Me2

လူငယ်တွေအတွက် ကောင်းမွန်သောပညာရေးနဲ့အတူ အခွင့်အလမ်းပေါင်းများစွာကို ဖန်တီးပေးနေတဲ့ Hype Think Education နှင့် ILS Academy အဖွဲ့အစည်း [2]ခု ပူးပေါင်းကာ On Ground Event အသစ်ကို မန္တလာမြေမှ မန္တလေးသူ ၊ မန္တလေးသားလူငယ်တို့အတွက် ကျင်းပပြုလုပ်သွားခဲ့တဲ့ “Me2” Event ကဆိုရင် အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပြီးပဲဖြစ်ပါတယ်နော်။
Share your love

ကျွန်တော်တို့ Hype Think Education ဟာ ယခုအခါမှာတော့ ရန်ကုန်မြို့ကိုကျော်လွန်ပြီး အမိုက်စား Collaboration တစ်ခုနဲ့အတူ ခြေဆန့်လာပြီဆိုတာ ရင်ခုန်စိတ်ဝင်စားနေကြပြီလားဗျ?

လူငယ်တွေအတွက် ကောင်းမွန်သောပညာရေးနဲ့အတူ အခွင့်အလမ်းပေါင်းများစွာကို ဖန်တီးပေးနေတဲ့ Hype Think Education နှင့် ILS Academy အဖွဲ့အစည်း [2]ခု ပူးပေါင်းကာ On Ground Event အသစ်ကို မန္တလေးမှာ ပြုလုပ်ကျင်းပသွားပေးတော့မှာ ဖြစ်ပါတယ်။

Me2 Event Collaboration Announcement ILS Academy x Hype Think Education

Collaboration Announcement

Event အကြောင်းကို မကြေညာခင်မှာ Hype Think Education အကြောင်းနဲ့အတူ Collaboration လုပ်ထားတဲ့ ILS Academy အကြောင်းကို အရင်မိတ်ဆက်ပေးချင်ပါတယ်။

ကျွန်တော်တို့ Hype Think Education ဟာဆိုရင် အရည်အသွေးပြည့်၀တဲ့ ပညာရေးကို လူငယ်တိုင်းရရှိစေဖို့အတွက် ရည်ရွယ်ပြီး ဘာသာစကားသင်တန်းများကို ဖွင့်လှစ်ပေးလျက် ရှိပြီးတော့ လက်ရှိမှာဆိုရင်လည်း လူငယ်တို့အတွက် အသိပညာ၊အတတ်ပညာများ ဖွံ့ဖြိုးတိုးတ‌က်‌စေဖို့အတွက် Event, Webinar and Workshop တို့ကိုလည်း Online and On-ground မှာပါ ကျင်းပဖန်တီးပေးနေတဲ့ လူငယ်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

ILS Academy ဟာဆိုရင်တော့ ကျောင်းသားလူငယ်တွေအတွက် ပြည့်စုံကောင်းမွန်တဲ့ပညာရေးကို ပံ့ပိုးပေးပြီး IGCSE နဲ့ GED ကို အထူးပြုသင်ကြားကာ ကျောင်းသား၊ကျောင်းသူများရဲ့ ဘက်စုံဖွံ့ဖြိုးရေးအတွက် တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

အခုလိုမျိုး Organization [2] ခု ပူးပေါင်းပြီးကျင်းပသွားမယ့် Event က ဘယ်လိုပွဲမျိုးလေးဖြစ်ပြီး ဘာအခွင့်အလမ်းများကို ယူဆောင်လာပေးမလဲဆိုတာ အာလုံးစိတ်ဝင်စားနေကြပြီထင်ပါတယ်နော်။

Me2 Event Announcement ILS Academy x Hype Think Education

❝မန္တလေးမြို့မှာရှိတဲ့လူငယ်တို့ရဲ့ ပညာရေးဆိုင်ရာအခွင့်အလမ်းတွေကိုဝေမျှပေးဖို့ “Me2” On-ground Event ရောက်ရှိလာပါပြီ❞

