“Grab the Dreams” Episode 2: Study & Job Opportunity in Thailand

လက်ရှိ ထိုင်းမှထိုင်း ဆိုတဲ့သူတွေသိထားသင့်တာတွေကို တစ်နေရာတည်း၊ တစ်ချိန်တည်းမှာ သိနိုင်မယ့်အခွင့်အ‌ရေး "Grab the Dreams" Episode 2 Study Job Opportunity in Thailand
Share your love

“လက်ရှိ ထိုင်းမှထိုင်း ဆိုတဲ့သူတွေသိထားသင့်တာတွေကို တစ်နေရာတည်း၊ တစ်ချိန်တည်းမှာ သိနိုင်မယ့်အခွင့်အ‌ရေး”

Hype Think Education နှင့် The English Community – TEC တို့ ပူးပေါင်းပြီး ပြုလုပ်လျက်ရှိတဲ့ “Grab the Dreams“လို့ Webinar Series ကတော့ နိုင်ငံခြားမှာပညာသင်ဖို့ စိတ်ကူးအိပ်မက်ရှိတဲ့ မြန်မာနိုင်ငံကလူငယ်တွေကို ကူညီပေးချင်တဲ့ရည်ရွယ်ချက်ကြောင့် [၁] လမှာ [၁] နိုင်ငံနှုန်းနဲ့ လူငယ်အများစု ပညာသင်ချင်ကြတဲ့ နိုင်ငံတွေရဲ့ ~

  • ပညာရေး၊
  • Visa ကိစ္စရပ်တွေ၊
  • နာမည်ကြီးတက္ကသိုလ်တွေ၊
  • ကိုယ်နဲ့ ကိုက်ညီတဲ့ကျောင်းကို ရွေးချယ်တက်ရောက်နိုင်မယ့် Guideline တွေနဲ့ 
  • ကျောင်းလျှောက်ပုံအဆင့်ဆင့် စတာတွေကို အတွေ့အကြုံရှိပြီးသား Guest Speaker တွေက မျှဝေပေးနေတဲ့ အစီအစဉ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်နော်။

February မှာ Grab the Dreams Webinar Series ရဲ့ Episode [2] အနေနဲ့ မျှဝေပေးသွားဖို့ အလှည့်ကျတဲ့ နိုင်ငံကတော့…”Thailand” (ခေါ်) ထိုင်းနိုင်ငံပဲဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့အပြင် ယဉ်ကျေးမှုတွေလည်းနီးစပ်မှုရှိတဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေကတော့ ~

  • Engineering, Business နဲ့ Hospitality and Tourism Management မေဂျာတွေနဲ့ အခြားသောမေဂျာပေါင်းများစွာအတွက် International Program တွေ၊
  • ဈေးနှုန်းသက်သာတဲ့ ကျောင်းစရိတ်နဲ့ နေထိုင်၊ စားသောက်စရိတ်တွေ၊
  • အခြားသောနိုင်ငံတွေထက် လွယ်ကူတတ်တဲ့ ကျောင်းဝင်ခွင့်လိုအပ်ချက်တွေရှိကြတဲ့အပြင်
  • နှစ်စဉ်မြန်မာနိုင်ငံကကျောင်းသားတွေကိုလည်း လက်ခံသင်ကြားပေးလျက်ရှိတဲ့အတွက် နိုင်ငံခြားမှာပညာသင်ဖို့ အိပ်မက်ရှိတဲ့ ကျောင်းသားလူငယ်တို့အတွက် စဉ်းစားသင့်တဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်နော်။

ဒါကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ ~

  • ပညာရေးအခွင့်အလမ်းတွေ၊ 
  • တက္ကသိုလ်တွေရဲ့အကြောင်း၊
  • ကိုယ်နဲ့ကိုက်ညီမယ့် မေဂျာရွေးချယ်တက်‌ရောက်နိုင်ဖို့အကြံဉာဏ်တွေနဲ့
  • အလုပ်အကိုင်အခွင့်အလမ်းစတဲ့ အကြောင်းအရာအပြည့်အစုံကို “Grab the Dreams” Webinar Series ရဲ့ Episode [2] မှာ ❝Study and Job Opportunity in Thailand❞ Topic နဲ့ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက် Webinar မှာ မျှဝေပေးသွားမယ့် Guest Speaker ရဲ့အကြောင်းနဲ့ Webinar ရဲ့အကြောင်းအရာအသေးစိတ်ကိုတော့ ပေးထားတဲ့ပုံတစ်ပုံချင်းစီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သင့်ရဲ့ နိုင်ငံခြားမှာပညာသင်ဖို့ အိပ်မက်‌တွေကိုဖမ်းဆုပ်နိုင်ဖို့ ထိုင်းနိုင်ငံမှာ ပညာသင်ယူရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တစ်နေရာတည်း၊ တစ်ချိန်တည်းမှာသိရှိချင်တယ်‌ဆိုရင်တော့ ‌ပေးထားတဲ့ Registration Form မှာ စာရင်းသွင်းပြီး “Grab the Dreams” Webinar Series ရဲ့ Episode [2] ဖြစ်တဲ့ “Study and Job Opportunity in Thailand” Webinar မှာလာရောက်လေ့လာလိုက်ပါနော်။

