Step up your future with GED

နိုင်ငံခြားမှာပညာသင်ကြားဖို့ စီစဉ်မလား? အကြောင်းအမျိုးမျိုးကြောင့် ပညာရေးရပ်နားထားရပေမယ့် အထက်တန်းအောင်လက်မှတ်တစ်ခုကို ရထားချင်လား? "အနာဂတ်ပညာရေးအတွက် GED ပညာရေးအကြောင်း လေ့လာလိုက်ပါ"
Share your love

“အနာဂတ်ပညာရေးအတွက် GED ပညာရေးအကြောင်း လေ့လာလိုက်ပါ”

  • နိုင်ငံခြားမှာပညာသင်ကြားဖို့ စီစဉ်မလား?
  • အကြောင်းအမျိုးမျိုးကြောင့် ပညာရေးရပ်နားထားရပေမယ့် အထက်တန်းအောင်လက်မှတ်တစ်ခုကို ရထားချင်လား?
  • ဒါမှမဟုတ် သမရိုးကျပညာရေးလမ်းကြောင်းကနေ ဖောက်ထွက်ဖို့တွေးနေပြီလား?

ဒီနေ့ခေတ်မှာတော့ ဒီလိုအခြေအနေမျိုးတွေကို ဖြေရှင်းရမယ့်သူတွေအတွက် GED စာမေးပွဲကိုဖြေဆိုဖို့က ပထမဆုံးစဉ်းစားစရာ ရွေးချယ်မှုတစ်ခုဖြစ်လာပါပြီနော်။

ဒါ့အပြင် မြန်မာနိုင်ငံက လူငယ်တွေအကြားမှာလည်း GED စာမေးပွဲအကြောင်းက အပြောများတဲ့ ခေါင်းစဉ်တစ်ခုဖြစ်လာပြီး GED စာမေးပွဲအပေါ် စိတ်ဝင်စားမှုတွေမြင့်တက်လာကြသလို ဖြေဆိုအောင်မြင်ပြီးသူတွေလည်း ပိုမိုများပြားလာပြီပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာလည်း လူငယ်တွေရဲ့ပညာရေးကိုအလေးထားတဲ့ Hype Think Education ကနေပြီးတော့ လူပြောများနေတဲ့ “GED” စာမေးပွဲအကြောင်းကို စုံစမ်းမေးမြန်းနေကြသူတွေအတွက် သိထားသင့်တဲ့၊ သိချင်နေတဲ့ အကြောင်းအရာတွေအားလုံးကို နှံ့နှံ့စပ်စပ်သိသွားစေဖို့ရည်ရွယ်ချက်နဲ့ Step up your future with GED ဆိုတဲ့ Free Webinar ကို ကျင်းပပြုလုပ်သွားမှာပါ။

ဒီ Step up your future with GED Webinar ကိုတော့ GED စာမေးပွဲနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိပြီးသား Guest Speaker တွေကနေ [၂] ရက်တိုင်တိုင် Online ကနေ မျှဝေပေးသွားမှာပဲ ဖြစ်ပြီးတော့

  • GED စာမေးပွဲမှာဖြေဆိုရမယ့် ဘာသာရပ်တွေအကြောင်း၊
  • ကြိုတင်ပြင်ဆင်ထားရမယ့် အရည်အချင်းတွေ၊
  • အောင်မြင်စွာဖြေဆိုနိုင်စေဖို့ အကြံပေးချက်တွေနဲ့
  • GED အောင်လက်မှတ်နဲ့ ရရှိနိုင်မယ့်အခွင့်အလမ်းတွေအပြင်
  • Guest Speaker တွေရဲ့ အတွေ့အကြုံတွေနဲ့အတူ
  • GED အောင်လက်မှတ်ကိုလက်ခံတဲ့ နိုင်ငံတွေနဲ့ တက္ကသိုလ်တွေကိုပါ ပြည့်ပြည့်စုံစုံ မျှဝေပေးသွားပါ။

Step up your future with GED Webinar ရဲ့ [၂] ရက်တာမှာ မျှဝေပေးသွားမယ့်အကြောင်းအရာတွေနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပေးထားတဲ့ ပုံတစ်ပုံချင်းစီမှာ ဝင်ရောက်ဖတ်ရှုလို့ရပါတယ်။