လူငယ်တွေရဲ့ ပညာရေးအပါအဝင် အဘက်ဘက်မှာ တိုးတက်လာစေဖို့ အကူအညီဖြစ်စေမယ့် အစီအစဉ်များစွာကို ပြုလုပ်ပေးလျက်ရှိတဲ့ Hype Think Education က ဒီတစ်ခေါက်မှာလည်း ILS Academy နှင့် ပူးပေါင်းပြီး On-ground Event ကို Mandalay မှာ ကျင်းပပြုလုပ်သွားဖို့ရှိပါတယ်။

အဲ့ဒီ Event ကတော့ “Me2” လို့အမည်ရပြီး Hype Think Education ရဲ့ ပထမဆုံးအကြိမ် မန္တလေးမြို့မှာကျင်းပသွားမယ့် On-ground Event ပဲဖြစ်ပါတယ်။ မန္တလေးမြို့မှာ ကျင်းပပြုလုပ်မည့် “Me2” Event ဆိုတာကတော့ လူတစ်‌ယောက်တည်းမှာ Lifestyle [၂] မျိုးရှိနေတတ်တဲ့ Idea ကိုယူပြီး “Me2” လို့ အမည်ပေးထားတာပဲ ဖြစ်ပါတယ်နော်။

ဒီ Lifestyle [၂] မျိုးကတော့ ပညာသင်ချိန်နေတဲ့အချိန်ဖြစ်တဲ့ Student Life နဲ့ လုပ်ငန်းခွင်မှာဖြတ်သန်းရတဲ့ Professional Working Life တို့ပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ လူငယ်အများစုက ပညာသင်ချိန် ကျောင်းသားဘဝမှာတင်ပဲ တစ်ဖက်ကနေ Part-time ၊ Internship [သို့မဟုတ်] ကိုယ်ပိုင်လုပ်ငန်းစတာတွေအပြင် Volunteering နဲ့ဆိုင်တဲ့ အလုပ်တွေမှာ လုပ်ကိုင်ကြရင်း တစ်ချိန်တည်းမှာ Professional Working Life ကိုလည်း ဖြတ်သန်းနေကြပါပြီနော်။

ဒါ့ကြောင့် လူငယ်တွေရဲ့ Lifestyle မှာ Student Life နဲ့ Professional Working Life ကို ဟန်ချက်ညီညီဖြတ်သန်းနိုင်ဖို့အတွက် သိထားသင့်တဲ့အချက်တွေနဲ့ အကူအညီဖြစ်စေမယ့် အကြံပြုချက်တွေကို အတွေ့အကြုံရှိတဲ့ Speaker တွေကနေ “Me2” Event မှာ ပါဝင်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် “Me2” Event မှာ လူငယ်တွေရဲ့အနာဂတ်ပညာရေးအတွက် မိမိကိုယ်တိုင်ပါဝင်ဆွေးနွေးပြီး အကြံဉာဏ်တွေရရှိသွားမယ့် အစီအစဉ်တွေလည်း ပါဝင်သေးတာဆိုတော့ အစကနေအဆုံးထိအကျိုးရှိစေမယ့် Event တစ်ခုပဲဖြစ်ပါတယ်နော်။

ဘယ်လိုလူတွေ Join သင့်လဲ?

  • ကျောင်းတက် ပညာသင်ရင်း အလုပ်လုပ်ချင်တဲ့ လူငယ်တွေ၊
  • မိမိရဲ့ Work-life Balance ကို စီမံဖို့ အခက်အခဲရှိနေတဲ့လူငယ်တွေနဲ့
  • အနာဂတ်ပညာရေးလမ်းကြောင်းနဲ့ပတ်သက်ပြီး ‌‌ဆုံးဖြတ်ရခက်နေတဲ့လူငယ်တွေအတွက် “Me2” Event က လက်လွှတ်မခံသင်တဲ့ Event တစ်ခုဖြစ်တာကြောင့် ပေးထားတဲ့ Registration Form မှာ စာရင်းသွင်းပြီး လာတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်။