Grab the Dreams Episode 2_ Guest Speaker Ko Zwe Min Thu Jeffrey Study & Job Opportunity in Thailand webinar The English Community TEC x Hype Think Education

“Grab the Dreams” Webinar Series ရဲ့ Episode [2] အနေနဲ့ ထိုင်းနိုင်ငံမှာပညာသင်ယူရေးနဲ့ အလုပ်အကိုင်တွေအကြောင်းကို ဦးဆောင်မျှဝေပေးသွားမယ့် Guest Speaker ကတော့ Ko Zwe Min Thu @ Jeffrey ပဲဖြစ်ပါတယ်။

အစ်ကို Jeffrey ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ Srinakharinwirot University ရဲ့ International College of Sustainable Studies မှာ Sustainable Hospitality and Tourism Management မေဂျာကို သင်ယူနေသူတစ်ယောက်ပဲဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ Student Life နဲ့ University တွေ အကြောင်းကို နားလည်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ 

ဒါ့အပြင် အစ်ကို Jeffrey က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ The Cube Hostel မှာ Receptionist တစ်ဦးအနေနဲ့လည်း လုပ်ကိုင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်နော်။

Grab the Dreams Episode 2_ Study & Job Opportunity in Thailand webinar Outlines The English Community TEC x Hype Think Education

ထိုင်းနိုင်ငံမှာ ပညာသင်ဖို့စိတ်ကူးအိပ်မက်ရှိတဲ့လူငယ်တို့အတွက် အစ်ကို Jeffrey မျှဝေပေးသွားမယ့် အကြောင်းအရာတွေကတော့ ~

  • ကိုယ်နဲ့ကိုက်ညီတဲ့ University ကို ရွေးချယ်တက်ရောက်နိုင်ဖို့အကြံဉာဏ်‌တွေ၊
  • ကိုယ်တိုင်ကျောင်းလျှောက်ပုံလျှောက်နည်းနဲ့ Thailand Visa နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအပြင်
  • Interview တွေကိုလည်း လွယ်ကူစွာဖြေနိုင်စေမယ့် Tip တွေနဲ့ 
  • ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်အကိုင်တွေအကြောင်းကို Reality Experience ရှိသူတစ်ယောက်အနေနဲ့ ပြည့်ပြည့်စုံစုံပြန်လည်မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် နားမလည်တဲ့အကြောင်းအရာတွေကို ထပ်မံမေးမြန်းလို့ရမယ့် Q and A Session လည်း ပါဝင်သေးတာကြောင့် Webinar တက်ရောက်ပြီး ကိုယ်သိချင်တာတွေ မသိလိုက်ရမှာကို စိတ်ပူစရာမလိုတော့ပါဘူးနော်။

Grab the Dreams Episode 2_ Study & Job Opportunity in Thailand webinar Details The English Community TEC x Hype Think Education

“Grab the Dreams” Webinar Series ရဲ့ [ Episode 2 : Study and Job Opportunity in Thailand ] Webinar အတွက် အသေးစိတ်အချက်အလက်တွေကတော့ ~

  • Date : February 24, 2024 [ Saturday ]
  • Time : 7:00 PM ~ 8:30 PM
  • Location : Google Meet [ Online ]
  • Registration Fee : Free of Charge တို့ပဲ ဖြစ်ပါတယ်။

စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ Registration Form ကနေတစ်ဆင့် အမြန်ဆုံးစာရင်းသွင်းထားလိုက်ပါတော့နော်။

Registration Form : bit.ly/GtDEp2Thai

“ကျေးဇူးတင်လွှာ”

“Grab the dreams” Webinar Series [ Episode 2 : Study & Job Opportunity In Thailand ] Free Webinar ဟာဆိုရင်တော့ ဒီနေ့မှာပဲ အောင်မြင်စွာနဲ့ ကျင်းပပြုလုပ်ပြီးသွားပါပြီ။

Thanks Letters Grab the Dreams Study & Job Opportunity in Thailand Webinar Hype Think Education