  • အနာဂတ်ပညာရေးအတွက် ရှေ့ဆက်ဖို့လမ်းကြောင်းတစ်ခုကို ရှာဖွေနေကြတဲ့လူငယ်တွေ၊
  • GED စာမေးပွဲအကြောင်းကို စိတ်ဝင်စားပြီး စုံစမ်းနေတဲ့သူတွေနဲ့
  • လက်ရှိ GED စာမေးပွဲကိုဖြေဆိုဖို့ပြင်ဆင်နေကြတဲ့သူတွေအတွက် ဗဟုသုတတွေနဲ့၊ အကြံဉာဏ်ကောင်းတွေအပြင် စိတ်အားတက်စေမယ့်အကြောင်းအရာတွေကိုလည်း မျှဝေပေးသွားမှာမို့လို့ “Step up your future with GED” Free Webinar ကို တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ပေးထားတဲ့ Registration Form မှာ စာရင်းသွင်းထားနိုင်ပါပြီနော်။

Registration Form : bit.ly/SuYFGEDRegisterForm

Step up your future with GED Day 1 Outlines Hype Think Education

“Step up your future with GED” Webinar ရဲ့ ပထမနေ့မှာဆိုရင်တော့ ~

  • Motivation ရစေနိုင်မယ့် Guest Speaker ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ၊
  • GED စာမေးပွဲမှာဖြေဆိုရမယ့် ဘာသာရပ်တွေရဲ့အကြောင်းနဲ့ လေ့လာရမယ့်အကြောင်းအရာတွေ၊
  • ကိုယ်တိုင်လေ့လာဖို့ အသုံးဝင်မယ့် Study Resources တွေနဲ့
  • စာမေးပွဲကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဖြေဆိုအောင်မြင်စေနိုင်ဖို့ အကြံဉာဏ်ကောင်းတွေစတဲ့ အကြောင်းအရာတွေကို စုံစုံလင်လင်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ ✨
Step up your future with GED Day 2 Outlines Hype Think Education

“Step up your future with GED” Webinar ရဲ့ ဒုတိယနေ့မှာဆိုရင်တော့ ~

  • စိတ်အားတက်စေမယ့် Guest Speaker ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ၊
  • GED စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးရရှိနိုင်မယ့် အခွင့်အလမ်းတွေ၊
  • နိုင်ငံခြားပညာရေးနဲ့ ပညာသင်ဆုတွေရရှိနိုင်ဖို့အတွက် GED စာမေးပွဲရဲ့အရေးကြီးပုံတွေနဲ့
  • GED အောင်လက်မှတ်ကိုလက်ခံတဲ့ နိုင်ငံတွေနဲ့ ထိုင်းနိုင်ငံက တက္ကသိုလ်တွေစတဲ့ အကြောင်းအရာတွေကို စုံစုံလင်လင်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
Step up your future with GED Webinar schedules Hype Think Education

“Step up your future with GED” Webinar ရဲ့ ပထမနေ့အတွက် အသေးစိတ်အချက်အလက်တွေကတော့ ~

  • Date : March 2, 2024 [ Saturday ]
  • Time : 7:00 PM ~ 8:30 PM
  • Platform : Google Meet
  • Registration Fee : Free of Charge တို့ပဲ ဖြစ်ပြီး

ဒုတိယနေ့အတွက် အသေးစိတ်အချက်အလက်တွေကတော့ ~

  • Date : March 3, 2024 [ Sunday ]
  • Time : 7:00 PM ~ 8:30 PM
  • Platform : Google Meet
  • Registration Fee : Free of Charge တို့ပဲ ဖြစ်ပါတယ်။

Day 1 : Guest Speaker Announcement

Step up your future with GED Webinar Day 1 Guest Speaker Teacher Myat Yee Thar Hype Think Education

Teacher Myat Yee Thar [ Founder of Myat’s English Journey ]

March 2, Saturday, [ 7 PM~ 8:30 PM ] မှာ ကျင်းပပြုလုပ်သွားမဲ့ “Step Up Your Future With GED” Free Webinar မှာ GED ကိုလေ့လာသင်ယူနေကြတဲ့ Learner တို့အတွက် အဖိုးတန်နည်းလမ်းတွေကို မျှဝေပေးသွားသူကတော့ Myat‘s English Journey ရဲ့ Founder တစ်ဦးဖြစ်တဲ့ Teacher Myat Yee Thar ပဲဖြစ်ပါတယ်။