Registration Form : bit.ly/Me2RegisterForm

Event ရဲ့အကြောင်းအရာအသေးစိတ်ကိုတော့ ပေးထားတဲ့ ပုံတစ်ပုံချင်းစီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Me2 Event Agenda ILS Academy x Hype Think Education

Hype Think Education ရဲ့ ပထမဆုံးအကြိမ် မန္တလေးမြို့မှာ ကျင်းပပြုလုပ်သွားမယ့် “Me2” Event မှာတော့ အတွေ့အကြုံရှိတဲ့ Panelist တွေကနေပြီးတော့ ~

  • Student Life နဲ့ Professional Working Life ကို မျှမျှတတစီမံပြီး ဖြတ်သန်းနိုင်ဖို့ အကြံပြုချက်တွေ၊
  • နိုင်ငံခြားပညာရေးအတွက် အရေးပါတဲ့ IGCSE နဲ့ GED ပညာရေးလမ်းကြောင်းတွေနဲ့
  • ကိုယ့်ရဲ့အနာဂတ်ပညာ‌ရေးလမ်းကြောင်းမှာ English ဘာသာစကားရဲ့အရေးပါပုံတွေအပြင်
  • ကိုယ်တိုင်ပါဝင်ဆွေးနွေးလို့ရမယ့် Discussion Session၊
  • အနာဂတ် ပညာရေးအတွက် အကြံဉာဏ်တွေရယူနိုင်မယ့် Counseling Session၊
  • တက်ရောက်သူတွေအချင်းချင်း ခင်မင်မှုတွေရရှိပြီး Networking တည်ဆောက်နိုင်မယ့် Refreshment Session နဲ့
  • ပျော်‌ပျော်ရွှင်ရွှင်အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးကြမယ့် Photo Session တွေလည်း ပါဝင်သေးတာကြောင့် အတွေ့အကြုံဗဟုသုတတွေလည်းရရှိမယ့်အပြင် ပျော်ရွှင်စရာတွေကိုပါ ဖန်တီးပေးနိုင်မယ့် Event တစ်ခုပဲဖြစ်ပါတယ်နော်။
Me2 Event Details ILS Academy x Hype Think Education

“Me2” Event ရဲ့ အသေးစိတ်အချက်အလက်တွေကတော့ ~

  • Date : March 10, 2024 [ Sunday ]
  • Time : 10 AM ~ 2 PM
  • Location : Hotel Homey Mandalay [ Mandalay ]
  • Registration Fee : Free

Panelist Announcement : Me2 Event

Hype Think Education နှင့် ILS Academy တို့အတူ ပူးပေါင်းပြီးတော့ မန္တလေးမြို့မှာ ကျင်းပပြုလုပ်သွားမယ့် ❝Me2❞ Event ဟာဆိုရင်တော့ လူငယ်တွေမှာ ပိုင်ဆိုင်ထားတဲ့ Student Life နဲ့ Professional Working Life ဆိုတဲ့ Lifestyle [၂] ခုကို ဟန်ချက်ညီညီဖြတ်သန်းနိုင်စေဖို့ အကျိုးရှိတဲ့ အကြံပြုချက်တွေနဲ့အတူ အခြားသောအသိပညာ၊ ဗဟုသုတတွေကိုလည်း မျှဝေပေးသွားမယ့် အစီအစဉ်ကောင်းတစ်ခုပဲဖြစ်ပါတယ်နော်။

ဒါဆိုရင်တော့ “Me2” Event မှာ တန်ဖိုးရှိတဲ့အကြောင်းအရာတွေကို မျှဝေပေးသွားမယ့် Panelist တွေက ဘယ်သူတွေများဖြစ်နေမလဲဆိုတာကို အားလုံးစိတ်ဝင်စားနေကြပြီဟုတ်?