အခုလို “Grab the Dreams” Episode 2: Study & Job Opportunity in Thailand Free Webinar မှာ လူငယ်‌တွေရွေးချယ်သင့်တဲ့ University တွေ၊ ကိုယ်တိုင်ကျောင်းလျှောက်ပုံလျှောက်နည်းတွေ၊ ပြင်ဆင်ဖို့အတွက် လိုအပ်ချက်အသေးစိတ်တွေ နှင့် Reality Experience တွေကို သေချာအချိန်ပေးပြီးတော့ မျှဝေပေးခဲ့သော Guest Speaker Ko Zwe Min Thu @Jeffrey ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

ဒါ့အပြင် “Grab the Dreams” Episode 2: Study & Job Opportunity in Thailand Free Webinar ကို အစအဆုံးအထိ တက်ရောက်ပေးခဲ့ကြ‌တဲ့ Participant တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်အများကြီးတင်ပါတယ်။

Episode 2: Study & Job Opportunity In Thailand Free Webinar ရဲ့အမှတ်တရပုံရိပ်တွေ နှင့်အတူ တက်ရောက်ခဲ့ကြတဲ့ Participant တို့ရဲ့ ရင်တွင်းစကားသံတွေကိုလည်း အားလုံးဆီ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Feedback : “Grab the Dreams” Episode 2: Study & Job Opportunity in Thailand

2 ) Participant Feedback Grab the Dreams Study & Job Opportunity in Thailand Webinar Hype Think Education
1 ) Participant Feedback Grab the Dreams Study & Job Opportunity in Thailand Webinar Hype Think Education

Episode 2 : Study & Job Opportunity In Thailand Free Webinar ကို တက်ရောက်ခဲ့တဲ့ Participant တို့ရဲ့ ရင်တွင်းစကားသံတချို့ကိုလည်း ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

အခုလို Episode 2 : Study & Job Opportunity In Thailand Free Webinar မှာ ပြောပြခဲ့တဲ့ Thailand နိုင်ငံရဲ့ Job Opportunity အကြောင်းတွေနှင့် Questions and Answers session မှာ ပြောပြပေးသွားတဲ့ အသိပညာ‌‌ဗဟုသုတတွေကိုပါ သိခွင့်ရသွားကြလို့ Hype Think Education Team မှ ၀မ်းသာရပါတယ်။

အခု Episode 2 : Study & Job Opportunity In Thailand Free Webinar မှာ ပြောပြပေးခဲ့အတိုင်း လက်ရှိ Thailand နိုင်ငံသွားဖို့လိုအပ်ချက်တွေ၊ကုန်ကျစရိတ်တွေနှင့် ကျောင်းလျှောက်ပုံလျှောက်နည်းတွေ ကို သေချာသိရှိသွားကြလို့လည်း နောက်ပွဲတွေ ထပ်မံကျင်းပပြုလုပ်ဖို့အတွက် အားအင်တွေဖြစ်ရပါတယ်။

ဒါ့အပြင် နောက်ထပ်လည်း ယခုလို အလန်းစား Event, Webinar and Workshop တွေလည်း အများကြီး လာဖို့ရှိတာကြောင့်လည်း အားလုံးနှင့်အတူတူ ပြန်လည်ဆုံချင်ပါသေးတယ်။

Webinar’s active partner and Social Media Partnerships : “Grab the Dreams” Episode 2: Study & Job Opportunity in Thailand

Grab the Dreams Episode 2 Study & Job Opportunity in Thailand webinar partners The English Community TEC x Hype Think Education

Episode 2 : Study & Job Opportunity In Thailand Free Webinar မှာ တက်ရောက်ခဲ့တဲ့ Participant တွေအတွက် Hype Think Education နှင့် Educational Partnership ဖြစ်တဲ့ Competency Business Solutions (CBS) Co, Ltd မှလည်း webinar partner အဖြစ် Thailand Visa အကြောင်းတွေ ၊ Corporate Service Company နှင့် ပတ်သက်တဲ့ လုပ်ဆောင်ချက်များကို မျှဝေပေးခဲ့ပါတယ်။ Social Media Partnership အနေနဲ့ Here Youths ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

❝Grab the Dreams❞ Webinar Series ရဲ့ နောက်ထပ်လာမယ့်လတွေမှာ ကျင်းပပြုလုပ်မယ့် Webinar တွေအကြောင်းကို အချိန်မီသိရှိနိုင်ဖို့ bit.ly/GrabTheDreams Facebook Group ကို Join လုပ်ထားပြီး စောင့်မျှော်နိုင်တဲ့အပြင် Hype Think Education ကနေ လူငယ်တွေရဲ့တိုးတက်မှုအတွက် ပြုလုပ်သွားပေးမယ့် အစီအစဉ်ကောင်းတွေကို လက်လွှတ်မခံလိုက်ရအောင် Hype Think Education Page ကို Like and Follow လုပ်ပြီး စောင့်မျှော်ပေးကြပါဦးနော်။

Share your love