  • Teacher Myat Yee Thar ကဆိုရင် TKT Overall Band 4 and IELTS Overall Band Score 7.5 [ Reading 8.5 ] စတဲ့ အမှတ်ကောင်းတွေကိုရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
  • ဒါ့အပြင် GED Exam မှာဆိုရင်လည်း Total [ 712 Marks ]‌ ဖြင့် အမှတ်အများကြီးကို ရရှိပိုင်ဆိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။
  • 2017 ခုနစ်မှာကျင်းပပြုလုပ်ခဲ့တဲ့ Matriculation Examination တွင်လည်း
    ဂုဏ်ထူး [6] ဘာသာ နှင့် အမှတ်ပေါင်း [541 Marks] ကို ရရှိခဲ့သော ထူးချွန်တဲ့ကျောင်း သူတစ်ဦးလည်းဖြစ်ပါတယ်။
  • ဒါ့အပြင် လက်ရှိမှာဆိုရင်လည်း Teacher Myat Yee Thar က ဆိုရင် Teaching Experience 2နှစ်တာအတွေ့အကြုံရှိထားပြီးတဲ့ ဆရာမတစ်ယောက်ဆိုလည်းဟုတ်ပါတယ်။

Day 2 : Guest Speaker Announcement

Step up your future with GED Webinar Day 2 Guest Speaker Teacher Naing Htoo Aung Hype Think Education

Teacher Naing Htoo Aung [ Founder & Professional GED Teacher at “Your Educators” ]

March 3, Sunday, [ 7 PM ~ 8:30 PM ] မှာ ကျင်းပပြုလုပ်သွားမဲ့ “Step Up Your Future With GED” Free Online Webinar [ Day 2 ] မှာ မျှဝေပေးသွားမဲ့သူကတော့ Your Educators ရဲ့ Founder & Professional GED Teacher တစ်ဦးဖြစ်တဲ့ Tr. Naing Htoo Aung ပဲဖြစ်ပါတယ်။

  • Tr. Naing Htoo Aung ဟာဆိုရင် Chemical Engineering ဘာသာရပ်ဖြင့် Technological University [ Mandalay] မှာ ပညာသင်ကြားခဲ့ပြီးတော့ Global Studies and Social Entrepreneurship ဘာသာရပ်ကို School of Global Studies, Thammasat University မှာတက်ရောက်သင်ကြားနေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။
  • လက်ရှိမှာဆိုရင်လည်း Tr. Naing Htoo Aung ကဆိုရင် Teaching Experience [7]နှစ်တာ အတွေ့အကြုံရှိထားတဲ့ ဆရာတစ်ဦးဖြစ်တဲ့အပြင် GED Trainer တစ်ယောက်အနေနဲ့လည်း [2]နှစ် တာနီးပါး အတွေ့အကြုံရှိထားပြီးသားဖြစ်တဲ့ ဆရာတစ်ယောက်ဆိုလည်းဟုတ်ပါတယ်။
  • ဒါ့အပြင် Tr. Naing Htoo Aung က‌ဆိုရင် 2023 ရဲ့ Child’s Dream Scholarship Winner တစ်ဦးလည်း ဖြစ်ပါတယ်နော်။

စိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့ ပေးထားတဲ့ Registration Form မှာ အမြန်ဆုံးစာရင်းသွင်းထားလိုက်ပါတော့နော်။

Registration Form : bit.ly/SuYFGEDRegisterForm

Thanks Letters and Feedback

GED Learner တွေအတွက် [2] ရက်တာကျင်းပပြုလုပ်ပေးခဲ့တဲ့ Step up your future with GED Free Webinar ကတော့ ‌ဒီနေ့မှာ အောင်မြင်စွာပြီးမြှောက်သွားပြီပဲ ဖြစ်ပါတယ်။

ဒါကြောင့် Step up your future with GED Free Webinar ရဲ့ [ Day 1 & Day 2 ] အမှတ်တရပုံရိပ်တွေနှင့်အတူ တက်ရောက်ခဲ့ကြတဲ့ Participant တို့ရဲ့ ရင်တွင်းစကားသံတွေကိုလည်း အားလုံးဆီ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Thanks Letters Step up your future with GED Day 1 Webinar Hype Think Education
Thanks Letters Step up your future with GED Day 2 Webinar Hype Think Education

ပထမဦးစွာ အခုလို Step up your future with GED Webinar [Day 1] တွင် “Tips & Tricks for a smother GED journey” ဆိုတဲ့ခေါင်းစဉ် နဲ့အတူ GED Exam အတွက် ပြင်ဆင်သင်တဲ့အကြောင်းအရာတွေ နှင့် Study Resource တွေကိုသေချာအချိန်ပေးပြီး မျှဝေပေးခဲ့ပါသော Guest Speaker, Tr. Myat Yee Thar ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