ပေးထားတဲ့ပုံတစ်ပုံချင်းစီမှာ Panelist တစ်ယောက်ချင်းစီရဲ့အကြောင်းတွေကို မိတ်ဆက်ပေးထားတာမို့လို့ ဝင်ရောက်ဖတ်ရှုကြည့်လိုက်ပါဦးနော်။

Panelist : Me2 Event [ Dr. Zun Thiri ]

Me2 Event Panelist Dr Zun Thiri

“Me2” Event မှာ တန်ဖိုးရှိတဲ့အကြောင်းအရာတွေကို မျှဝေပေးသွားမယ့် ပထမဆုံး Panelist တစ်ယောက်ကတော့ Dr. Zun Thiri ပဲ ဖြစ်ပါတယ်။

  • Clinical Nutritionist တစ်ဦးဖြစ်တဲ့ Dr. Zun Thiri ကတော့ University of Medicine [Mandalay] မှာ တက်ရောက်ခဲ့ပြီး M.B.,B.S ဘွဲ့ကို ရရှိခဲ့တဲ့အပြင် အင်္ဂလန်နိုင်ငံက University of Bedfordshire မှာတက်ရောက်ခဲ့ပြ M.Sc [Nutrition and Dietetics] ဘွဲ့ကို ပိုင်ဆိုင်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။
  • Dr. Zun Thiri ကတော့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှစပြီး Mandalar Hospital, Nay Pyi Taw 1000 Beded General Hospital, 550 Beded Orthopaedic Hospital, ArYu Hospital, Victoria Hospital, Pin Lon Hospital, SSC Hospital, Asia Royal Hospital နဲ့ Pun Hlaing Hospital စတဲ့ ပြည်တွင်းကဆေးရုံပေါင်းများစွာမှာ လုပ်ကိုင်ခဲ့တဲ့အပြင်  Bhumibol Adulyadej Hospital , Theptarin Hospital နဲ့ Thonburi Bamrungmuang Hospital စတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ဆေးရုံများမှာလည်း Nutrition Intern အဖြစ် [2]လတာ လုပ်ကိုင်ခဲ့ပါသေးတယ်။
  • အခုလက်ရှိမှာဆိုရင်တော့ Dr. Zun Thiri က [13] နှစ်ကျော်အတွေ့အကြုံသက်တမ်းရှိတဲ့ Clinical Nutritionist တစ်ဦးအဖြစ် ရပ်တည်လျက်ရှိပြီး Seminar, Webinar, Workshop တွေနဲ့ Knowledge Sharing Session တွေမှာလည်း အသိပညာ‌ဗဟုသုတတွေကို မျှဝေပေးနေတာပဲဖြစ်ပါတယ်။

Panelist : Me2 Event [ Ko Htet Min Khant Hlaing ]

Me2 Event Panelist Htet Min Khant Hlaing

“Me2” Event မှာ တန်ဖိုးရှိတဲ့အကြောင်းအရာတွေကို မျှဝေပေးသွားမယ့် Panelist တစ်ယောက်ကတော့ Ko Htet Min Khant Hlaing ပဲ ဖြစ်ပါတယ်။

  • Ko Htet Min Khant Hlaing ကတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို အမြတ်အစွန်းများစွာရအောင် ရှာဖွေပေးနေတဲ့ Dilo Digital Marketing Agency Founder တစ်ဦးပဲဖြစ်ပါတယ်။
  • Technological University Mandalay မှာ 3 BE IT ပညာသင်ယူခဲ့ပြီး New Next University မှာလည်း ABE level-5 ကို ပြီးမြောက်ထားသူတစ်ဦးပဲဖြစ်ပါတယ်။
  • ဒါ့အပြင် Ko Htet Min Khant Hlaing ကတော့ Digital Marketing Industry မှာ [3] နှစ်ကျော်အတွေ့အကြုံတွေ ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်နော်။

Panelist : Me2 Event [ Ma Eaindray Hsann Oo ]

