည်းလမ်းတွေ နှင့် 4skills တစ်ခုချင်းစီကို ကိုယ်တိုင် Resource တွေရှာဖွေပြီးတော့ Self-study လုပ်နိုင်မယ့်စတဲ့နည်းလမ်းတွေကို သေချာသိရှိသွားကြတဲ့အတွက်လည်း ၀မ်းသာမိပါတယ်။

ကိုယ်ရည်မှန်းထားတဲ့ Goal တွေဆီကိုလည်း အောင်မြင်စွာလျှောက်လှမ်းနိုင်ကြပါစေလို့လည်း Hype Think Education Team မှဆုတောင်းပေးရင်းနဲ့ နောင်လာမယ့်အစီအစဉ်တွေမှာလည်း ဒီထက်ပိုမိုကောင်းမွန်အောင် ကြိုးစားသွားပါမယ်။ အားလုံးနဲ့လည်း ထပ်မံပြန်ဆုံချင်ပါသေးတယ်နော်။

Zoom လူဦးရေပြည့်သွားလို့ မတက်လိုက်ရတဲ့လူတွေအတွက်လည်း ပြန်လည်လေ့လာနိုင်အောင် Recording တွေကို သက်ဆိုင်ရာ skill တွေကို အပိုင်းလိုက် ပြန်တင်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရူနိုင်ပါတယ်နော်။

နောက်ထပ်လည်း အခုလိုလူငယ်တွေအတွက်အကျိုးရှိစေမယ့် Workshop, Webinar and Eventတွေကိုလည်း ဖန်တီးပေးသွားဖို့ရှိတာကြောင့် အခွင့်အရေးတွေလက်လွှတ်မသွားရအောင် ကျွန်တော်တို့ရဲ့ Hype Think Education Page ကိုလည်း Like and Follow လုပ်ထားကြဖို့လည်း မမေ့ကြနဲ့ဦးနော်။

Share your love