ဒါ့အပြင် [Day 2] တွင်လည်း “Unlocking Opportunities – Life after GED” ဆိုတဲ့ခေါင်းစဉ်နဲ့အတူ GED Exam ဖြေဆိုပြီးတဲ့နောက် ရှေ့ဆက်ပြီး လုပ်သင့်တဲ့ ပညာရေးအခွင့်အလမ်းတွေကိုလည်း သေချာအချိန်ပေးပြီး မျှဝေပေးခဲ့ပါသော Guest Speaker, Tr.Naing Htoo Aung ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

Feedback : Step up your future with GED

“Step Up Your Future with GED” Webinar ကိုတက်ရောက်ခဲ့ကြ‌တဲ့ Participant တို့ရဲ့ ရင်တွင်းစကားသံတချို့ကိုလည်း ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

1 ) Participant Feedback Step up your future with Day 1 Webinar Hype Think Education

Step up your future with GED [ Day 1 ] webinar ကို တက်ရောက်ခဲ့ကြတဲ့သူတို့ရဲ့ ရင်တွင်းစကားသံများ

“Step Up Your Future with GED” [ Day 1 ] Webinar မှာပြောပြခဲ့တဲ့ GED Exam အတွက်ပြင်ဆင်တဲ့အရာတွေ၊ Study Resources နှင့် ဆရာမရဲ့ GED Reality Experience တွေကို သေချာသိရှိသွားကြလို့လည်း နောက်ပွဲတွေထပ်လုပ်ဖို့အတွက် အားအင်ဖြစ်ရပါတယ်။

2 ) Participant Feedback Step up your future with Day 2 Webinar Hype Think Education

Step up your future with GED [ Day 2 ] webinar ကို တက်ရောက်ခဲ့ကြတဲ့သူတို့ရဲ့ ရင်တွင်းစကားသံများ

“Step Up Your Future with GED” [ Day 2] Webinar မှာပြောပြခဲ့တဲ့ GED Exam ပြီးမြှောက်သွားပြီးနောက် ရှေ့ဆက်ပြီးပြင်ဆင်သင့်တဲ့ပညာရေးအခွင့်အလမ်းတွေ နှင့် Q & A session မှာ ဖြေပေးသွားတဲ့‌အကြောင်းအရာတွေ နဲ့ ပတ်သက်ပြီး သေချာသိရှိသွားကြလို့လည်း Hype Think Education Team မှ၀မ်းသာရပါတယ်။

ကိုယ်ရည်မှန်းထားတဲ့ Goal တွေဆီကိုလည်း အောင်မြင်စွာလျှောက်လှမ်းနိုင်ကြပါစေလို့လည်း Hype Think Education Team မှဆုတောင်းပေးရင်းနဲ့ နောင်လာမယ့်အစီအစဉ်တွေမှာလည်း ဒီထက်ပိုမိုကောင်းမွန်အောင် ကြိုးစားသွားပါမယ်။ အားလုံးနဲ့လည်း ထပ်မံပြန်ဆုံချင်ပါသေးတယ်နော်။

Social Media Partners

Social Media Partnerships Step up your future with GED Webinar Hype Think Education

Step up your future with GED Webinar ‌ကို အခုလို Social Media Partnership အနေနဲ့ ပါ၀င်အားဖြည့်ပေးခဲ့ပါသော ~ ILS Academy, Ctrl List, Youth Know-versity, Genius Accent, Here Youths Organization တွေကိုလည်းကျေးဇူးတင်ရှိပါတယ်။

နောက်ပိုင်းတွေမှာလည်း အခုလို လူငယ်တွေရဲ့ပညာရေးအတွက်အကျိုးရှိတဲ့ Workshop, Webinar and Event တွေကိုလည်း ထပ်မံဖန်တီးပေးသွားဖို့‌ရှိတာ‌ကြောင့် ယခုလို အဖိုးတန်တဲ့ အခွင့်အရေးတွေကို လက်မလွတ်သွားရလေအောင် ကျွန်တော်တို့ရဲ့ Hype Think Education Page ကို Like and Follow မလုပ်ရသေးဘူး‌ဆိုရင် အခုပဲ Follow လုပ်ထားပြီး နောက်ပွဲတွေမှာလည်း ပါဝင်ဖို့အတွက် ကြိုတင်ဖိတ်ခေါ်လိုက်ပါတယ်နော်။

Share your love