Me2 Event Panelist Eaindray Hsann Oo

“Me2” Event မှာ တန်ဖိုးရှိတဲ့အကြောင်းအရာတွေကို မျှဝေပေးသွားမယ့် နောက်ထပ် Panelist တစ်ယောက်ကတော့ Eaindray Hsann Oo @Diana ပဲဖြစ်ပါတယ်။

  • Ma Eaindray ကတော့ မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် အဆင့်မြင့်ပညာရေးတွေကို သင်ကြားပြသပေးနေတဲ့ ILS Academy ရဲ့ တည်ထောင်သူနဲ့ CEO တစ်ဦးပဲ ဖြစ်ပါတယ်နော်။
  • ဒါ့အပြင် Ma Eaindray က Global Business Studies-GBS Dubai မှာ International Business အတွက် HND Diploma ကို ပိုင်ဆိုင်ထားသူတစ်ဦးပဲဖြစ်ပါတယ်။

အခုဆိုရင်တော့ မန္တလေးမြို့မှာပြုလုပ်ကျင်းပသွားမယ့် “Me2” On-ground Event မှာ ဦးဆောင်မျှဝေပေးမယ့် Panelist တွေရဲ့အကြောင်းကိုလည်း ပြည့်ပြည့်စုံစုံသိရှိသွားကြမယ်လို့ ယုံကြည်ပါတယ်။

Guest Speaker Announcement

Guest Speaker : Me2 Event [ Ma Hnin Nandar Aung ]

Me2 Event Expert EEVS Hnin Nandar Aung ILS Academy x Hype Think Education

Me2 Event ရဲ့ ပထမပိုင်းဖြစ်တဲ့ Knowledge sharing session မှာဆိုရင်လည်း လူငယ်တွေအတွက် နိုင်ငံရေးအထက်တန်းပညာရေးကို လျှောက်လှမ်းဖို့ မရှိမဖြစ် လိုအပ်တဲ့ GED and IGCSE Programs နဲ့ ဘာတွေ ဆက်လုပ်လို့ရမလည်းဆိုတဲ့ After Pathway ပညာရေးလမ်းကြောင်းကို Highlight လုပ်ပြီး sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီလို အခွင့်လမ်းပေါင်းများစွာကို Sharing လုပ်ပေးသွားမဲ့ Guest Speaker အဖြစ်နဲ့ Expert Education Visa & Services [EEVS] မှ တာဝန် ရှိသူတစ်ဦးဖြစ်တဲ့ Ma Hnin Nandar Aung ကနေပြီးတော့ Me2 Event တွင် အသေးစိတ်ဝေမျှပေးသွားမှာဖြစ်ပါတယ်။

Sponsorships Announcement

နိုင်ငံခြားမှာပညာသင်ကြားလိုတဲ့ကျောင်းသား၊ကျောင်းသူတို့ရဲ့ ပညာရေးလမ်းခရီးကို ပံ့ပို့ကူညီပေးနေပြီး ဩစတြေးလျနိုင်ငံအခြေစိုက် Company တစ်ခုဖြစ်တဲ့ Expert Education and Visa Services Myanmar မှလည်း Gold Sponsor အဖြစ် ပါ၀င်အားဖြည့်ပေးထားပါတယ်။

Me2 Event Gold Sponsor EEVS Expert Education Visa ILS Academy x Hype Think Education

လူငယ်တို့အနေနဲ့ ကိုယ့်ရဲ့ Lifestyle [2] မျိုးဖြစ်တဲ့ Student Life & Professional Working Life ကို Balance and Healthy ဖြစ်အောင်လို့ဖြတ်သန်းနိုင်ဖို့ နှင့် နိုင်ငံခြားပညာတော်သင်အတွက်လိုအပ်တဲ့ GED and IGCSE နဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေ၊ အကြံဉာဏ်တွေကို အပြင်မှာ ကိုယ်တိုင်နားထောင်ချင်တယ်ဆိုရင်တော့ ဒီ “Me2” ကို On-ground ကတော့ မန္တလေးသူ၊ မန္တလေးသးလူငယ်တို့အတွက်ပဲဖြစ်ပါတယ်နော်

”Me2” On- ground မှာဆိုရင် နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့် ပညာရေး မျှဝေပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော University of Taxila မှလည်း “In Kind” Sponsor အဖြစ် ပါ၀င်အားဖြည့်ကူညီပေးထားပါတယ်။

Me2 Event In kind Sponsor University of Taxila ILS Academy x Hype Think Education

တက်စီလာတက္ကသိုလ်ကို ၂၀၁၅ ခုနှစ်မှာ တက်စီလာ အင်စတီကျူ့ အနေဖြင့် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့် ပညာရေး မျှဝေပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ အထူးသဖြင့် အခြေခံနှင့် အဆင့်မြင့်ပညာ ကဏ္ဍမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများအား စဉ်ဆက်မပြတ် ပညာရေးကို ရရှိရေးနှင့် အသက်မွေး ဝမ်းကျောင်း ပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် အထောက်အကူပြု နိုင်ရေးတို့အတွက် အလေးထား ဆောင်ရွက်လျှက်ရှိပါတယ်။

တက်စီလာ တက္ကသိုလ်၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် ခေတ်မီပြီး ပြည့်စုံသော စံပြတက္ကသိုလ်ဖြစ်လာစေရန် ရည်မှန်းထားပြီး နောင်လာနောက်သား ကျောင်းသားများအတွက် အရည်အသွေးပြည့်ဝသော ပညာရေးကို ပံ့ပိုးပေးရန်နှင့် ပညာရေးမှတဆင့် နိုင်ငံ့သားကောင်းများ၊ ပညာရပ်ထူးချွန်သူများနှင့် နိုင်ငံတည်ဆောက်ရေးတွင် ခေါင်းဆောင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပါသည်။

လက်ရှိဖွင့်လှစ်လျှက်ရှိသော သင်တန်းများမှာ Educational Leadership, Pedagogy and Technology [ELPT] ၊ College and Career Readiness Program နှင့် Fort Hays State University မှ ဘွဲ့ကြိုသင်တန်းများ ဖြစ်ပါတယ်။

စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ Registration Form Link ကနေတစ်ဆင့် အမြန်ဆုံးစာရင်းသွင်းထားလိုက်ပါတော့နော်။

Registration Form Link : bit.ly/Me2RegisterForm 

Location

Hype Think Education ရဲ့ မန္တလာမြေက လူငယ်တွေအတွက် “Me2” On-Ground Event လမ်းညွှန်ရောက်ရှိလာပါပြီ။

Location of Me2 Event ILS Academy x Hype Think Education

Academic Pathway နဲ့ Professional Career နှစ်ခုကို ဟန်ချက်ညီညီ အချိတ်အဆက်မိမိနဲ့ တိုးတက်ချင်တဲ့ မန္တလာမြေမှ မန္တလေးသား၊မန္တလေးသူတို့ရေ “Me2” On-ground Event ကို အရောက်လှမ်းလာခဲ့ကြဖို့အတွက် ဒီနေ့မှာတော့ ဘယ်အချိန်၊ဘယ်နေရာမှာ ကျင်းပသွားမလဲဆိုတာကို အသေးစိတ်ဖော်ပြပေးထားမှာမို့လို့ ဖတ်ရှုလိုက်ကြရအောင်နော်။

  • Date : March 10,2024 [Sunday]
  • Time : 10AM ~ 2PM
  • Location : Hotel Homey Mandalay
  • Address : ၆၄ လမ်း ၊ ၂၇ ~၂၈ ကြား ၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
  • Google Map : bit.ly/HotelHomeyMandalay

“Hotel Homey Mandalay” ကဆိုရင်တော့ [ 64 လမ်းပေါ် ၊ အောင်တော်မူဘုရား ] အနီးမှာတင်ရှိတာဖြစ်လို့ အရောက်လာခဲ့ဖို့အတွက်ဆို လမ်းပျောက်မှာလည်း စိုးရိမ်စရာမလိုတော့ဘူးနော်။

Thanks Letter

မန္တလာမြေမှ မန္တလေးသူ ၊ မန္တလေးသားလူငယ်တို့အတွက် ကျင်းပပြုလုပ်သွားခဲ့တဲ့ “Me2” Event ကဆိုရင် အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပြီးပဲဖြစ်ပါတယ်နော်။

ဒီနေ့မှာတော့ “Me2” On-ground Event မှာ Student Life & Professional Working Life ဆိုတဲ့ Lifestyle [2] ခုအကြောင်း မျှဝေပေးနေသော Panelist တွေ၊ တက်ရောက်လာကြတဲ့ Participant တွေနှင့် အတူ လာရောက်ပါ၀င်အားဖြည့်ပေးနေကြသော Volunteer တွေရဲ့ ပျော်စရာကောင်းတဲ့ ပွဲနေ့အမှတ်တရ‌ပုံရိပ်လေးကို အားလုံး ဆီပြန်မျှဝေပေးလိုက်ပါတယ်။

1 ) Me2 Event Completion Post ILS Academy x Hype Think Education
2 ) Me2 Event Completion Post ILS Academy x Hype Think Education

ပထမဦးစွာ “Me2” On-ground Event မှာ သေချာအချိန်ပေးပြီး Panelist အဖြစ် ပါဝင်ဆွေးနွေးပေးသွားခဲ့တဲ့ Dr Zun Thiri, Ko Htet Min Khant Hlaing and Ma Eaindray Hsann Oo တို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။

3 ) Me2 Event Completion Post ILS Academy x Hype Think Education
4 ) Me2 Event Completion Post ILS Academy x Hype Think Education

ဒါ့အပြင် “Me2” On-ground Event ပွဲကို စိတ်ပါဝင်စားစွာနဲ့ လာရောက်နားထောင်ပြီး တက်တက်ကြွကြွ ပါဝင်ပေးခဲ့ကြတဲ့ Participate တွေ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

5 ) Me2 Event Completion Post ILS Academy x Hype Think Education
6 ) Me2 Event Completion Post ILS Academy x Hype Think Education
7 ) Me2 Event Completion Post ILS Academy x Hype Think Education
8 ) Me2 Event Completion Post ILS Academy x Hype Think Education
9 ) Me2 Event Completion Post ILS Academy x Hype Think Education
10 ) Me2 Event Completion Post ILS Academy x Hype Think Education

Event ကို လာရောက်ခဲ့ကြတဲ့ လူငယ်တို့အနေနဲ့ Student Life & Professional Working Life ဖြစ်တဲ့ Lifestyle [2]ခုကို Balance and Healthy ဖြစ်အောင်လုပ်နိုင်ဖို့ နည်းတွေကိုသိရှိပြီး IGCSE၊ GED ပြီးရင် ဘယ်လမ်းကို ဆက်လက် လျှောက်နိုင်မလဲ၊ ဘယ်လိုတွေ ဆက်လုပ်နိုင်မလဲဆိုတာတွေနဲ့ ပညာရေးလမ်းကြောင်းတွေကို အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ခဲ့ကြလို့ ကျေနပ်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော်တို့ Hype Think Education ကနေလည်း လူငယ်တွေရဲ့ ပညာရေး လမ်းကြောင်းတွေအတွက် အကျိုးရှိတဲ့ Workshop, Webinar, Event and Class တွေကို စဉ်ဆက်မပြတ် ဖန်တီးပြုလုပ်ပေးလျက် ရှိပါတယ်။ နောက်ထပ်လည်း ဒီလိုပွဲတွေ ဆက်လက် လုပ်ဆောင်သွားဖို့ စီစဉ်ထားတာမလို့ ပညာရေးအတွက် အခွင့်အရေးတွေကို လက်လွှတ်မခံချင်ရင် ကျွန်တော်တို့ Hype Think Education ကို Like and Follow လုပ်ပြီး စောင့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

Share your love